အေးကွယ်… အဲဒါနဲ. ရွာသူားတွေ ကို စည်းရုံးပြီး ရွာလယ်လမ်းတလျှောက် လူစု လမ်းလျှောက်ပြီး သူဂျီးမင်း အိမ်ရှေ.သွားကြတာပေါ့ကွယ်… အဲလို လမ်းလျှောက်နေရင်း ရွာသူားတွေ ပါးစပ်က ဒီမိုကရေစီ ပေးပါ ဒီမိုကရေစီပေးပါ သူဂျီးဆိုပြီး တတွက်တွက် ရွတ်သွားကြတာပေါ့…. အဲလို လမ်းလျှောက်တဲ့အချိန်မှာ ရွာထဲက သတင်းထောက် ဂျာနယ်လစ် စီဂျေဖြစ်တဲ့ ဦးထူးဆန်းက လက်လှည့်ကင်မရာကြီးနဲ. တဖန်းဖန်း ဓာတ်ပုံရိုက် မှတ်တမ်းတင်တာပေါ့… ပြီးတော့ ဓာတ်ပုံဆရာတွေ ဖြစ်တဲ့ မန်းလေးကိုပေါက် ၊မောင်လုလင် နဲ. ဂန္ဓီရီဆြာအုပ်တို.လဲ သူတို. ကင်မရာတွေ နဲ. တဖျက်ဖျက် ရိုက်ကြတော့တာပေါ့… အဲလို ဓာတ်ပုံရိုက်တယ်လဲ ကြားရော ရွာထဲက ကွမ်းခြင်း၊ပန်းခြင်းကိုင် ရွာသူအပျိုခေါင်းကြီး ဒေါ်ပဒုမ္မာလဲ မိတ်ကပ်တွေလူး အလှတွေပြင်ပြီး လူအုပ်ကြီးနဲ. အတူတူ လမ်းထွက်လျှောက်တာပေါ့.. ရွာ့အပျိုခေါင်းကြီး လိုက်တော့ ရွာထဲက အန်တီမမ ဦးဆောင်တဲ့ အပျိုအချောအလှတွေလဲ အကုန် အလှတွေပြင်ပြီး လိုက်လာကြတော့တာပေါ့ကွယ်.. အဲလိုနဲ. ဆန္ဒပြလမ်းလျှောက်တာနဲ. မတူပဲ ကထိန်ပွဲ၊ အလှူပွဲလှည့်တာနဲ. တူနေတာပေါ့ကွယ်… အဲဒါထက်ပိုစိုးတာက ရွာဒိုးပတ်ဝိုင်းခေါင်းဆောင် ကိုမျိုးသန်.ကလဲ အလှတွေပြင် လမ်းလျှောက်ကြတော့ မထူးတော့ဘူးဆိုပြီး သူ.ဒို.ပတ်ဝိုင်း လဲ စည်းစည်းကားကားဖြစ်အောင်လိုက်မယ်ဆိုပြီး လူအုပ်ကြီးနောက်က နေ ဒိုးပတ်တီးပြီး လိုက်တော့တာပေါ့ကွယ်…

အဲလိုနဲ. သူဂျီးမင်းအိမ်ရှေ.ကိုရောက်သွားတာပေါ့… သူဂျီးလဲ အိမ်ထဲမှာ ပြာတာ အံစာတုံး မိဂီဆီက အင်ထုလာတဲ့ ရက်လေဘယ်ဆိုတဲ့ ဘီအီးကိုသောက်ပြီး ဇယက်မင်းစည်းစိမ် ခံနေတဲ့အချိန် အိမ်ရှေ.ဆူဆူညံ့ညံ့ ကြောင့် ပီအေဖြစ်တဲ့ ကြောင်ဝတုတ်ကို သွားကြည့်ခိုင်းတာပေါ့… ကြောင်ဝတုတ်လဲ အပြေးသွားကြည့်ပြီး သူဂျီးမင်းဆီ ပြာယီးပြာယာနဲ. …

