သမီးလေးရေ ဖေဖေ ပုံပြောပြမယ်…

ဟိုးးးးးးးးးးးးရှေးရှေးတုန်းကပေါ့ သမီးရယ်…

မန္တလေးဂေဇတ် ဆိုတဲ့ ရွာကြီးတရွာရှိတယ့်ကွယ့်…. အဲဒီရွာထဲမှာ လူမျိုးစုံ ရွာသူားတွေ စုပေါင်းနေထိုင်ကြတယ်ကွဲ.

အဲဒီရွာကြီးကို အုပ်ချုပ်တဲ့သူကတော့…. သဂျီးမင်း ကိုင်စရာ ဆိုတဲ့ ဟိတ်ဟန်ကောင်းတဲ့ လူကြီးပေါ့ကွယ်…

ရွာမှာ သူကြီးက ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ် ပဲကွယ့် သမီးရဲ. သူက သိပ်ဩဇာညောင်းတာပေါ့… ပြီးတော့ ရွာထဲမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဆိုလဲ သူနဲ. မကင်းရာမကင်းကြောင်းတွေပေါ့ ပြောရရင် ခရိုနီသကြီးပေါ့သမီးရယ်… သူမှာ သက်တော်စောင့်တွေရှိတယ်ကွဲ. …. သူတို.ကတော့ ဓားအာဂ နဲ. ရနောင်မောင်မောင်ကျောက်ဆိုတဲ့ လူဘလကြီးတွေပေါ့….

ဖေဖေ… ဖေဖေ…

ဟေ သမီး ပြောလေ…

ဒါဆို အဲဒီ သူကြီးဆိုတာကြီးက လူဆိုးကြီးပေါ့နော်..

အော် ဘယ်လိုပြောရမလဲ သမီးရယ်… လူကောင်းတော့လူကောင်းပဲပေါ့.. နဲနဲပဲ ဆိုးတာပါကွယ်..

အော် အဲလိုလား….

ကဲကဲသမီး ဖေဖေဆက်ပြောမယ်…

အဲဒီသဂျီးကို ရွာထဲကလူတွေက ဖိန်.ဖိန်.တုန်အောင်ကြောက်ကြတယ်ကွဲ.. ကြောက်တယ်ဆိုပေမယ့် ရှေ.မှာသာ ကြောက်တာ.. နောက်ကွယ်မှာတော့ နှာခေါင်းရှုံ.ကြတာပေါ့ကွယ်…

အဲဒီအထဲက ရွာလယ်လမ်းမှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ အလှဖန်တီးရှင် မိုက်ကယ်ဂျော်ဒကယ်အောင်ပု ဆိုတဲ့သူပေါ့.. သူအလှပြင်ဆိုင်ကို သူကြီးက ရှယ်ယာထည့်ထားပြီး မာမီအောင်ပုက တစ်လလုံး ဖင်ပြဲအောင် အလှဖန်တီးပြီး ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံကို လကုန်ရက်တိုင်း သူရှယ်ယာထည့်ထားတယ်ဆိုပြီး တဝက်တဝက် လာလာယူနေလို.လေ……

ဟယ်တကယ် ဆိုးလိုက်တာနော် ဖေဖေ…

အေးကွဲ. ဆက်နားထောင်သမီး….

ဟုတ်..

အဲဒါကြောင့် မိုက်ကယ်ဂျော်ဒကယ် အောင်ပုလဲ သူဂျီးရှေ.မှာဆို ဟဲဟဲဟဲဟဲ နဲ. နောက်ကွယ်မှာ အတင်းတုတ်တော့တာပေါ့ကွယ်…

သူဆိုင်မှာ အလှလာပြင်ကြတဲ့ ရွာကွမ်းခြင်း၊ပန်းခြင်း ကိုင် ပျိုမေချောတွေကို သူဂျီးမကောင်းကြောင်းဖွတာပေါ့…. အလှလာပြင်တဲ့ အီးဒုံးတို.၊ ချွေအိတို.၊ ကေဇိ တို. ၊ဗုံဗုံတို. အိုလူအစုံပဲပေါ့ကွယ်… သူတို.လဲ မာမီအော်ပုပြောတော့ သဂျီးမကောင်းကြောင်းအကုန်သိနေတာပေါ့..

မာမီအောင်ပုက သူဂျီးရဲ.အကြောင်းအတွင်းအထိသိတယ်ကွယ့် ဘာလို.လဲဆိုတော့ သူသက်တော်စောင့် ဓားအာဂရဲ. ဇနီး နွယ်ဘင်ကလဲ မာမီအောင်ပုဆိုင်ကို ဆံပင် ကောက်လိုက်ဖြောင့်လိုက်ဆိုတော့ ပြီးတော့ရှိသေးတယ်… သူဂျီး ပီအေ.. ကြောင်ဝတုတ်ကလဲ ယောင်္ကျားအရင့်အမာကြီးက ဆံပင်လာလာဖြောင့်တာကိုး အဲဒီလူတွေဆီကနေ သူဂျီးအတွင်းရေးတွေကို သိနေတာပေါ့ကွယ်…..

ဟင်ဖေဖေ အဲဒီ ဦးကြောင်ဝတုတ်ဆို တာ ဘယ်လိုပုံကြီးလဲ ဖေဖေ…

အော် သမီးရယ်.. လူကောင်ထွားထွား အလှပအသိပ်ကြိုက်တဲ့ ကြောင်မျက်နှာနဲ. လူကြီးပေါ့ကွယ်..

အော်…ဟုတ်လား..

