မသေသင့်ပဲသေတဲ့ အသေဆိုးတွေ ကင်းဝေးပါစေ

alinsettDecember 12, 20133min23016

 

လူတစ်ယောက်ရဲ ့အသက် ဘက်မှာ. . . ရပ်တည်ပေးချင်တဲ့လူ အင်မတန် နည်းနေတယ် ။

 

နာကျင်မှုတွေကို ကိုယ်ချင်းစာသနားပေးနိုင်သူတွေပဲ များတယ် ။

 

အဲဒီနာကျင်မှုတွေ သက်သာအောင် တနည်းနည်းနဲ ့ ကူညီ ဖြေဖျောက်ပေးမယ့်သူ နည်းတယ် ။

 

ကျွန်တော်. . . .

တဖြည်းဖြည်းနဲ့ သိလာတာက. . .

ဒီနိုင်ငံမှာ အသက်အတွက် လုံခြုံမှု နည်းလာတာပဲ ။

 

အသက်အတွက်တင်မဟူတ်ပါဘူး။

အစစအရာရာ လုံခြုံမှု ကင်းမဲ့လာသလိုပဲ ။

 

 

 

____________________________________

 

ကျွန်တော် ဗုဒ္ဓဘာသာဝင်ပါ ။

ဒါပေမယ့် ဟောဒီစကားလေးကိုတော့ သဘောကျမိပါတယ် ။

————————————

ဘုရားသခင်. . . .

ကျွန်ုပ်အား. . . ပေးသနားတော်မူပါ ။

 

ကျွန်ုပ်ပြောင်းလဲပေးနိုင်သော အရာများကို

ပြောင်းလဲပေးနိုင်သော အစွမ်းသတ္တိ . . .

 

ကျွန်ုပ် မပြောင်းလဲနိုင်သော အရာများကို

အရှိအတိုင်းလက်ခံနိုင်အောင် တည်ကြည်ခိုင်ခံ့သောစိတ်နှလုံး. . .

 

ထိုနှစ်မျိုး၏ ခြားနားမှုကို ခွဲခြားသိမြင်နိုင်သော ဉာဏ်ပညာ. . .

 

ကျွန်ုပ်အား ပေးသနားတော်မူပါ ။

 

((ဂျူး/တိမ်နဲ့ခြည်တဲ့ကြိုးမှ. . . .))

 

 

____________________________________

 

ခက်တယ် ။

 

ကျွန်တော်ကလည်း . . . ခက်တယ် ။

 

တပါးသူရဲ့နာကျင်မှုကို မြင်ရကြားရရုံနဲ့

ကိုယ်တိုင်နာကျင်ခံစားရသလိုကို ခံစားချက် ကူးစက် တတ်တဲ့သူဖြစ်နေတာ။

 

အဲဒါအပြင် . . .

တစ်ခုခုဆိုးဝါးတာဖြစ်နေတာမြင်ရင် ကိုယ်နဲ့ မဆိုင်သလို မနေတတ်ပဲ. . .တနည်းနည်းနဲ ့ပက်သက်ဆက်နွယ်အောင် တွေးတော ပူပန်နေတတ်တာ ။

 

အဲဒီ ခံစားချက် စိတ်အတွေးတွေ ဖြစ်ဖြစ်လာတာ သိပ်တော့မကောင်းဘူး။

 

ဟိုတစ်နေ့က အဖြစ်အပျက်ကိုပဲ ကြည့် ။

 

——————————–

 

အဲဒီနေ့က မနက်ရှစ်နာရီခွဲလောက်မှာ. . .

အောင်မင်္ဂလာ ကားဝင်း ရှေ ့ကနေ. . . . .. ဖြတ်သွားတာ ။ လိုင်းကားမကျပ်တကျပ်ပေါ်မှာ မတ်တပ်ရပ်စီးပြီး လိုက်လာတာပါ ။

 

အမှတ်သုံးလမ်းဆုံနား(ဇေဂဘာဘုရားနား)

အရောက်မှာတော့ . . . . . .

အုန်းခနဲ ဒိန်းခနဲ အသံနဲ ့. . .

စီခနဲ ညံခနဲ အော်လိုက်သံတွေ . . .

ကားဘရိတ်ဖိနင်းလိုက်သံတွေ. . . .

အားခနဲအော်လိုက်သံတွေ. . . . . . .

တဝုန်းဝုန်းနဲ ့ပွက်လောရိုက်သွားတယ် ။

 

ဘာဖြစ်တာလဲ။ ?? !!

 

အဲဒီအချိန်မှာပဲ ကားလမ်းဟာ ပိတ်ဆို ့ သွားပြီး ဘာဖြစ်တာလဲ ဆိုတာ စပ်စုဖို ့ အချိန်ရသွားပါတော့တယ် ။

 

အော်သံ ဟစ်သံ လဲပြိုသံတွေဟာ. . .

