Bubbles

ဇီဇီDecember 12, 20131min46152

အဟွာလေ။   :mrgreenn:
အိမ်အောက်က ကလေး ကစားကွင်းမှာ ကလေးတွေနဲ့ ဘာဘယ် ဂန်း နဲ့ ဆော့တာ။

ကိုယ် အမြဲ ရင်ခုန်ရတဲ့ ကိစ္စတွေမှာ ဒီလို ဆပ်ပြာပူဖောင်း တို့

လဲမှို့တို့ လွင့်နေတာကို လိုက်ကြည့်ရတာ………

အဲလို အတွေးတွေကို လွင့်မျောတာတာ တို့ ပါတယ်။
ပြီးတော့ ဖုန်းနဲ့ ပူဖောင်းတွေကို ရိုက်တယ်။
ရုံးပိတ်ရက်နေ့ခင်း  ပျင်းတော့ စနက်စိနဲ့ ဟိုပြင်ဒီပြင် လုပ်ရာက ဒီ လို ပုံတွေ ထွက်လာတော့တာပါပဲ။
ဆိုတော့ အလုံးစုံ မိဒ် အင် အနော့ ဖုန်း ပေါ့။  :mrgreenn:

တင်စရာ ဘာစာမှ မရှိလို့ ဓာတ်ပုံကလည်း အသစ်မရိုက်နိုင်လို့ ရှိတာလေး တင်တာ။
တရုတ် နှစ်ကူးမှ ဓာတ်ပုံရိုက်ခရီးတွေ အားဂျီး များဂျီးထွက်ပစ်မယ်လို့ တေးထားတယ်။
မက်စိ နောက်ဖို့သာပြင်ထားပေရော့၊။
ဟေးဟေးဟေးးးး

:mrgreen:

 

 

IMG_6875
1. Bubble Rain
IMG_6874
2. Colourful bubbles
IMG_6872
3. Bubble in Dream

52 comments

  • MAUNG

    December 12, 2013 at 8:33 am

    nice 4tos
    ဟိုတစ်နေ့ က ရှော့ပင်စင်တာ ထဲမှာ လက်နဲ့အထိခံ တဲ့၊ တစ်ခုနဲ့ တစ်ခု ထပ်လို့ရတဲ့ ဆပ်ပြာပူပေါင်း ဗူးတွေ့တယ်။ မကြီး မငယ်နဲ့ဝယ်ဆော့မလို့ လုပ်သေးတယ် ဟီးဟီး 😀

    • KZ

      December 12, 2013 at 8:40 am

      ဝယ်တော့ မဆော့ဘူးးးလား
      စိတ်ဖိစီးမှု လျော့တယ်ကွဲ့။

      မောင် သိမလားတော့မသိ။
      တို့ ငယ်တုန်းက သွားတိုက်ဆေးဘူးလေးတွေနဲ့ ပိုက်နဲ့ မှုတ်ရတဲ့ ကပ်စီးစီး ပူပေါင်းတွေ လာလိုက်သေးတယ်။
      ဒါပေမဲ့ အဲဒါတွေက လေထဲ မလွင့်လို့ မကြိုက်ဘူးးးး
      လက်နဲ့ လွှင့်ရတဲ့ ပူပေါင်းလေးတွေကျ ညောင်းတယ်။
      ခု သေနပ်တွေလာတယ်။
      ဆပ်ပြာဘူးနဲ့တွဲပြီး ခလုတ်နှိတ်လိုက်ရုံပဲ။ အများကြီးမြင်ရတယ်။
      ရိုက်ဦးမယ်။
      ကိုယ့်ကိုယ်ကို ။ဟိဟိ

