Gmail မှာ Exe ဖိုင်ပို့နည်း

Yin Nyine NwayAugust 6, 20101min917

Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။

ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။
ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ ultrasurf.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ ultrasurf.exe ဆိုရင် ultrasurf.abc လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေးရမှာပေါ့။
File extension ကို ပြောင်းလဲနည်းကတော့
၁။ သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools> Folder Option ကိုသွားပြီး View tab ကိုနှိပ်ပါ။
၂။ ပြီးရင် Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK နှိပ်ပါ။
၃။ File ကို rename လုပ်ပါ။ (a.exe ဆိုရင် a.abc ပေါ့) Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။
၄။ ပြီးသွားပါပြီ။ ကဲ ပို့ကြည့်လိုက်ပေါ့။

7 comments

  • char too lan

    March 18, 2011 at 6:32 am

    ကျေးဇူးအမ ကျနော် ‘မ’ သွားပီ အဲ့ဒါတကယ်လိုတယ် တခြားပြဿနာတော့ မဖြစ်လောက်ပါဘူးနော်

  • photwenty

    March 18, 2011 at 7:50 am

    အရမ်းအရမ်းကိုကျေးဇူးတင်တယ်ဗျာ
    အိုက်ဒီ idea ကိုလုံးဝမစဉ်းစားမိဘူးဗျာ
    ဘယ်လိုမှပို.မရဖြစ်နေတာ

  • photwenty

    March 18, 2011 at 7:55 am

    တဆက်တည်းပြောပြပေးပါအုံးနော်
    gmail မှာ attachment မဟုတ်ပဲနဲ. mail box ထဲမှာဓါတ်ပုံတွေပေါ်အောင်ဘယ်လိုလုပ်ရလဲမသိလို.ပါ
    သိသူများရှိရင်ပြောပြပေးပါ

  • etone

    March 18, 2011 at 8:14 am

    အီးတုံးတစ်ခါ က အင်တာနက်ဆိုင်က exe file လေး လိုချင်လို့ မန်မိုရီ စတစ်ကလည်း မပါဆိုတော့… အကြံရတာ… ဖိုင်ကို zip လိုမျိုး rar လိုများ ဟာတွေထဲ ပေါင်းလိုက်တယ် ပြီးမှ ပ ို့တာ … အိုကေတယ် အဲ့ဒါ … ။

  • photwenty

    March 18, 2011 at 8:35 am

    မမအိတုန်ညာပြီ
    အနော်ပို.ဖူးတယ်
    zip file ထဲက ဖိုင်တွေလဲ extension က .exe ဆိုရင်ပို.လို.မရပါ
    အနော်ပို..ဖူးပါတယ်

  • Yin Nyine Nway

    March 18, 2011 at 4:35 pm

    ဪ…. ဟုတ်ပါတယ်ဆိုနေမှ
    ပို့ကြည့်ပေါ့
    မရရင်တော့ send6.com လေးသုံးကြည့်ပေါ့

Leave a Reply