နိုင်ငံတကာ သတင်းလေး ကြည့်မိပါတယ်….စိတ်ပျက်လိုက်တာကွာ… ဆန္ဒလေး လေးငါးရက် ပြကာရှိသေး….ဟို မိန်းမကြီးပေါ့…သိလား…ဒေါ်ရင်လှလေ…လွှတ်တော်ကို ဖျက်သိမ်းပြီး ပြည်သူတွေဆီ အာဏာ ပြန်လွှဲအပ်သတဲ့….အဲ့ဒါကြောင့် မိန်းမတွေကို စိတ်ပျက်တာ…ဇွဲကိုမရှိဘူး…သူက အာဏာအပ်တယ်ဆိုတော့ ပြည်သူတွေကပဲ အာဏာရူးနေသလိုလို… တို့တိုင်းပြည်ဆို ကြည့်စမ်း…ယောက်ကျားရင့်မကြီးတွေ အုပ်ချုပ်တာ ဘယ်လောက်ကောင်းလဲ…အ၀တ်အစားဝတ်တာကလဲ ထိပ်တန်း…စမတ်ကို ဂွပ်လို့…လုံချည်ဆိုလဲ စံပြ…ချိတ်လုံချည် လှလှကြီးတွေ ၀တ်ပြသွားလိုက်တာများ….ပြည်သူတွေတောင် ဟာ…ကနဲ ဖြစ်သွားရတယ်…မိုက်လွန်းလို့…သူတို့လို ၀တ်ချင်လို့ အမရပူရ တခွင်ပြဲပြဲစင်အောင် လိုက်ရှာတာ ရှာမတွေ့ခဲ့ပါဘူး….ပြောလိုက်တဲ့ စကားလုံးတွေဆိုလဲ လှလိုက်တာ…အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်တို့…ဥပဒေအထက်တွင် မည်သူမျှမရှိတို့…ဆိုတာတွေနဲ့ အများကြီး…အများကြီး….တိုင်းပြည်ကိုလဲ စိတ်ရှည်လက်ရှည် နှစ်ပေါင်းများစွာအုပ်ချုပ်ပြသွားလိုက်တာများ…လေးစားစရာပါပဲ…တော်ယုံလူဆို ဒီလောက်နှစ်အကြာကြီး ဘယ်သူက အရှုံးခံပြီး အုပ်ချုပ်ချင်ပါ့မလဲနော့….ကျေးဇူးကြီးလိုက်တာ… ပြည်သူတွေကလဲ ကျေးဇူးသိတတ်ပါတယ်နော်…ဒီလောက်အရှုံးခံ လုပ်ထားတဲ့တို့အစိုးရကို တို့ထောက်ခံတယ်ဆိုပြီး ၂၀၀၈ တုန်းက မုန်တိုင်းကြားထဲကကို ဇွတ်ထောက်ခံလိုက်ကြတာ ၉၉ ဒသမ…ဘယ်လောက်ရာခိုင်နှုန်းတောင် ထောက်ခံလိုက်ကြပါပကော… ဒီလောက် ပျော်စရာကောင်းတဲ့ တိုင်းပြည်ဘယ်မှာရှိမှာလဲနော….မီးလာရင်လဲ ဟေး ကနဲ…ဖုန်းကဒ်ပေါက်ရင်လဲ ၀ါးကနဲ…ကွန်နက်ရှင်လေး ကောင်းပြန်ရင်လဲ ပျော်လိုက်တာ ပျော်လိုက်တာနဲ့….အပျော်တွေ အပျော်တွေ…တခြား ဘယ်တိုင်းပြည်မှာ ရမလဲနော… တော်ပြီ…နောက်ဆို နိုင်ငံတကာသတင်းတွေ မကြည့်တော့ဘူး…ပျော်လက်စ အပျော်တွေ ပျောက်သွားလိမ့်မယ်… ဘုရား…ဘုရား…တော်ပါသေးရဲ့…ငါ မြန်မာပြည်မှာ လူလာဖြစ်လို့…စင်္ကာပူတို့…ထိုင်းတို့…အမေရိကားတို့မှာသာ လူဖြစ်ကြည့်…စိတ်ညစ်လို့ ကိုယ့်ကိုကိုယ် သတ်သေမိမလားမသိ….

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...