ဟိုးးးးးးးးးးးးရှေးရှေးတုန်းကပေါ့ သမီးရယ်…

မန္တလေးဂေဇတ် ဆိုတဲ့ ရွာကြီးတရွာရှိတယ့်ကွယ့်…. အဲဒီရွာထဲမှာ လူမျိုးစုံ ရွာသူားတွေ စုပေါင်းနေထိုင်ကြတယ်ကွဲ.

အဲဒီရွာကြီးကို အုပ်ချုပ်တဲ့သူကတော့…. သဂျီးမင်း ကိုင်စရာ ဆိုတဲ့ ဟိတ်ဟန်ကောင်းတဲ့ လူကြီးပေါ့ကွယ်…

ရွာမှာ သူကြီးက ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ် ပဲကွယ့် သမီးရဲ. သူက သိပ်သြဇာညောင်းတာပေါ့… ပြီးတော့ ရွာထဲမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဆိုလဲ သူနဲ. မကင်းရာမကင်းကြောင်းတွေပေါ့ ပြောရရင် ခရိုနီသကြီးပေါ့သမီးရယ်… သူမှာ သက်တော်စောင့်တွေရှိတယ်ကွဲ. …. သူတို.ကတော့ ဓားအာဂ နဲ. ရနောင်မောင်မောင်ကျောက်ဆိုတဲ့ လူဘလကြီးတွေပေါ့….

ဖေဖေ… ဖေဖေ…

ဟေ သမီး ပြောလေ…

ဒါဆို အဲဒီ သူကြီးဆိုတာကြီးက လူဆိုးကြီးပေါ့နော်..

အော် ဘယ်လိုပြောရမလဲ သမီးရယ်… လူကောင်းတော့လူကောင်းပဲပေါ့.. နဲနဲပဲ ဆိုးတာပါကွယ်..

အော် အဲလိုလား….

ကဲကဲသမီး ဖေဖေဆက်ပြောမယ်…

အဲဒီသဂျီးကို ရွာထဲကလူတွေက ဖိန်.ဖိန်.တုန်အောင်ကြောက်ကြတယ်ကွဲ.. ကြောက်တယ်ဆိုပေမယ့် ရှေ.မှာသာ ကြောက်တာ.. နောက်ကွယ်မှာတော့ နှာခေါင်းရှုံ.ကြတာပေါ့ကွယ်…

အဲဒီအထဲက ရွာလယ်လမ်းမှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ အလှဖန်တီးရှင် မိုက်ကယ်ဂျော်ဒကယ်အောင်ပု ဆိုတဲ့သူပေါ့.. သူအလှပြင်ဆိုင်ကို သူကြီးက ရှယ်ယာထည့်ထားပြီး မာမီအောင်ပုက တစ်လလုံး ဖင်ပြဲအောင် အလှဖန်တီးပြီး ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံကို လကုန်ရက်တိုင်း သူရှယ်ယာထည့်ထားတယ်ဆိုပြီး တ၀က်တ၀က် လာလာယူနေလို.လေ……

ဟယ်တကယ် ဆိုးလိုက်တာနော် ဖေဖေ…

အေးကွဲ. ဆက်နားထောင်သမီး….

ဟုတ်..

အဲဒါကြောင့် မိုက်ကယ်ဂျော်ဒကယ် အောင်ပုလဲ သူဂျီးရှေ.မှာဆို ဟဲဟဲဟဲဟဲ နဲ. နောက်ကွယ်မှာ အတင်းတုတ်တော့တာပေါ့ကွယ်…

သူဆိုင်မှာ အလှလာပြင်ကြတဲ့ ရွာကွမ်းခြင်း၊ပန်းခြင်း ကိုင် ပျိုမေချောတွေကို သူဂျီးမကောင်းကြောင်းဖွတာပေါ့…. အလှလာပြင်တဲ့ အီးဒုံးတို.၊ ချွေအိတို.၊ ကေဇိ တို. ၊ဗုံဗုံတို. အိုလူအစုံပဲပေါ့ကွယ်… သူတို.လဲ မာမီအော်ပုပြောတော့ သဂျီးမကောင်းကြောင်းအကုန်သိနေတာပေါ့..

