“အဝေးက ဆောင်းပုံပြင်” ( အပိုင်းသုံး)

                                                  “အဝေးက ဆောင်းပုံပြင်”

            ( အပိုင်းသုံး)

 

“ဖြည် မရ တဲ့ ကြိုး”

မမြင်

မတွေ့

မကြား

ဖမ်းဆုပ်ထားလို့မရ

သို့ သော်

နှောင်မိရင်

ဖြတ်မရ

သံယောဇဉ်ဆိုတဲ့ ကြိုးတစ်စ။

နောက်(၂)ရက် ဆိုရင်ခိုင်ပြန်တော့မည်လေ။

ခိုင်က ဒီနေ့ မနက်ပိုင်းတော့ စောစောမထချင်တော့။

ကိုးနာရီလောက်မှ လာခေါ်ဘို့မှာလေသည်။

ဟုတ်တော့လဲ ဟုတ်သည် ပြင်ဦးလွင်သို့ နေ့ခြင်းပြန်ခရီးကို

ဆိုင်ကယ်နှင့်သွားသည်ကအတော်ပင်ပန်းသည်မဟုတ်ပါလား။

ဆိုင်ကယ်တွေပေါသည့် မန်းလေးမှာတော့ လူအတော်များများသည်

ဆိုင်ကယ်နှင့်သာနေ့ခြင်းပြန် တက်တတ်ကြလေသည်။

အဲဒီနေ့က ကျနော်လည်းအလုပ်တွေရှုပ်တော့ မနက် ကိုးနာရီကျော်မှာသာရောက်လေသည်။

ခို်င် က ခိုတောင်မုန့်တီစားချင်သည်တဲ့။

“ခိုတောင်မုန့်တီက မနက်ပိုင်းလဲ ရတယ်ခို်င်ရဲ့။

ဒါပေမယ့် မုန့်ဖတ်ကတော့ ခိုင်စားဖူးတဲ့ လက်ဖြစ် မုန့်ဖတ်နဲ့တော့ မဟုတ်ဘူး”

ခိုတောင်မုန့်တီဆိုသည်ကိုတော့ မန်းလေးနဲ့ မနီးစပ်သူများသိမည်မထင်။

မန်းလေးမြို့  အနောက် ဖက် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းမှာ

ခိုတောင်ဆိုတဲ့ ရွာလေးရှိပါသည်။

အဲ ဒီ ရွာကို အစွဲပြုပြီး ခိုတောင်မုန့်တီ ဆိုတဲ့ မန်းလေးမြို့ ကလူတွေ

နေ့လည်ခင်း စား စရာ တစ်ခုဖြစ်ခဲ့တာပေါ့။

ခိုတောင်မုန့်တီ ဖတ် က ရောင်းတမ်းမဟုတ်။

မုန့် တီသည်တွေကိုယ်တိုင် လက်ဖြစ်မုန့် တီဖတ်။

မုန့် ဖတ် သည် နူး ညံ့ သည်အမှန်။

နူးညံ့ သောမုန့် ဖတ်ထဲကို ဂေါ်ဖီထုပ် နဲ့ ဘိုစားပဲသီးလေးထဲ့

ပဲမူန့် လေးထဲ့ ဆီချက်ဝါဝါလေးထဲ့ ငရုတ်သီးလေးနဲ့နဲ့ထဲ့

နယ်လိုက်လျင် ခိုတောင်မုန့် တီဖြစ်သည်လေ။

အခု ခေတ်မှာတော့ ဗယာကြော် ငါးအရေခွံကြော်တွေ

ငါးဖယ်ကြော်တွေ ထည့် စားသည်လေ။

မှန်ရောင်ဟင်းချိုပူပူ လေး နှင့် ဆို်အင်မတန်လိုက်ဖက်သည်လေ။

အရင်က တော့ ခို တောင်မုန့် တီကို နေ့ လည် တစ်နာရီကျော်မှစားခွင့် ရလေသည်။

မြစ်တစ်ဖက်ကမ်းမှ ခိုတောင်မုန့်တီ သည်များသည် နေ့ လည်မှလာကြသည်ကိုး။

အခုတော့ မနက်ခင်းမှာလဲ ရနိုင်ပါသည်။

သို့သော်  မုန့် ဖတ် ကားခိုတောင်မုန့် တီဖတ်အစစ်မဟုတ်ပေတော့။

၇၉လမ်းနှင့် ၈၁လမ်းကြား ၊၂၈လမ်းနှင့် လမ်း၃ဝကြားတွင် မနက်ခင်း

ဖွင့် သော ခိုတောင်မုန့် တီသည်များ ရှိလေသည်။

အာသာပြေအောင်တော့ကောင်းကြလေသည်။

ခိုင်ကတော့ ဘာဖြစ်ဖြစ် စားမည်ဆိုသည်နှင့် လမ်း၃ဝနှင့်၈၁လမ်းဒေါင့်

အမျုးိသားကျောင်းအုတ်တံတိုင်းဘေးမှာကပ်ဖွင့်ထားသောဆိုင်သို့သွားခဲ့ကြလေသည်။

ငါးဖယ်နှင့် မှ ပွဲသေးသုံးရာ။

ခိုင်ကတော့ အားပါးတရ နှစ်ပွဲတောင်စားလေသည်။

“ကောင်းလိုက်တာ ကျော်ရယ် ဒါမျိုးမစားရတာကြာပေါ့”

