ညံ့ချက်တော…

johnnydeerDecember 10, 20131min18810
ဘယ့်နှယ်ကွာ….ကားလေး လေးငါးစီး မီးရှို့မိတာလေးများ လူတွေအများကြီးဖမ်းပြီး ပြင်းထန်စွာ အရေးယူမည် တဲ့….

တို့တိုင်းပြည်မှာဆို ဘိန်းရောင်းပြီး ဘိန်းစားတဲ့ သူတွေတောင် သတိပေးယုံလောက်ပဲ ပေးတာ…အဲ့ဒါကြောင့် အဲ့လို စုတ်တီးစုတ်ပြတ် တိုင်းပြည်တွေမှာ သွားမနေချင်တာ…

ဟိုမိန်းမကြီး ဒေါ်ရင်လှကော ဘာထူးလဲ…ကိုယ့်တိုင်းပြည်ထဲက လူတွေကိုတောင် နိုင်အောင်မထိန်းနိုင်ဘူး…ရုပ်ပျက်ဆင်းပျက်…

နောက် လုံရှန်လီး…လား…လီရှံလုံးလား… လက်တောက်လောက်တိုင်းပြည်လေးကိုတောင် ငြိမ်းချမ်းအောင် မထိန်းနိုင်ဘူး…နင်တို့တွေ တိုင်းပြည် ငြိမ်းချမ်းအောင်ထိန်းသိမ်းတာ မတတ်ဘူးဆိုရင် တို့ အစိုးရဆီလာသင်….

ပြည်သူလူထုကို ဖုန်းကဒ်နဲ့ စည်းရုံးရတယ်…သူပုန်တွေကိုကျတော့ ကားပါမစ်နဲ့ သိမ်းသွင်းရတယ်…နားလည်လား…ကိုယ့်ရှိတဲ့ဟာကို အကျိုးရှိအောင် အသုံးမချတတ်ဘူး…ညံ့ပါ့ကွာ…

10 comments

  • Paing Lay

    December 10, 2013 at 8:49 pm

    ဟတ်ပဂျာ အာယုဒ္ဒယတွေ ညံ့ချက်များကတော့ :mrgreen:

  • alinsett

    December 10, 2013 at 10:45 pm

    တိန်…

    ဒီ….Short Story ကိုတော့… စိတ်ထဲမှာ…စွဲသွားပြီ…..

    :kwi:

  • မဟာရာဇာ အံစာတုံး

    December 11, 2013 at 9:55 am

    ညံ့ချက်ကတော့ဖြင့်
    လန်ထွက်နေတာပါပဲ ကိုဂျွန်နီကြီးရာ …
    သူညားနိုင်ငံတွေ ပေါဘာဒယ် ….

    စကားမစပ် ..
    ခညားတောင် ပျောက်နေတာ ကြာဘီဘဲ ..
    ကြွတွားဘီ မှတ်နေတာ …
    လကား စတာ …

  • Mr. MarGa

    December 11, 2013 at 10:14 am

    ဟုတ်ပါ့ဗျာ
    ဒီကိုလာပြီး သင်တန်းတက်ခိုင်းဦးမှပါ
    အခုထိ ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့
    လေပ :kwi:

  • Crystalline

    December 11, 2013 at 3:20 pm

    ယင်းလပ်လေးကိုတော့ တို့ရွာထဲက ဦးဘလက်ချောကြီးသွားနှစ်သိမ့်နေလောက်တယ်.. :loll:

  • kai

    December 11, 2013 at 4:29 pm

    သီအိုရီအတိုင်းဆို.. ထိုင်းနိုင်ငံဟာ.. ကမ္ဘာတန်းအာဏာအသိမ်းဆုံး.. နိုင်ငံရေးအုပ်စုအကွဲဆုံးနဲ့.. လူထုအုပ်စုကြီးအကွဲဆုံးဖြစ်ရမယ်ဖြစ်ပြီ.း..
    စင်္ကာပူကတော့.. အေးဆေး..ကိုင်တွယ်အောင်မြင်ပါလိမ့်မယ်..။

    ဆိုတော့…
    ထိုင်းက.. ထေရဝါဒတို့နိုင်ငံလေ… :kwi:
    သီဟပူရကတော့.. မဟာယာနတို့များတာပဲ…။ :mrgreen:

    • Ma Ma

      December 11, 2013 at 5:24 pm

      သဂျီးကတော့ ဒီဘူတာပဲဆိုက်ပြီ။ 🙁
      ကြီးနှစ်ကြီး (ကြောင်ကြီးနဲ့ စံလှကြီး)ကို လက်တို့ပြီး လာခိုင်းအုံးမှပဲ။ 😀

Leave a Reply