သူဂျီးမင်း သူဂျီးမင်း ဒုက္ခနဲ. လှလှတော့ တွေ.ပြီးသူဂျီးရေ… ရွာသားတွေ ဆန္ဒလာပြနေကြတယ်ခင်ဗျ…

သူဂျီးကလဲ ဆန္ဒပြတယ်ဆိုတာ တစ်ခါမှ မကြုံဘူး မကြားဘူးတော့.. ဟေဟုတ်လား.. သွားယူစမ်းကွာ အဲဒီ ဆန္ဒ ငါကြည့်ရအောင် တစ်ခါမှလဲ မမြင်ဘူးတော့ ကြည့်ကြည့်တာပေါ့ကွ… အဲဒီအချိန်မှာ သက်တော်စောင့် စာတတ်ပေတတ် တရုတ်ပြည်ပြန် မောင်ကျောက်က

ဟာ……..သူဂျီးမင်း ဆန္ဒပြတယ်ဆို.. ယူလာကြည့်စရာမဟုတ်ဘူးဗျ… ရွာသူားတွေ လိုချင်တာ တောင်ဆိုတာကို ဆန္ဒပြ တယ်လို.ခေါ်တယ်ဆိုပြီး ရှင်းပြရတော့တာပေါ့… အဲဒီအခါမှ သူဂျီးလဲ ပြာပြာသလဲ အိမ်ရှေ. ကွပ်ပြစ်ကို သက်တော်စောင့်တွေနဲ. ဆင်းလာရတော့တာပေါ့.. သူဂျီးမင်းဆင်းလာတော့ ရွာသူားတွေ အသံတိကနဲ. တိတ်သွားလိုက်တာ အပ်ကြသံတောင်ကြားရလောက်တာပေါ့ကွယ်..

အိမ်ရှေ.လှေကားကနေ သူဂျီးမင်း ဘေးကပ်ရပ်က သက်တော်စောင့် မောင်ကျောက် နဲ. ဓားအာဂ အဲဒီနောက်က သူဂျီး နှစ်လုံးပြူး ကို မနိုင်တနိုင် ထမ်းထားတဲ့ ပြာတာ အံစာတုံး ဘေးချင်းယှဉ်ပြီး သူဂျီးပီအေ ဆံပင်အဖြောင့်နဲ. ကြောင်ဝတုတ်.. အဲဒီနောက်မှာ မှ သူဂျီးကတော်၊ သူကြီးကနော် နောက်မှာမှ သားသမီး မြေးမြစ် ဘုဆုခရု အကုန် တန်းစီးဆင်းလာကြတာပေါ့.. အဲလိုဆင်းလာတာကို ရွာသူားတွေ က အသံတွေတိတ်ဆိတ်ပြီး ကြောင်ကြည့်နေကြတာပေါ့ကွယ်…

ဟိဟိ သူဂျီးအိမ်ရှေ.ထွက်တာလဲ မင်္ဂလာဆောင် ခန်းမထဲဝင်လာတာကြနေတာပဲနော် ဖေဖေ.. ဟိဟိ

ဟဟဟ အေးကွယ့်..

အဲလိုနဲ. နာရီဝက်လောက် အပ်ကျသံတောင်ကြားရလောက်တဲ့ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို နေရာကျသွားတဲ့ သူဂျီးမင်းအသံက ဟိန်းခနဲ. ထိုးခွဲလိုက်တာပေါ့………

ဟေ့ ရွာသူားတွေ ဘာဖြစ်လာကြတာတုံး ဘာကိုပြောစမ်း…….

အဲဒီအချိန်ကျမှ ကြက်သေသေနေတဲ့ ရွာသူားတွေ အုံးအုံးကျွတ်ကျွတ်ဖြစ်လာပြီး ..