စားသောက်ပြီးတော့ ခိုင်က အင်းဝကို သွားချင်သည်တဲ့။

နောက် ပုလိပ်မြွေဘုရားနဲ့စဉ့်ကိုင်ပေါ်တော်မူဘုရားကိုလဲသွားချင်သည်တဲ့။

ဒီသုံးနေရာစလုံးကို သွားမည်ဆိုလျင်တော့ ဆိုင်ကယ်နဲ့မဖြစ်နိုင်

အဲဒါနဲ့  မိုးကုတ်ကားလေးဂိတ်သို့ သွားပြီး ကားစုံစမ်းသည်ပေါ့။

ဟိုတစ်ချိန် မိုးကုတ် ရ တနာမြေ မှ ကျောက်များအရောင်းအဝယ်ကောင်းစဉ်ကတော့

မန်းလေးနှင့် မိုးကုတ်သို့ ကျောက်ကုန်သည်များအသွားများခဲ့ လေသည်။

အဲတော့ မနက်သွားနေ့လည်ရောက်သော ဗင်ကားများအတော်အလုပ်ဖြစ်ခဲ့ကြလေသည်။

အခုချိန်မှာတော့ အရောင်းအဝယ် ကအေးစက်စက်။

မုးိကုတ် က ဆင်းလာလျင် ပြန ်တက် ရန်အတွက်အနည်းဆုံး၂ရက်လောက်ကတော့

မန်းလေးမှာနား ရ လေသည်။

ဒီတော့ အလကားနေမယ့် အတူတူ မြို့ အနီးအနားသို့ အလည်အပါတ်သွားလို၍

ကားငှားသူများကို သင့် တင့်သောဈေးဖြင့် အော်ဒါ လိုက်သည်ပေါ့။

အစက လေးသောင်းတစ်ပြား မှ မလျော့ဆိုသောအခါ ဇွတ်အတင်း ဈေးဆစ်ရလေသည်။

နောက်ဆုံးတော့ သုံးနေရာ အပြီး သုံးသောင်းနဲ့ဈေးတည့်လေသည်။

ပထမဆုံး လမ်းသင့်သည်က မြို့အထွက်က စွယ်တော်စေတီဖြစ်လေသည်။

စွယ်တော်စေတီကတော့ ရန်ကုန်တောင်ကြီး မန္တလေးပုံစံအတူတူပင်ဖြစ်သည်ပေါ့။

စွယ်တော်ဘုရားမှာအကြာကြီးမနေဘဲ ပုလိပ်မြွေဘုရားသို့ ခရီးဆက်လေသည်။

ရန်ကုန်မန်းလေးသွားလမ်းဟောင်းမှ ရန်ကုန်ဘက်အသွားမြစ်ငယ်တံတားလွန်လျင်

ညာဘက်သု့ိကွေ့ဝင်လိုက်သည်နှင့်မြွေဘုရားသို့ရောက်လေသည်။

ဟိုးရှေးယခင်ကတော့ ဒီနေရာသည်တောကြီးမျက်မဲဖြစ်သည်တဲ့။

ဘုရားသို့ရောက်လာသော စပါးကြီးမြွေကြီးများကြောင့်ထင်ရှားလေသည်။

ဒီဘုရားထူးခြားချက်ကလဲ မြွေတစ်ကောင်သေလျင် နောက် တစ်ကောင်က အဆင့်သင့်

ရောက် လာ တတ်ခြင်းပင်ဖြစ်လေသည်။

မြွေဘုရားသို့ နိုင်ငံခြားသားများပင်လာရောက်ကြည့်ရူ့တတ်လေသည်။

အထူးသဖြင့် မြွေကြီးများရေချိုးချိန်ပင်ဖြစ်လေသည်။

ခိုင်ကတော့မြွေများကို မကြည့်ရဲဆိုသည်နှင့် တန်ဆောင်းအတွင်းတွင်ရှိသော

ရှေးဘုရားကိုသာ ဝင်ရောက်ဖူးခဲ့သည်လေ။

ဘုရားနံရံတွင်ဓါတ်ပုံများက အပြည့်အသိပ်။

ခေတ်အဆက်ဆက်ရောက်လာသော မြွေများ၏ဓါတ်ပုံများ၊

မြွေများနှင့် အတူတကွတွဲ၍ ဓါတ်ပုံရိုက်ထားကြသော မြန်မာအနုပညာလောကမှ

နာမယ်ကျော်များကိုမြင်နိုင်လေသည်။

ဘုရားကပြန်ထွက်တော့ တောင်ဘက်ခြမ်းတွင်ရှေးဘုရားများကိုတွေ့နို်င်လေသည်။

ပုလိပ်ကနေထွက်ပြီးတော့ စဉ့်ကိုင်ပေါ်တော်မူဘုရားသို့သွားကြသည်။

ပေါ်တော်မူဘုရား က ဒုဌဝတီမြစ်ကမ်းနံဘေးတွင်တည်ရှိသည်လေ။

ယခင်ကတော့ ဒီနေရာသည်ရောက်ဘို့ခက်ခဲသောနေရာတစ်ခုလည်းဖြစ်သည်။

ယခုတော့လမ်းသစ်ဖောက်လိုက်သောအခါ ဘုရားသို့အဝင်လမ်းသည်ကားလမ်းမ

နံဘေးတွင်ရှိတော့ သွားဘို့လွယ်ကူသည်လေ.။

ဘုရားသို့သွားရာလမ်းတစ်လျောက်လုံးသရက်ခြံတွေ ဇီးးသီးခြံတွေရှီလေသည်။

စိန်တစ်လုံးသရက် ပတ္တမြားငမောက်သရက်သီးများထွက်ရာအရပ်ဖြစ်သလို

တရုပ်ပြည်သို့တင်ပို့သော ဇီးသီးများထွက်ရာအရပ်လဲဖြစ်သည်။

ပေါ်တော်မူဘုရားတွင်နောက်ထပ်ရနိုင်သောရာသီစာသည် သရက်ပြင်ဖြစ်လေသည်။

သရက်သီးမှည့်ပေါ်ချိန်တွင် သရက်ပြင် ကောင်းကောင်းကို ဈေးချိုချိုနှင့်ရနိုင်လေသည်။

ပေါ်တော်မူဘုရားလို့ အမည်တွင်ခြင်းသည် တိမ်မြုပ်ပျောက်ကွယ်နေသောဘုရားကို

အိမ်မက်အရတူးဖော်ရမှာတွေ့ခြင်းသောကြောင် ပေါ်တော်မူလို့အမည်တွင်လေသည်။

ထူးခြားချက်တော့ တစ်ခုရှိပြန်လေသည်။

ဘုရားအနောက်မြောက်ဘက် ရေကန်ငယ်လေးတစ်ခုရှိလေသည်။

ယင်းရေကန်ငယ်လေးထဲတွင် ပျဉ်ချပ်ပေါ်တွင် ဘုရားရုျပ်တု သေးသေးလေးများကိုတင်၍ထားလေသည်၊

ဘုရားရုပ်ထုလေးများ၏အရိပ်သည် ပျဉ်ပြားကာထားပါလျက်က အောက်ရေပြင်တွင်အရိပ်ထင်နေလေသည်။

ပေါါ်တော်မူတွင်ခဏနေပြိးသောအခါနေ့လည်စားစားချိန်သို့ရောက်လေသည်။

ထိုအခါ ကျောက်ဆည်ဘက်သို့သွား၍ ထမင်းစားလေသည်။

ကားဆရာကိုပါခေါ်၍ ထမင်းစားဖြစ်သည်ဆိုပါစို့။

အဲဒီအချိန်တွင်ကားဆရာက ဒီထမင်းဆိုင်လေးကနေ အနောက်ဘက်ခြောက်မိုင်လောက်ဝင်လျင်

ရှေးပုဂံခေတ်က တည်ထားခဲ့သော လက်ရာလို့ ယူဆနိုင်သော ထူးဆန်းသည့် လက်ရာများဖြစ်သော သုံးဆင့် ဘုရားနှစ်ဆူရှိသည်လို့သတင်ပေးလေသည်။

သူကို ငါးထောင်ဘဲထပ်ပေးပါ လိုက်ပို့ပေးမည်။

အင်းဝကိုလဲရောက်အောင်ပို့မည်ဆိုသောအခါ ခိုင်ကလဲ ကြုံတောင့်ကြုံခဲ့သွားချင်သည်ဆိုလေ၏။

ထမင်းစားပြီးသောအခါ “တမုတ်ရွှေအင်ပင်သို့ခြောက်မိုင်”

လို့ရေးထားသည်လမ်းကလေးအတိုင်းဝင်ခဲ့လေသည်။

လမ်းကတော့ ကျောက်လမ်း သို့သော်နည်းနည်းကျဉ်းမြောင်းလေသည်။

လမ်းဘေးဝဲယာမှာတော့ အောင်မြင်သော စပါးခင်းများကယိမ်းက လို့ လှနေပေသည်။

လယ်တွင်းကိုးခရိုင်၏ သရုပ်ပင်။

သိပ်မကြာခင်လေးမှာ လမ်းညာဘက်ခြမ်းတွင် “ရှင်ပင်ဆပ်သွား”ဆိုသောဆိုင်းဘုတ် ကို မြင်ရလေသည်။