ဆိုင်ကယ်တစ်စီး တုံးလုံးပက်လက် ဖြစ်နေတဲ့ မြင်ကွင်း ဆီက ထွက်လာတာပါ။

 

ဆိုင်ကယ်နဲ ့ကားနဲ ့တိုက်မိမလိုအဖြစ်မှာ ချာခနဲ ရှောင်ချလိုက်တော့ . . . . . . . . . .ဆိုင်ကယ်က အရှိန်လွန်ပြီး. . . . . . . . . . .မှောက်သွားတာ

( အဲလိုဖြစ်မယ်ထင်တယ် ။ သေသေချာချာမမြင်လိုက်ရဘူး။ မြင်တဲ့အချိန်မှာ ဆိုင်ကယ်က တုံးလုံးကြီးလဲ . . . လို ့။ . . .ပိန်လိမ် လို ့။ )

 

ဆိုင်ကယ်နဲ့ မလှမ်းမကမ်း ကားလမ်းမကြီးပေါ်မှာတော့. . . .

သွေးအိုင်ထဲ . . . ဆန့်ငင်ဆန့်ငင် နာကျင် ခံစားနေရတဲ့ အဒေါ်ကြီးတစ်ယောက် . . .

 

အဲဒီ မိန်းမကြီးက သွေးအိုင်ထဲမှာ တွန့်ခနဲတွန့်ခနဲ ဖြစ်ဖြစ်ပြီး နာနာကျင်ကျင်ခံစားနေရတယ် ။

 

အဒေါ်ကြီးကို ဝိုင်းအုံနေတဲ့ထဲက လူသုံးယောက်လောက်က မချီလိုက်တယ်။

လမ်းဘေး လွတ်ရာကို ခေါ်သွားဖို ့

မ ယူလိုက်တော့. . . .

 

ဘုရားးး ဘုရားးးး

 

ကျွန်တော် မြင်နေရတဲ့မြင်ကွင်းကို ထိတ်လန့် လွန်းလို ့ . . .

မကြည့်ရက်တော့ပဲ. . . .

မျက်လုံးတွေကို မှိတ်လိုက်ရတယ် ။

 

ဒါပေမယ့် မျက်စိမမှိတ်ခင် မြင်လိုက်ရတဲ့ အသားစနီနီရဲရဲကြေမွနေတဲ့ အတုံးအတစ်လိုက်တွေက အာရုံထဲထိ လိုက် မြင်နေရတာပဲ ။

 

ဘုရား ဘုရားးးး

 

အဲဒီ အဒေါ်ကြီးး

အသားတွေ ကြေမွသွားတယ် ။

ကားလမ်းမပေါ်မှာ သွေးကွက်ကြီးးးးးးးး

သွေးကွက်ကြီးထဲမှာ. . .အတုံးလိုက်အတစ်လိုက် လူအသားစတွေ. . . . . .

 

 

ဆိုင်ကယ်ပေါ်က ပြုတ်ကျတာဖြစ်မယ် ။

 

ကျွန်တော်က လိုင်းကားပေါ်ကနေ လှမ်းကြည့်နေရတာဆိုတော့ အဖြစ်အပျက်ကို ကျကျနနမသိနိုင်ဘူး။

 

ကားလမ်းပိတ်နေလို ့အဲဒီ မြင်ကွင်းကို ဆက်မြင်နေရတယ် ။

ဆက် မြင်နေရသ၍တော့. . . . .

အဲဒီ လူနာ အဒေါ်ကြီးကို ဆေးရုံ ပို ့ဖို ့

အရင် မစီစဉ်ကြဘူး ။

 

ကားတစ်စီးစီးကို တားပြီး လူနာကို ဆေးရုံမြန်မြန်ပို ့ကြပါတော့လား ။

 

ဖြစ်လျှင်ဖြစ်ချင်း အလုပ်သင့်ဆုံးက လူနာရဲ့ အသက် မှီအောင် ကယ်တင်နိုင်ဖို့မဟုတ်ဘူး လားးးးးး

 

ကျန်တဲ ့ရှင်းရမယ့်ပြဿနာတွေ အရေးယူအပြစ်ပေးတဲ့ကိစ္စတွေ က အသက်ထွက်လောက်တဲ့ လူနာထက်. . .ပိုအရေးမကြီးဘူးလား ….

 

ကားဘက်ကမှားတာ ဆိုင်ကယ်ဘက်ကမှန်တာ

ဆိုင်ကယ်အမှား / ကားအမှန် ဆိုတာတွေ ဖြေရှင်းတာကနောက်. . .

ဒဏ်ရာရလူနာကို အသက်လုကယ်တင်ဖို့ကအရင်. . .ဖြစ်ရမှာလေ ။

 

အခုတော့ . . . .

သူတို့ပြဿနာကို ဖြေရှင်းပေးမယ့်

ရဲကို စောင့်နေတယ် ။

ဘေးက ဝိုင်းအုံကြည့်နေတဲ့ လူအုပ်ကြီးထဲကလည်း. . . . .

တစ်ယောက်မှ . . .

လူနာကိုဆေးရုံပို့ဖို ့သတိမရကြဘူး ။

 

နေစမ်းပါဦး. . . .

ဘေးက ကြည့်နေတဲ့လူတွေရဲ့ ့မျက်နှာထားတွေ. . . . . . . . . . . . . . .