အင်းပေါ့ သမီးရယ်…. အဲ ဒါနဲ. မာမီအောင်ပုဆိုင်ကို အလှမပြင် ဆံပင်မညှက်ပဲ လာလာနေတဲ့သူတွေလဲရှိတယ်ကွဲ…

ဟင်ဟုတ်လား…..ဘယ်သူတွေလဲဖေဖေ…

အေးသူတို.ကတော့…. ရွာဆော် လူပျိုကြီး အမတ်မင်း ဆိုတဲ့လူနဲ.. သူကိုသူ လူပျိုလို.ပြော တဲ့ မုဆိုးဖို ကြောင်ကြီး ဆိုတဲ့သူတွေပေါ့ကွယ်….

လူပျိုကြီး အမတ်မင်းကတော့ မာမီအောင်ပုဆိုင်ကို လာတဲ့ ကွမ်းခြင်း၊ပန်းခြင်း ကိုင် အပျိုချောတွေထဲက ဘယ်သူ.ရရ တစ်ယောက်လောက်ရနိုင်ကောင်းပါရဲ.ဆိုတဲ့ အတွေ.နဲ. လာလာနေတာပေါ့ကွယ်..

မုဆိုးဖို ကြောင်ကြီးကတော့ သူဂျီးရဲ. တဦးတည်းသော သမီး အလှပဂေးလေးကို အသေရရ အရှင်ရရ ခိုးပြေးဖို. အသက်ပြည့်တဲ့အထိစောင့်ရင်း မာမီအောင်ပုဆိုင်မှာ လာလာ စနည်းနာတာပေါ့ …..ကွယ်…

တစ်ခါတလေ သဂျီးသမီးလေး မာမီအောင်ပုဆိုင်လာလာ ဆံပင်ညှပ်ရင် ဦးကြောင်ကြီးက မုန်.လေး ချိုချဉ်လေး ဝယ်ကြွေးပြီး ပိုးပန်းတာပေါ့ကွယ်….

ဟင်ဟုတ်လား…. အဲဒီ သူဂျီး သမီးက သမီးတို.အရွယ်လားဟင် ဖေဖေ..

အင်း သမီးထက်တော့ကြီးတာပေါ့…

ဟင် ဒါဆို အဲဒီ ဦးကြောင်ကြီးဆိုတဲ့ လူကြီးက ကြောက်စရာကြီးပေါ့နော်..

အေးပေါ့.. သမီးလဲ အဲလို လူတွေကို ဝေးဝေးရှောင်နော်သမီး..

ဟုတ် ဖေဖေ…

ပြီးတော့ သူဂျီးကို မကျေနပ်တဲ့သူနောက်တစ်ယောက်ရှိသေး တယ်ကွဲ. သူကတော့ ရွာအစွန်မှာနေတဲ့ အရက်ပုန်းဆိုင် ဖွင့်ထားတဲ့ ထောင်ထွက်ကြီးမိုက် ဆိုတဲ့သူပဲကွယ့်…

ဟင် နာမည်ကြီးကလဲ ထောင်ထွက်ကြီးမိုက်တဲ့… သူက တကယ် လူမိုက်ကြီးလားဟင် ဖေဖေ..

အင်းဘယ်လို ပြောရမလဲ သမီးရယ်..

မိုက်တော့မိုက်တယ်ကွဲ. ဒါပေမယ့် လူမိုက်တော့မဟုတ်ဘူး… လူမသတ်ရဲဘူး လူမပြောနဲ. ပုရွက်ဆိတ်တောင်မသတ်ရဲဘူးကွယ့်.. ဒါပေမယ့်… သူမိုက်ရဲတဲ့သူက သူသောက်နေကျအရက်ပုလင်းကွဲ.. အရက်ရောင်းရင်း မြည်းရင်းနဲ. သူသောက်နေကျပုလင်းကို မိုက်ကြေးခွဲခွဲပြီး အညှိုးတကြီးသောက်တတ်တယ်ကွဲ.

ဟုတ်လား.. ဒါနဲ. အဲလူကြီးက သူဂျီးကို ဘာလို.မကျေနပ်တာလဲဖေဖေ…

အော် ဒီလိုကွဲ. သူဆိုင်မှာလဲ သူဂျီးက ရှယ်ယာဝင်ထားသေးတယ်လေ…

ဟင် ဟုတ်လား…

အေးကွယ့်… သူက ရှယ်ယာဝင်ထားတယ်ဆိုပြီး ညနေညနေ ကြီးမိုက် အရက်ပုန်းဆိုင်လာလာပြီး သောက်စား ရမ်းကား သွားတယ်လေ… ပြီးတော့ ရှယ်ယာမန်ဘာဆိုပြီး ပါးစပ်က တတွတ်တွတ်ရွတ်ပြီး ရောင်းရငွေထဲက တဝက်ကို ယူသွားသေးတယ်….ကွယ်..

အဲဒီတော့ အရက်ပုန်းဆိုင် ပိုင်ရှင် ကြီးမိုက်က အရက်လဲအလကားသောက်သေး.. နေ.တွက်လဲယူသေးဆိုပြီး မကျေနပ်တာပေါ့ကွယ်… ပြီးတော့ မူးလို.မခေါင်းမထောင်နိုင်ရင်လဲ.. အိမ်ပြန်လိုက်ပို.ရသေးတယ်ကွယ့်.. အဲလို အိမ်ပြန်ပို.တာတောင် ရိုးရိုးပို.လို.မရဘူးကွယ်.. အရက်ဆိုင်ပိုင်ရှင် ကြီးမိုက်ခမျာ.. ရွာမီးသတ်ဗိုလ် ကိုခင်ခကို ပြေးခေါ်…. ပြီးတော့ ရွာလယ်က လှည်းငှားပြီး ရှေ.ကနေ မီးသတ်ဗိုလ် ကိုခင်ခက ခရာ တရွှီးရွှီး မှုတ်ပြီး ရွာလယ်လမ်းကြောင်းရှင်းပြီးမှ လိုက်ပို.ရတာကွယ့်…

