မီယဂျိမနဲ့ ဒလ

panpanDecember 8, 20133min26515

မီယဂျိမဆိုတာက ပင်လယ်ထဲကကျွန်းလေးတစ်ကျွန်းပါပဲ။
အဲ့ကိုသွားဖို့ သင်္ဘောစီးရတယ်။ သင်္ဘောခက တစ်ခေါက်ကို ၁၇ဝယန်း၊ အသွားအပြန်

၃၄ဝယန်း။ သင်္ဘောကြီးက တော်တော်ကောင်းတယ်။ ကမ်းကပ်တာကအစ၊

သင်္ဘောပေါ်အတက်အဆင်း လုံခြုံစိတ်ချရမှု Safeဖြစ်တယ်။ အထဲမှာလည်း

သန့်ရှင်းသပ်ရပ်မှုအပြည့်၊ ထိုင်ခုံတွေနဲ့ မီးတွေလည်းထိန်လို့၊ အမှိုက်လည်းတစ်စမရှိ၊

အပေအစွန်းအညစ်အပတ်တွေလည်းမရှိ၊ ခုံတွေသပ်သပ်ရပ်ရပ်၊ ဆင်းတဲ့လူတွေကလည်း

တန်းစီဆင်း၊ တက်မယ့်လူတွေကလည်း တန်းစီရပ်၊ အို ရန်ကုန်-

ဒလကူးတို့သင်္ဘောလေးလည်း အဲ့လိုဖြစ်စေချင်လိုက်တာ…။ လုံခြုံမှု၊

သန့်ရှင်းသပ်ရပ်မှုသာအပြည့်ဆို ထိုင်ခုံမရဘဲ မတ်တပ်ရပ်စီးလည်း

လူသက်သာပါလိမ့်မယ်။ မီယဂျိမကူးတို့က တစ်ခေါက် ၁၇၀ဝကျပ်ကျပါတယ်။

၁ရဆလောက်တော့ကွာပါတယ်။ ဒါပေမဲ့ပေါ့လေ…………….။

မီယဂျိမကိုစီးတဲ့ခရီးသည်က ရန်ကုန်-ဒလခရီးသည်ထက် ၁ရဆမက နည်းပါတယ်။

ရန်ကုန်-ဒလကူးခက ၁၀ဝကျပ်(ထင်ပါရဲ့)၊ သွားမယ့်ကူးမယ့်လူဦးရေကလည်းများတော့

သင်္ဘောခံနိုင်အားလောက်လူတင်မယ်ဆို ဝင်ငွေလည်း မနည်းလောက်ပါဘူး။

ဈေးစကားပြောရရင် ကိုက်မယ်ထင်ပါတယ်။
လက်ရှိရန်ကုန်-ဒလသင်္ဘောက ခရီးသည်ပမာဏနဲ့ သင်္ဘောသယ်နိုင်ဝန်နဲ့ မျှမှမျှပါ့မလား

ခဏခဏတွေးမိပေမယ့် နိစ္စဓူဝ

ဟိုမှာဒီဖက်အကြောင်းကြောင်းကြောင့်ကူးကြလူးကြသူတွေက သောင်းချီရှိနေတာပါပဲ။

သင်္ဘောကလည်း ဘေးဖက်အကာတွေက လုံခြုံမှုနည်းလိုက်တာ……။ ခရီးသည်တွေကို

စာနာမိပါတယ်။သင်္ဘောကဖြင့်ကမ်းမကပ်သေး၊ ဆင်းမယ့်ခရီးသည်

ကမ်းပေါ်မတက်ရသေး၊ ကမ်းပေါ်ကခရီးသည်တွေက သင်္ဘောထဲခုန်ဝင်နေကြပြီ။

သင်္ဘောပေါ်ကတချို့တချို့ကလည်း ကမ်းမကပ်ခင် ဘောတံတာပေါ်ခုန်ကူးနေကြပြီ။

ဆင်းမည့်လူတွေအတွက် ကမ်းကပ်တာစောင့်ဖို့နောက်ထပ်၅မိနစ်မကြာပါဘူး။

တက်တဲ့လူတွေက နေရာရဖို့လား။ ၁ဝမိနစ် ၁၅မိနစ်စာထိုင်ဖို့

အသက်တစ်ချောင်းရင်းဖို့တန်ရဲ့လား။ စောစောကြိုတက်တော့ရော ဒီသင်္ဘောက

ဟိုဖက်ကမ်းပိုစောရောက်သွားမှာလား။ နောက်ဆုံးမှတက်တဲ့သူနဲ့ တစ်ချိန်တည်းပါပဲ။
ရန်ကုန်-ဒလကူးတို့သင်္ဘောသာအဲ့လိုဖြစ်ရင်… ဖြစ်စေချင်ပါတယ်။