 

သွေးအိုင်ထဲက အဒေါ်ကြီးကို သနားတဲ့အကြည့်နဲ့ကြည့်သူက. . . ကြည့်နေတယ် ။

 

ဆိုင်ကယ် သမားနဲ ့ကားသမားကို နင်တို့ကြောင့် ဖြစ်ရတာလို ့အော်ဟစ်စွပ်စွဲ တရားခံရှာတဲ့အကြည့်နဲ ့ ကြည့်သူက ကြည့်နေတယ် ။

 

မကြည့်ရက်လို့ပါ ဆိုတဲ့ အိုက်တင်နဲ့ မျက်နှာလေး လွဲသလိုလို မရဲတရဲကြည့်သူတွေလည်း ရှိနေတယ် ။

 

ဘာ ဆက်ဖြစ်လာမလဲလို့ စောင့်ကြည့်အကဲခတ်ရုံသက်သက် ကြည့်နေသူတွေလည်း ရှိပါရဲ ့။

 

သေချာတာကတော့ . . . .

သူတို့အားလုံးဟာ . . .. . . .

” ကြည့်သူတွေ ”ပါပဲ။

 

အတွေးတစ်မျိုးစီနဲ့. . . . ့စောင့်ကြည့်ခြင်းအတွက်သာ အချိန်ပေးနိုင်တဲ့ ကြည့်သူတွေပါ ။

 

ကိုယ့် အတွေးနဲ ့ကိုယ်. . .

ဝေဝါးနေရုံက လွဲပြီး ဒဏ်ရာ ရသူကို ဆေးရုံပို ့ဖို ့ မတွေးနိုင်သူတွေပဲ. . . .။

 

အဲဒီလို အခြေအနေမျိုးနဲ့တော့ . . .

လမ်းဘေးဆွဲချထားတဲ့ လူနာက သွေးထွက်လွန်ပြီး သေမှာပဲ ။

 

သူတို ့ဘာကိုစောင့်နေတာလဲ ။

 

ယာဉ်ထိန်းရဲလား . . . .

အမှုအခင်းဖြစ်တာကို စစ်ဆေးချက်လာယူမယ့် ရဲလား. . . .

 

အမှန်က လူနာတင်ယာဉ်ကို ဖုန်းဆက်ပြီး လာခိုင်းရမှာ. . .

 

ဟန့်အန်းးး။

 

အဲဒီ လူနာတင်ယာဉ်. . . ဒီလမ်းကြောကျပ်ကျပ်ထဲ ရောက်လာမယ့်အချိန်ကို

စောင့်နေလို့ကို မဖြစ်တော့တာ ။

 

သွားနေတဲ့ကားတွေထဲက Taxi ဖြစ်ဖြစ် ဘာကားပဲဖြစ်ဖြစ် အကူအညီတောင်းပြီး

နီးစပ်ရာ ဆေးရုံကို ပို ့ရမယ့်အခြေအနေပဲ ။

 

ကျွန်တော် လိုင်းကားပေါ်က ခုန်ဆင်းလိုက်ပါတယ် ။

 

———————————–

 

(( ကျွန်တော် လိုင်းကားပေါ်က ခုန်ဆင်းမိတာဟာ ရည်ရွယ်ချက် နှစ်ခု ရှိပါတယ် ။

 

တစ်ခုက . . .

အဲဒီ အခြေအနေကို ဖြစ်သင့်တဲ့ တစ်ခုခုဖြစ်အောင် ကူညီပြောင်းလဲပေးမလို ့ပါ ။

 

နောက်တစ်ခုကတော့. . . . . .ကျွန်တော့်စိတ်အခြေအနေပါ ။

 

အဲဒီ သွေးအိုင်ထဲမှာ . . . .

တွန့်ခနဲတွန့်ခနဲ ဖြစ်နေတဲ့အဒေါ်ကြီးကို အဝေးက ကြည့်တာ. . . .

ကျွန်တော့် အမေနဲ့ တူလို့ပါ ။

 

မဖြစ်နိုင်ဘူးလို ့စိတ်က ဘယ်လိုတွေးတွေး ဟုတ်များ ဟုတ်နေမလားးးး ဆိုတဲ့အတွေးနဲ ့ . . .

ကျွန်တော် မေမေ့ကို စိတ်ပူနေမိတယ် ။

 

ကျွန်တော့်စိတ်ခံစားမှုက အဲဒီလိုဖြစ်နေတာ။

ကိုယ်နဲ့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးတော့သော်လည်းကောင်း. . .

ပက်သက်နေလိမ့်မယ် လို့ ထင်နေတတ်တာ . . . .

စိတ်ရောဂါအနုစားတစ်မျိုးပဲလားမသိ ။

 

တကယ်မသေချာသေးတဲ့ အဆိုးတွေကို ဖြစ်လာမှာသေချာနေသလိုလို ခံစားပူလောင်တတ်တဲ့ စိတ်အခြေအနေကို ပြင်ရမယ် ။ ))

 

လူအုပ်ကြားထဲ တိုးဝင်ပြီး . . .ငေးနေတဲ့လူတစ်ယောက်ကို မေးလိုက်ပါတယ် ။

လူနာတင်ယာဉ် ခေါ်ပြီးပြီလား လို ့။

 

အဟက်

 

