ကဗျာပြခန်း (၁၃) သို့မဟုတ် ကဗျာချစ်သူများအားပြန်လည်ပေးဆပ်ခြင်း

သူကေလးDecember 11, 20132min198630

“သခင်အောင်ဆန်းကိုပဲ ပြန်လိုချင်တယ်…” – အလင်းဆက်

 

သခင်အောင်ဆန်းကိုပဲ ပြန်လိုချင်တယ်
(ဟုတ်တယ်။ တို့နိုင်ငံအတွက် ကိုယ်ကျိုးမစဉ်းစားတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြန်လိုချင်မိတယ်။)
= တမင် ငြိုးတဲ့ မိုးဖွဲတွေကြားက
ဇူလိုင် ၁၉ ရဲ့ ခပ်ဆိုးဆိုးသေနတ်သံတွေ….
ငါတို ့ရဲ ့ အာဇာနည်ကို ဆွဲခေါ်သွားခဲ့
မေ့ရက်စရာမှ မရှိတာ……။
(တို့ အာဇာနည်ရဲ့ အသက်ကို နှုတ်ယူသွားခဲ့တာ ကျည်၁၃တောင့်ထက် ပိုတဲ့ အငြိုးတွေ မနာလိုခြင်းတွေ၊ မသိနားမလည်ခြင်းတွေလည်း ပါပါတယ်။
အငြိုးနဲ့ရွာတဲ့မိုးထက် ပြည်သူတွေ ကျတဲ့မျက်ရည်က ပိုသည်းခဲ့ရပြီပေါ့ ဇူလိုင် ၁၉ ရယ်။)
= အတ္တနဲ ့ ရက်စက်ယုတ်မာခြင်းကိုမှ
ယူနီဖောင်းချုပ် ဝတ်ကြတဲ့…..
အာဏာရူး..လူကြီးမင်းတို့ရေ….
သူရဲကောင်းဆိုတာ… လိုသလောက် မရဘူး ။
(သူရဲကောင်းစိတ် ပါလာဖို့စက်နဲ့ ထုတ်လုပ်လို့ ရတာမဟုတ်သလို၊ အမိန့်ပေးခိုင်းလို့ ရတာမဟုတ်ပါဘူးးး၊
ယူနီဖောင်းဝတ်တိုင်း သူရဲကောင်းဖြစ်မသွားသလို သူရဲကောင်းစိတ်ဟာလည်း ယူနီဖောင်းဝတ်စရာမလိုပါလေ။ လိုသလောက် မရတဲ့ သူရဲကောင်း၊
တစ်ခေတ်တစ်ယောက်ထွန်းတဲ့ သူရဲကောင်းကို တန်ဖိုးထားတတ်တဲ့ စိတ်လေးတွေပဲ တစ်ဦးချင်းစီမှာ လိုအပ်တာပါ။
ခုထိရော အတ္တနဲ့ရက်စက်ယုတ်မာခြင်းတွေကို ယူနီဖောင်းလိုချုပ်ဝတ်ကြတုန်းလားးး ဒါမှမဟုတ် ဒီ ယူနီဖောင်းကို မြင်တာနဲ့ ရက်စက်ယုတ်မာခြင်းပြယုဂ်ကို သိနိုင်တဲ့ထိ ပြုမူပြီးကြပြီလားးး)
= ပက်စက်တဲ့ လုပ်ရပ်
လျှာ ပြတ်ထွက်မတတ် တောက်ခတ်လွန်းလို ့….
ငါတို့ခံတွင်းလည်း…. သွေးချင်းချင်းနီခဲ့ ပြီ ။
မျက်ရည်ပြိုင်မိုး….. သွန်းခဲ့တဲ ့ ၁၉ ရက်
သူတို ့နှုတ်ယူလိုက်တဲ ့ အသက်တွေထဲမှာ….