      😀

  • အဘရဟူဒီ

    December 12, 2013 at 8:58 am

    အဲ့ဖုန်းကင်မလာ တော့ ချဉ်ပါတယ်ဗျာ..
    စကားမစပ်
    Tilt-Shift က built-in ပါတာလားဗျ..
    အပ္ပလီ နဲ့ ထည့်တာလား..
    ကျော် ဦးကျောက်စ် မင်ဂါဆောင်မှာ ဘူစီဘောင်းတွေ မှုတ်ရိုက်ရင်ကောင်းမား…
    အိုင်ဒီယာ တခု ရသွားဘာသည်…။

    ကျေးကျေး-သာဓု-ဒက်ဂလောက်

    • KZ

      December 12, 2013 at 9:00 am

      Tilt-Shift က built-in ပါတာ။
      အဲဒါကို အကြိုက်ဆုံးပဲ။
      ၃ ပုံလုံး အဲဒါ ညှိ ထားတာ။
      ဟိဟိ

      😀

    • ဦးကျောက်ခဲ

      December 12, 2013 at 9:04 am

      အိုင်ဒီယာ ကောင်းတယ် ကန္နားစီးရဟူဒီရဲ့…
      ကျောက်စ်ကတော့ ဖုန်းကင်မလာတောင် ဖြောင့်အောင် မရိုက်တတ်…
      😀

      • အဘရဟူဒီ

        December 12, 2013 at 9:14 am

        ဟီဟိ
        မဇာယိ … ဘာဘယ်ဂန်း ၃လက်လောက် စပွန်စာ ပေးဘာ…
        ကိုဝဏ္ဏရှေ့ တော့ မရိုက်ရဲလို့ … လက်မှတ်ထိုးပွဲမယ်… တပြွတ်ကြီး ရိုက်ပလိုက်မယ်
        ငိငိ

        • KZ

          December 12, 2013 at 9:23 am

          အေးးး
          တကယ်လားးးးး
          ကျောက်(စ) လှမယ် ဆို ဝယ်ပေးလိုက်မယ်။
          ဟိဟိ။
          😀
          ပွဲကြီးက ကိုကို ခွါနီး ရိုက်မှာလားးးး
          လာချင်တယ် အဟင့်။
          :hint:

        • အဘရဟူဒီ

          December 12, 2013 at 9:48 am

          ဟုတ်ကဲ့
          ပွဲဂျီး က ကိုဝဏ္ဏ ရိုက်မဒဲ့ ခည…

          လက်မှတ်ထိုးပွဲ ကျော် ရိုက်မယ်…
          ပရီဝက်ဒင် ရော ပို့စ်ဝက်ဒင် (ဟားနီးမူး ပြောပါတယ်) လည်း ကျော်ရိုက်မယ်…
          ဖူးဖလိမ် ခရော့ဖလိမ် ဘယ်တလုံး ညာတလုံး ၂လုံးပူး ရိုက်မယ်… စိတ်ကူးပါတယ်…
          ပီး….ဖိုတိုဘုတ်ကလက် ပါ တခါတည်းထုတ် လက်ဖွဲ့မယ်ဂျာ ….
          ဘာဘယ်ဂန်းသာ ဆန့်ဒ် လိုက်ပါ

          ဒချိ ဒချိ…

        • KZ

          December 12, 2013 at 9:52 am

          စိတ်ချပါရစေနော်။
          ကျောက်(စ) တို့ စုံတွဲကို တိုးလို့ တန်းလန်း ထားပြီးးး
          ကွကိုယ် ဘာဘယ်တွေနဲ့ ရိုက်မနေနဲ့နော်။
          နိ စိတ်က တော်တော်ရယ်။
          ပြောရတာမဟုတ်။ဈာန် ဝင်တာ တဆုံးလုပ်နေတတ်တာ။

          :mrgreen:

        • ဦးကျောက်ခဲ

          December 12, 2013 at 10:01 am

          အဟိ နိုင်ငံတော် လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်ဘီ…
          ပရီဝက်ဒင် အောက်ဒိုး ရိုက်ကြမလား… ဟီ ဟိ
          😀