မခေါ်ရသေးဘူး. . . တဲ့။

လူနာတင်ယာဉ်ထက်အရေးကြီးတဲ့ ယာဉ်ထိန်းရဲကို အရင်ခေါ်ပေါ့။

ဒဏ်ရာတွေ နဲ့ ထွန့်ထွန့်လူးနေတဲ့ သေအံ့မူးမူး အဒေါ်ကြီးက ယာဉ်ထိန်းရဲလောက် အရေးမကြီးဘူးထင်ပါရဲ ့။

 

အဒေါ်ကြီးကို ကြည့်ရတာ . . .အော်ဟစ်ညည်းတွားဖို့တောင် အားအင်မရှိတော့သလိုပဲ ။

 

နာကျင်မှုဟာ သူ ့တကိုယ်လုံး ကို ပက်ပက်စက်စက် နှိပ်စက် နေပြီထင်ပါရဲ ့။

 

အသားစတွေ ကြေမွ ပြီး တဖျစ်ဖျစ်နဲ့ ကွဲအက်ထွက်လာတဲ့ အဖြစ်ဟာ. . . . ဘယ်လောက်များနာကျင်လိုက်မလဲ ။

 

သွေးစက်စက်ယို တဲ့အဆင့်ထက်ကျော်ပြီး

အခုဟာက . . .သွေးတွေ ပွက်ခနဲပွက်ခနဲ ထွက်နေတာ. . .တခြားဒဏ်ရာတွေလည်း ရှိဦးမှာပဲ ။

 

ဥပမာ. . .နံရိုးတွေ ကျိုးကုန်တာ. . .ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိတာ. . ဘုရား ဘုရားးးးး

ဒီအဒေါ်ကြီး. . . .

အခု နာကျင်ခံစားနေရပုံက ဒဏ်ရာတွေများလွန်းလို ့. . .ဘယ်ဒဏ်ရာရဲ့နာကျင်မှုကို ညည်းတွားရမှန်းကို မသိတော့တဲ့ပုံမျိုးးးး

 

နာကျင်စရာတွေ . . . . .

အဆုံးစွန်ထိ ပြိုင်တူ ရှိနေလို ့. . .

နာကျင်မှုကို နာကျင်မှုမှန်းတောင် အသိစိတ်က တွေးယူလို့မရတော့သလိုမျိုးးး

 

ဟင့်အင်းးး သူ . . .

မနာကျင်တာ မဟုတ်ဘူး။

 

အဆုံးစွန်ထိ နာကျင်နေတာ ။

 

သူ ့နာကျင်မှုက သေသွားတာထက်တောင် ဆိုးဝါးနေတာ. .

 

သူ တွန့်ခနဲ တစ်ချက်အဖြစ်မှာပဲ. . .ကျွန်တော် . . . ့အရေးပေါ်လူနာတင်ယာဉ် လာဖို့ ဖုန်း ဆက်လိုက်ပါတယ် ။

 

ချက်ချင်းလာခဲ့ပါမယ်. . .တဲ့ ။

 

အင်းးးးးးး

ချက်ချင်းလာလည်း . . . .

နောက် နာရီဝက်လောက်တော့ ကြာမလားပဲ ။

ဘာလို့လဲဆိုတော့ . . .

လမ်းတွေက . . . .

ကားတွေ ဒီလောက် ပိတ်နေတာ ။

 

အဲဒီကား လာတဲ့အထိ စောင့်နေရင် ဒီအဒေါ်ကြီးး အသက်ရှင်ပါ့မလားးးးး

 

ကျွန်တော် တစ်ခုခု လုပ်ဦးမှ ပါ ။

အဲဒီ အဒေါ်ကြီး အနားမှာ ရပ်နေတဲ့ လူကြီးတစ်ယောက် ကို စကားပြောမိပါတယ် ။

 

အဲဒီ လူကြီးက အသက် ငါးဆယ်ဝန်းကျင်/ဒီအဖြစ်အပျက်ကို ဦးစီးဦးဆောင် ကူညီပေးမယ့် ဟန်ပန်နဲ့ မို ့ပါ ။

 

ဦးလေးး ကျွန်တော်တို ့ ကားတစ်စီးစီးကို အကူအညီတောင်းပြီး လူနာကို ဆေးရုံ အရင်ပို ့မယ်လေ. . . . လို ့သွားပြောတော့

ကျွန်တော့်ကို မင်းဘာသိလို့လဲ ဆိုတဲ့အထာနဲ့ ပြန်ကြည့်ပါတယ် ။

 

ရဲခေါ်ထားပြီးပြီ တဲ့ ။

ရဲလာပြီး စစ်ဆေးမေးမြန်း ဓါတ်ပုံရိုက်မှတ်တမ်းတင်ပြီးမှ . . .

ဆေးရုံ ပို့လို့ ရမှာ ကောင်လေးရဲ ့ တဲ့ ။

 

ဖြစ်မှ ဖြစ်ရလေ ။

 

ရဲလာပြီး မှ ဆိုရင် . . . .