မာမီအောင်ပုက သူဂျီးရဲ.အကြောင်းအတွင်းအထိသိတယ်ကွယ့် ဘာလို.လဲဆိုတော့ သူသက်တော်စောင့် ဓားအာဂရဲ. ဇနီး နွယ်ဘင်ကလဲ မာမီအောင်ပုဆိုင်ကို ဆံပင် ကောက်လိုက်ဖြောင့်လိုက်ဆိုတော့ ပြီးတော့ရှိသေးတယ်… သူဂျီး ပီအေ.. ကြောင်ဝတုတ်ကလဲ ယောင်္ကျားအရင့်အမာကြီးက ဆံပင်လာလာဖြောင့်တာကိုး အဲဒီလူတွေဆီကနေ သူဂျီးအတွင်းရေးတွေကို သိနေတာပေါ့ကွယ်…..

ဟင်ဖေဖေ အဲဒီ ဦးကြောင်ဝတုတ်ဆို တာ ဘယ်လိုပုံကြီးလဲ ဖေဖေ…

အော် သမီးရယ်.. လူကောင်ထွားထွား အလှပအသိပ်ကြိုက်တဲ့ ကြောင်မျက်နှာနဲ. လူကြီးပေါ့ကွယ်..

အော်…ဟုတ်လား..

အင်းပေါ့ သမီးရယ်…. အဲ ဒါနဲ. မာမီအောင်ပုဆိုင်ကို အလှမပြင် ဆံပင်မညှက်ပဲ လာလာနေတဲ့သူတွေလဲရှိတယ်ကွဲ…

ဟင်ဟုတ်လား…..ဘယ်သူတွေလဲဖေဖေ…

အေးသူတို.ကတော့…. ရွာဆော် လူပျိုကြီး အမတ်မင်း ဆိုတဲ့လူနဲ.. သူကိုသူ လူပျိုလို.ပြော တဲ့ မုဆိုးဖို ကြောင်ကြီး ဆိုတဲ့သူတွေပေါ့ကွယ်….

လူပျိုကြီး အမတ်မင်းကတော့ မာမီအောင်ပုဆိုင်ကို လာတဲ့ ကွမ်းခြင်း၊ပန်းခြင်း ကိုင် အပျိုချောတွေထဲက ဘယ်သူ.ရရ တစ်ယောက်လောက်ရနိုင်ကောင်းပါရဲ.ဆိုတဲ့ အတွေ.နဲ. လာလာနေတာပေါ့ကွယ်..

မုဆိုးဖို ကြောင်ကြီးကတော့ သူဂျီးရဲ. တဦးတည်းသော သမီး အလှပဂေးလေးကို အသေရရ အရှင်ရရ ခိုးပြေးဖို. အသက်ပြည့်တဲ့အထိစောင့်ရင်း မာမီအောင်ပုဆိုင်မှာ လာလာ စနည်းနာတာပေါ့ …..ကွယ်…

တစ်ခါတလေ သဂျီးသမီးလေး မာမီအောင်ပုဆိုင်လာလာ ဆံပင်ညှပ်ရင် ဦးကြောင်ကြီးက မုန်.လေး ချိုချဉ်လေး ၀ယ်ကြွေးပြီး ပိုးပန်းတာပေါ့ကွယ်….

ဟင်ဟုတ်လား…. အဲဒီ သူဂျီး သမီးက သမီးတို.အရွယ်လားဟင် ဖေဖေ..

အင်း သမီးထက်တော့ကြီးတာပေါ့…

ဟင် ဒါဆို အဲဒီ ဦးကြောင်ကြီးဆိုတဲ့ လူကြီးက ကြောက်စရာကြီးပေါ့နော်..

အေးပေါ့.. သမီးလဲ အဲလို လူတွေကို ဝေးဝေးရှောင်နော်သမီး..