ဆိုင်းဘုတ် နံ ဘေး မှမြေလမ်းဖုန်ဖုန်လေးအတိုင်းလိုက်သွားသောအခါ ဘုရားပုရဝုဏ်သို့ရောက်လေသည်။

ဂန္ဓကုဋီတိုက်အတွင်းသို့ဝင်လိုက်သောအခါ ရှင်ပင်ဆပ်သွား ဘုရားသမိုင်းကိုရှင်းပြနေသူတစ်ဦးရှိလေသည်။

တစ်ရက်ဘုရားအပေါ်ဘက်အပေါက်လေးမှ လင်းနို့များထွက်လာသည်ကိုမြင်သည်နှင့်

အတွင်းတွင်ဘုရားရှိနို်င်သည်လို့ တိုင်ပင်ပြီး တူးဖော်ကြရာမှ

ဘုရားတစ်ဆူနင့် တစ်ဆူကို ငုံ၍ တည်ထားသော ဘုရားသုံးဆူကိုတွေ့သည်တဲ့။

ဒီဘုရားကို မန်းလေးတောင်ကို ပြုပြင်ခဲ့သော ရသေ့ကြီး ဦးခန္တီက ပြုပြင်ထားသည်ကို မှတ်တမ်းများအရတွေ့ရလေသည.်။

ဘုရားအတွင်းသို့ ဝင်ကြည့်သောအခါ တစ်ဆင့် ပြီးတစ်ဆင့် ငုံကာငုံကာတည်ထားသော

ဘုရားဆင်းတုတော်ကိုတွေ့ရလေသည်။

သို့သော် စနစ်တကျ ဖော်ထားသည်မဟုတ်သည့်အတွက် အဆုံးထိတော့

မတူးဖော်ခဲ့ နိုင်ပေ။

ရှင်ပင်ဆပ်သွားကို ဖူးပြီးသောအခါ သူ့ အနောက်ဖက်တွင်ရှိသောတမုတ်ရွှေအင်ပင် ရွှေဂူကြီးဘုရားသို့ခရီးဆက်ကြလေသည်။

ကျောက်လမ်းလေးအတိုင်းအနောက်ဖက်သို့ အတော်လေးသွားမိသောအခါ

တမုတ်ရွှေအင်ပင်သို့ရောက်လေသည်။

ဒီဘုရားက ရှင်ပင်ဆပ်သွားထက်ပိုမိုပြီး ခမ်းနားသည်လို့ဆိုနိုင်ပေသည်။

ဘုရား ရှေ့အဝင်လမ်းသည်ပင် ကနုတ်ပန်းလက်ရာများဖြင့်ခမ်းနားလေသည်။

အဝင်၏ညာဘက်ဘေးတွင် ဘုရားသုံးဆူ။

အတွင်းထဲသို ဝင်သောလျှု့ိဝှက်လျှောက်လမ်းလေးတွေလဲရှိလေသည်။

ဘုရားအတွင်းအပြင်နံရံများတွင်လှပသေသပ်သော ပန်းတမော့လက်ရာအနုစိတ်များကို

တွေ့ရတော့ ရှေးမြန်မာများ မညံ့လို့ တွေးမိကာ လေးစားသည်ထက်လေးစားရင်း

“ဒို့ခေတ်မှ ညံ့ကြရတော့မှာလား” ဆိုသောမေးခွန်းလေးက ရင်ကိုလာထိခတ်လေသည်။

အတွင်းထဲသို့ဝင်လိုက်သောအခါမှ သုံးဆင့်ဘုရားကိုမြင်ရလေသည်။

တမုတ်ရွှေအင်ပင်မှ ဘုရားသည် ရှင်ပင်ဆပ်သွားထက်ပို၍ ရှင်းလင်းမြင်သာလေသည်။

အောက်ခံတွင်ဆင်းတုတစ်ဆူ။

၎င်းဆင်းတုကိုငုံ၍ မျက်နှာတော်နားတွင် ဖူးမြင်နိုင်ရန် အပေါက်ဖောက်ထားလေသည်။

ဒုတိယတစ်ဆူကို ငုံ ၍ နောက်တစ်ဆူကို ယခင်အတိုင်းမျက်နှာတော်နားတွင်အပေါက်ဖောက်ထားလေသည်.။

ဒီတော့သုံးဆင့်ဘုရားအဖြစ်ထူးဆန်းစွာဖူးမျော်ရလေသည်။

ပထမတစ်ဦးလှူဒါန်းထားသည့်အပေါ်တွင် နောက်တစ်ဦးကထပ်ငုံကာ လှူဒါန်းသည်ဆိုတော့

ရှေးလူများ၏ ဆန်းကြယ်သောအတွေးကိုလိုက်မမှီပြန်။

ဒီဘုရားနေရာသည် ယခင်က တောင်ကုန်းတစ်ခုလိုဖြစ်နေခဲ့သည်တဲ့။

အဲဒီတောင်ကုန်းပေါ်မှာဘုရားတစ်ဆူတည်ထားခဲ့သည်တဲ့။

မိုးသည်းထန်စွာရွာသောတစ်ရက်တောင်ကုန်းပြိုကျလာသည်အချိန်တွင်မှအတွင်းတွင်

ဘုရားတစ်ဆူကိုဖူးမြင်ရသည်တဲ့။

အဲလိုတွေ့ချိန်မှ သမိုင်းအထောက်အထားတွေပြန်ရှာကြတော့မှ ပုဂံခေတ်ကလက်ရာဆိုတာ

သိခဲ့ကြသည်တဲ့။

တစ်ခုပြိးတစ်ခု တစ်နေရာပြီးတစ်နေရာတူးဖော်ချိန်တွင်မှ ကြိးမားခန့်ထည်သောရှေးဟောင်း

ဘုရားတစ်ဆူကို မထင်မှတ်ဘဲတွေ့ရှိခဲ့လေသည်။

တမုတ်အင်ပင်ရွှေဂူ ကြီးစေတီ ပုံစံသည် ပုဂံ ခေတ်က ပုံများအတိုင်းဖြစ်လေသည်။

ရှေးဘုရင်များသည် ဝေးလံ သီခေါင်သော နေရာတွင် ဘာကြောင့် ဒီ လို ခမ်းနားသောဘုရားစေတီ များကို တည် ထားသည်ကို စဉ်းစား၍ မရနိုင်ပေ။

ဘုရားကို သေချာစွာဖူးမျော်ပြီးချိန်တွင်တော့ အင်းဝသို့သွားရန်ခရီးဆက်ကြလေသည်။

ဘုရားသို့လာရာလမ်းမှ အနောက်ဘက်သို့ဆင်းသောအခါ တံတားဦးသွားလမ်းမကြီးနှင့်ဆက်မိ

သောအခါ အင်းဝသည် မဝေးတော့ချေ။

ခိုင် ကတော့ကားဆရာကို အထူးကျေးဇူးတင်လေသည်။

သူပြောပြလို့သာ ဒီလိုထူးခြားသောနေရာသို့ရောက်သည်မလား။.