ဒီအဒေါ်ကြီးရဲ ့ဒဏ်ရာအခြေအနေက. . . ပိုဆိုးပြီနော် ။

သွေးထွက်လွန်နေပြီ ။

 

အခုတောင် အသက်ငင်နေသလို ဖြစ်နေပြီ။

 

ကျွန်တော် ပြောချင်တဲ့ စကားတွေကို တလိပ်လိပ်ထွက်လာတဲ့ ဒေါသတွေနဲ့အတူ မျိုချလိုက်ရတယ် ။

 

နေဦး တခြားသူတွေ နဲ ့ပူးပေါင်းလို့ရော ရမလားးးး

 

တခြားသူတွေကို ကြည့်တော့လည်း ဒဏ်ရာ ရသူကို သနားတဲ့အကြည့်တွေနဲ့သာ ကြည့်နေပြီး သက်သေပါမှာစိုးလို့ အနားမကပ်ရဲသူတွေချည်းပဲ ။

 

တကယ်တမ်း လုပ်သင့်တာကို ဝိုင်းဝန်းလုပ်ကြရမယ့်အခါ. . .ကိုယ်နဲ့မဆိုင်သလို ကိုယ့်တာဝန်မရှိ သလို ဘေးဖယ်သွားမယ့် ပုံတွေပဲ ။

 

ကျွန်တော့်လို မလောက်လေးမလောက်စားချာတိတ်လေးရဲ့ စကားကို လိုက်လုပ်ဖို့မပြောနဲ့. . . .

မင်းဆရာကြီးလားကွ ဆိုပြီး ဝိုင်းမေတ္တာမပို့ရင် ကံကောင်းးးး ။

 

အင်းလေ. . . .

လူတိုင်းမှာလည်းးး

ကိုယ့်အကြောင်းနဲ့ကိုယ်. . . .

ကိုယ့်အပူနဲ့ကိုယ် ကိုးးးးးး

 

 

ကျွန်တော် တင်းကျပ်နေတဲ့ စိတ်အမောကို ဟင်းးးခနဲသက်ပြင်းချပြီး ဖြေပစ်လိုက်ရတယ် ။

 

လူတစ်ယောက်ရဲ ့အသက် ဘက်မှာ. . . ရပ်တည်ပေးချင်တဲ့လူ အင်မတန် နည်းနေတယ် ။

 

နာကျင်မှုတွေကို ကိုယ်ချင်းစာသနားပေးနိုင်သူတွေပဲ များတယ် ။

 

အဲဒီနာကျင်မှုတွေ သက်သာအောင် တနည်းနည်းနဲ ့ ကူညီ ဖြေဖျောက်ပေးမယ့်သူ နည်းတယ် ။

 

ကျွန်တော်. . . .

တဖြည်းဖြည်းနဲ့ သိလာတာက. . .

ဒီနိုင်ငံမှာ အသက်အတွက် လုံခြုံမှု နည်းလာတာပဲ ။

 

အသက်အတွက်တင်မဟူတ်ပါဘူး။

အစစအရာရာ လုံခြုံမှု ကင်းမဲ့လာသလိုပဲ ။

 

————————————

 

ကျွန်တော်. . . . .

လူနာတင်ယာဉ် လာအောင် လုပ်ပေးလိုက်နိုင်ပြီ ။

 

လူနာတင်ယာဉ် လာတာကို ထိုင်စောင့်ရင်းး ဒီအဒေါ်ကြီးရဲ ့ ဒဏ်ရာ သွေး အရမ်းမထွက်အောင် . . .

ဘယ်လို ထိန်းပေးရမလဲ ကြည့်နိုင်တယ် ။

 

ဒါပဲ ။ ကျွန်တော် လုပ်နိုင်တာ ဒါပဲ ။

 

ရဲလာရင် ရဲ က စစ်ဆေးမေးမြန်း. . .

မှတ်တမ်းတင် ဓါတ်ပုံတွေ ဘာတွေ ရိုက်ဥိီးမှာ. . . .

 

ဒါနဲ့ နေစမ်းပါဦးးးးးးး

 

ဆေးရုံရောက်ရင်လည်း. . .

ဆေးရုံက ချက်ချင်းကုမှာမို့လို့ လား. . .

 

😥

 

——————————-

 

သေဖို့အလားအလာပိုများနေတဲ့ လူနာအရှေ ့မှာ ကျွန်တော် . . . .

စိတ်ယောက်ယက်ခတ်ပြီး ရှိနေရုံပါပဲ ။

 

ကိုယ် ပြောင်းလဲပေးလို ့ရတဲ့ အခြေအနေတွေ မဟုတ်တော့ပဲ. . .

ကိုယ် ပြောင်းလဲပေးလို့မရ လက်မှိုင်ချပြီး ထိုင်ကြည့်နေလိုက်ရတဲ့ အခြေအနေမျိုးတွေ နဲ ့ကြုံလိုက်ရတာပါပဲ ။

 

မသေသင့်ပဲ သေလိုက်ရတဲ့ လူသားတွေ မများပါစေနဲ့. . .လို ့ဆန္ဒပြုနေဖို့ပဲ တတ်နိုင်တော့တဲ့အခါ. . . .

 

ကျွန်တော်တို ့နိုင်ငံထဲမှာ

မသေသင့်ပဲ သေသွားရတဲ့ လူသားတွေရဲ့ ကိုယ်စားးးး

ကျန်ရစ် သူ ပူဆွေးသောကရှင်တွေရဲ့ကိုယ်စားးးးး

ကျွန်တော့်ရင်ထဲမှာ နင့်ခနဲခံစားလိုက်ရပါတယ် ။

 

 

😥

 

😥

 

————————————

 

 

လေးစားစွာဖြင့်. . .

