ကြောင်သတင်း အပြောင်ရှင်း news

အချောင်သမား

၂၀၁၃ ငွေကြေးလှူဒါန်းသော နိုင်ငံစာရင်းတွင် မြန်တျန့်နိုင်ငံ ထိပ်ဆုံး၌ ရှိနေပြီး ပျမ်းမျှအလှူငွေ ငါးသိန်းကျော် ဖြစ်သည်။ အဆိုပါ စစ်တမ်းတွင် ရိုးမပြုန်းသစ်ကုမ္မဏီပိုင်ရှင် ဒေါ်ကြေးမုံဂျီးမှ တဆယ်ကျပ်၊ တရုတ်မကြိုက်သူ ဦးကြောင်ကြီး ဆယ်သိန်း လှူခဲ့ဂျောင်း ဖြေဆိုခဲ့သဖြင့် တဦးဂျင်းပျမ်းမျှ ငါးသိန်းငါးကျပ်ဖြင့် ဒုတိယချိတ်သည်။

လန်ကျောကဝဲလ်ကမ်း

ကြေးမုံဂျီးအမျိုး တရုတ်ကူမြူနစ် အစိုးရ ဖိတ်ကြားချက်ဖြင့် အန်အယ်လ်ဒီပါတီမှ ဦးညဏ်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပီကင်းသို့ လေကြောင်းခရီး ထွက်ခွာရာ လေဆိပ်တွင် တရုတ်ကြုံးသယ်ဂျီးများအသင်း ငှက်ကထ မစ္စတာလန်ကျောက် ခရီးဦးကြိုပြုကြောင်း ဆင်အဝှာသဒင်းတွင် ဖတ်ရှုရသည်။

ဘောဂျီးဟတ်

မြန်တျန့်ဆီးဂိမ်း အမျိုးသမီး ဘောလုံးပွဲမှ အင်ဒိုနီးရှားအသင်း နှုတ်ထွက်သွားခြင်းမှာ မြန်တျန့်ဂေဇက်ရွာတွင် အရာတိုလာ မာမွတ်ခိုမ်၊ မော်လဝီ ဆလိုင်းဖင်ပြောင်၊ မူလာ အေ့ဝဒီဂျီးတို့အား ခွဲခြားဆက်ဆံနေခြင်းအပေါ် တုံ့ပြန်ကန့်ကွက်ခြင်း ဖြစ်ကြောင်း မာမွတ်လျှာ၇၈၆ပွတ် သတင်းတွင် ဖော်ပြသည်။

တက်ကြွတဲ့ကြက်ဖ

အမျိုးသမီးများအား မကြာခဏ လုယက်မှု ဖြစ်ပွားနေ၍ အမျိုးသမီးရဲအုပ် ကြေးမုံဂျီးအား အရပ်သူဝတ်စုံဖြင့် တည်ကြက် လှုပ်ရှားရန် တာဝန်ပေးရာ ၎င်းက ကတော်ကတော်အစား အောက်အီးအီးအွတ် မှားယွင်းအော်မိ၍ လူဆိုးများ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲနှာနီဖေ့ဘွတ်တွင် ရေးထားသည်။

ရွှေမြန်တျန့်

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်တျန့်အသင်းမှ ရွှေတံဆိပ်များ ဆက်ခါဆွတ်ခူး အောင်ပန်းဆင်လျက်ရှိရာ ရိုးရာခြင်းလုံး၊ ရိုးရာစစ်တုရင် ပြိုင်ပွဲများအပြီး ထုပ်စီးတိုး၊ ကြက်ဖခွပ်၊ နတ်ကန္နားစီး၊ နတ်ဒိုးအက စသည့် ကစားနည်းများစွာ ကျန်သေးကြောင်း မြန်တျန့်အားကစား အောင်နိုင်ရေးအဖွဲ့မှ ဂုံယူဝံ့ကြွားစွာ ပြောဆိုသည်။

အစားတော် တလုပ်

မြန်တျန့်ဂေဇက်ရွာ နှစ်ပတ်လည် အခမ်းအနား စည်းရုံးလှုံဆော်ရေး ဓာတ်ပုံများ ဖေ့စ်ဘွတ်တွင် ပျံ့နှံ့နေရာ ကုလသမဂ္ဂ ကမာ္ဘ့စားနပ်ရိက္ခာအဖွဲ့ဂျီးမှ ကမာ္ဘတလွှား ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး ပိုစတာများအဖြစ် အသုံးပြုရန် ခွင့်ပြုချက် တောင်းခံထားကြောင်း သိရသည်။

9 comments

  • တောတွင်းပျော်

    December 10, 2013 at 10:18 am

    အွန် ့! မစ္စတာလန်ကျောက်…..

  • မင်း ခန့် ကျော်

    December 10, 2013 at 10:39 am

    မြို့ အနေနဲ့ပြောင်းလိုက်ပီဆို

    ဘာလို့ တရွာတည်း ရွာနေတာတုန်း အူးကျောင်

  • KZ

    December 10, 2013 at 10:43 am

    ဒက်ဒီကိုလည်း အပြောင်ရှင်းကြဖို့ကြံစည်နေကြပြီ။

    😀

  • alinsett

    December 10, 2013 at 11:04 am

    ကြောင့်ကို.ပြောင်အောင်ရှင်းကြပါနဲ ့…
    ကြောင့် သဒင်း… တွေ..စောင့်ဖတ်ချင်သေးလို ့…
    🙂

  • ဦးကျောက်ခဲ

    December 10, 2013 at 11:27 am

    ကြောင့်ကိုလည်း အပြတ်ရော အပြောင်ရောရှင်းကြမလို့တဲ့…
    😀

    • KZ

      December 10, 2013 at 11:44 am

      အပြောင်/အပြတ်/အပျောက် ရှင်းမှာတဲ့!

      :mrgreen:

  • Mr. MarGa

    December 10, 2013 at 2:40 pm

    ဥိီးကြောင်ကို ပြောင်/ပြတ်/ပျောက်/ ပြေး ရှင်းမတဲ့ :mrgreenn:

  • Paing Lay

    December 10, 2013 at 4:01 pm

    သဂျီးကဒေါ့ စွတ်ပြုပ်လုပ်သောက်ဦးမယ်ဆိုပဲ 😀

  • ဒီနေ့ပဲ မြန်းတျန့်ဆီးဂိမ်းသီချင်းခွေကို၅၀၀ဝကျပ်နဲ့မဝယ်မနေရ ဝယ်လိုက်ရတယ်။
    ဟသာင်္တမြင့်ငွေရဲ့ “မြန်မာအားကစားကမာ္ဘကိုလွှမ်းရမည်”သီချင်းတစ်ပုဒ်ကလွဲပြီး တစ်ပုဒ်မှနားထဲမစွဲ..
    တိုင်းရင်းသားရိုးရာဝတ်စုံတွေတစ်ပုဒ်မှမပါပဲ ဟစ်ပ်ဟော့ပ်တွေချည့်ဖြစ်နေတာအဆန်းသား 🙄
    ဦးကြောင်ကြီးမကြိုက်တဲ့ ဘေဂျင်းအိုလံပစ်က ဟွမ်းရီနီ သီချင်းကတော့ မီးမီးကြိုက်ကြိုက်..
    😀

Leave a Reply