ငါတို ့ရဲ ့ ရင်နှစ်သည်းချာ ကံကြမ္မာတစ်ခု ပါသွားတယ် ။
ကျေနပ်စရာ မရှိဘူး ။
(လွန်ကုန်ပြီးမှ ရတတ်တဲ့ နောင်တအတွက် သမိုင်းတစ်ပတ်ပြန်မလည်ချင်ဘူးးး ဒီလို နေ့မျိုး ဘယ်တော့မှ မတွေ့ချင်ဘူးးးး ၁၉ ဇူလိုင်တုန်းက
ဆုံးရှုံးသွားတဲ့ အသက်နဲ့အတူ တို့ပြည်သူတွေရဲ့ ကံကောင်းခြင်းတွေပါသွားခဲ့တယ်။ ခုထိပြန်မရတော့ဘူးးးး၊
လူယုတ်မာတစ်စုကောင်းစားဖို့ လဲလိုက်ရတဲ့ သူရဲကောင်းတွေ အသက်ကို ပြန်တွေးမိတိုင်း ကျေနပ်စရာ မြူတစ်မှုန်မှ မရှိ။)
= အေးးးးး မက်မောတယ် …
ပြော မကုန်တဲ ့ သူ ့ ပြည်ချစ်စိတ်တွေနဲ ့
မြစ်တစ်စင်းလို..စွမ်းစွမ်းတမံ စီးဆင်းပေးခဲ့တာပဲ…
ပစ်ရက်စရာ မရှိဘူး ။
(မက်မောတယ်။ သူ့ အသက်ကို ပြန်ရှင်နိုင်မယ်ဆို အာဏာရှင် တပ် တစ်တပ်လုံးနဲ့ ပြန်လဲလို့ရရင်လဲချင်ရဲ့။
တိုင်းပြည်ရောင်းစား စေတနာမရှိသူ တစ်စုလုံးနဲ့ လဲလို့ရရင် လဲချင်ရဲ့။ သူ့ရင်ထဲက ဒီ တိုင်းပြည်ရဲ့ စေတနာ ခြေဖျားတောင် မမှီတဲ့ သူတွေနဲ့ချည်းတွေ့ခဲ့ရတဲ့နိုင်ငံဘဝကို ဘယ်သူသိနိုင်ပါ့မလဲ)
= ဟောဒီ မိုးစက်တွေ ကျတဲ ့ ဇူလိုင် ၁၉ ရောက်တိုင်း…..
ငါတို ့ ရင်ထဲက ပြန် နာလာတယ် ။
မျိုးချစ်စိတ်ကို ဝတ်ရုံလို ခြုံပြခဲ့တဲ့ အာဇာနည်…..
မေ့ ရက်စရာ မှ မရှိတာ…….။
(သူ့မှာ တကယ် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ကလွဲရင် ခြုံစရာ အနွေးထည်ကောင်းကောင်းတောင်မရှိခဲ့တဲ့ အာဇာနည်ပါ။ ဒီ အတွက် သူဘာပြန်ရခဲ့သလဲ။
သူ့စတေးမှု အတွက် ဘယ်သူတွေ ဘာပြန်ပေးနိုင်ပြီလဲ။ သူ မလိုလားတဲ့ စစ်အာဏာရှင်စံနစ်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ
ထောက်ခံခြင်းနဲ့ပြန်ပေးမယ်ဆိုရင်တော့ သူ ဆယ်ခါပြန်သေဆုံးချင်လေမလားးး)
= ငါတိ်ု ့ သမိုင်းကို တစ် ပြန် စ ပြီး….
သခင်အောင်ဆန်းကို ပြန်လိုချင်တယ် ….
သူရဲကောင်းဆိုတာ… လိုသလောက်မှ မရတာ….။

