အလွမ်း ခေါင်ရည်

ကျနော်က ပျောက်နေတော့

ခင်မင်သူတွေက လွမ်းသတဲ့

တစ်ကယ်ဆို နှင်းမှုန်တွေ ခင်းတဲ့ လမ်းထက် 

ကျနော် လွမ်းနေမယ်ဆိုတာရော….

…………………..

နှလုံးသားကို နှစ်ထပ်ကိန်းခွဲလိုက်ရင်..

အလွမ်း ညီမျှခြင်း အလွမ်းပေါ့..

ခင်မင်သူတွေကို လွမ်းလိုက်တာမှ….

ရွာကလေးကို လွမ်းလိုက်တာမှ……..

မျက်တောင်ဖျားလေး….တဆတ်ဆတ်ငို။

……

……

……

ကျနော်က  အလုပ်တွေများနေတာပန်းချီသင်တန်းပေးနေတာမို ့ပါ

ကျနော် ပန်းချီသင်တန်းဖွင့်တာ ၅ ကြိမ်မြောက်ပေါ့..။ ဒီမြို ့ရဲ ့အနုပညာ ခန်းမကြီးမှာပါ.. တစ်ခါဖွင့်ရင် ၁ဝ ယောက်ဘဲ လက်ခံပါတယ်..

ပန်းချီအသင်းက တောင်းဆိုလို ့ပါ။ သူတို ့က သတင်းစာမှာ ကြော်ငြာပါတယ်..ဒီနေ ့ကြေငြာရင် နောက်နေ ့ စာရင်းပြည့်တာပါဘဲ..

အဲဒီအချိန်တိုင်း ကျနော်က ခေါင် မဟုတ်တော့ဘူး….

မြန်မာနိုင်ငံသားဟေ့ ဆိုတဲ့ ….ပီတိစိတ်နဲ ့ ပန်းချီသင်ပေးတဲ့ကောင်လေးဖြစ်နေရော

..

နောက်မှ များများရေးမယ်နော်..

ခုပုံလေးတစ်ချို ့က သင်တန်းပုံတွေနဲ ့….

ရောင်စုံမြေဖြူအခြေခံကို ကျနော်က သင်ပြထားတဲ့ပုံတစ်ချို ့ပါ..

 ဒီအပါတ်စဉ်မှာတော့ အခြေခံ မျဉ်းအမျိုးမျိုး၊ အနီးအဝေး ၊အလင်းအမှောင်တွေကို ဖောင်းပေးပြီး သင်ဖြစ်ခဲ့ပါတယ်..

မြေအိုး မြေထည်၊ ကြွေအိုး ကြွေခွက်၊ သစ်သီး ပန်းသီး ၊ လူမျက်နှာနဲ ့အခက်ဆုံးရေစက်ရေပေါက်လေးတွေ ကို အလင်းဝင်ပုံကို လက်တွေ ့ရေးဆွဲပြခဲ့တဲ့ ပုံလေးတွေပါ….

2013-11-27 20.43.58

 

2013-11-27 20.43.48

 

2013-11-27 20.43.26

 

2013-11-27 20.43.17

 

2013-11-28 18.09.52

 

2013-11-28 20.11.05

 

2013-12-01 17.42.00

 

2013-12-01 17.42.27

 

2013-12-01 17.42.15

 

2013-12-02 17.07.45

 

2013-03-07 20.12.10

 

2013-12-07 22.05.03

 

2013-12-09 22.25.15

 

2013-12-09 22.25.28

 

2013-12-10 21.28.34

 

2013-11-27 20.43.02

 

2013-11-27 20.42.56

 

2013-11-27 20.42.43

 

2013-11-27 20.42.33

 

ကဲဖတ်ပြီး ကြည့်ပြီးလို ့ ပင်ပန်းရင်

မျက်လုံးလေးတွေ ခဏမှိတ်လို ့….