ဟုတ် ဖေဖေ…

ပြီးတော့ သူဂျီးကို မကျေနပ်တဲ့သူနောက်တစ်ယောက်ရှိသေး တယ်ကွဲ. သူကတော့ ရွာအစွန်မှာနေတဲ့ အရက်ပုန်းဆိုင် ဖွင့်ထားတဲ့ ထောင်ထွက်ကြီးမိုက် ဆိုတဲ့သူပဲကွယ့်…

ဟင် နာမည်ကြီးကလဲ ထောင်ထွက်ကြီးမိုက်တဲ့… သူက တကယ် လူမိုက်ကြီးလားဟင် ဖေဖေ..

အင်းဘယ်လို ပြောရမလဲ သမီးရယ်..

မိုက်တော့မိုက်တယ်ကွဲ. ဒါပေမယ့် လူမိုက်တော့မဟုတ်ဘူး… လူမသတ်ရဲဘူး လူမပြောနဲ. ပုရွက်ဆိတ်တောင်မသတ်ရဲဘူးကွယ့်.. ဒါပေမယ့်… သူမိုက်ရဲတဲ့သူက သူသောက်နေကျအရက်ပုလင်းကွဲ.. အရက်ရောင်းရင်း မြည်းရင်းနဲ. သူသောက်နေကျပုလင်းကို မိုက်ကြေးခွဲခွဲပြီး အညှိုးတကြီးသောက်တတ်တယ်ကွဲ.

ဟုတ်လား.. ဒါနဲ. အဲလူကြီးက သူဂျီးကို ဘာလို.မကျေနပ်တာလဲဖေဖေ…

အော် ဒီလိုကွဲ. သူဆိုင်မှာလဲ သူဂျီးက ရှယ်ယာဝင်ထားသေးတယ်လေ…

ဟင် ဟုတ်လား…

အေးကွယ့်… သူက ရှယ်ယာဝင်ထားတယ်ဆိုပြီး ညနေညနေ ကြီးမိုက် အရက်ပုန်းဆိုင်လာလာပြီး သောက်စား ရမ်းကား သွားတယ်လေ… ပြီးတော့ ရှယ်ယာမန်ဘာဆိုပြီး ပါးစပ်က တတွတ်တွတ်ရွတ်ပြီး ရောင်းရငွေထဲက တ၀က်ကို ယူသွားသေးတယ်….ကွယ်..

အဲဒီတော့ အရက်ပုန်းဆိုင် ပိုင်ရှင် ကြီးမိုက်က အရက်လဲအလကားသောက်သေး.. နေ.တွက်လဲယူသေးဆိုပြီး မကျေနပ်တာပေါ့ကွယ်… ပြီးတော့ မူးလို.မခေါင်းမထောင်နိုင်ရင်လဲ.. အိမ်ပြန်လိုက်ပို.ရသေးတယ်ကွယ့်.. အဲလို အိမ်ပြန်ပို.တာတောင် ရိုးရိုးပို.လို.မရဘူးကွယ်.. အရက်ဆိုင်ပိုင်ရှင် ကြီးမိုက်ခမျာ.. ရွာမီးသတ်ဗိုလ် ကိုခင်ခကို ပြေးခေါ်…. ပြီးတော့ ရွာလယ်က လှည်းငှားပြီး ရှေ.ကနေ မီးသတ်ဗိုလ် ကိုခင်ခက ခရာ တရွှီးရွှီး မှုတ်ပြီး ရွာလယ်လမ်းကြောင်းရှင်းပြီးမှ လိုက်ပို.ရတာကွယ့်…

အဲလိုဆိုတော့လဲ အရက်ပုန်းဆိုင်ပိုင်ရှင် ကြီးမိုက် ခမျာ ဒေါသဖြစ်ပြီးပေါ့.. ဒေါသဖြစ်ပေမယ့်လဲ သူဂျီးလာရင် သကာအုပ်ထားတဲ့ မျက်နှာနဲ. လောကွတ် လုပ်ပြီး ပြုံးပြနေရရှာတယ်ကွယ်…. အဲလိုမလုပ်ရင် သူ.အရက်ပုန်းဆိုင် ပါမစ်ကို သူဂျီးက သိမ်းလိုက်မှာလဲ စိုးရိမ်ရသေးတယ်ကိုးကွယ်…

ဟယ် သူဂျီးကလဲ ကိန်းကြီးခန်းကြီး နိုင်လိုက်တာနော်… ဖေဖေ..