အဲလိုဆိုတော့လဲ အရက်ပုန်းဆိုင်ပိုင်ရှင် ကြီးမိုက် ခမျာ ဒေါသဖြစ်ပြီးပေါ့.. ဒေါသဖြစ်ပေမယ့်လဲ သူဂျီးလာရင် သကာအုပ်ထားတဲ့ မျက်နှာနဲ. လောကွတ် လုပ်ပြီး ပြုံးပြနေရရှာတယ်ကွယ်…. အဲလိုမလုပ်ရင် သူ.အရက်ပုန်းဆိုင် ပါမစ်ကို သူဂျီးက သိမ်းလိုက်မှာလဲ စိုးရိမ်ရသေးတယ်ကိုးကွယ်…

ဟယ် သူဂျီးကလဲ ကိန်းကြီးခန်းကြီး နိုင်လိုက်တာနော်… ဖေဖေ..

အေးပေါ့ကွယ်.. သူက သူဂျီးကိုးးးးကွယ့်…

အဲလိုလဲ သူဂျီးကို ပြန်ပို.ပြီးတော့ ထောင်ထွက်ကြီးမိုက်ခမျာ သူသောက်နေကျ အရက်ပုလင်းကို အောင့်အီးထားတဲ့ ဒေါသတွေ ပေါက်ကွဲတော့တာပဲ.. အရက်ပုလင်းကို စိမ်းစိမ်းကားကားကြီးကြည့်လိုက်.. တောက် ခေါက်လိုက် တခွက်သောက်လိုက် ထွီဆိုပြီး တံတွေး ထွေးလိုက်နဲ.ပေါ့ကွယ်…

တစ်ခါတလေ သူဆိုင်မှာ လာသောက်ကြတဲ့ ကိုပေ တို.၊ ကိုလုလင်တို.၊ မောင်ရဲစည်တို.၊ ကိုရင်ဘလက်ချောတို.၊ ကိုပေါက်ဖော်တို.၊ကဗြာဆြာ ကမ်းဝေး တို. အဲ အဲဒီလူတွေနဲ. သူဂျီးမကောင်းကြောင်း ပြောတော့တာပေါ့ကွယ်…

ပြီးတော့ သူဂျီးကို ရှယ်မကျေနပ်တဲ့ သူရှိသေးတယ်ကွဲ. သူကတော့ ရွာ တောင်ပိုင်းက ကန္နားစီး မိဂီ ဆိုတဲ့ ဂျော်ဒကယ် တစ်ယောက်ပေါ့…

ဟင် ဖေဖေ သဂျီးက နတ်ကန္နားပွဲထဲမှာလဲ ရှယ်ယာပါတာလားဟင်…

အော် အဲလိုတော့ ဘယ်ပါလို.ရမလဲသမီးရယ်…

ဒီလိုကွယ့်… ကန္နားစီး မိဂီက နတ်ပွဲတစ်ပွဲလုပ်ရင် အရက်၊ကြက် အစုံအလင် ကို အတွင်း ၃ရမင်း၊အပြင် ၃ရမင်း နဲ. အထဲ ၁မင်းတို.ကို ပူဇော်ပသရတာကွယ်…

ဟင် အထဲ ၁မင်းဆိုတာ ဘာလဲဟင်ဖေဖေ..

အော် ၁မင်းဆိုတာ သူဂျီးမင်းကိုပြောတာကွယ်…. သဂျီးမင်းက နတ်ကန္နားပွဲပြီးရင် နတ်လာပူဇော်ပသကြတဲ့ ရွာသူားတွေ ပူဇော်ပသထားတဲ့ ဘလက်တို.၊ ရက်ထ်တို.၊ဘလူးတို. ကို ကြက်ကြော်၊ဘဲဥ နဲအတူ လာလာယူတာပေါ့ကွယ်…

ဟင် ဖေဖေ ဘလက်ဆိုတာ ဖေဖေ ရှေ.ကပြောထားတဲ့ အရက်ဆိုင်က ဦးဘလက်ချောလားဟင်…

အော်မဟုတ်ဘူးကွယ့်… ဘလက်ဆိုတာ အရက်နံမယ်ကိုပြောတာ သမီးရဲ.

ဟင် ဒါဆို ဦးဘလက်ချော နံမည်ကြီးက အရက်နံမည်ကြီးပေါ့နော်…

ဟဟဟဟ……… အေးပေါ့သမီးရဲ. သူလဲ သူကြိုက်လို.အဲဒီ နံမည်ပေးထားတာနေမှာပေ့ါကွယ်..

ကဲကဲ ဆက်ပြောမယ်..

အဲလို အရက်တွေ၊ကြက်တွေကို လာယူရင် သဂျီးကိုယ်တိုင် လာမယူဘူးကွဲ. သူရဲ. ပြာတာလေး မောင်အံစာဆိုတဲ့ မျက်နှာလေးထောင့်နဲ.ကောင်လေးကို လွှတ်လိုက်တာကွယ်… အံစာဆိုတဲ့ကောင် လေးကလဲ ကန္နားစီး မိဂီဆီက အရက်ကောင်းတွေကို ထောင်ထွက်ကြီးမိုက်ဆိုင်မှာ ပြန်ပြန်ရောင်းပြီး.. အဲဒီ ပုလင်းအခွန်ထဲကို အရက်ဖြူ နဲ. ထန်းလျှက်ရည်ရောမွှေထားတဲ့ အရက်တွေကို ထည့်ပြီး သဂျီးမင်းဆီ ယူယူ သွားတာပေါ့ကွယ်….