 

အလင်းဆက်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

16 comments

  • KZ

    December 12, 2013 at 8:49 am

    မသေသင့်ပဲ သေခဲ့တာတွေက ငါတို့ တစ်သက်မကတော့ဘူးလေ။
    ပါစေချင်တဲ့သူတွေ မပါသေးတာပဲ ရှိတယ်။
    😥

    နိ ဟာလေ။
    ကွကို ခံစားရတာ အားမရ စောစောစီးစီး အကြည်ဓာတ်ပျက်အောင် လုပ်ရက်တယ်။
    နာ ကိုယ် ကလည်း ခေါင်းစဉ် မြင်ပြီးသားကို ဇွတ်ဖတ်မိတာကိုးးး

    :hint:

    • alinsett

      December 12, 2013 at 1:04 pm

      မမဂျီးရယ်
      ကျနော်လည်း အခုတလော
      အခြေအနေဆိုးတွေ မင်္ဂလာမဲ့တာတွေပဲ မြင်နေ ကြုံနေရတယ်

      မခံစားနိုင်တော့ဘူးးး

      :kwi:

      အာ့ကြောင့် ခံစားချက်တွေကို ဖောက်ထုတ်နေမိတာ

      :kwi:

  • MAUNG

    December 12, 2013 at 8:55 am

    အေးဗျာ
    အဓိက နဲ့သာမည ကို တောက်တစ်လွဲ လုပ်တာ နဲ့ မသေသင့် တဲ့ သူတွေ အသက်ဆုံးရှုံး ရတာ ။

    • alinsett

      December 12, 2013 at 1:08 pm

      ကျနော် ပြော ပြောနေသလိုပါပဲဗျာ

      ဒီမှာက မဖြစ်သင့်တာ တော်တော်များများဖြစ်နေတယ်
      ဖြစ်သင့်တာ တော်တော်များများကလည်း မဖြစ်ဘူး

      ဟူးးးးးးးး
      မောဒယ်ဗျာ

      🙁

  • kai

    December 12, 2013 at 1:42 pm

    ဖုန်းဆက်ပေးတာလေးအတွက်.. လှိုက်လှိုက်လှဲလှဲသာဓုခေါ်လိုက်ပါတယ်..

    တကယ်တော့..
    ဆုတောင်းတာတွေ.. ဆုပေးတာတွေနဲ့.. ဗုဒ္ဓဘာသာမဆိုင်ပါဘူး..
    တကယ်လက်တွေ့.. ကိုယ်တိုင်လုပ်မှကိုယ်တိုင်ရ.. သူများလည်းရတာပါ..
    အဲဒီနားဝန်းကျင်က..လူတရာမေတ္တာဝိုင်းပို့လို့.. ကားအက်စိဒန့်တွေလျှော့မသွားတဲ့အပြင်.. အာရုံမှားထွေပြားတာနဲ့.. ပိုတောင်ဖြစ်နိုင်ပါတယ်..။
    လူတယောက်စီက..ဖုန်းနံပါတ်တချက်စီနှိပ်လိုက်ရင်.. အသက်တချောင်းရှင်ဖို့အရေး..ပိုနီးလာပါတယ်.။
    လူတယောက်စီက.. ခြေတလှမ်းလှမ်းရင်.. လက်တဖက်နဲ့ကူရင်… ကားတစင်းလှမ်းတားရင်..
    ဂရုဏာမျက်လုံးတစုံနဲ့ကြည့်ပေးရင်..
    အားပေးစကားတခွန်းေပြောလိုက်ရင်.. ပိုထိရောက်ပါတယ်…။

    ယာဉ်တိုက်မှု..ယာဉ်နဲ့ပါတ်သက်တဲ့.. မတော်တဆမှုတွေလျှော့နည်းအောင်..
    လူတွေက.. အဲဒီဖက်ငွေတွေလှူ..အစိုးရကအဲဒီဖက်ဘက်ဂျက်ပိုချ… လက်တွေ့လုပ်ကြရမှာပါ..
    လူတွေလုပ်အား.. ငွေနဲ့..တိုက်ရိုက်အချိုးကျပါကြောင်း…။

    • alinsett

      December 12, 2013 at 3:58 pm

      ကျေးဇူးပါ သဂျီးရေ ။

      ——-

      ဆုတောင်းတာတွေ ဆန္ဒပြုတာတွေ
      ကျွန်တော်လည်း သိပ်မလုပ်ဖြစ်တော့တာ ကြာလာပါပြီ။

      တောင်းယူရတဲ့အလုပ်ထက် ကိုယ့်အစွမ်းအစနဲ့ ဖန်တီး ပြီး ရလာတဲ့အကျိုးဆက်ကို ပိုစိတ်ဝင်စားနေတယ် ။

      —–

      အခြေအနေတစ်ခု ကြုံလာရင် ကိုယ် ဘယ်လို ပါဝင် ကူညီလို့ရမလဲ ဆိုတာပဲတွေးမိတော့တယ် ။
      မတတ်နိုင်တဲ့အဆုံး မှာတော့
      တတ်နိုင်သလောက် လုပ်ပေးအပြီး
      အရှိအတိုင်း လက်ခံနိုင်တဲ့ တည်ငြိမ်သော စိတ်တော့
      မွေးယူရဦးမယ်ဗျာ