အလွမ်းတွေနဲ ့အိပ်စက်ရအောင်

အားလုံးကို လွမ်းရင်းခင်တဲ့

ခေါင်

 

22 comments

  • MAUNG

    December 12, 2013 at 7:28 am

    မျက်တောင်ဖျားလေး….တဆတ်ဆတ်ငို။

    လန်း တယ်ဗျာ ကိုကြီး ကျော်

    ပထမ ဆုံးရေစက် ရေပေါက် ပုံလေး အကြိုက်ဆုံး ဘဲ

  • alinsett

    December 12, 2013 at 7:40 am

    ဟေးးးးး
    ဦးခေါင်ရည် ပြန်လာပြီ

    မျှော်ရခေါ်ရကျိုး နပ်ပြီ
    🙂

  • KZ

    December 12, 2013 at 8:00 am

    လွမ်းနေတုန်း ကြည့်ရတာမို့လား မသိဘူးးး
    ကြိုက်တယ်။
    ရေစက်လေးတွေ အကြိုက်ဆုံးပဲ။

  • အဘရဟူဒီ

    December 12, 2013 at 8:52 am

    သင်တန်းသားတွေ ဆိုလို့ ချာတိတ်တွေ လာမယ်မှတ်တာ..
    စီနယာ စီတီဇင်တွေ များတယ်နော်.. အူးလေး…

    စနစ် နဲ့ လူ ကောင်းတဲ့တိုင်းပြည်တွေ ဆိုတော့လည်း…
    ငယ်ဘဝ က ဝါသနာနဲ့ ဘဝ တထပ်တည်း မကျခဲ့သူတွေအတွက်
    စိတ်ဝင်စားရာ လိုက်စားဖို့အတွက် … တချိန်မှာ စက္ကင်းန် ချဲန့်စ် ပေးတဲ့ သဘောလို့ မြင်မိရဲ့ဗျာ

    ရွာထဲလည်း သင်တန်းလာဖွင့်ပါဦးခည..

    ခင်တဲ့

  • ဦးကျောက်ခဲ

    December 12, 2013 at 8:59 am

    ဒီဘဝတော့ ပန်းချီဆွဲတတ်တော့မယ် မထင်ပါဘူး ဆြာခေါင်ရယ်…
    ဆြာခေါင့်လက်ရာလေးတွေကို အားကျငေးမောယုံမှတပါး…
    😀

  • kyeemite

    December 12, 2013 at 9:22 am

    ♫..♪.♪.♪ခုလိုပြန်လည်ဆုံတွေ့ရတာ ဝမ်းသာမဆုံးနိုင်ပေ♮ ♯ ♪ ♫ ♮ ♯ ♪ ♬ ♭ ♮ ♯…
    ပန်းချီသင်တန်း တွေ့တော့ သင်ချင်စတ်တောင်ပေါက်လာတယ်ဗျာ….
    မြန်မာနိုင်ငံသားဟေ့ ဆိုတဲ့ ….ပီတိစိတ်နဲ ့ ပန်းချီသင်ပေးတဲ့ကောင်လေးဖြစ်နေတဲ့ ဆြာခေါင်အတွက်လည်း
    ဂုဏ်ယူကြောင်းပါဗျာ.. 🙂

  • sorrow weaver

    December 12, 2013 at 9:59 am

    ဪရယ်…ပါရမီရှင်တွေများကြတော့လဲ ….Feeling အားကျ 🙂

  • မဟာရာဇာ အံစာတုံး

    December 12, 2013 at 10:09 am

    ပန်းချီသင်ဒန်းရဲ့ နည်းပြဆြာက ဘယ်မဒုန်း ခည …
    သူ့ကို ကျိဂျင်ဒါ …
    စကားမစပ် …
    မှုတ်ဆိတ်မွှေးနဲ့ လူဂျီးပုံကို သဘောကျသဗျာ …
    သင်ဒန်းပီးယင် ညန်ညန်သာ လှမ်းလာခဲ့တော့ဗျာ …
    ဒါဘာဗျဲစ် …