*********************************************************

ရှေးခေတ်အဆိုတော်ကြီး မန္တလေးသူဒေါ်မေရှင်ကတော့

“ဧရာဝတီ စမုံ ဒုဌဝတီ ဇော်ဂျီပန်းလောင် ချောင်းမြစ်ငါးသွယ်

ပေါင်းလို့ဆုံကြသည်   သံလျက်စွန်းပေါ်တွင် အင်းလေးအင်းကိုဖို့၍မြို့တည်သတိုးဘုရားရာဇာဘုရင်စိုးစံသည်”

လို့ို “ရွှေအင်းဝ” သီချင်းမှာဆိုထားလေသည်။

ဟိုးရှေးနှစ်ပေါင်းများစွာက ရွှေရောင်ပြောင်းဝင်းလျက် မင်းမူးမတ်လူအပေါင်း

စည်ကားစွာဝင်ထွက်ခဲ့သော မင်းနေပြည်သည် လက်ရှိအချိန်မှာ တော့ တောရွာဇနပုဒ်သာသာ။

မြို့အဝင်စမှာတော့ လမ်းဘေးဝဲယာမှ အိမ်များဆီက သံသပိတ်ထုသံ တတုံတုံမြည်လျက်။

အင်းဝနန်းတွင်းသို့ အဝင်လမ်းမှာတော့ ကြီးမားသော အပင်ကြီးများက လမ်းတစ်ဖက်တစ်ချက်ကိုအုပ်မိုးလျက်။

ရှေးခေတ် ကတည်း က တည်ထားခဲ့သည့် လမ်းအုတ်ရိုးများမှာလည်း

ယခုတိုင်တည်ရှိနေသေးသည်လေ။

မြို့တွင်းသို့ အဝင်လမ်း တစ်ဖက်တစ်ချက်မှာလည်း ရှေးဘုရားများက အစီအရီ။

မန်းကျည်းပင်တွေအုပ်ဆိုင်းနေသောလမ်းမှအသွား အဝမြို့ မှကျော်ကြားခဲ့သော

စာ ဆို ပညာရှင်များကို သတိ ရလိုက်သည့် အခါ  ကဗျာဆရာကြိး ကိုလေးအင်းဝ ဂုဏ်ရည်နှင့်

နုနုရည်(အင်းဝ)တို့ကို ဖျပ်ကနဲ့ သတိရမိလေသည်။

မယ်နုအုတ်ကျောင်းရှိရာ အင်းဝနန်းတော်ဘက်သို့လှမ်းအကြည့်မှာတော့

ယခင်က ကျုံးဟု ဝင့်ကြွားခဲ့သောနေရာသည်သိပ်မကျယ်ပြန့်တော့။

ချောင်းသာသာ အနေအထားသာရှိနေပေသည်။

ယခင်က ခမ်းနားခဲ့သည်လို့ယူဆနိုင်သောမြို့ရိုးသည်လည်း ပြိုကျပျက်စီးခဲ့သည်ကို

ပြန်လည်ပြင်ဆင်ထားသည်မှ သိသာလွန်းနေတော့ ရှေးအမွေအနှစ်ဆိုသောစကားလုံးသည်

ရင်ထဲသို့ဝင်မလာနိုင်တော့။

ကျောက်ကြမ်းလမ်းမှဖြတ်ပြီးအင်းဝမြို့အတွင်းဝင်လာချိန်လမ်းဘေးတစ်ဖက်တစ်ချက်မှာ

ငှက်ပျောခင်းများကအစီအရီ။

ရှေးယခင်က ဝင့်ထည်ခမ်းနားခဲ့သော အဝမြို့ကားလက်ရှိအချိန်တွင်တော့

စိုက်ခင်းများသာ ရှိပေသည်။

ကြီးမားသောလက်ပံ ပင်ကြီးများက နေပြောက်မထိုးအောင်စီးမိုးထားသည်က

တစ်ယောက်ထဲသာဆိုလျင်ခြောက်ခြားစရာကောင်းမည်အမှန်ပင်။.

ကားကလေးကက ကျဉ်းမြောင်း ကြမ်းတမ်းသော လမ်းကလေးပေါ်ခုန်ပေါက်ပြေးလွှားနေရင်းက

အဝါရောင်သုတ်လိမ်းထားသော အဆောက်အဦးကြီးကိုလှမ်းမြင်ရလေသည်။

အဝင်ဝတွင်ဈေးသည်များက အမှတ်တရပစ္စည်းရောင်းရန်အဆင်သင့်ရှိသလို

မယ်နု သမိုင်းကြောင်းကိုရှင်းပြပေးမည့် ကလေးများကလည်း ဟုတ်သည် မှန်သည်ဟုမရေရာသော  မည်သည့်သမိုင်းဆရာ မည်သည့်ပညာရှိကမှ

မှားသည် မှန်သည် ထောက်ပြခြင်းမရှိသော သမိုင်းကိုုရှင်းပြပေးရန်သူတို့

တာဝန်ဟု မှတ်ယူပြီး ဘုရားဖူူးများအား ရှင်းပြရန်ဝန်မလေးကြပေ။

 

မယ်နုအုတ်ကျောင်းဟုအမည်တွင်သော ကျောင်းတော်ကြီးကား ရှေးမူမပျက်

ရှိနေဆဲပင်။

သာမန်ကျေးတောသူလေးမှ မိဘုရားထိပ်ခေါင်ဖြစ်လာခဲ့ပြီး အာဏာစက်ထက်မြက်

လှသောဘဝမှနေ၍  အင်းဝသမိုင်းတွင် အမဲစက်များဖြင့်စွန်းထင်းပြီး မင်းပြစ်မင်းဒဏ်သင့်ခဲ့သော

အပြောင်းအလဲအတက်အကျများသော မိန်းမသားတစ်ဦး၏ဘဝဖြင့်ရင်းထားသော

အဖြစ်အပျက်များကို ဒီကျောင်းတော်ကြီးသာ စကားပြောတတ်လျင် ဘာတွေများ

ပြန်လည်ပြောပြမည်ဆိုတာကိုတော့ စိတ်ဝင်စားမိသည်လေ။

ဘယ်လိုဘဲပြောပြော ခန့်ထည်လှပသော သည် အုတ်ကျောင်းကြီးကို မြင်ရသည်မှာ

“ ကျပ်တို့ ရှေးမြန်မာတွေ မညံ့ ဘူူး” လို့ အသံတိတ်ကြေးကြော်နေသလိုပင်။

 

အရင်ကတော့ ဘုရားကြမ်းပြင်အောက်ထပ်သို့ဝင်ရန်ခက်ခဲ့လှသည်။

အောက်ဖက်သို့ဝင်သည်နှင့်ပြင်းထန်ဆိုးဝါးလှသော လင်းနို့ချေးနံ့များကဆီးကြိုလေသည်။

အောက်တွင်လဲ မြေကြီးများသာရှိသောကြောင့်ဝင်ရန်မရွှံ့မရဲ။

အခုတော့အောက်ခြေတွင်အင်္ဂတေလျောက်လမ်းများလုပ်ထားသမြင့် အရင်ထက်

စာလျုင်တော့ အောက်ထပ်သို့ဝင်ဘို့မခက်ခဲတော့။

သမိုင်းကျောင်းပြောသောကလေးများကတော့ ဒီကျောင်းအောက်တွင် လူတွေကို

ကွပ်မျက်သော တွင်းကြီးရှိသည်ဟု ဆိုလေသည်။

 