သဂျီးကလဲ နိုင်ငံခြားဖြစ်အရက် ဆို ပုလင်းတောင်မြင်ဘူးတာမဟုတ်တော့ မဲပြာပြာကောင်လေး ယူလာသမျှ အရက်တွေကို နိုင်ငံခြားအရက်ဆိုပြီး အားရပါးရသောက်တော့တာပေါ့…. သောက်ရင်းသူကပြောသေးတယ်.. ဟဲ့ အံစာ မင်းဟာက ချိုပြင်းလေး ပါလားကွ ဆိုပြီး ဘုမသိဘမသိနဲ. ဂုဏ်ယူစွာနဲ. အရက်ဖြူတွေကို သောက်နေတာပေါ့ကွယ်…..

အဲဒါ ကန္နားစီး ဂျော်ဒကိ မိဂီကတော့ ဟိုလူတွေလို အတင်းပြောစရာလိုမရှိတော့… သူအိမ်က နတ်ရုပ်တွေနဲ. အတင်းပြော တိုင်တယ်တော့တာပေါ့… အတွင်း ၃ရမင်း အပြင် ၃ရ မင်း ၁၀၁ပါးသောမင်းအား သူဂျီးမင်းကို ဝိုင်းကိုင်ပေးဖို.တိုင်တည်ပူဇော်ပသတာပေါ့ကွယ်………

အဲဒါပေမယ့် သူဂျီးကို တစ်ရွာလုံးမတည့်ပေမယ့်… တည့်တဲ့တစ်ယောက်တော့ရှိတယ်ကွဲ. သူကတော့ တရုတ်ပြည် က ပြည်ပြေး တရုတ်ကြီး ကြေးမှုံကြီး ဆိုတဲ့သူပေါ့ကွယ်… သူ တရုတ်ပြည့်ကပြေးလာပြီး မန်းလေးဂဇတ် ရွာကိုရောက်လာပြီး သူဂျီးမင်းကို အစစ အရာရာ ငွေးကြေးနောက်ကွယ်ကနေ ထောက်ပံ့နေ တာပေါ့… အလကားတော့ထောက်ပံ့တာမဟုတ်ဘူးကွယ်.. သူက ရွာကထွက်သမျှှပစ္စည်းတွေကို ဈေးပေါပေါနဲ.ကောက် တရုတ်ပြည်ပို. တရုတ်ပြည်က ဘေထုပ်တွေပြန်သွင်းရွာမှာရောင်း…. အဲလိုလုပ်တာကွယ့် … ရွာအဝင်အထွက် ကို ထမင်းထုပ်ကအစ ဖြည်စစ်တဲ့ ရွာလုံခြုံရေးမှူး မီးသတ်ဗိုလ် ကိုခင်ခ လဲ ကြေးမှုံကြီးအထုပ်ဆိုလို.ကတော့ မျက်စောင်းတောင် ယောင်မထိုးမိအောင် သတိထားရတယ် ကွယ်…

ဘာလို.လဲ ဖေဖေ..

အော်သမီးရယ်.. သူဂျီးမင်းနဲ. သူက ပိုင်သကိုးကွယ်… စပွန်ဆာလေ စပွန်ဆာ..

အော်..အဲလိုလား..

ကြေးမှုံကြီးရဲ. ဟန်ပြအလုပ်ကတော့ ရွာ လယ်လမ်းဘေး မြေကွက်ကျယ်ကြီးမှာ ဘေထုပ်ဆိုင် ကြီး ဟီးလို. ဖွင့်ထားတာပေါ့ကွယ်.. နောက်ကွယ်မှာတော့ သူဂျီးမင်းနဲ.ပေါင်း.. မှောင်ခိုဈေးကွက်အကြီးကြီးကို လုပ်နေတာပေါ့..

အဲလိုနဲ. ရွာသူားတွေ မကျေမနပ်တွေဖြစ်လာတော့ ရွာထဲက နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ ဦးဦးပါလေရာ နဲ. ကိုနိုစို.မိ တို.က ရွာသူားတွေနဲ. တိုင်ပင်ကြတော့တာပေါ့…

ဖေဖေ ဖေဖေ…

ဟေ သမီး..

ကိုနို.စို.မိ ဆိုတာ သမီးနဲ. ရွယ်တူလားဟင်…

ဟင် ဘာလို.လဲသမီး..

နို.စို.မိ ဆို… သူလဲ သမီးလို မေမေနို.ကို စို.တာပဲလားလို.လေ..

အော် ဟဟဟ သူက ဖေဖေထက်တောင် အများကြီး အသက်ကြီးတယ်ကွယ့် သူနာမည်က နိုဇိုမီ သမီးရဲ… နှစ်ကာလ ရှည်လျားပြီး ခေါ်ရင်းခေါ်ရင်းနဲ. နို.စို.မိ လို.ဖြစ်လာတာကွယ်… သူနို.စို.မစို.တော့ ဖေဖေလဲ သေချာမသိဘူးကွဲ..

ကဲကဲ ဆက်အုံးမယ်.. အဲလိုနဲ. ရွာထဲက မိတ်ကပ်ဖန်တီရှင် မိုက်ကယ်ဂျော်ဒယ်အောင်ပု၊ အရက်ပုန်းဆိုင်ပိုင်ရှင် ထောင်ထွက်ကြီးမိုက်၊ ကန္နားစီး ဂျော်ဒကိ မိဂီ၊ အရက်သမားသမဂ္ဂ ကိုဘလက်ချောဦးဆောင်တဲ့ ကိုအမတ်မင်း၊ တရုတ်ပြန် မောင်ရဲစည်၊ BE ပေါက်ဖော်၊ ကဗျာဆရာ ကမ်းဝေး…. အစရှိတဲ့ ရွာသားတွေ စုပြီး သူဂျီးမင်းဆီ ဒီမိုကရေစီ ရအောင်တောင်းမယ်ဆိုပြီး လုပ်ကြတာပေါ့…

ဒီမိုကရေစီဆိုတာ ဘာလဲ ဖေဖေ…

အော် ဒီမိုကရေစီဆိုတာ ဖေဖေလဲ သေချာမသိပါဘူး သမီးရယ်… နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ ဦးဦးပါလေရာ နဲ. ကိုနိုစို.မိ ပြောတာကတော့ ဒီမိုကရေစီဆိုတာ လုပ်ချင်တိုင်းလုပ်လို.ရတယ်လို.ပြောတာပဲ..