        • KZ

          December 12, 2013 at 10:03 am

          စလုံး လာခဲ့စမ်းဘာ ကျောက်(စ) ရာ။
          အနော် ကိုယ်တိုင် ရိုက်ပေးမှာပါ။

          😀

  • MAUNG

    December 12, 2013 at 8:59 am

    မှတ်မိတယ် အိုက် ပူပေါင်း ကို၊ ဆေးပူပေါင်း လို့ခေါ်တာဟုတ်

    ကိုယ့် ကိုယ်ကို ရိုက်တာများ ချသာချ ဟီးဟီး 😛

    • KZ

      December 12, 2013 at 9:02 am

      ဓာတ်ပုံ ရိုက်မှာကိုပြောတာ။
      😀

  • Wow

    December 12, 2013 at 9:36 am

    ပုံလေးတွေလှပါ၏။ စိတ်ကူးရင်စရာကောင်းပါ၏။

    မှတ်ချက်… အတီပေါက် မန့်သွားသီ… :kwi:

    • KZ

      December 12, 2013 at 9:43 am

      ဘာကို စိတ်ကူးယဉ်သွားတုန်း သိတယ်နော်။
      ဓာတ်ပုံ လိုက်ရိုက်ပေးရတော့မားးးးး
      ဂီ က ကျောက် ကို ရိုက်ပေးတာထက်လှအောင်။

      :kwi:

      • Wow

        December 12, 2013 at 9:59 am

        စိုင်း ဆီးဂိန်းဖွင့်ပွဲသွားနေတယ် အားသေးဝူး.. ပြန်လာမှ… :mrgreen:

  • မဟာရာဇာ အံစာတုံး

    December 12, 2013 at 10:53 am

    အင်းဂလိလို ခေါင်းဇင်တပ်ထားဒေါ့
    ဘာများဒုန်းလို့ ဝင်ကျိလိုက်ဒါ ..

    အော် ……… ဆပ်ပြာပူဖောင်းဒွေဘဲ ….

    :mrgreen:

    • KZ

      December 12, 2013 at 11:01 am

      ဆပ်ပြာပူပေါင်းလို့ တပ်ရင် လူမလာမှာကြောက်ရို့။
      ဒက်ဒီ ကြောင်ကလည်း ခေါင်းစဉ်မှာ အင်ဂလိပ်လို ပါအောင် ပေးဆိုလို့။

      :mrgreen:

  • sorrow weaver

    December 12, 2013 at 11:09 am

    ကလေးကလား …ဆပ်ပြာပူဖောင်းကစားစရာလား. မမ…ဟွင်းဟွင်း…

    • KZ

      December 12, 2013 at 11:14 am

      ဟိ။
      အမှန်တော့ ကိုယ်တိုင် ပူပေါင်းလေးတွေ နဲ့ ရိုက်ချင်တာ အရင် လေ့ကျင့်ကွင်းဆင်းနေတာ။

      :mrgreen:

  • Mr. MarGa

    December 12, 2013 at 11:09 am

    ဪ…
    ဘာဘယ် ဆိုတာ ဆပ်ပြာပူဖောင်းကိုး
    မှတ်ထားဦးမှ :mrgreenn:
    စကားမစပ် ရိုက်ချက်ကတော့ အပ္ပလီကြောင့်လားမသိ ကောင်းလေစွ :mrgreenn:

    • KZ

      December 12, 2013 at 11:15 am

      ရိုက်ချက်က အော် ပါ။ အရောင် နဲ့ အဝါး က ပြန်ပြင်ထားတာ။
      ဟွန့်။ :mrgreenn:

      • Mr. MarGa

        December 13, 2013 at 12:34 pm

        ဒါကြောင့် ပြောပါဒယ်
        ဂျီးဒေါ်က ကင်မလာနောက်မှာပဲ နေတာကောင်းဒယ်လို့ :mrgreenn:

  • Ma Ma

    December 12, 2013 at 12:45 pm

    ဖုန်းကင်မရာနဲ့ရိုက်တာဆိုလို့ အထင်သေးမိတာ မှားပါပေါ့။ 😀

  • kai

    December 12, 2013 at 1:06 pm

    သင်္ကြန်မှာ… အဲဒီဆပ်ပြာပူပေါင်းလေးတွေနဲ့ကလေးတွေ… ပျော်ကြဖို့ကောင်းတယ်လို့.. တွေမိပြီးသကာလ…
    ဆပ်ပြာပူပေါင်းမှုတ်ထုတ်တဲ့စက်ကလေးဝယ်… ဆပ်ပြာရည်ဝယ်.. အယ်လ်အေသင်္ကြန်မှာလုပ်ဖူးတယ်..
    ကြာပါပြီး.. ၃-၄နှစ်လောက်ရှိပြီ…။

    နေရောင်မှာ.. လှမှလှ… :mrgreen:

    • KZ

      December 12, 2013 at 1:23 pm

      အဟုတ်ပါ့။
      ကလေးတွေ အရမ်းကြိုက်ကြတာ။
      ကျနော့ ကို မြင်ရင် အောက်ဆင်းလာပြီး ကစားကြတာ။
      အသံကလည်း အရွယ်မျိုးစုံ တစ်သံတည်းးးးး
      bubble !! Bubble.. !! ဆိုပြီးးးးးးး
      အမူအရာကလည်း တစ်ပုံစံတည်းးးးးး
      လက်လေးတွေမြှောက်ပြီး ခုန်ဆွ ခုန်ဆွ…

      :mrgreen:

  • Crystalline

    December 12, 2013 at 2:08 pm

    အဲဒီဘာဘယ်လေးတွေရအောင် ဘေးက အဒူကူသတုံး :mrgreenn:
    အပေါ်က ဦးကျောက်စကတော့ ဓာတ်ပုံစားမယ့်အသားအရေမျိုး.. ဆြာဂီတော့ အသားလွတ်နာမည်ကြီးအူးမှာ :loll:

    • KZ

      December 13, 2013 at 11:51 am

      ခရစ်။
      ညာလက်က သေနတ်ပစ်တယ်။
      ဘယ်လက်ကရိုက်တယ်။
      ကလေးတွေ လျှောစင်ပေါ်ထိ တက်ရိုက်တာနော်။
      ဟိ။
      ပြုတ်ကျမှ နာမည်ကြီးမှာ။

      :mrgreenn:

  • kyeemite

    December 12, 2013 at 3:36 pm

    အဲဒီဆပ်ပြာပူပေါင်းလေးတွေ..ကျိပီး…မမြဲသောတရားမှတ်ကွဲ့ ..သာမီးလေးကေဇီရဲ့
    အတက်..အဲ..အသက်ဒွေလဲကျီးဘီ 😀

    • KZ

      December 13, 2013 at 11:50 am

      အသက်ဘယ်လောက်ကြီးကြီး ရင်ခုန်တတ်တုန်းပဲ။
      ကြီးလေ မိုက်လေထဲ အနော်လည်း ပါတယ်။
      😀

  • padonmar

    December 12, 2013 at 8:05 pm

    ဟိုတလော ကားတွေကြပ်တုံးက ဘုရင့်နောင် မီးပွိုင့်မှာ အဲသလို ဘပ်ဘယ်ဂန်းတွေ (Angry Bird ပုံနဲ့)လိုက်ရောင်းတယ်။ သူတို့ ပူဖောင်းတွေ မှုတ်တာမြင်ရင် အဲဒါကို ဓာတ်ပုံရိုက်ချင်တာ အသည်းကိုယားရော၊
    ကိုယ့် လက်စွမ်းကိုယ်သိလို့ ငြိမ်နေရတယ်။

    • KZ

      December 13, 2013 at 11:48 am

      ဟိ။
      အနော်တော့ ဒီလိုပဲ ရိုက်ပစ်တာ၊၊.
      ၊ပြီးမှာ ဟိုပြင် ဒီပြင် ပြင်လိုက်တာပဲ အာတီဒုံ..