  • Mr. MarGa

    December 12, 2013 at 11:26 am

    သင်တန်းက ပြီးပြီမလားဗျ
    ကိုကြီးကျော်ရေ
    ့စာတွေ၊ ကဗျာတွေ၊ ပန်းချီတွေနဲ့ ပြန်အလာကို စောင့်နေမယ်ဗျ။
    ဖားသဂျိုးးး

  • Crystalline

    December 12, 2013 at 12:36 pm

    ရေစက်လေးတွေက တို့ချင်စိတ်တောင်ပေါက်တယ်.. :)) သင်တန်းသားတွေက လူကြီးတွေများတယ်နော်.. အချိန်သီးသန့်ခွဲထားတာထင်တယ်..

  • ဗုံဗုံ

    December 12, 2013 at 2:16 pm

    မျှော်သာမျှော် ပေါ်လာသော်…
    ရေခြားမြေခြား…ဇာတ်သမားလေးမို့
    ချစ်သနားခဲ့လို့အရောက်လှမ်းခဲ့ပါနော်…
    ချစ်သနားခဲ့လို့……အရောက်လှမ်းခဲ့ပါနော်…. :mrgreen:
    အူးခေါင်ကိုမြင်တိုင်း ဇာတ်သီချင်းဆိုချင်တာ…
    ရေစက်လေးတွေကို လက်နဲ့ ဗြန်းခနဲနေအောင်
    ရိုက်ပစ်လိုက်ချင်တာ… :mrgreen:

    • sorrow weaver

      December 12, 2013 at 2:38 pm

      ရေစက်လေးတွေကို လက်နဲ့ ဗြန်းခနဲနေအောင်
      ရိုက်ပစ်လိုက်ချင်တာ..ဆိုပဲ ..ဟယ်…ကြမ်းတမ်းလိုက်တာတော်..အနုပညာပစ္စည်းကို..အဲ့ကြောင့် ခြေထောက်နာတာဖြစ်မယ်…ဒီလူကြမ်းမကြီး ….အဟေးဟေး

  • marblecommet

    December 12, 2013 at 4:01 pm

    ဆရာ့ပို့စ်ကို ဖတ်ပြီး
    မဆီမဆိုင်ပဲ ပြောပြော
    ကေဇော်ကြီးကို သွားသတိရမိတယ်…
    ကမ္ဘာဦးမှာ မီးကိုစတင်တွေ့ရှိသူလို့
    ကြွေးကြော်ခဲ့တဲ့..သူပါ…..
    လေးစားလျက်ပါ ဆရာခေါင်..

  • Ma Ma

    December 12, 2013 at 5:29 pm

    ( နှင်းမှုန်တွေ ခင်းတဲ့ လမ်းထက် ကျနော် လွမ်းနေမယ်ဆိုတာရော….)
    မင်းသားလွမ်းတော့လည်း ကဗျာဆန်လိုက်တာ။ 🙂
    ပန်းချီကားလေးတွေကြည့်ပြီး ငယ်ငယ်က ပန်းချီဝါသနာပါခဲ့တာ သွားသတိရမိတယ်။
    ဝါသနာအရင်းခံပေမယ့် ဇွဲမသန်တော့ ခုထိကလေးပန်းချီအဆင့်က မတက်ဘူး။ 😀

  • padonmar

    December 12, 2013 at 9:06 pm

    မျှော်နေပါတယ် ခေါင်။
    ဆံပင်အဖြောင့် ကော်လာထောင်ထားတဲ့ ကောင်မလေးကြိုက်တယ်။သူ့ရုပ်က အဖြူမတွေနဲ့ မတူဘူး။နှုတ်ခမ်းဖူးဖူးလေးတွေ နဖူးပြည့်ပြည့်လေးတွေနဲ့ အလှကိုပေါ်အောင်ဆွဲထားတာကြိုက်တယ်။ရေစက်လေးတွေရောပဲ။