အေးပေါ့ကွယ်.. သူက သူဂျီးကိုးးးးကွယ့်…

အဲလိုလဲ သူဂျီးကို ပြန်ပို.ပြီးတော့ ထောင်ထွက်ကြီးမိုက်ခမျာ သူသောက်နေကျ အရက်ပုလင်းကို အောင့်အီးထားတဲ့ ဒေါသတွေ ပေါက်ကွဲတော့တာပဲ.. အရက်ပုလင်းကို စိမ်းစိမ်းကားကားကြီးကြည့်လိုက်.. တောက် ခေါက်လိုက် တခွက်သောက်လိုက် ထွီဆိုပြီး တံတွေး ထွေးလိုက်နဲ.ပေါ့ကွယ်…

တစ်ခါတလေ သူဆိုင်မှာ လာသောက်ကြတဲ့ ကိုပေ တို.၊ ကိုလုလင်တို.၊ မောင်ရဲစည်တို.၊ ကိုရင်ဘလက်ချောတို.၊ ကိုပေါက်ဖော်တို.၊ကဗြာဆြာ ကမ်းဝေး တို. အဲ အဲဒီလူတွေနဲ. သူဂျီးမကောင်းကြောင်း ပြောတော့တာပေါ့ကွယ်…

ပြီးတော့ သူဂျီးကို ရှယ်မကျေနပ်တဲ့ သူရှိသေးတယ်ကွဲ. သူကတော့ ရွာ တောင်ပိုင်းက ကန္နားစီး မိဂီ ဆိုတဲ့ ဂျော်ဒကယ် တစ်ယောက်ပေါ့…

ဟင် ဖေဖေ သဂျီးက နတ်ကန္နားပွဲထဲမှာလဲ ရှယ်ယာပါတာလားဟင်…

အော် အဲလိုတော့ ဘယ်ပါလို.ရမလဲသမီးရယ်…

ဒီလိုကွယ့်… ကန္နားစီး မိဂီက နတ်ပွဲတစ်ပွဲလုပ်ရင် အရက်၊ကြက် အစုံအလင် ကို အတွင်း ၃၇မင်း၊အပြင် ၃၇မင်း နဲ. အထဲ ၁မင်းတို.ကို ပူဇော်ပသရတာကွယ်…

ဟင် အထဲ ၁မင်းဆိုတာ ဘာလဲဟင်ဖေဖေ..

အော် ၁မင်းဆိုတာ သူဂျီးမင်းကိုပြောတာကွယ်…. သဂျီးမင်းက နတ်ကန္နားပွဲပြီးရင် နတ်လာပူဇော်ပသကြတဲ့ ရွာသူားတွေ ပူဇော်ပသထားတဲ့ ဘလက်တို.၊ ရက်ထ်တို.၊ဘလူးတို. ကို ကြက်ကြော်၊ဘဲဥ နဲအတူ လာလာယူတာပေါ့ကွယ်…

ဟင် ဖေဖေ ဘလက်ဆိုတာ ဖေဖေ ရှေ.ကပြောထားတဲ့ အရက်ဆိုင်က ဦးဘလက်ချောလားဟင်…

အော်မဟုတ်ဘူးကွယ့်… ဘလက်ဆိုတာ အရက်နံမယ်ကိုပြောတာ သမီးရဲ.

ဟင် ဒါဆို ဦးဘလက်ချော နံမည်ကြီးက အရက်နံမည်ကြီးပေါ့နော်…

ဟဟဟဟ……… အေးပေါ့သမီးရဲ. သူလဲ သူကြိုက်လို.အဲဒီ နံမည်ပေးထားတာနေမှာပေါ့ကွယ်..

ကဲကဲ ဆက်ပြောမယ်..