      အခုက တစ်ခုခု ဆို မတည်ငြိမ်သေးဘူး
      ကိုယ် မပြောင်းလဲနိုင်တဲ့ ကိစ္စကိုတောင်
      မပြောင်းလဲနိုင်ရလေခြင်း ဆိုပြီး
      ယောက်ယက်ခတ်နေမိသေးတာ

  • မဟာရာဇာ အံစာတုံး

    December 12, 2013 at 1:56 pm

    Good Job ! ပါ ညီလေး …။
    အစပိုင်းဖတ်ပြီး မင်းလည်း ကြည့်နေသူစာရင်းထဲမှာ ပါလိမ့်မယ် ထင်ထားတာ ..
    မင်း လုပ်လိုက်တာ အရမ်းကောင်းတယ် ညီလေး
    မင်းဘက်က တတ်နိုင်သလောက် လုပ်လိုက်တာပဲ …

    မြန်မာပြည်မှာက ဘေးထိုင် ဘုပြောတဲ့လူတွေ များတယ် ညီလေး
    မင်းထဲကလိုဆိုရင် ဝိုင်းကြည့်သူတွေပဲ များတယ်
    တကယ် ဝင်ကူတဲ့လူဆိုတာ နည်းတယ်

    အသက် လုံခြုံမှု မရှိတာတော့ မပြောပါနဲ့တော့ကွာ …
    ငွေမျက်နှာတစ်ခုတည်း ကြည့်တတ်တဲ့ ဒီလူတွေအကြောင်း ပြောရင်
    ဒေါသတွေ အလိပ်လိပ် ထွက်တတ်လွန်းလို့ …

    • alinsett

      December 12, 2013 at 3:51 pm

      ညီလေး ဒဲ့လား အတိုဂျီးရယ်

      :kwi:

      ဒီမှာက ကြည့်သူတွေများတယ် အတိုဂျီးရေ။

      ကိုယ်လည်း အဲဒိ ကြည့်သူတွေ စာရင်းထဲ
      အုတ်အရောရော ကျောက်အရောရော
      မဖြစ်အောင် နေမှ

  • ခင် ခ

    December 12, 2013 at 4:39 pm

    မြန်မာနှင့် အနီးဆုံးအိမ်နီးချင်းနိုင်ငံ ဘန်ကောက်မှာ ယာဉ်တိုက်မှုဖြစ်တဲ့အခါ
    ၅မိနစ်ဝန်းကျင်လောက် ဆိုင်ကယ်နဲ့ ရဲတစ်ယောက်ရောက်လာတယ်၊ ပြီးရင်သူမှာပါတဲ့ ကင်မရာနဲ့ဓာတ်ပုံမှတ်တမ်းရိုက်တယ်။ နောက်၅မိနစ်လောက်အတွင်း အာမခံကုမ္မဏီကသူတွေ ရောက်လာပြီးသူတို့မှာပါတဲ့ကင်မရာတွေနဲ့ဓာတ်ပုံရိုက်တယ်။ အဲဒီအချိန်မှာဘဲ လူနာတင်ကားရောက်လာပြီး ဆေးရုံပို့ဖို့လိုသူကို ကားပေါ်တင်ခေါ်သွားတယ်၊ ပြီးတော့ရဲကားတွေရောက်လာပြီး ဖြစ်ပွားတဲ့ကားတွေ ဆိုင်ကယ်တွေကို လမ်းဘေးရွှေ့တယ်။ သူတို့ဆီမှာယာဉ်တိုက်မှုဖြစ်ပြီး ၁၅ မိနစ်အတွင်း လမ်းလည်းရှင်း လူနာကိုလည်းဆေးရုံပို့ပြီး ကိစ္စပြီးမြောက်တယ်။ လမ်းအမှားအမှန် ပေးလျှော်မှုက အာမခံကုမ္မဏီအချင်းချင်း လုပ်ကြမှာမို့ ဖြစ်ခဲ့တဲ့ ကားဆိုင်ကယ်က အခင်းဖြစ်တဲ့ဆီက ဆက်သွားလို့တောင်ရပြီလေ။
    ဒီမှာက အဲဒီ ၁၅ မိနစ်ဆိုတာ ရဲလည်းမရောက် ဆေးရုံကားဆိုတာဘယ်ဆီမှန်းမသိ လူအုံလို့ ကောင်းနေတုန်း ဘယ်သူမှားမှန်းငြင်းကောင်းနေစဲ အချိန်ပါဘဲဗျ။
    ဪ စနစ်ကြောင့်မဟုတ် လူကြောင့်မဟုတ် ဘာကြောင့်မှန်းလည်းမသိတဲ့တိုင်းပြည်ပါသကား။

    • alinsett

      December 12, 2013 at 5:43 pm

      ဟုတ်ပါ့ လေးခ ရယ်
      ဒီမှာက ယာဉ်မတော်တဆမှုဖြစ်ပြီဆို လူက အုံလာပြီ။
      ကြည့်သူတွေပဲ ။
      ကူညီပေးသလိုလိုနဲ့ ဘာယူလို့ရမလဲ ကြည့်သူတွေတောင် မြင်ဖူးတယ်။
      ပွဲလန့်တုန်းဖျာခင်းချင်တဲ့လူတွေ ပေါ့ ။