သို့သော်အပေါ်ထပ်မှကြမ်းများကတော့ ကြံ့ခိုင်မူ့သိပ်မရှိတော့။

အတွင်းခန်း မှောင်မှောင်ထဲ တွင် အတွ တစ်တွဲ ထိုင်နေသည်ကိုတော့

မမြင်သာ့ မြင် သာ မြင်ရ ပြန်လေသည်။

အုတ်ကျောင်းမှ ရှေးလက်ရာများက ခန့်ထည် သည်ကတော့အမှန်ပင်။

ကျောင်းပေါ်သို့တက်ရာအုတ်လှေခါးများက ကြီးမားထည်ဝါစွာရှိလေသည်။

အုတ်ကျောင်း၏ အရှေ့တောင်ဘက်မှဘုရားပေါ်မှတက်ကြည့်လျင်တော့ နှစ်စင်းယှဉ်လျက်ရှိနေသော အင်းဝတံတားနှင့် ရတနာပုံတံတားတို့ကိုမြင်တွှေ့နိုင်လေသည်။

နောက်တော့ မယ်နုအုတ်ကျောင်းမှဗားကရာကျောင်းသို့အသွားလမ်းမှတော့

ပြိုလဲရန်အဆင်သင့်ဖြစ်နေသောပဟို်ရ်စင်ကို မြင်တွေ့ရတော့ သင်္ခါရ ဆိုသော သဘောကို

နည်းနည်းလေးတော့ ထိတွေ့မိသလိုခံစားရလေသည်။

ခမ်းနားစည်ကားခဲ့သည်လို့ ကြားခဲ့ဘူးသော အင်းဝမြို့အတွင်းတွင်ကား

ခြုံနွယ်ပိတ်ပေါင်းများဖြင့်သာ တန်ဆာဆင်ထားသောမြို့ပျက်ကြီးတစ်ခုဖြစ်နေလေသည်။

ကျောက်ခဲစီလမ်းခပ်ကြမ်းကြမ်းမှမြို့မြောက်ဘက်သို့ထွက်ခဲ့ကြ လေသည်။

ဗားကရာကျောင်းသို့အသွား မြောက်ဘက်မြို့ရိုးမှထွက်တော့ပြန်လည်တည်ဆောက်ထားသော

မြို့ရိုးအသစ်မဟုတ်ဘဲ ပြိုပျက်နေသောအုတ်ပုံအတိုင်းသာမြင်ရပါက ဒီထက်ပိုလွမ်းစရာကောင်း

မည်ထင်မိပြန်လေသည်.။

ဗားကရာအသွားလမ်း၏ အနောက်ဖက်တွင်တော့ မြန်မာပြည်မှဓါတ်ပုံ ဆရာများကို

ဆု ရ စေသော ရတနာဆီမီး ဘုရားရှိလေသည်။

မြန်မာပြည်တွင်ဗားကရာအမည်တွင်သော သစ်သားကျောင်းပေါင်းများစွာရှိလေသည်။

ပန်းပုလက်ရာများဖြင့် မွှမ်းထုံအပ်သော ကျွန်းတို်င်ပေါင်းမြောက်များစွာဖြင့်တည်ထားသော

ကျောင်းကြီးကား မြန်မာ့တို့၏ ဂုဏ်ရည်ကို အသံတိတ်ဖော်ပြနေသလိုခံစားရမိပေသည်။

ဒီကျောင်းကြီးသို့ မြန်မာများထက် နိုင်ငံခြားသားများကသာအလာများသည်လို့ထင်ရလေသည်။

သို့သော် ကျောက်လမ်းမပေါ်မှနေ          ၍ဗားကရာကျောင်းသို့အသွားလမ်းက မြေလမ်းမညီမညာ

ဖြင့် ရှိနေသည်ကိုတော့ပြင်ဆင်ဘို့ကောင်းလေသည်။

အင်းဝ ဆိုသည်ကား ဥပရောပ အထိနာမည်ပေါက်ခဲ့သောရွှေနိုင်ငံဖြစ်ခဲ့လေသည်။

ဥရောပသားများကိုယ်တိုင် မြစ်ကြောင်းမှ တစ်ဆင့်ရောက်အောင်လာခဲ့သောရွှေမြို့တော်

လည်းဖြစ်လေသည်။

ခေတ်ကာလရွှေ့လျောသောကြောင့် ပျက်စီးယိုယွင်းခဲ့သောရှေးနိုင်ငံကိုနိုင်ငံခြားမှ

တကူးတကလာရောက်ကြည့်ရူ့သူများအတွက် သွားလမ်းလာလမ်းဖြောင့်ဖြူးအောင်

စီစဉ်ပေးနိုင်မည်ဆိုပါက နိုင်ငံဝင်ငွေကို ပိုမိုအောင်စွမ်းဆောင်နိုင်သော

ဒေသတစ်ခု ဖြစ်ပေမည်။

အင်းဝဗားကရာမှမြောက်စူးစူးသို့မြင်းလှည်းလေးများ ဥဒဟိုပြေးလွှားနေပေသည်။

တံတားဦးလေယာဉ်အသွားလမ်း မပေါ်ပေါက်မီကာလ ကတော့ အင်းဝသို့သွားလိုလျင်

စစ်ကိုင်းတံတားအဟောင်း သို့မရောက်မီလမ်းခွဲလေးအတိုင်းသွား ပြီး ဧရာဝတီမြစ်ကို

ငှက်သမ္ဗာန်များ ဖောင်များဖြင့်ဖြတ်ရလေသည်။

ထိုစဉ်ကလဲ ဒီလမ်းလေးသည် အင်းဝလာသူများကို ထမ်းပိုးသယ်ဆောင်ခဲ့သည်ကားအမှန်ပင်။

ကားလမ်းပေါက်ပြီးသည့်နောက်ပိုင်းမှာတော့ ဒီလမ်းကလေး၏အသုံးဝင်မူ့ကားလျောကျခဲ့

လေသည်။

ဗားကရာမှအပြန်တော့ မန်းလေးသို့ပြန်ခဲ့သည်ပေါ့။

အောက်တိုဘာလပေမယ့် နေပူပြင်းလေသည်။

အပြန်လမ်းတွင်ခိုင်က ကျနော်ပုခုံးကို မှီကာ အိပ်ပျော်လျက်ဖြင့်ပင်

မန်းလေးသို့ ရောက်ခဲ့ကြလေသည်။

ခိုင့်ကို ဟိုတယ်မှာ ပြန်ပို့ ရေချိုးထားဘို့ မှာပြီး အိမ်သို့ ရေချိုးရန်ပြန်ခဲ့လေသည်။

 

********************************************************************

ညနေငါးနာရီလောက ်ကျနော်ဟိုတယ်ကို အရောက် ခိုင်ဆီ ဖုန်းအဆက်

“ကျော်ရေ ခဏ စောင့် ခိုင် ခေါင်းလျော်လိုက်တာလေ

ဆံပင်ခြောက်အောင် မူတ် နေလို့ သိပ်မကြာဘူးနော်”