(စစ်သည် ဘယ်နှစ်သိန်းရှိလဲ မပြောပါနဲ့ သူလို အသိဉာဏ်နဲ့ တိုင်းချစ်ပြည်ချစ် ဘယ်နှစ်ယောက်မွေးထုတ်ပြီးပြီလည်း ပြောဖို့ကြိုးစားကြပါလား)
= ရာဇဝင်ရိုင်းတဲ ့ သုတ်သင်ခြင်းတွေကြောင့်
ငါတို ့ သခင်ကို စတေးခဲ့ရတယ် …..
ကျေနပ်စရာမှ မရှိတာ….။

(တိုးတက်ဖို့ စတေးရတယ် ဆိုပေမဲ့ အာဏာရူး ပွန်းလောက်နဲ့ တို့ မျိုးချစ်ဘုရင် ကို ချက် သွားတာလောက် ရိုင်းစိုင်းတဲ့ ရာဇဝင်မရှိတော့။ မကျေနပ်လို့
အသစ်ကပြန်စရအောင် ဒါ စစ်တုရင် ကစားပွဲ အစစ်မဟုတ်ဘူးလေ။)
= အစားပြန်မရဘူးဆိုရင်တောင်
ငါတို ့ သခင်ကိုပဲ ပြန်လိုချင်တယ် ….
ငါတို ့ သခင်ကိုပဲ… ပြန် လိုချင်တယ်…..
ပစ်ရက်စရာမှ မရှိတာ…….။

(အစားမရဘူးးး ဒါပေမဲ့ ကျန်ခဲ့တယ်။ သူ့လို မျိုးချစ်စိတ်မျိုး၊ အသိဉာဏ်မျိုးးး၊ တိုင်းပြည်အပေါ်ထားတဲ့စေတနာမျိုး ထပ်တူကျတဲ့သွေးတစ်စက်
ချန်ခဲ့တယ်။ ဒီလိုလူမျိုး ဘယ်နှစ်ယောက်ရှိရှိ တိုင်းပြည်နစ်နာတဲ့ကိစ္စမဟုတ်တာမို့ ပြန်လိုချင်တုန်းး တွေးမိတိုင်း ပြန်ရချင်တုန်းး၊
နှမြောတသဖြစ်နေတုန်းပါ)

 

သခင် အောင်ဆန်းကိုပဲ ပြန်လိုချင်တယ်

30 comments

  • alinsett

    December 11, 2013 at 7:44 am

    ကဗျာပြခန်းသမိုင်းတလျှောက်မှာ ဒီပြခန်းကတော့ အထူးခြားဆုံးပါပဲ။

    ဆုရကဗျာတွေဆိုတော့ အကြိုက်ဆုံးတွေထဲက အကြိုက်ဆုံး ကဗျာတွေပေါ့။

    အခုလို စုစည်းလိုက်တော့မှ သတိထားမိတာက. . . .
    ဒီကဗျာတွေ ဟာ တော်တော် အားကြီးနေတာတွေ ့ရတယ်။

    ကဗျာပြခန်းပါ. . . .အားကြီးသွားတယ် ။

    အနုပညာဆိုတာကို ခမ်းနားထည်ဝါစွာ
    တွေ ့လိုက်ရတယ် ။

    ကျွန်တော့်ကဗျာတွေ ပါနေတော့ပြောရတာ သိပ်မကောင်းပေမယ့်. . .ပြောရပါဦးမယ် ။

    ဒီကဗျာတွေ တော်တော်လေးကို ကောင်းနေတယ်(ကျွန်တော့်ကဗျာကို ကျွန်တော် ထည့်မပြောပါဘူး )

    တကယ့် ကဗျာလောက /စာပေအနုပညာလောက မှာ
    တန်းဝင်တဲ့ ကဗျာတွေပါ ။

    ဂဇက်ရဲ့ ကဗျာအဆင့်အတန်း လုံးဝ မနိမ့်ကျပါဘူး ။

    အခုလို ကဗျာကောင်းတွေ ထွက်ပေါ်လာအောင် စုစည်းဖော်ထုတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိတယ် ။

    ကဗျာချစ်သူအဖွဲ ့လေး ဖွဲ့ခဲ့ / လုပ်ဆောင်ခဲ့မိတဲ့အတွက်လည်း အင်မတန် ကျေနပ်အားရ ပီတိဖြစ်မိတယ် ။