အော် အဲလိုလား..

အေးကွယ့်.. ကဲကဲ သမီးရေ… ညဉ်.လဲနက်နေပြီး အိပ်တော့နော်…

ဟင်ဖေဖေကလဲ ဆက်ပြောပြအုံး….

အော်သမီးရယ်.. မနက်ကျဖေဖေက ရုံးသွားရအုံးမှာနော်……

ဟင်းးးးးးးးးး ဒါဆိုလဲ ပြီးရော…. မနက်ဖြန်ကျ ဆက်ပြောပြရမယ်နော်…..

အေးအေး အေးးးး ပါသမီးရယ်.. အိပ်တော့နော်…..

 

TO BE CONTINUE >>>>>>>>>>

41 comments

  • Mr. MarGa

    December 11, 2013 at 11:42 am

    ဖေဂျီး ဖေဂျီးး
    အဲ့လို တစ်ဝက်တစ်ပျက်နဲ့ရပ်မထားနဲ့လေ
    ဆက်ပြောမှပေါ့ဂျ
    အခုကျ အိုက်သဟာကို ဘယ်သူ့ဆီ သွားမေးရပ
    ဟို အူးအူး ပါလေရာကလဲ ဒီကလေး ဘာတွေ လာမေးမှန်းမသိဆိုပြီး ခေါင်းတောင် ခေါက်လွှတ်ဦးမယ်
    ဒါဗျဲနော် နက်ဖန် ဆက်ပြောပြ
    မပြောပြရင် မေဂျီးနဲ့တိုင်ပြောမယ်.. :mrgreenn:

    • ရွှေတိုက်စိုး

      December 11, 2013 at 11:43 am

      တိန် သကြားမင်းက ဖေဂျီးဆိုပါလား…..ဟေဟေဟေ့ ငါရာထူးတယ်မြင့်ပါလား.. တဂျားကတောင် ဖေဂျီးခေါ်ရတယ်..ကွ… :-B:

      • Mr. MarGa

        December 11, 2013 at 11:46 am

        ဟီးဟီးးး ဟိုလေးထောင့်တုံး မလာခင် အရင် နေရာကြိုဦးထားတာ….

  • ဦးကျောက်ခဲ

    December 11, 2013 at 11:52 am

    သမီးရေ ရနောင်မောင်မောင်ကျောက် တိုးတိုးလေး သတင်းပေးရဦးမယ်…
    ရွာထဲက ထောင်ထောင်မောင်းမောင်း ဆယ်အိမ်ခေါင်း ရွှေတိုက်ဆိုတာ…
    တဂျီးရဲ့ ပါတနာတဲ့ကွယ်… မူးလာရင်လည်း အလွန် သွေးဆိုးသတဲ့…
    😀

    • ရွှေတိုက်စိုး

      December 11, 2013 at 11:59 am

      အော် သူလေးက မဆိုးရှာပါဘူးကွဲ…. သူဂျီးမင်းကြောက်ရလို.သာ.. ခိခိ
      မူးလာလို. မာဆက်လေး ကေတီဗွီလေး သွားချင်တာကိုများ သွေးဆိုးသတဲ့လားကွယ့်..
      ဒါဆိုရင် Prome မှာ ထိုင်ထိုင်ဟိုလူကြီးတွေ အကုန်လူဇိုးတွေဖြစ်ကုန်မှာပေါ့နော်… ဟိဟိ..
      :kwi: :hee:

  • KZ

    December 11, 2013 at 11:56 am

    သူ့ အရပ် နဲ့
    သူ့ ဇာတ် တော့ ဟုတ်လို့ပဲ။
    :kwi:

    • ရွှေတိုက်စိုး

      December 11, 2013 at 12:47 pm

      ဟင် အရပ်က ဘယ်ကပါလာရပြန်တာဒုံး.. အန်တီကေဇီ…
      အရပ်ကို မစော်ကားနဲ. မိုက်ကယ်ဂျော်ဒယ်အောင်ပု လက်ထဲ ဆံပင်အကျေကောက် ကောက်ခိုင်းပလိုက်ရမလား…..ငှဲငှဲငှဲ
      :-B

  • nozomi

    December 11, 2013 at 11:58 am

    ကလေး အဖေဖြစ်လာရင် စိတ်ထဲ ရှိတဲ့ အကြောင်းအရာ တစ်ခုကို ကလေး စိတ်ဝင်စားလာအောင် ပုံပြင်လုပ်ပြောတတ်ဘို့ လိုတယ် ၊ မပြောနိုင်လို့ကတော့ ကလေး ဂျီ ကျတာ ခံပေရော့

    ရွာထဲက မကြာခင် ကလေးရှိလာနိုင်တယ် လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ ရွာသူားများ ကိုတိုက်ဆီ ပုံပြောသင်တန်းလေး အရင်တက်ထားသင့်တယ်

    ဒီ လို ပုံပြောကောင်းတဲ့ လူမျိုး ရှာရ ခက်တယ်နော

    • ရွှေတိုက်စိုး

      December 11, 2013 at 12:36 pm

      ကိုနိုကြီး ကျွန်တော့်သမီးနဲ.တွေ.ရင်တော့ ဒီမိုကရေစီဆိုတာ ဘာလဲ မေးမှာနော်… အဖြေပြင်ထားပေတော့..
      ပြီးတော့ နို.စို.မိ ဆိုတာကြီးလဲ ရှင်းပြရမှာနော်….
      ဟားဟားဟား…