ဆိုတော့ ဟိုတယ်ဧည့်ခန်းမှ ပင် ထိုင်စောင့် လိုက်သည်လေ။

အင်တာနက် ဖွင့်လို်က်တော့ ကော်နက်ရှင်က မကောင်း

အဝိုင်းလေးသာ လည်နေလေသည်။

ဒီတော့ လည်း ဟိုတွေး ဒီ တွေး တွေးနေရင်း  ကျနော်စိတ်များကလည်း

ခိုင့် ဆီသို့သာလည် နေ ပြန်သည်ပေါ့။

 

ဒီနေ့ပြီးလျင် နက်ဖြန်ဆိုသည်က အလိုလိုရောက်လာခဲ့မည်မှာအမှန်ပင်။

နက်ဖြန်ဆိုလျင် ခိုင် ရန်ကုန်သို့ပြန်တော့မည်လေ။

ခိုင်နဲ့ အတူ သွားလာနေခဲ့သည့် ရက်အတွင်း သေချာလာသည်မှာ

ခိုင့်ကို ကျနော်ချစ်နေမိပြီဆိုတာ။

သို့သော် ဘယ်က စ၍ ဘယ် လိုပြောရမည်ဆိုတာကိုတော့ မသိနိုင်သေး.။

နက်ဖြန်ည ကိုးနာရီ ကားဖြင့် ခိုင်ပြန်မည်လေ။

အဲတော့ ဒီနေ့ည ဖွင့်ပြော မည်လား နက်ဖြန်မနက်ဖွင့်ပြောမည်လား။

မပြော ဘဲ သူ ဟိုရောက်မှ ပြော မည်လား စဉ်းစားနေမိလိုက်သည်မှာ

အဖြေတော့ မရ ။

အင်တာနက် loading အဝိုင်းလေ း   လည်နေသလိုအတွေးများက လည်နေလေတော့သည်။

“ကျော် ရေ ဘာတွေ ဒီလောက်စဉ်းစား “ဆိုသော ခိုင့်အသံကြားမှ ပင် အတွေးများက ရပ်လေသည်။

မော့ကြည့် လိုက်တော့ ခရမ်းပြာရောင် ဝတ်စုံဖြင့် ခိုင့်ကို မြင်ရသည်မှာ                          ကျက်သရေရှိလှလေသည်.။

ဒီနေ့ ညတော့ ခိုင်က ထမင်း မစားချင် ပေါ့ပေါ့ ပါးပါး အစား အစာ။

စကားထိုင်ပြောလို့လဲကောင်းသော နေရာကို သွားချင်ပါသတဲ့။

အဲလိုနေရာကို အတော်လေး စဉ်းစား၍ ယူရလေသည်။

နောက်တော့ ကန်တော်ကြီး အတွင်းက ဖွင့်ထားသည် ကဖေး တာဝါ ကို သတိရမိလေသည်။

တာဝါ တစ် ကတော့ လမ်းနံဘေးတွင် တာဝါ နှစ်ကတော့ ကန်တော်ကြိး ပန်းခြံ အတွင်းတွင်ရှိလေသည်။

တက်သိမ်းအင်းရေပြင်ပေါ်တွင်ဆောက်ထားသော စင်ကြီး၏ အစွန်ဆုံးခုံတွင်ထိုင်မိကြလေသည်။

ခိုင်ကိုယ်တိုင် ကြိုက်တာ မှာလို့ ပြောတော့ ထမင်းကြော် တစ်ပွဲ ကြက်ခြောက်ကြော်တစ်ပွဲနှင့် ကြက်ခြေထောက်သုတ် တစ်ပွဲအပြင် ကျနော်အတွက် တိုက်ဂါးဘီယာတစ်လုံးမှာပေးလေသည်။

ဟင်းတွေမှာရင်း စကားတွေပြောတော့ ဟိုရောက်ဒီရောက်။

ဘီယာတစ်ခွက် ဘိုက်ထဲဝင်သွားတော့ ကျနော်စကားတွေရွှင်လာလေသည်။

အဲတော့ ခိုင် ကို အိမ်ထောင်ပြု ရန် အစီအစဉ်ရှိမရှိဆိုသည့် အကြောင်းမေးမိသည်ပေါ့။                                                           “ ခိုင် ကျောင်းသူဘဝ ကတည်းက ဒီအကြောင်းကို မစဉ်းစားခဲ့မိတာအမှန်ဘဲ။

ခိုင် စင်္ကာပူ  ကို ရောက်တဲ့အချိန်မှာတော့ လူတစ်ယောက်နဲ့ ကြိုက်မိခဲ့တယ်။

သူနဲ့ တစ်နှစ်လောက်တော့ တွဲမိတယ်ထင်တယ်။

အဲလို ဘဲ တွဲနေရင်းက သူနဲ့ကိုယ်နဲ့ စိတ်မတိုက်ဆိုင်တာတွေများ

သထက်များလာတော့ စိတ်ကုန် မိတယ်။

နောက်တော့ သူက လက်ထပ်ဖို့ပြောပေမယ့် သူ့ကို ကျမစိတ်မရှိတော့ဘူး။

ရှာရသလောက် အကုန်သုံးပစ်ပြီး ဘဝ အတွက် ရည်မှန်းချက် မရှိသူနဲ့                      ခရီးမဆက်ချင်ဘူးလေ။

အဲ တော့ နိုး ပါ လို့ ငြင်းလိုက်တာနဲ့ သူလဲ မိန်းမယူသွားရော။

ခိုင်တစ်ယောက်ထဲ နေလာ တာ နှစ်အတော်ကြာပြီလေ”

“ အဲတော့ ခိုင် အိမ်ထောင် ပြုဘို့ အစီအစဉ်ရှိလား”

လို့ မေးတော့ ကျနော်ကို ခပ်ပြုံးပြုံးလေးကြည့် နေပေမယ့် ဘာမှ ပြန်မဖြေ။

နောက်တော့ စားစရာတွေရောက်လာတော့ သူက ထမင်းကြော်ကို တစ်ဝက်ခွဲပြီး

ကျနော့်ကိုပေးရင်း ဘီယာ နောက်တစ်လုံးထပ်မှာပေးလေသည်။

ကျနော်ပုဂံထဲသို့လဲ ဟင်းတွေကို တစ်ပုံတစ်ပင်ထည့်ပေးလေသည်။

နောက်ထပ်မှာထားသောဘီယာပုလင်းတစ်ဝက်ကျိုးခါနီးမှာတော့

“ခို်င့် က အိမ်ထောင် မပြုဘဲ အပျိုကြီးလုပ်မယ်လို့လဲ တွေးမထားသလို

ယူ ကို ယူ မှ ဖြစ်မယ် လို့လဲ တွေးမထားဘူးကျော်။

အိမ်ထောင်ပြု ပြီးရင်တော့ ကိုယ်နို်င်ငံမှာဘဲ ကိုယ်ပြန်နေချင်တယ်”

ခိုင့်ကိုသာမေးနေတယ် ကျော် ကတော့ ရော ဘာလို့ အခု ချိန်ထိ မယူသေးတာလဲ”