  • Nyo Win

    December 13, 2013 at 9:47 am

    အနုပညာမှော်အောင်တဲ့..ဆရာခေါင်..ပြန်ရောက်လာပြီပဲ…….။

  • kai

    December 13, 2013 at 5:22 pm

    အိုးတွေအောက်နားလေးလောက်မှာ.. အဖြူတစင်းခြစ်လိုက်တာ…
    သရီးဒီဖြစ်သွားရော…
    အံ့ဖွယ်… အနုပညာ..။ :kwi:

  • ဝင့်ပြုံးမြင့်

    December 14, 2013 at 12:14 am

    မျှစ်ကြော်က ရေစက်ပုံအထိရတယ်။ နောက်တစ်ဆင့်ကို မတက်နိုင်တော့တာ။ ဉာဏ်ရည်ကြောင့်လည်း ပါတာပေါ့။ ပုံတွေကြည့်ပြီး ပန်းချီရောဂါ တစ်ခါပြန်ထလာတယ်။
    တကယ်တော်တဲ့ ပညာရှင်နဲ့ဒီရွာထဲမှာ သိကျွမ်းရတာ ဝမ်းသာစရာကောင်းပါဘိတော့။

  • မဟာရာဇာ အံစာတုံး

    December 14, 2013 at 10:17 am

    ဆြာခေါင်ရေ … အဲ .. ဒက်ဒီခေါင်ရေ …
    စကားမစပ် သတိပေးရဦးမယ်ဗျ ..
    အင်တာနက်ပေါ်မှာလေ
    ခရက်ဒစ် မပေး၊ လင့်ခ် ပြန်မညွှန်းပေးဘဲ
    သူ ကိုယ်တိုင် လုပ်ထားတာ လိုလို ဘာလိုလိုနဲ့
    ခပ်တည်တည် ယူသုံးတတ်သူတွေ အများသားဗျ …
    ဒါကြောင့်မို့ ပုံဆိုက်ဒ်တွေကို လျှော့ပါလားဗျ …
    ဒါမှ မဟုတ်လည်း ရေဇာလေး ဘာလေး ထိုးပါလားဗျ …

  • ဦးကြောင်ကြီး

    December 14, 2013 at 11:55 am

    ဆရာခေါင်စာတွေ ဗဲထီး၊ ဗဲမ ဂွတ်ဒ်ကြောင်းပါ။ ပရိုမဟုတ်ပေမဲ့ ပရိုတန်းဝင်အောင် ရေးနိုင်သူ ရွာသားထဲ ပြပါဆိုလျင် ဆြာခေါင်နဲ့ဆြာကျောက်စ တို့ဖြစ်ပါ၏။ ဟောဒီက ငါးချဉ်.. သိပ်ချဉ်သနော်.. ဝယ်ဂျဗအုံး.. မီညောင်..

  • ကိုခေါင်
    ကျနော်လဲ ရွာနဲ့ ဝေးနေတာကြာပေါ့
    ပုို့စ်တင်တာလောက်ဘဲရှိတယ်
    ကိုခေါင် ရေကျနော်က တော့ ပန်းချီဆိုရင်ခံစားသူ အဆင့် ဘဲရှိပါတယ်။
    ရေစက်ကလေတွေကိုကြိုက်တယ်ဗျာ
    အဲလို့မျုးိလေးဓါတ်ပုံရိုက်အုံးမယ်။
    မန်းလေးလာရင်တွေ့ကြရအောင်နော်

  • ငယ်ငယ်ကတအားဝါသနာပါတယ် သင်တန်းတွေမတက်ဖူးပဲ ကာတွန်းတွေဗလာစာအုပ်ထဲဆွဲ။သူငယ်ချင်းတွေကအတန်းထဲမှာဝိုင်းဖတ်
    အားကျလိုက်တာ ဆြာခေါင်ရေ

Leave a Reply