  • surmi

    December 11, 2013 at 12:01 pm

    ဖတ်​ရင်​း..
    ရီ (ရယ်​) ရင်​း…
    သီး​တောင်​ သီးတယ်​…
    သဂျီးတို့များ အဘုပ်​အကိုင်​​ကောင်​းချက်​ 🙂

    • ရွှေတိုက်စိုး

      December 11, 2013 at 12:50 pm

      အော် ငပိကုန်သည် ကိုရင်ဆာ အကြောင်းကို ဘယ်နားထည့်ပြောရင် ကောင်းမလဲဟင်…
      🙂

  • sorrow weaver

    December 11, 2013 at 12:05 pm

    ကျောက်စ် ရေ ..ကျောက်စ် ရဲ့ ….ကိုရွှေတိုက်စိုးကြီးကို အမှီလိုက်ရအောင်ဗျာ …နေနှင့်အုံး…အမြွာပူးမွေးပစ်မယ်…အာဟိ…

    • ဦးကျောက်ခဲ

      December 11, 2013 at 12:23 pm

      မီလုပ်နဲ့ ကဆောရိုး… လက်သီးပြင်းတယ်လို့ ယိုးစွပ်လိမ့်မယ်…
      ဒါပေသည့် “ဇ” တော့ အပြချင်သား… ဟီ ဟိ
      😀

      • ရွှေတိုက်စိုး

        December 11, 2013 at 12:44 pm

        အမလေး ပြောအားရှိတဲ့သူဆိုတော့ ပြောထားအုုံးပေါ့ဗျာ..
        ကိုကျောက်ခမျာ စက်ဘီစီး စတတ်ခါစလိုပဲ… လူတိုင်းကို စက်ဘီး စီးပြချင်နေတာ.. ခွီခွိ
        🙂

    • ရွှေတိုက်စိုး

      December 11, 2013 at 12:42 pm

      ကိုဆောရိုးရေ လုပ်လိုက်လေ ကြာသလားလို…
      အမြွှာများလွယ်တယ်ထင်သလားအေ…. ဇရှိမှ ရမှာနော…..ခိခိခိ..

  • မဟာရာဇာ အံစာတုံး

    December 11, 2013 at 1:09 pm

    ညီငေးး ရွှေတိုက်
    ညီငေး သမီးက ပုံကြိုက်တယ် ဟက်လား ..
    ကိုဂျီး တစ်ထောင့်တစ်ည ပုံပြင်တွေ ပြောပြပေးမယ် …
    ဒီတော့ ပုံကျိုက်တဲ့ ညီငေး သမီးကို ကိုဂျီးဆီမှာ တစ်ထောင့်တစ်ည ပို့ထားလိုက်ဘာ …
    ပုံပြောခ ဖရီးပါကွာ ….

    • ရွှေတိုက်စိုး

      December 11, 2013 at 1:39 pm

      အောင်မာ သူဂျီးပြာတာ ငအံချာ… နင်ဟာလေ… ငါပွတ်ထည့်လိုက်ရ ခြောက်ထောင့်ကနေ စက်လုံးဖြစ်တော့မယ်….
      နင့်ဆီတော့ တစ်ထောင့်တည မပို.နိုင်ဘူးဟေ့…. ပို.မယ့်ပိုတော့… ရန်ကုန်တိရိစာ္ဆန် ဥယျဉ်က မျောက်ရွာပဲ ပို.လိုက်တော့မယ်… ကဲရှင်းပလား…..
      နီနာ့ဂို ယောက်ခမောက်တော်ချင်ရင် နာနဲ. ဘီယာယှဉ်သောက်နိုင်အောင် အသောက်လေ့ကျင့်ထားဒါဘဲ…

      • မဟာရာဇာ အံစာတုံး

        December 11, 2013 at 3:58 pm

        အသောက်လေ့ကျင့်ထား ဆိုဒေါ့ကာ …
        သဘောက .. ဆိုလိုတဲ့ သဘောက …
        ပေးတော့ ပေးချင်တယ် …
        လူအမြင်မှာ သိက္ခာရှိရှိ ဖြစ်သွားအောင်လို့ အသောက်လေ့တော့ လေ့ကျင့်ထားလို့ ဆိုတာပေါ့ …
        ပတ်ဝန်းကျင်ကို မှုမနေစမ်းဘာနဲ့ ဒက်ဒီရာ …
        ပေးမှာသာ ပေးလိုက် …
        ဒီက ယူပြီးသား …
        ဒီမှာလေ .. ရော့ယူလိုက်ဆို .. ဒီက အချိန်မရွေး လက်ကမ်းမယ့် လူပါ ..
        ဒီလောက် သဘောထားကြီးတာနော် … ဟွန့် …

  • kyeemite

    December 11, 2013 at 3:13 pm

    “ရွာအစွန်မှာနေတဲ့ အရက်ပုန်းဆိုင် ဖွင့်ထားတဲ့ ထောင်ထွက်ကြီးမိုက်” တဲ့
    “တိန်”
    နာမည်သာ“ကြီးမိုက်” …လူကမမိုက်ရဲပါဘူးကွာ
    ရွာထဲမလဲ ကိုယ့်ထက်မိုက်တဲ့သူတွေချည်းမို့…
    ကျုပ်ဆိုင်မှာအရက်ခေါ်တိုက်ပြီး ဒေါမပွ ပွအောင် အစသန်သူတွေလည်းရှိသေး…ဟေးဟေး
    😀

    • ရွှေတိုက်စိုး

      December 11, 2013 at 3:45 pm

      အဲဒါကြောင့်ပြောတာပေါ့… ဒီကြားထဲ မိုက်လုံးကြီးတဲ့ ပျိုတို.မောင် တစ်ယောက် လိုက်ထိန်းနေရသေးတယ် မို.လား…
      ဦးကြီးမိုက်ကြီး ဒီမိုကရေစီ ရရင် ဘာလုပ်မှာလဲ ဟင်တဲ့ ကျွန်တော် သမီးလေးက….. မေးနေတယ်…