    ရှေ ့ဆက်ပြီး ပြခန်းကို ကောင်းသထက်ကောင်းအောင် လုပ်ဆောင်သွားဖို ့ မျှော်လင့်ချက်အပြည့် အားအပြည့် ဖြစ်သွားတယ် ။

    ————
    ကဗျာပြခန်းအတွက် မအားတဲ့ကြားက ကူညီပြီး တင်ဆက်ပေးတဲ့

    သူကလေးရေ ။
    သူကလေးးးးတာဝန်ကျေပါတယ်နော် ။

    ကျေးဇူးပါ ။

    —————-

    ဟို နည်းပညာဆရာဂျီး သဂျားကိုလည်း အထူးကျေးဇူးတင်ပါတယ် ။
    ဒီပြခန်းကို လုပ်ရတာ တော်တော် မောမယ်ဆိုတာ သိသာပါတယ် ။ စာမျက်နှာတွေ အများကြီး . . . စာတွေ အများကြီးကို . . . .တွဲချိတ် ပြင်ဆင်ရတာ. . —————–

    ကဗျာတွေကို ကဗျာချစ်သူတွေရဲ့ ခံစားချက်နဲ့ တွဲ တင်ပြလိုက်တော့ တမျိုးလေးပဲနော် ။

    ကဗျာတွေက အရောင်ပိုတောက်လာသလိုပဲ ။

    ———-

    ညစာစားနေတဲ့ ညတွေ ဆိုတဲ့ကဗျာကိုလည်း . . .
    ကျွန်တော်နဲ ့ တွဲရေးသွားတာ ဘယ်သူလဲဆိုတာ ခန့်မှန်းပေးကြပါဦး ။

    post တင်တုန်းက comment ထဲမှာ ကဗျာ လာဆက်ရေးသွားသူ. . . .
    ကာယကံရှင်ကတော့ . . .တိတ်တိတ်နေရမယ်နော် ။

    :kwi:

    :kwi:

    • သူကလေး

      December 11, 2013 at 12:25 pm

      တာဝန်မကျေရင် နောက်ကလိုက်ရိုက်မှာမှတ်လား အဲ့တော့ ကျေရဒေါ့တာပေါ့အေ

  • KZ

    December 11, 2013 at 8:29 am

    သူကလေးရဲ့ အလုပ်ရှုပ်တာတွေဖတ်ပြီး မောနေချိန်မှာ
    ကဗျာနဲ့ တူတူ ကဗျာခံစားချက်လေးဖတ်လိုက်ရတာ တကယ် အမောပြေသွားတယ်။
    ပုံလေးတွေက ပိုပြီး စိုပြေလာသလိုပဲ။
    ကြိုးစားအားထုတ်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

    • သူကလေး

      December 11, 2013 at 12:26 pm

      သူကလေးကလည်း ကျေးဇူးပါ

  • KZ

    December 11, 2013 at 8:44 am

    သိတယ်။
    သိတယ်။
    အဲဒီ သူက ဒီရွာရဲ့ ရွာသက် အရှည်ဆုံး လူဂျီးးးးး

    😀

    • Mr. MarGa

      December 11, 2013 at 8:49 am

      ပေါထားပါဒယ် ရွာ့ သက်တော်ရှည်ပါ လို့ :mrgreen:
      ဂျီးဒေါ် ဖော်နဲ့နော်

      • KZ

        December 11, 2013 at 9:01 am

        ဒီမှာ မဖော်ပါဘူးးးး
        မုန့်ကျွေးတဲ့သူကိုမှ ပြောပြမှာပါ။
        ဟေးဟေးဟေး

        :mrgreen:

  • surmi

    December 11, 2013 at 9:03 am

    ​အရင်​ဆုံး… ဆုရသွားတဲ့ ​ရေပုလင်​း ကိုဂုဏ်​ပြုပါ​ကြောင်​း…..
    ​ရေပုလင်​းကအလုံးမဟုတ်​ဘဲ ကုဗပုံဖြစ်​​နေတာကိုလည်​း အံဩမိပါ​ကြောင်​း 🙂

    • Mr. MarGa

      December 11, 2013 at 9:22 am

      အလုံးဆိုရင် လိမ့်နေမှာစိုးလို့ ထင်ပါရဲ့ဗျာ…..