တကယ်လို့ဖြစ်ခဲ့ရင်ရော… ခရီးသည်တွေစည်းကမ်းရှိမှာလားမသိ။ ထိုင်ခုံတွေ

နောက်မှီတွေ ဆိုဖာတွေကို မပျက်စီးအောင်ဂရုစိုက်ကြရင်… နံရံတွေကို

မညစ်ပတ်စေရင်… အမှိုက်တွေမဖွကြရင်… ကွမ်းတံတွေးတွေမထွေးကြရင်…

စည်းကမ်းရှိရှိ တက်ကြဆင်းကြရင်…။ ဘယ်လောက်ကောင်းလိမ့်မလဲနော်။

ကိုယ့်အတွေးနဲ့ကိုယ် ကယ်ဆမ်သောက်ကြည့်တာရယ်ပါ။DSC00839

DSC01150

DSC01152

DSC01155

DSC01156

DSC02938

DSC02939

DSC02941

DSC02959

DSC02960

DSC02961DSC02961DSC02960DSC02959DSC02941DSC02939DSC02938DSC01156DSC01155DSC01152DSC01150

15 comments

  • တောတွင်းပျော်

    December 8, 2013 at 11:49 pm

    ဂေဇက် က စကားလုံးတွေ ဖျက်ရေးနေကြတော ့
    မီယဂျိမ ကို မယားကြီးမ လို ့ထင်နေတာ…

    ဟုတ်တယ် အမရေ….
    တခါတလေ
    စည်းကမ်းလိုအပ်တဲ ့ အရပ်မှာ ကိုယ်က
    စည်းကမ်းအတိုင်း လိုက်နာတာကိုတောင် ကိုယ် ့ကို လူထူးလူဆန်း၊
    ဒါမှမဟုတ် အူကြောင်ကြောင်ကောင် ဆိုတဲ ့အကြည် ့မျိုး အကြည် ့ခံဖူးတယ်။

    • အဘရဟူဒီ

      December 9, 2013 at 1:09 am

      Miyajima ကို မယားကြီးမ လို့ ဖျက်ခေါ် သုံးနှုန်းဖူးတဲ့ ဆြာတယောက် ရှိသဗျ…
      သူက ဒီရွာကတော့မဟုတ်ဘူး သည်အကြောင်း ပန်ပန်လည်း အရင်က ပြောဖူးတာ မှတ်ဖူးပါရဲ့…
      သူလည်း စ နောက်ပြီး … သုံးလိုက်တယ် ဆိုတာ မြင်ဖူးရဲ့ဗျာ….
      စည်းကမ်းလား … အင်း ….
      ဆက် ဆွဲရင် ကာလချာ ဘက်ရောက်မယ်ထင့် …
      ကာလချာ အကြောင်း ထပ် ရှင်းရင် ဆပ္ပ ကာလချာ တွေ …. assumption တွေ နဲ့
      norms တွေ ဘက်ရောက်အုံးတော့မယ်….

      ဆိုတော့ ဆိုရှယ် နောမ်စ့် တွေ အင်ဖလူအန်ဇာ အက်ဖက် တွေ ပါ ပါလာအူးမယ်…။
      အဲ့ကိစ္စ နဲ့ ပါတ်သတ်လို့ ဆြာမတယောက် ပြောဖူးတာ သိပ် သဘောကျရဲ့..
      ဘာတဲ့ ..
      ကျမတို့ လူမျိုးက လူတယောက်ကို ချစ်တာ မုန်းတာ ကိုလိုက်လို့ အနှီ ပုဂ္ဂိုလ်ကို ပေးတဲ့
      ရမှတ်က သိပ် ကြောက်စရာကောင်းတယ် ဆိုပဲ….

      သိတော့ပါဝူးဗျာ..