      • kyeemite

        December 12, 2013 at 9:24 am

        ဒီမိုကရေစီ ရရင် လည်း အရက်ပုန်းဆိုင်ကို လိုင်ဆင်ဆိုင်အဖြစ်ပြောင်းဖွင့်မယ်သမီးလေးရေ
        ဟို သဂျီးကိုလည်းကြာက်စရာမလိုတော့ ရှယ်ယာမပေးတော့ဘူးပေါ့..ဟိ
        😀

  • kai

    December 11, 2013 at 3:52 pm

    မြို့ပြောင်းထားပါတယ်..ဟာပဲ..ဟာကို..ပဲဟာပဲကိုကွယ်…
    နေဦး..
    မြို့နဲ့တန်အောင်.. ထောင်ကြီးကြီးဆောက်ပြီး.. ချပစ်ဦးမယ်..
    အိမ်ထောင်.. :kwi:

    • ရွှေတိုက်စိုး

      December 11, 2013 at 3:59 pm

      အိုသဂျီးနှယ့် ဆုံးအောင်ဆက်စောင့်ဖက်အုံး… မြို.ပြောင်းထားတာသိပါတယ်ဗျ…
      လာမယ် လာမယ်… မြို.ပြောင်းထားတာကို ပါကိုပါစေရမယ်…
      ရေးထားပြီးသား…

      အင်းထင်တော့ထင်တယ်… ဒီရက်ပိုင်း အိမ်ထောင်ကျကိန်းမြင်တယ်လို. ဗေဒင်ဟောထားတာ…. ထောင်အကြိးကြီးတော့ မလုပ်ပါနဲ. စမောလေးနဲ.ဆို အဆင်ပြေပါတယ်…. လှလှလေးတော့လုပ်နော် သဂျီး…..ဟိဟိဟိ
      🙂 😀 :hee:

    • မဟာရာဇာ အံစာတုံး

      December 11, 2013 at 4:02 pm

      ခင်ဗြားကြီး ချပေးတိုင်း ကျမယ့်သူစာရင်းမှာ ကျုပ် မပါဘူး
      ကျုပ်ဟာကျုပ် ချမှာ ….
      စကားမစပ် …
      မြို့မှန်းသိအောင် မြို့လို့ ခေါ်စေချင်ရင်
      ပွိုင့်တွေ ထပ်တိုးပေးဘာ … ငှဲငှဲ …
      စကားမစပ် ..
      ကျုပ်နဲ့ ကျုပ်သည်းလေးပွိုင့်ကို ပေါင်းပီး ပေးလို့ရဖူးလားငင်င်င် …
      :mrgreen:

      • ခင် ခ

        December 11, 2013 at 4:12 pm

        ဂဇက်မြို့ခုံတော် တရားရုံးက မောင်မဟာရာဇာ အံစာတုံးကို အိမ်ထောင် တစ်သက် ချမှတ်လိုက်သည်။ ချက်အရက်ကို မီးဖိုချောင်သုပ်လဖက်နှင့် တစ်ပေါင်းတည်း သောက်စေ။
        ဤကား ကြားခဲ့ရသော ကောလဟာလသတင်းတစ်ခုဖြစ်ပေသည်။

  • အဘရဟူဒီ

    December 11, 2013 at 4:35 pm

    သဂျီးကို မနှဲလေး ကိုင်လိုက်တယ် ကြားတာပဲ…
    မမနှဲ ဘာကြိုက်သဒုံး …. သိတယ်မလား ..ညီးဘွားငှဲ့

    အာဟိ…

    ဟိုစာချိုးပြင်မှ
    ငုံးဥခန့်လောက်… အောင့်တောင့်တောင့် ကို ……

    ဒက်ဂလောက် ဒက်ဂလောက်…

    • ရွှေတိုက်စိုး

      December 11, 2013 at 4:43 pm

      ဟာဂျာ ဟာဂျာ လုပ်ပြီဂျာ ဒီနေ. နေ.လည်စာ ကြေးအိုးစားတာ ကိုယ်ထဲက ငုံးဥ ကုန်သွားလို. သူများပုဂံထဲက ဟာတောင် လုစားလာဒါ…
      ငုံးအုခန်.လောက် အောင့်တောင့်တောင့်ကို အေသုံးလုံးဆိုဒ် ထပ်ကာ ပေါင်းတော့….

      ဒက်ကလောက် ဒက်ကလောက်…. ခိခိခိ…..

    • kai

      December 11, 2013 at 5:04 pm

      အဲဒီမနှဲလေး.. ဘာဆေးစားလည်းမသိဘူးနော…
      ကြီးကိုမလာတော့ဘူး..
      အသက်ပြောပါတယ်…။
      ဒေါက်ဂလက်…ဒေါက်ဂလက်…

      စကားအတင်းစပ်…
      ပွိုင့်တော့ပေါင်းမပေးနိုင်ဘူး..
      ဟို၂ယောက်ယူကြရင်.. “အားဆေး”လက်ဖွဲ့ပါ့မယ်..။ :kwi:

      • ဦးကျောက်ခဲ

        December 11, 2013 at 5:27 pm

        ဟို၂ယောက်ယူကြရင်.. “အားဆေး”လက်ဖွဲ့ပါ့မယ်..။ /

        သဂျီး… ကျောက်စ်တို့ကို ပြောတာလား…
        😀

        • sorrow weaver

          December 11, 2013 at 5:34 pm

          ကျောက်စ်ရယ်..ဟောင်ကောင်မှာ တရုတ်ဆေးအဲ့ကလောက်များတာကို …ကော်လွန်းထဲမှာအဲ့လိုဆိုင်များမှများ မဟုတ်လား..ရေနဂါးအခြောက်ကို အမှုန့်လုပ်ပြီး အရက်နှင့်သောက်ရတယ်တဲ့……စီနီယာများ အောင်မြင်ကြပါစေ….အာဟိ