  • Nay Chi

    December 11, 2013 at 9:14 am

    ပြခန်းပို့စ်ဖတ်ပြီး မောသွားတယ်..။ 😀
    ကွန်ဂရက်ကျူလေးရှင်းပါ သူကလေး..။ ပြခန်းအတွက်ရော သတို့သမီးလောင်းလေးအတွက်ရောပေါ့…။

    ကဗျာခံစားချက်တွေကိုတော့ တစ်ခါဖတ် တစ်ပုဒ်နှုန်းနဲ့ နောက်ထပ် ၁၂ကြိမ်တိတိဝင်လာဖတ်သွားမည် ဖြစ်ကြောင်း သံချောင်းခေါက်သွားပါရစေ…။ 🙂

    • Mr. MarGa

      December 11, 2013 at 9:19 am

      ကဗျာ စုစုပေါင်းက ဆယ့်ခြောက်ပုဒ် ရှိတယ်ဗျ
      နောက်ထပ် ၁၅ကြိမ် လာဖတ်လှည့်ပါ 🙂

  • Mr. MarGa

    December 11, 2013 at 9:35 am

    ပြခန်း (၁၃) ကို အောင်မြင်စွာ တင်ဆက်လိုက်ပါပြီ…
    ကြိုတွေးထားတဲ့ ရက်ထက် တစ်ရက် နောက်ကျသွားပေမယ့်
    ဒီရက်စွဲလေးကလည်း အမှတ်တရပါပဲလားဗျာ။
    .
    11.12.13 မှာ ပြခန်း (၁၃) ကို တင်ဆက်လိုက်ကြောင်း မှတ်တမ်းပြုလိုက်ရပါသည်…. :loll: (ချမ်းသဖြင့် မေးရိုက်နေသည်)

    • သူကလေး

      December 11, 2013 at 12:27 pm

      ဒါကမှ ပိုအမှတ်တရပါနော် သကြား
      သများကိုကျေးဇူးတင်ချမ်းဘာာ 😀

  • မဟာရာဇာ အံစာတုံး

    December 11, 2013 at 9:39 am

    ဆြာသစ်ရဲ့ ကဗျာလေးဖတ်ပြီး
    လွမ်းတောင် လွမ်းမိသွားတယ် ….။
    ကျန်တဲ့ ကဗျာတွေကလည်း ကဗျာတောမှာ နစ်မြောလို့သွားအောင် ကောင်းလှပါတယ်ဗျာ …
    ပြီးခဲ့တဲ့ ပြခန်းက ဆုရသွားတဲ့ ရေပုလင်း ကိုလည်း ကွန်ကလက်ကျူလေးရှင်းပါလို့ …
    သန်းကျူး သာဒု …

  • ဦးကြောင်ကြီး

    December 11, 2013 at 10:50 am

    သူဂလေး
    ဘူဖေး
    အူဆေး
    ယူပြေး
    မူတွေး
    ဖြူ ဖွေး
    ကြူ မွှေး
    လူအေး..။