“ဘာလဲ စွန့်ပစ်သွားတဲ့ချစ်သူကို စောင့်နေတာလား” လို့မေးချိန်မှာတော့

ရီဝေ စ ဘီယာ အရှိန်လေးတွေ လွင့်ထွက်သွားသလိုပါဘဲ။

“ခိုင် ကျနော်ကအခုချိန်မှာ လူလွတ်ဆိုရင် မှန်ပေမယ့် လူပျိုလဲ မဟုတ်ဘူး”

ကျနော်က ဒီလိုပြောလိုက်တော့ ခိုင့် မျက်နှာမှာ အတွေးတွေရှုပ်သွားသည့် အရောင်တွေ

ဖြတ်သန်းသွားလေသည်။

“ကျနော်တက္ကသိုလ်နောက်ဆုံးနှစ်မှာ ကျနော်နဲ့ အတန်းဖော်

ကောင်မလေး တစ်ယောက်ကို ခိုးပြေးဘူးတယ်။

နှစ်ဖက်မိဘက သဘောမတူကြဘူးလေ။

အဲတော့ ကိုယ့်ဘာသာကိုယ်  ဘုန်းကြီးဆွမ်းကျွေးတာလောက်နဲ့တင် ပြီးသွားခဲ့တယ်။

နောက် တစ်နှစ်လောက် ပေါင်းအပြီးမှာ သူနဲ့ ကျနော် စကားအဆင်မပြေဖြစ်ပြီး

ကွဲသွားကြတယ်။

နှစ်ဖက်မိဘတွေက လဲ စ ကတည်းက သဘောမတူဘူးဆိုတော့ ကိုယ့်လူကိုယ်ပြန်သိမ်း

လိုက်ကြတယ်လေ။

တရားဝင် လက်ထပ်မထားတော့ တရားဝင်ကွဲစရာလဲ အကြောင်းမရှိဘူးလေ။

“ ကျော်တို့ လမ်းခွဲ တာ ဘယ်နှစ် နှစ်လောက်ရှီပြီလဲ ဟင်”

“ဆယ်စုနှစ်တစ်ခုတော့ ကျော်ခဲ့တာသေချာတယ် ခို်င်”

“အခုရော သူက ဘယ်မှာလဲ “

“ ရန်ကုန်ကို ပြောင်းသွားတယ်ပြောတယ် အဆက်အသွယ်မရှိတာကြာပြီ”

“အခုပြန်တွေ့ရင်ကော ပြန်ပေါင်းထုပ်တွေ ဘာတွေလုပ်အုံးမှာလား ကျော်ရေ”

“ သူ ကျနော် စိတ်ထဲ မှာ လုံးဝ မရှိတော့ တာကြာပြီ ခိုင်”

ဒီစကားတွေပြောအပြီးမှာတော့ နှစ်ယောက်စလုံး ခဏတော့ တိတ်ဆိတ်သွားပါတယ်။

ပြာလဲ့လဲ့ အလင်းရောင်အောက်မှာ ခိုင့်မျက်နှာမှာ အရောင်တွေပြေးနေသလို

မျက်ဝန်းများကတော့ စိုလဲ့ ရီဝေ နေသလိုပါဘဲ။

ထမင်းစားပြီးလို့ ပြန်လာကြတဲ့ လမ်းခရီးမှာတော့ နှစ်ယောက်သား ပြောစရာစကားတွေ

မကျန်တော့ သလို နုတ်ဆိတ်။

ဒါပေမယ့် နှစ်ဦးသားရင်ထဲမှာပြောစရာ စကားတွေ မေးခွန်းတွေပြည့်နှက်နေတာ

ကိုတော့အပြန်အလှန် သိနေသလိုလို။

ဒါနဲ့ ဘဲ ခိုင့်ကို ဟိုတယ်မှာထားခဲ့ပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။

 

******************************************************

အိမ်ပြန်ရေမိုးချိုးပြီး လိုင်းပေါ် ခဏ အတက်မှာတော့ ခိုင်လဲ ရှိနေသည်လေ။

 

“ခိုင် ကို ကျနော် ချစ်တယ် နောက် လက်ထပ်ချင်တယ်ခိုင်”

“ကျော် ဘီယာ မူးတာ ပြေ ပြီလား”

“ ခိုင်ရယ် ဘီယာနှစ်လုံးလောက်သောက်ပြီ း မူးပြောတယ်ဆိုရင် ရာဇဝင်ရိုင်းသွားမှာပေါ့

အတည်ပြော နေ တာခိုင်ရ   “

“မမြန် လွန်း ဘူး လား ကျော် ရယ် “

“  မမြန် လို့ မ ရ တော့ ဘူး လေ  နက်ဖြန်ဆို ခိုင်ပြန်တော့ မှာလေ“

“  မဟုတ်ဘူးလေ ခိုင် အကြောင်း မသိဘဲနဲ့ လက်ထပ်ခွင့် တောင်းတာကို ပြောတာပါ“

“ မလို ဘူးလေ ခိုင်အခု လွတ်လပ်တဲ့ အပျို တစ်ယောက်လေ “

“ကျော် က ရော ရှင်း ရှင်း လင်း လင်း ဖြစ်ပြီလား လို့ ခိုင်က အရင်မေးရတော့မယ်  “

“  ရှင်း ပါတယ် ခိုင်ရ“

“ခိုင်ဘက် က မရှင်း ဘူး ဆိုရင်ကော   “

ဒီစကားအရောက်မှာတော့ကျနော် နုတ်ဆိတ်လို့သွား ပါတယ်။

“ကျော် ရေ ကျော်  မပြောတော့ ဘူးလား   “

“  ဖုန်းဆက်လိုက်မယ်နော်“

ခဏနေတော့ ကျနော် ခို်င့်ဖုန်းကိုလှမ်းခေါ်လိုက်ပါတယ်.။

“  ခိုင်ရေ  ကျော် က အခုချိန် လူ လွတ် တစ်ယောက်ပါ ခိုင်လဲ လူလွတ်ဖြစ်မယ်ထင်လို့ ကမ်းလှမ်းမိတာပါ“

“ ကျော်……..ခိုင် လူ လွတ်မဟုတ်ဘူးလို့ ဘယ်သူပြော လဲ “

“  အစော က ခိုင်ဘဲ ပြောတာလေ ခိုင်ဘက် က မရှင်း ဘူး ဆို“

 

“ ခက်ပါ ကျော်ရယ် တစ်ခု တော့ ရှိတယ် ကျော် တို့ အတော်များ များ အတွေးမှားနေတာရှိတယ်။