      ဒဏ်ရာရသူတွေကို ထိထိရောက်ရောက်ကူညီဖို ့ ဆိုတာ အတော်နည်းပါးတဲ့အခြေအနေလေ
      သက်သေပါမှာ ကြောက်နေကြတာက ရှိသေးတယ် ။

      အင်းးး စနစ်ကြောင့် တော့လည်း မဟုတ်ဘူး။
      စိတ်ဓါတ်တွေနဲ့ဆိုင်မလားးးး
      ဉာဏ်ရည် အတွေးအခေါ်နဲ့ ဆိုင်မလားးး

      ပြင်ရဦးမယ်

  • pazflor

    December 12, 2013 at 7:58 pm

    အနည်းဆုံး first aid လေးတော့ လူတောင် တက်ထားသင့်တယ်ထင်တယ်ဗျ။
    ခုနကလို သွေးအရမ်းထွက်နေတဲ့ အခြေအနေမျိုးဆို သွေးထွက်နည်းအောင် တစ်ခုခုတော့ လုပ်သင့်တယ်ဗျ။

    • alinsett

      December 13, 2013 at 7:24 am

      သွေးတိတ်အောင် မန်းမှုတ်ပေးမယ်ဆိုတဲ့လူလည်းးး
      တွေ ့ခဲ့တယ် ။
      :kwi:

  • TNA

    December 14, 2013 at 4:38 pm

    ဖတ်ရတာ ရင်တွေတောင်တုန်တယ် အလင်းဆက်ရေ။ အခုတလော အတော်လေး ဆွေးနွေးနေကြတဲ့ အကြောင်းလေးပေါ့အေ။ မတော်တဆမှု့ဖြစ်ရင် ရဲမလာခင် ဆေးရုံပို့လိုက်ရင် အဲဒီပို့လိုက်တဲ့သူက အမှု့တွဲထဲ ပါကောတဲ့။ ရဲမလာမချင်းစောင့်ရလို့ သေသွားတဲ့အသက်တွေလဲမနဲဘူး။ ဒါကိုအဖြေရှာဖို့လူကြီးတွေခေါင်းထဲ မှာမရှိသလို လွှတ်တော်မှတင်ပြမဲ့သူလဲမရှိဘူး။ အဲဒါစိုးရိမ်စရာပါ။ တကယ့်ကိုမဖြစ်သင့်တဲ့ဖြစ်ရပ်တွေမို့ တာဝန်ရှိသူတွေသိအောင်ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူးတကယ်ပါ။

    • alinsett

      December 14, 2013 at 5:58 pm

      ဟုတ်တယ် တီသဲရယ်

      တစ်ခုခု ဆို လူအုံခဲနေတာ ပဲ ရှိတယ်
      လုပ်သင့်တာကို လုပ်ဖို့ကြတော့ ဘယ်သူမှ လိုက်မလာရဲကြဘူးလေ
      အမှုတွဲထဲပါမှာ အလုပ်ပျက်အကိုင်ပျက် ဖြစ်မှာ ကြောက်ကြတာပေါ့

      မနေနိုင်တဲ့သူက ရှေ ့ထွက် ပြောတော့လည်း
      လူစွမ်းကောင်းလုပ်ချင်တဲ့ကောင် ဆိုပြီး အမြင်ကပ်သလိုလို ဘာလိုလိုတွေကရှိသေး

      ခက်တယ် တီသဲရယ်

  • တို့နိုင်ငံမှာ အဲ့လိုနည်းလမ်းတွေဘယ်တော့များမှပြောင်းလဲကြမှာလဲ
    တစ်ခုခုဆို လုပ်သင့်တဲ့အရာထက် နေရာတကာကိုကြောက်ရွံ့လန့်ထိတ်ပြီး တရဲတည်းရဲနေကြတာတော်တော်ကြီးကိုလွန်တယ်။
    သူများနိုင်ငံကရုပ်ရှင်တွေမှာ အက်ဆီးဒင့်ဖြစ်ရင် ချက်ချင်းနီးစပ်ရာဆေးရုံပို့ကြတာတွေ့ဖူးပါတယ်။
    အပြင်မှာနေနေတဲ့လူတွေကတော့ပိုသိမှာပါ။
    ဒီနည်းလမ်းတွေကို ပြောင်းပေးနိုင်ကြပါစေ
    🙁

    • alinsett

      December 14, 2013 at 7:44 pm

      မမနန်းရေ…

      အဲဒီလို..တရဲထဲရဲ…နေတော့ရော..
      တရဲထဲရဲသူတွေက.. အားကိုးရလောက်ရဲ ့လားနော်.. ။
      ပြောရရင်..မကောင်းတော့ပါဘူး..မမနန်းရယ်.. ။

      သူတို ့ လူဂျီးတွေ..လမ်းကြောင်းကို.လိုက်ရှင်းနေရတာနဲ ့ပဲ..အချိန်ကုန်နေသလိုပဲ… ။

      ———

      🙁

Leave a Reply