  • သူကလေး

    December 11, 2013 at 12:28 pm

    သူကလေးကို ဘူဖေးတော့လုပ်မစားဘာနဲ့နော် အူးကြောင်

  • ခင် ခ

    December 11, 2013 at 12:34 pm

    သူကလေး ရေးချက်ကိုတော့ လက်ခေါက်မှုတ်ပြီးတောင် အားပေးလိုက်ချင်ပါရဲ့ကွယ်။
    သူကလေးက ဆုရကဗျာများဆိုပြီး ဒီပိုစ့်ကို ဖတ်ပြီးသကာလ ကျုပ်လည်းအတွေးအကြံတစ်ခုရမိတယ်
    ” ကျွန်မတို့ကို လအလိုက် ချစ်စရာကောင်းတဲ့ ရာသီအလှဘွဲ့ကဗျာလေးတွေ အမြဲရေးပေး တဲ့ လေးလေးခင်ခရဲ့ ဆုမရ ကဗျာများ ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၂ လ တစ်ပတ်လည်ပြည့်သွားရင် ကျုပ်ကဗျာတွေ ပြန်စုစည်းပြီး ပိုစ့်လာတင်အုံးမယ်လို့……..။
    အခုဘဲ ဖေဖော်ဝါရီလအတွက်ကဗျာကို မောင်အလင်းဆက်ထံ ပို့လိုက်ပါပြီဗျ။

    • သူကလေး

      December 11, 2013 at 5:19 pm

      လေးလေးခင်ခက ဆုမရကဗျာမဟုတ်ပါဘူးနော် ဆုရသွားရင် တခြားကဗျာတွေနဲ့ရောသွားမှာစိုးလို့
      ဆုမပေးဘဲ သတ်သတ်ခွဲဖတ်ကြတာနေမှာ
      ကဗျာတွေပြန်စုပြီး တင်မယ့် ပို့စ်ကိုလည်း စောင့်ဖတ်နေမယ်နော် 🙂

  • sorrow weaver

    December 11, 2013 at 12:46 pm

    အင်တာနက်လိုင်းကလဲ မကောင်းဘူး..မန့်ပါမယ်ဆိုမှ….အဲရိုးရှပ်ကလဲ …မီးပူမလိုက်လာမိဘူး..ဂျော်ဂျီယို.အာမီနီ ဖိနပ်ကလဲ …လိုင်းကားတိုးစီးလာလို့ လူများတက်နင်းသွားတယ်…လစာကလဲတက်ပြန်ပြီ…စိတ်လေပါ့…..GM ရာထူးကလဲ မယူချင်ပါဘူးဆိုမှ …ဒီနေ့နေရတာအဆင်ကိုမပြေဘူး…အာဟိ…

      • sorrow weaver

        December 11, 2013 at 4:13 pm

        ကြွားစိန်လုပ်တာများသွားလို့ …ကျန်ခဲ့တာ….အဟိဟိ….ဒီရွာကကဗျာတွေကြိုက်သဗျ…ကိုယ်တိုင်သာမရေးတတ်တာရယ်…
        ပုံ….ကချင်နုထွားကြီး ဆောရိုး …( Audi ကားအနက်ကြီးပေါ်မှ အိုင်ဖုန်း 5S ကို လက်တဖက်ထဲကိုင်ပြီးမန့်တီ ..အဟီးဟီး )

  • kyeemite

    December 11, 2013 at 3:02 pm

    ပြခန်း (၁) ကနေ ပြခန်း (၁၂) ထိ ပထမဆုရခဲ့တဲ့ကဗျာလေးတွေကို စုစည်းထားတာလေးတွေပါ။..
    အခုလိုစုစည်ပြဖို့အကြံရတာချီးကျူးမိပါတယ်…ကြိုက်လည်းကြိုက်တယ်

    • Mr. MarGa

      December 13, 2013 at 11:48 am

      ဦးမိုက်
      ကြိုက်ရုံပဲ ကြိုက်မနေနဲ့
      ပဟေဠိလေးလဲ ဖြေဦင်္း ဗျ :mrgreenn:

  • လုံမလေးမွန်မွန်

    December 11, 2013 at 3:58 pm

    ဟဲ..အဲဒီ သေခန်းပြတ် ဆိုတဲ့ တစ်လုံးနဲ့ လုပ်စားလာတာကြာပြီ.. ဒါမယ့်.. ဘယ်သူကမှလည်း အရေးမစိုက်ကြပေါင်.. ခိခိ…

    အခုလို နှစ်ချုပ်ပြခန်းလေး ထူးထူးခြားခြားဖြစ်အောင် ဝိုင်းကြဝန်းကြပါသော ကဗျာချစ်သူများအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း…
    အစဉ်အဆက် အားပေးလာကြသော ရွာသူားများကိုလည်း ကျေးဇူးအကြီးကြီးတင်ပါကြောင်း…

    (အရင်ပြခန်းတွေဆို ပြခန်းတာဝန်ခံနဲ့ နည်းပညာသဂျားကလွဲလို့ ကျန်တဲ့သူက နှမ်းဖြူးရုံတင်..ဒီပြခန်းကတော့ အကုန်လုံးရဲ့ အင်အားပါတယ်..အမှတ်တရပေါ့..)