      🙂

  • black chaw

    December 13, 2013 at 9:20 am

    သိတ်…သိတ်…လှပါကြောင်း…မှတ်ချက်ပေးသွားပါသည်…။
    ပုံ/
    မမြင်မစမ်း ဘလက်…။
    😀

    • KZ

      December 13, 2013 at 11:47 am

      ဟွန့်။
      ပြောပြရင် နားစွန်နားဖျားကြားချင်ရာကြားမှာစိုးလို့ ဓာတ်ပုံပြတာကို မမြင်မစမ်းလုပ်သေးတယ်။

      😀

  • nozomi

    December 13, 2013 at 10:02 am

    အဲဒီ ဗူဗောင်းလေးတွေကတော့ မြင်ရတဲ့ သူ တိုင်းကို ရင်ခုန် ကြည်နူးရင်းနဲ့ သဘောကျသွားစေတာ အမှန်ပဲ

    လှ လဲ လှ တာ ကို

    စကားမစပ်

    လှ တဲ့ ဗူဗောင်းလေတွေကို ရိုက်တဲ့ ဒေါ်ဆွိက ပို လှ လို့ အတွင်းသတင်းကြားတာ အမှန်ပဲလား ဗျ

    ( ခြင်္သေ့ကျွန်းသို့ ရောက်လျှင် တစ်ခုခု စားရရန် အကြံဖြင့် ပြောခြင်း မဟုတ် အမှန်ပြောခြင်းသာဖြစ်သည် ဟီ ဟိ)

    • KZ

      December 13, 2013 at 11:45 am

      အောင်မလေးးးး
      အဲ့ သီတင်း ဘူပြောတာတုန်းးးး
      မှန်တယ် ကိုနို။
      သံသယမရှိ လက်ခံပလိုက်။
      အဟွတ်။

      :mrgreen:

    • ဦးကျောက်ခဲ

      December 13, 2013 at 1:24 pm

      မယ်ဆွိက မစားလဲ အတင်းကျွေးမှာပဲတဲ့ ကိုရင်နို…
      No Signboard ဆိုတဲ့ Seafood ဆိုင်မှာ တဲ့… ဟီ ဟိ
      😀

      • KZ

        December 13, 2013 at 1:29 pm

        အသာနေပါ။
        အဲဒီ အပိုင်းချန်ပြီး မန့်ပါတယ် ဆိုမှ။
        အနော့ ထုံးစံ က ဧည့်သည်က ပြန်ကျွေးတဲ့ ထုံးစံမို့။
        ဟိ။
        😀

        • ဦးကျောက်ခဲ

          December 13, 2013 at 1:37 pm

          ဧည့်သည်က ပြန်ကျွေးရယုံတင်မဟုတ်…
          ဂလုဖို့ပါ ဝယ်လာပေးရသေးတယ်… ဟီ ဟိ
          😀

      • KZ

        December 13, 2013 at 1:40 pm

        ဟေးဟေးဟေးးး
        ကျောက်(စ) သဘောပေါက်သွားပြီ။
        လက်ဆောင်ပေးမယ် ဆိုရင်လည်း ငြင်းမှ ကြိုက်တယ်လို့ သင်ပေးလိုက်ပါဦးးးး
        အဟိဟိ။
        ဓာတ်ပုံတော့ တွဲရိုက်လို့ ရတယ်လို့နော်။

        :mrgreen:

  • alinsett

    December 13, 2013 at 1:12 pm

    ကျွန်တော်လည်း
    အက်ဒါမျိုးေလေးတွေကို သဘောကျသားးး

    လက်ကလေးနဲ့ အသာလေးတို့ကြည့်ရတဲ့အရသာ ကို ကြိုက်တယ်

    အဟိ

    • KZ

      December 13, 2013 at 1:17 pm

      ပေါက်သွားမှာ ပေါ့။
      ဟိ။

      😀

  • ကျော်စွာခေါင်

    December 16, 2013 at 1:21 am

    Kzi
    အဲဒိ အချိန်လေးမှာ သေချာတာကတော့ လောဘ၊ဒေါသ၊မောဟစိတ်တွေ ပျောက်ဆုံးနေမှာ ဘဲ..။
    ပျော်စရာ ကောင်းမှာပါ…။
    ဒုတိယပုံလေး အပေါ်ပိုင်းပိုကြိုက်မိတယ်
    ဖြစ်နိုင်ရင် အပြာရောင်ရင့် နောက်ခံလေးနဲ ့ရိုက်ကြည့်ပါလား..
    စိတ်ကူးကောင်းတယ်..။
    ခြသေ့င်္ကမန်းကို လာလည်ရင် ဘာဝယ်ကျွေးရမှာလည်း…..
    ဂလုတာလဲ ပါတယ်..
    ကေနဲ ့ပါတ်သက်တာတေါ မှတ်ထားရမယ်..
    ဆိတ်သားထောင်း……..
    …..
    …..
    ဂလု။

    • KZ

      December 16, 2013 at 10:52 am

      ဘယ်သူက ဘယ်ကနေ ဘယ်ကိုလာမှာတုန်းးး
      😀

      ဦးပိန်တံတားသွားမယ်။
      အနော်က ဆိတ်သားထောင်းနဲ့ ဂလုမယ်။
      သောက်ရင် ခေါင်းမူးတတ်ပြီး ဆိတ်သားမစားတဲ့ ခေါင်က ထိုင် နေ။
      ဓာတ်ပုံရိုက်ပေးးး
      ဟိဟိ..
      :mrgreen:

  • ဦးကြောင်ကြီး

    December 16, 2013 at 8:45 am

    ဟဲ့ဟဲ့ စက်ထဲက ပေါက်ကရပုံတွေ ထွက်လာဦးမယ်.. သတိထား..

    • KZ

      December 16, 2013 at 10:50 am

      ကြောင် နေးကက်ပုံ တင်လိုက်ရမားးးး

      :mrgreen:

  • တိုက်တိုက်ဆိုင်ဆိုင် ဟိုနေ့ကပဲ အိုပါးခရီးကအပြန် ကလေးတွေအတွက် တစ်လက်စီဝယ်လာ
    သိတဲ့အတိုင်း မိတ်အင်ပြည်ကြီးမို့လားမသိ ၂ရက်တောင်မခံလိုက်ပါ

    • KZ

      December 16, 2013 at 10:50 am

      ဟုတ်တယ်။
      ဓာတ်ခဲက ထည့်ရသေးတယ်။
      ဓာတ်ခဲမပါတဲ့ဟာက ဆပ်ပြာရည်ထဲ နှစ်နှစ်ပေးရတာ။
      😀

  • Shwe Ei

    December 16, 2013 at 11:00 am

    အပ်ဖျားတထောက်စာ ဒန်ရာ ဟာလဲ ဆပ်ပြာပူဖောင်းအတွက်တော့ ဘဝပျက်စေနိုင်ပါတယ် ..ဇီ (မှတ်ချက်…ကေဇီ ကို အဖျားဆွတ်ခေါ်ခြင်းဖစ်သည်) ..ေိေိ 🙂

    • KZ

      December 16, 2013 at 11:05 am

      အယ်။
      ကောင်းလိုက်တဲ့ စကားလေးးးး
      အဲဒီတော့ အပ်ဖျား တစ်ထောက်လောက်လေးတောင် မထိမခံတဲ့ ပူဖောင်းလို ဘဝမျိုးကို မဖန်တီးပါနဲ့လား ကြည်!
      😀

Leave a Reply