      ခင်တဲ့ …

      P.S
      (အချိန်ရရင် ပြန်လာမယ် ပန်ပန်ရေ…)

  • မဟာရာဇာ အံစာတုံး

    December 9, 2013 at 12:30 am

    သူ့နေရာနဲ့ သူပေါ့ကွယ် …
    ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ရရင်
    ဒေါ်စု သမ္မတ ဖြစ်နေတာ ကျာပေါ့ကွယ် …

    ဒို့များဆီက ဒလ သစ်ဘောဂျီး စီးရင်းနဲ့
    ကဘာကျော် ဇင်ယော်ဒွေဂို ကျိလို့ ရဒကွယ့် …
    အိုက်မှာက ရဘူးမွှတ်လား …
    ဒီဒေါ့ … ဒီလိုပေါ့ကွယ် … ဟယ် .. ဟယ် …

  • padonmar

    December 9, 2013 at 1:37 am

    တောတွင်းပျော်ရေ
    မိယာဂျိမဂုုချိကို မယားကြီးမှဂုဏ်ရှိနာမည်ပေးတာ ဂဇက်မဟုတ်ရပါဘူး။
    ဆြာစိုးမင်းပါ။ဒါလေးကလည်း နားစွဲသွားတာပဲ။
    ပေးကလန်ရေ
    ဒီလိုပဲ နီးစပ်ရာတွေကနေတဆင့် သူများနိုင်ငံတွေလို စည်းကမ်းရှိဖို့၊လူ့အသက်ကို တန်ဖိုးထားဖို့ ဆိုတာတွေ နိုင်သလောက်ပြောပေးသွားကြရမှာပါပဲ။
    သရက်ပင်စိုက်တဲ့ အဖိုးလိုပဲ ကိုယ့်တသက်မမီလည်း နောင်မျိုးဆက်ကောင်းရင်တောင် ကျေနပ်ရမှာပါပဲ။

  • kai

    December 9, 2013 at 5:16 am

    စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်…
    ဆိုတော့…
    လူမျိုးတရာ့တပါးနေထိုင်တဲ့.. ယူအက်စ်..နယူးယောက်မှာလည်း.. အများသုံး..ရထား..သင်္ဘော.. အဲလိုသပ်သပ်ယပ်ယပ်မဖြစ်ပါဘူး..
    စတီးခုံနဲ့.. ဖိုင်ဘာနဲ့ထားမှရမယ်…။
    စနစ်ကြောင့်.. စနစ်ကြောင့်…. :kwi:

    • ဦးကြောင်ကြီး

      December 9, 2013 at 9:00 am

      သဂျီးဇုတ်.. ခီမြှား အဖြူ နဲ့တိုးရစ် အများစုစီးတဲ့ ဘရွတ်ကလင်း၊မန်ဟက်တန်၊ဘရွောင့်စ် ၄၊၅၊၆ မီးရထားလိုင်းတွေ သွားကြည့်၊ သန့်ပြန့်နေတာပဲ။ အဲဒါကြတော့ ဘိုလှုပ်မည်း..

  • alinsett

    December 9, 2013 at 7:41 am

    စည်းကမ်းသည် စည်းကမ်း၏ တန်ဖိုး
    :kwi:

  • KZ

    December 9, 2013 at 10:44 am

    ပြည်သူလူထု ကိုလည်း အဆင်ပြေအောင် လုပ်ပေးပေါ့။။
    လိုအပ်တဲ့ စည်းကမ်းလေးလည်းချပေးပေါ့။
    ချမှတ်ထားတဲ့ စည်းကမ်းမလိုက်နာရင်လည်း ထိထိရောက်ရောက် အရေးယူကြပေါ့။
    ဟိ။
    ပြောရတာလွယ်တာနော်။
    😀

    ပန်ပန့် ပို့(စ) ဖတ်ရင်း…………….

    ဂျာနယ်ကျော်မမလေး ရေးထားတဲ့ သင်္ဘောနဲ့သွားတဲ့ခရီးစဉ်ကို သတိရတယ်။
    ခေါင်းစဉ်တော့မေ့သွားပြီ၊။

  • kyeemite

    December 9, 2013 at 11:38 am

    နှိုင်းယှဉ်ပြောပြသွားတာလေး ကောင်းပါ၏
    ဧရာဝတီတိုင်းဘက်ကမြို့တွေကိုပြေးနေတဲ့ ဧရာဝတီသင်းဘောတွေက ပိုတောင်အန္တရာယ်များသေးတယ်
    ဒလကူးတို့လို ဝမ်းပြားကြီးမဟုတ်လို့…သတိထားမိတာတော့ အသက်ကယ်ဘောကွင်းကလည်းလူနဲ့မမျှ..
    ဖြစ်လိုက်ရင်တော့..သေဖို့ပဲ…ဧရာဝတီတိုင်းဘက်လျှောက်သွားနေရတုန်းကဆို ကိုယ့်ဖာသာ
    ပလပ်စတစ်ဂါလံပုံး ကို ကြိုးချည်ပြီးဆောင်ဆောင်သွားတယ်..ကိုယ့်ကိုကိုယ်အသက်ကယ်ဖို့ပေါ့ 😀