အဲလို အရက်တွေ၊ကြက်တွေကို လာယူရင် သဂျီးကိုယ်တိုင် လာမယူဘူးကွဲ. သူရဲ. ပြာတာလေး မောင်အံစာဆိုတဲ့ မျက်နှာလေးထောင့်နဲ.ကောင်လေးကို လွှတ်လိုက်တာကွယ်… အံစာဆိုတဲ့ကောင် လေးကလဲ ကန္နားစီး မိဂီဆီက အရက်ကောင်းတွေကို ထောင်ထွက်ကြီးမိုက်ဆိုင်မှာ ပြန်ပြန်ရောင်းပြီး.. အဲဒီ ပုလင်းအခွန်ထဲကို အရက်ဖြူ နဲ. ထန်းလျှက်ရည်ရောမွှေထားတဲ့ အရက်တွေကို ထည့်ပြီး သဂျီးမင်းဆီ ယူယူ သွားတာပေါ့ကွယ်….

သဂျီးကလဲ နိုင်ငံခြားဖြစ်အရက် ဆို ပုလင်းတောင်မြင်ဘူးတာမဟုတ်တော့ မဲပြာပြာကောင်လေး ယူလာသမျှ အရက်တွေကို နိုင်ငံခြားအရက်ဆိုပြီး အားရပါးရသောက်တော့တာပေါ့…. သောက်ရင်းသူကပြောသေးတယ်.. ဟဲ့ အံစာ မင်းဟာက ချိုပြင်းလေး ပါလားကွ ဆိုပြီး ဘုမသိဘမသိနဲ. ဂုဏ်ယူစွာနဲ. အရက်ဖြူတွေကို သောက်နေတာပေါ့ကွယ်…..

အဲဒါ ကန္နားစီး ဂျော်ဒကိ မိဂီကတော့ ဟိုလူတွေလို အတင်းပြောစရာလိုမရှိတော့… သူအိမ်က နတ်ရုပ်တွေနဲ. အတင်းပြော တိုင်တယ်တော့တာပေါ့… အတွင်း ၃၇မင်း အပြင် ၃၇ မင်း ၁၀၁ပါးသောမင်းအား သူဂျီးမင်းကို ၀ိုင်းကိုင်ပေးဖို.တိုင်တည်ပူဇော်ပသတာပေါ့ကွယ်………

အဲဒါပေမယ့် သူဂျီးကို တစ်ရွာလုံးမတည့်ပေမယ့်… တည့်တဲ့တစ်ယောက်တော့ရှိတယ်ကွဲ. သူကတော့ တရုတ်ပြည် က ပြည်ပြေး တရုတ်ကြီး ကြေးမှုံကြီး ဆိုတဲ့သူပေါ့ကွယ်… သူ တရုတ်ပြည့်ကပြေးလာပြီး မန်းလေးဂဇတ် ရွာကိုရောက်လာပြီး သူဂျီးမင်းကို အစစ အရာရာ ငွေးကြေးနောက်ကွယ်ကနေ ထောက်ပံ့နေ တာပေါ့… အလကားတော့ထောက်ပံ့တာမဟုတ်ဘူးကွယ်.. သူက ရွာကထွက်သမျှပစ္စည်းတွေကို ဈေးပေါပေါနဲ.ကောက် တရုတ်ပြည်ပို. တရုတ်ပြည်က ဘေထုပ်တွေပြန်သွင်းရွာမှာရောင်း…. အဲလိုလုပ်တာကွယ့် … ရွာအ၀င်အထွက် ကို ထမင်းထုပ်ကအစ ဖြည်စစ်တဲ့ ရွာလုံခြုံရေးမှူး မီးသတ်ဗိုလ် ကိုခင်ခ လဲ ကြေးမှုံကြီးအထုပ်ဆိုလို.ကတော့ မျက်စောင်းတောင် ယောင်မထိုးမိအောင် သတိထားရတယ် ကွယ်…

ဘာလို.လဲ ဖေဖေ..

အော်သမီးရယ်.. သူဂျီးမင်းနဲ. သူက ပိုင်သကိုးကွယ်… စပွန်ဆာလေ စပွန်ဆာ..

အော်..အဲလိုလား..