နိုင်ငံခြားမှာ နေသူဆိုရင် လူတကာနဲ့ အိပ် တယ်လို့ ထင်နေကြတာလေ။

မဟုတ်ပါဘူး  သူ့ စည်းသူ့ကမ်းနဲ့ နေကြတာပါ။

အိပ်တဲ့သူလဲ ရှိကောင်း ရှိနိုင်ပါတယ်။

ဒါပေမယ် ့မိန်းမတိုင်းတော့ မဟုတ်ဘူးနော်

အဲ လို မိန်း မစား ထဲမှာလဲ ခိုင် မပါ ဘူး ကျော်“

“ ကျနော် ကလဲ အဲ လို မထင် ပါဘူး ခိုင် “

“ မဟုတ်ဘူး ကျော် ခိုင်က ရှင်းအောင်ပြောထားတာ

တကယ်မညာတမ်းပြောရင် ခိုင်လဲ ကျော့်ကို စိတ်ဝင်စားတယ်

ဒါကြောင့် လဲ လူချင်း တွေ့ရအောင် လာခဲ့တာပါ ။

ကျော် မှာ ခိုင်နှစ်သက်တဲ့ အချက်အလက်တွေရှိပါတယ်။

ဒါပေမယ့် ကျော် အရင်အိမ်ထောင်နဲ့ ရှင်းရှင်းလင်း လင်း ဖြစ် မဖြစ်က

အရေးကြီးတယ်ကျော်

နောက်မှ ဇာတ်လမ်း မရှင်းချင်ဘူး“

ဒီစကားကြားတော့ ကျနော်မှာဘာပြန်ပြောရမှန်းမသိတာအမှန်။

 

အဲဒီညကတော့ ကျနော်အိပ်မပျော်ပါ။

အရင်အိမ်ထောင်နဲ့ ကင်းရှင်းကြောင်းပြရအောင် ကျနော် အိမ်ထောင်ဘက်ဖြစ် ဘူး သူက                                  အခု ဘယ်ဆီမှာနေမှန်းမသိ။

မကင်း ဘူးပြောရအောင်က လဲ မတွေ့တာ နှစ်ပေါင်းများစွာပေါ့.။

ကင်းတယ် ပြောရအောင်ကလဲ သူနဲ့ကိုယ့်ကြားမှာကွာရှင်းစာချုပ်မရှိ။

လူလွတ်ဖြစ်ကြောင်း ထောက်ခံစာ ဘယ်မှာသွားတောင်းရမှန်းလဲမသိ။

ခက်သည်က အခု မှ ခိုင့်ကို ကျနော်ချစ်နေမိပြီဆိုတာ ပိုသေချာသလိုပင်.။

သို့သော် ခိုင်ယုံကြည်အောင် ဘယ်လိုပြောရမယ်ဆိုတာ တော့ မသိသေး။

ဒီလိုနှင့်ပင်မနက်ရောက် တော့ ခိုင်ကို သွားခေါ်ရလေသည်။

 

ကိုပေါက် လက်ဆောင် အဆွေးပါးပါးလေး

11-12-2013

ဆက်လက်ဖော်ပြပါမည်

22 comments

  • ဦးကျောက်ခဲ

    December 11, 2013 at 9:38 am

    ခိုတောင်မုန့်တီ… စိန်တစ်လုံးသရက်… ပတ္တမြားငမောက်သရက်…
    ကျော် နဲ့ ခိုင် တော့ မသိ၊ ကျောက်စ်တော့ သွားရည်ယိုသွားတယ်…
    ခရီးလည်းသွားရ၊ အစားလည်းငမ်းရ၊ ဇာတ်လမ်းလည်းဖတ်ရ…
    ရေးတတ်ပါ့ပေ့ ဆြာပေါက်ရယ်…
    😀

  • KZ

    December 11, 2013 at 10:10 am

    ဟယ်။
    ဟောဒီ ခိုင် တောင် ဂလောက် လည်ပတ် မစားဘူးပါဘူး ကျော်ရယ်။
    အဟွတ်!

    ဆွေးရတော့မယ်ထင်တယ်။
    :hint:

      • KZ

        December 11, 2013 at 12:13 pm

        နီးပေးလိုက်ပါ။
        နီးပေးလိုက်။
        အဆွေးဇာတ်လမ်းတွေဆို မျက်ရည်မခိုင်လွန်းလို့၊

        😥

        • sorrow weaver

          December 11, 2013 at 12:26 pm

          ကွယ်..အသဲနုတယ်လား….အာဟိ…

  • Mr. MarGa

    December 11, 2013 at 10:10 am

    ကိုပေါက် (မန္တလေး) ၏
    သရီး အင် ဝမ်း ဝတ္ထုလတ်…..
    နေရာအနှံ့ လျှောက်ကာသွား၊ စားဖွယ်ရာတွေ ပတ်ကာစားပြီး
    ခိုင်တစ်ယောက် နောက်တစ်ဖန် ထပ်လာမလား အတွေးပွားနေပါကြောင်း

  • ဦးကြောင်ကြီး

    December 11, 2013 at 10:36 am

    ခိုင်ကိုခြစ်တယ်
    ရင်ထဲစကား
    လျှာဖြားမဟုတ်
    အာဝါးတရုတ်
    တခါသားကုတ်တော့
    အမယ်လေး
    ကြောင်ဇုတ်
    ငါ့လက်စုတ်ပါပြီ
    ကယ်ကြပါဦးချင့်မ်..။
    မှတ်ချက်။ ခိုင် = ခိုင်သံစဉ်။ not မာမွတ်ခိုမ်

  • kyeemite

    December 11, 2013 at 3:56 pm

    အဝေးကဆောင်း
    အတွေးကကောင်း
    အဆွေးကမဟောင်း
    ကျော်နဲ့ ခိုင်နဲ့ရစေကြောင်း
    😀

    • Ma Ma

      December 11, 2013 at 6:11 pm

      ဘရာသာမိုက် ဘရာသာမိုက် (အမောတကော လေသံဖြင့်ဖတ်ပါ)…
      နောက်မှာ မီးးးးးးးးးးးးး 😀

        • kyeemite

          December 12, 2013 at 9:43 am

          ပွင့်လင်းရာသီရောက်လာပြီမို့ “မီး” တော့ ကြောက်ပါတယ်ဗျာ.. 😀
          တစ်နေ့ကပဲ ဂန္တမာဟိုးဆေး မှာလောင်တာ လူ ရ ယောက်သေသတဲ့

  • alinsett

    December 13, 2013 at 5:30 pm

    နိုင်ငံခြား မင်းသားမင်းသမီးတွေ ပြော ပြောနေသလိုပဲပေါ့

    အခုမှ တကယ့်အချစ်စစ်ကို တွေ ့တာ

    :kwi:

  • snow smile

    December 15, 2013 at 8:30 am

    စာ ​ရေး ​ကောင်​း ​သော ကို ​ပေါက်​
    က ဗျာ ​ရေး ​ကောင်​း ​သော ကို ​ပေါက်​
    သီ ချင်​း ​တွေ သိ ​သော ကို ​ပေါက်​
    ဓာတ်​ ပုံ ​တွေ ရိုက်​ ​သော ကို ​ပေါက်​
    အဲ့ ဒီ့ ကို ​ပေါက်​ က မန်​း ​လေး မှာ ​နေ တယ်​ တဲ့ လား

  • snow smile (မနှင်းပြုံး) ရေ
    ကြည့်ရတာ ရွာသူ အသစ်ဖြစ်ပုံ ရ၏

    ကိုပေါက် က မန်းလေးတွင် မန်းလေးမြို့သားဂျေမောင်မောင်သီဆိုထားသော
    မန်းလေးမှာရှိနေမယ် ဆိုသည့် အတိုင်း မန်းလေး မှာေ နပါတယ်။

Leave a Reply