  • Shwe Ei

    December 9, 2013 at 11:55 am

    ရန်ကုန်-ဒလ သင်္ဘော ကို တဆယ်ပေးပီး စီးဖူးတယ်။

    အလုပ်ကိတ်စအရေးကြီးလို့ ဘိုကလေး ကိုအမြန်ဆုံးရောက်တဲ့နည်းနဲ့ သွားရတာ 😀

    ဒလ သင်္ဘောကို တဆယ်ပေးစီး ဟိုဘက်ကမ်းရောက်တော့ ဖျာပုံ တက်စီကို ငါးထောင်ပေးစီး အိုက်ကနေမှ ဖျာပုံရောက်တော့ ဘိုကလေးကို ဆိုင်ကယ်နဲ့ခရီးဆက်….သာယာဖျောင့်ဖြူးလိုက်တဲ့လမ်း (ကျောက်ခဲမျိုချလာတောင် အစာကျေတယ် 😛 )

    ပြောချင်တာက သင်္ဘောစီးရတာ တဆယ်နဲ့တန်အောင် အဆင်ပြေတယ်..ထိုင်ခုံလဲရတယ်..စိတ်ထဲမှာ ဈေးချိုလွန်းတယ်လို့တောင်တွေးမိတယ်။

    ကူးတို့ခ ဒီထက်နဲနဲတိုးကောက်ပြီး ြ့ပင်ပြင်ဆင်ဆင်လေး လုပ်ရင် ပိုကောင်းမလားဘဲ 🙂

    • ဦးကျောက်ခဲ

      December 9, 2013 at 5:23 pm

      ကျောက်စ်ကို ချမ်းသာပေးကြပါကွယ်…
      မြိုမည့်သူနဲ့ ဖင်ခုထိုင်မည့်သူ(ကိုရင်အာဂ)နဲ့ ဪ… ဘွဘွ
      ပြောရရင် ဟောင်ကောင်မှာလည်း စစ်လျော်ကြေး သင်္ဘောတွေနဲ့…
      ဖယ်ရီဆွဲနေတာ ဟောင်းပေမည့် သန့်မှသန့်…
      မြန်မာနိုင်ငံက T ဂရုဒ် “တိုးအေး”လို သင်္ဘောတွေနဲ့လေ…
      😀

  • panpan

    December 9, 2013 at 1:24 pm

    မရွှေအိစီးတဲ့အချိန်က လူချောင်ခိန် ထင်ပါရဲ့
    ရုံးဆင်းချိန်ဆိုရင်တော့ ပြောမနေပါနဲ့တော့ 🙁

  • TNA

    December 9, 2013 at 3:51 pm

    မြန်မာပြည်ဟာ ဆောင်ပုဒအများဆုံးနိုင်ငံလို့အဆိုရှိပါတယ်။ တနေ့တနေ့ ဆောင်ပုဒ်အမျိုးမျိုးကို မရိုးနိုင်အောင်ဖတ်နေရပေမဲ့ရှိရင်းစွဲဆောင်ပုဒ်ကလေးက ဘယ်မှာမှရှာမရတော့တာကြာခဲ့ပြီလားလို့

    “ စည်းကမ်းသည်လူ့တန်ဖိုး ” တဲ့။

    ဘဘကြီးတို့တွေထွင်ထွင်နေတဲ့ဆောင်ပုဒ်တွေများလွန်းလို့ပျောက်သွား သလားလို့ 😥

  • သင်္ဘောကြီးက ကောင်းလိုက်တာ… တစ်ခုသိချင်တာက သူတို့က ကုန်တွေရော တင်ကြလားဟင်င်..

    ပန်းဆိုးတန်း – ဒလ ကတော့ တကယ့် လူစုံပါပဲ.. local people တွေရဲ့ daily life ကို ကြည့်ချင်ရင် အဲဒီသင်္ဘောကိုစီးပြီး ဒလဘက်ကို သွားလည်ကြတယ်… အရင်တုန်းက တစ်ဆယ်ပေးရတယ်… ထိုင်ခုံပုလေးနဲ့ထိုင်ရင် နောက်ထပ် တစ်ဆယ်.. အခု တစ်ဆယ်ကနေ တစ်ရာ ဖြစ်သွားပေမယ့် service ကတော့ ဆယ်ဆ ဖြစ်မလာသေးဘူး…

    တွေးမိတာက သင်္ဘောနှစ်စိး ကွာခြားရခြင်းက လူတန်းစား ကွာခြားလို့များလားလို့.. 🙄

Leave a Reply