ကြေးမှုံကြီးရဲ. ဟန်ပြအလုပ်ကတော့ ရွာ လယ်လမ်းဘေး မြေကွက်ကျယ်ကြီးမှာ ဘေထုပ်ဆိုင် ကြီး ဟီးလို. ဖွင့်ထားတာပေါ့ကွယ်.. နောက်ကွယ်မှာတော့ သူဂျီးမင်းနဲ.ပေါင်း.. မှောင်ခိုဈေးကွက်အကြီးကြီးကို လုပ်နေတာပေါ့..

အဲလိုနဲ. ရွာသူားတွေ မကျေမနပ်တွေဖြစ်လာတော့ ရွာထဲက နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ ဦးဦးပါလေရာ နဲ. ကိုနိုစို.မိ တို.က ရွာသူားတွေနဲ. တိုင်ပင်ကြတော့တာပေါ့…

ဖေဖေ ဖေဖေ…

ဟေ သမီး..

ကိုနို.စို.မိ ဆိုတာ သမီးနဲ. ရွယ်တူလားဟင်…

ဟင် ဘာလို.လဲသမီး..

နို.စို.မိ ဆို… သူလဲ သမီးလို မေမေနို.ကို စို.တာပဲလားလို.လေ..

အော် ဟဟဟ သူက ဖေဖေထက်တောင် အများကြီး အသက်ကြီးတယ်ကွယ့် သူနာမည်က နိုဇိုမီ သမီးရဲ… နှစ်ကာလ ရှည်လျားပြီး ခေါ်ရင်းခေါ်ရင်းနဲ. နို.စို.မိ လို.ဖြစ်လာတာကွယ်… သူနို.စို.မစို.တော့ ဖေဖေလဲ သေချာမသိဘူးကွဲ..

ကဲကဲ ဆက်အုံးမယ်.. အဲလိုနဲ. ရွာထဲက မိတ်ကပ်ဖန်တီရှင် မိုက်ကယ်ဂျော်ဒယ်အောင်ပု၊ အရက်ပုန်းဆိုင်ပိုင်ရှင် ထောင်ထွက်ကြီးမိုက်၊ ကန္နားစီး ဂျော်ဒကိ မိဂီ၊ အရက်သမားသမဂ္ဂ ကိုဘလက်ချောဦးဆောင်တဲ့ ကိုအမတ်မင်း၊ တရုတ်ပြန် မောင်ရဲစည်၊ BE ပေါက်ဖော်၊ ကဗျာဆရာ ကမ်းဝေး…. အစရှိတဲ့ ရွာသားတွေ စုပြီး သူဂျီးမင်းဆီ ဒီမိုကရေစီ ရအောင်တောင်းမယ်ဆိုပြီး လုပ်ကြတာပေါ့…

ဒီမိုကရေစီဆိုတာ ဘာလဲ ဖေဖေ…

အော် ဒီမိုကရေစီဆိုတာ ဖေဖေလဲ သေချာမသိပါဘူး သမီးရယ်… နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ ဦးဦးပါလေရာ နဲ. ကိုနိုစို.မိ ပြောတာကတော့ ဒီမိုကရေစီဆိုတာ လုပ်ချင်တိုင်းလုပ်လို.ရတယ်လို.ပြောတာပဲ..

အော် အဲလိုလား..

အေးကွယ့်.. ကဲကဲ သမီးရေ… ညဉ်.လဲနက်နေပြီး အိပ်တော့နော်…

ဟင်ဖေဖေကလဲ ဆက်ပြောပြအုံး….

အော်သမီးရယ်.. မနက်ကျဖေဖေက ရုံးသွားရအုံးမှာနော်……

ဟင်းးးးးးးးးး ဒါဆိုလဲ ပြီးရော…. မနက်ဖြန်ကျ ဆက်ပြောပြရမယ်နော်…..

အေးအေး အေးးးး ပါသမီးရယ်.. အိပ်တော့နော်…..

 

TO BE CONTINUE >>>>>>>>>>

About ရွှေတိုက်စိုး

has written 79 post in this Website..