  • alinsett

    December 11, 2013 at 5:50 pm

    အယ် ကောင်းခန်းဆို မီးကပြတ်ပြီ။

    ညန်ညန်ဆက် တိုက်တိုက်ရေ

    🙂

  • Ma Ma

    December 11, 2013 at 5:54 pm

    ဆယ်အိမ်ခေါင်းနဲ့ သဂျီးနဲ့ မသင့်မြတ်တဲ့အချိန်မှာ အင်္ဂလိပ်အခက် ဗမာ့အချက် ဆိုသလို
    နောက်ထပ်ရွာလူကြီး ရွေးကောက်ပွဲလုပ်ဖို့ မြေအောက်စည်းရုံးရေးလုပ်မှ :kwi:

  • cobra

    December 11, 2013 at 10:14 pm

    မလာတာကြာလို့ ရွာထဲဝင်လာတာ
    ပုံပြောကောင်းတဲ့ ဒို့ကိုကို နဲ ့ လာတွေ ့နေတယ်
    ညစ်နေတဲ့ အချိန် ဒီလိုပုံပြင်လေး
    ဖတ်လိုက်ရလို့ ကျေးဇူးပါ
    ကိုရွှေတိုက်

    • ရွှေတိုက်စိုး

      December 12, 2013 at 8:59 am

      ဟဟ အခုလို ကိုရင့် ညစ်နေတဲ့စိတ်ကို ဖြေဖျောက်နိုင်တယ်ဆိုလို.. ကျုပ် ဝမ်းသာမိသဗျာ…
      အခုလိုအားပေးလို.လဲ ကျေးဇူးနော….

  • marblecommet

    December 12, 2013 at 4:09 pm

    သာမီးလေးကလည်း သိလိုက်တာ လွန်ရော…
    ဖေဖေဖျစ်တဲ့သူကလည်း ဆုံးမတာ အတုံးလိုက်အတစ်လိုက်
    ဘာတဲ့
    သာမီးဂို ဆုံးမတာ ပြောပြာတာများ
    ဖင်ပြဲအောင် ရှာထားရတဲ့ ပက်ဆံ….ဒဲ့
    ခိခိခိခိခိခိ…….
    ဒုတိယပိုင်းသွားဖတ်လိုက်ဦးမယ်

    • ရွှေတိုက်စိုး

      December 12, 2013 at 4:31 pm

      အော်ကိုကမ်းနှယ့် ဒါ အဖေနဲ. သမီးကြားမှ ပွင့်လင်းမြင်သာမှုရှိတယ်လို.ခေါ်တယ်အေ့..
      အတုံးလိုက်အတစ်လိုက် မဟုတ်ဘူး ဗျ…
      ဒုတိယပိုင်းဖတ်ပြီးရင်လဲ မှတ်ချက်ရေးအုံးနော.. ကမ်ပြားဆြာ

  • လုံမလေးမွန်မွန်

    December 13, 2013 at 9:34 am

    သမီးလေးက လိမ်မာလိုက်တာ.. ဖေဂျီးပုံပြောတာကို သေချာနားထောင်ပြီးမေးတယ်.. 🙂

    ခုမှ ဖတ်မိတယ်..တိုက်တိုက်ရယ်.. ပုံလေးက ကောင်းလိုက်တာ… သဂျီးပြာတာကြီးကိုတော့ အမြင်ကတ်ပါ့… ဟိဟိ… ဒုတိယနေ့ဆီ ပြေးလိုက်ဦးမယ်…

    • ရွှေတိုက်စိုး

      December 13, 2013 at 10:29 am

      အေးပေါ့လေ အမြင်က ကပ်ပြီးပေါ့ဟိုက ခွာမှမခွာတော့တာ…. ဟိဟိ.. နောက်တစ်ခါ သံပြားဂေါ်လေးယူသွား ကပ်ကပ်သွားရင် ခွာရအောင် ခိခိ

  • ဦးကြောင်ကြီး

    December 14, 2013 at 11:58 am

    တရုတ်သဗုံ ကြေးမုံဂျီးအကြောင်း ဖွင့်ချတာတော့ အားရသကွာ.. လုပ်စမ်းပါအုံး ကေအန်ယူ ပက်ကညောသဗုံ ခွစ်စတယ်လှိုင်းအကြောင်း။။ ဒင်းက စစ်တိုက်ရင် အမ်၁၆ ဘယ်ညာနှစ်ဖက်ကိုင်ပစ် ဆိုဗဲ။

  • Paing Lay

    December 14, 2013 at 3:07 pm

    ဟိုက်ရှားဘားးးးးးးးးးးးးးးးကောမန့်တွေ တစ်သိုက်တစ်မြုံတစ်ထွေးနဲ့ ဒီမှာလည်း စည်ကားလို့ပါလားဂျို့ အူးရွှေတိုက်စိုးရေ To be continued မှာ ရွာထဲက လူသစ်တွေအကြောင်း ထည့်ရေးဖို့ အစီအစဉ် ရှိမရှိ :mrgreen:

  • TNA

    December 14, 2013 at 4:22 pm

    အော် ရွာနဲ့ တပါတ်လောက်အဆက်ပြတ်နေလိုက်တာ တိုက်တိုက်သမီးတောင် စကားပြောအတင်းတုတ် တတ်တဲ့အရွယ်ရောက်သွားတာတောင်မသိလိုက်ပါလားကွယ်။ :mrgreen:

Leave a Reply