    ပဟေဠိကိုဖြေနိုင်ရင် အလက်ဆင်းရဲ့ ဒေါ်ဖွားမေကို လက်ဆောင်ပေးပါမယ်.. :mrgreen:

  • ခင် ခ

    December 11, 2013 at 4:20 pm

    မောင်အလင်းဆက်တစ်ယောက် ငိုကိန်းရောက်မှာမို့ ဖြေတော့ဘူး။

  • alinsett

    December 11, 2013 at 5:32 pm

    ဒေါ်ဖွားမေကိုတော့ ပေးပါနဲ့ကွယ်
    ကျွန်တော့်မှာ ဒါလေးပဲ ရှိတော့တာ

    :kwi:

    လေးခရေ
    ကဗျာလေး ရှိပါတယ်နော်

    မေးလ်တော့ပြန်ပို့ထားသေးတယ်
    ဒါမယ့် ကျွန်တော့် မေးလ်အကောင့်က ဖုန်းနဲ့ဖွင့် သုံးနေတာ သိပ်အဆင်မပြေ
    ပြန်ပို့တဲ့စာတွေ ရောက်ချင်မှ ရောက်တာ

    လေးခ တို့ ပို့တဲ့ ကဗျာတွေ ( အဝင် ) က တော့ ရတယ်

    ကျေးဇူးပါခင်ဗျ

  • alinsett

    December 18, 2013 at 7:48 pm

    အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ကဗျာပြခန်းလည်း… ရှေ့ဆက်ဖို ့..အားက ခပ်လျော့လျော့ပါလားကွယ်ရို ့….

    ရိုးများသွားကြပြီလား….

    တိတ်ဆိတ်လွန်းလို ့ပါ…. ။

    ကဗျာလေးတွေ..ပေးပို ့ကူညီလာသူတွေ… ရှိလာပြန်တော့….
    လာအားပေးသူနည်းနေပါလား..ဗျာ.. ။

    ———–

    စာဖတ်သူ.. ဝင်ရောက်သူတွေရဲ ့ အရေအတွက်ကို…
    ပိုစ့်ထဲ.ဝင်ပေးထားတဲ ့..Comment နဲ ့..ကြည့်ပြီး..မဆုံးဖြတ်နိုင်ဘူး….လို ့…
    ကိုယ်တိုင် ယူဆ ထားသောကြောင့်…..
    အားပေးနေသူတွေ..ရှိနေမယ်..လို ့..တွေးပြီး..
    အဲဒီ အတွေးလေးနဲ ့ပဲ…ရှေ့ဆက်ရမှာပေါ့လေ…

    အားကတော့ ခပ်လျော့လျော့….။

    ————-

    ဒို ့မြို့သူားတွေဆီကတော့…
    အားပေးသွားကြောင်း.. သံချောင်းခေါက်သံလေးတွေ…ကြားချင်မိသား…ဗျာ..

  • သျှားသက်မာန်

    December 19, 2013 at 6:31 pm

    ဒီတစ်ခေါက်ကထူးခြားတာလေးတွေ့ရပါတယ်……………..အနှစ်သက်ဆုံးကဗျာတွေကိုရေးသားဖော်ပြချင်းပါပဲ

  • surmi

    December 20, 2013 at 10:10 am

    စိတ်​မ​လျော့ပါနဲ့
    အနဲဆုံး​တော့… ကိုယ်​​ရေးတာကိုယ်​ပြန်​ဖတ်​လို့ရ​နေတာပဲ :hee:

Leave a Reply