သူဂျီး ဒီမိုကရေစီပေးပါ ဒီမိုကရေစီပေးပါ လို. တယောက်တပေါက် အော်ပြောကြတော့တာပေါ့…

သူဂျီးလဲ ဒီမိုကရေစီဆိုတာ အခုမှကြားဘူးပြီး ဘာမှန်းလဲမသိတော့ သူထင်ရာ စွတ်ပြောတော့တာပေါ့…

ဟဲ့ …. ငါမှာဖြင့် ဒီမိုကရေစီ မရှိပေါင်ကွယ်.. အဲလိုပြောပြီး သူဂျီးကတော်ဘက်လှည့်ပြီး ဟဲ့ရှင်မ မင်း ဈေးကများ ဒီမိုကရေစီ ၀ယ်လာမိခဲ့သေးလားကွယ်..

သူဂျီးကတော်ကလည်း အမလေးတော် ဒီမိုကရေစီတော့မသိ ဘူး ဆီဈေးတွေတက်လို. ဆီတောင်နဲနဲပဲ ၀ယ်လာခဲ့တယ်… ရှင်ဒီတစ်လ ရေလုံပြုတ်ဟင်းပဲ စာရမယ်.. ဒါပဲ..

သူဂျီးနဲ. သူဂျီး ကတော်တို. အဲလိုပြောနေတဲ့အချိန်မှာ သူဂျီပီအေ ကြောင်ဝတုတ်က တရုတ်ပြည့်ပြန် မောင်ကျောက် စာအုပ်အဟောင်းတန်းက ဆွဲလာတဲ့ အဘိဓာန်ကြီးကို လှန်ပြီး ဒီမိုကရေစီ ဆိုတာ လိုက်ရှာတော့တာပေါ့ကွယ်..

အဲလိုနဲ. တရုတ်ပြည်ပြန်မောင်ကျောက်လဲ မနေနိုင်တော့တာနဲ. သူဂျီးနားနားလေး တိုးတိုးကပ်ပြီး..

သူဂျီးမင်း ဒီမိုကရေစီဆိုတာ….????????????????????????????????????????????????????

????????????????????????????????????????????????

????????????????????????????????????????????????????????????

?????????????????????????????????

?????????

?????????????????????????????????

???

??????????????????????????????????????????????????????????????????????????????????????????????????????????????

????????????????????

??

အဲဒါဗျ

ဆိုတော့မှာ သူဂျီးက

ဟေ ဟုတ်သလားကွ.. ဒါဆို ငါကို သူတို.က မကျေနပ်ကြရင် ငါသူဂျီးနေရာက ဖယ်ပေးရတော့မှာပေါ့ ဟုတ်သလား..

ဟုတ်တာပေါ့ဗျာ… အမှန်ပဲ သူဂျီးမင်း..  မောင်ကျောက်အဲလိုဖြေလိုက်တော့ သူဂျီးမင်းလဲ ဖင်ထိုင်လျက်ကနေ ငုတ်တုတ်တောင်ထထိုင်ပြီး

ဟေ ဒါဆိုရင်တော့ မဖြစ်ချေဘူး ရွာသူားတွေကို ဒီမိုကရေစီ အမြန်ပေးပြီး သူတို.ကျေနပ်အောင်လုပ်ပေးမှ ဖြစ်တော့မပေါ့.. တော်ကြာ ငါနေရာလေး ပျောက်သွားမှဖြင့်…

အဲလိုပြောပြီး တစ်ယောက်တစ်ပေါက်ပြောနေကြတဲ့ ရွာသူားတွေဖက်လှည့်ပြီး … အောင်မြင်ခံညားသောအသံဖြင့်..

ဟိတ်…..တိတ်ကြစမ်း…….

အဲလိုအော်လိုက်တော့ တစ်ယောက်တစ်ပေါက် ဆူညံနေတဲ့ ရွာသူားတွေ အသံက မီးခဲကို ရေနဲ. ငြိမ်းလိုက်သလို ရှဲခနဲ တိတ်သွားရောကွယ်…

ကဲကဲ မင်တို.လိုချင်တဲ့ ဒီမိုကရေစီ ဆိုတာ ငါပေးမယ်ကွာ… ဒါပေမယ့် ငါတစ်ခုသိချင်တာက ဒီမိုကရေစီ ကိစ္စ ဘယ်သူကစသလဲ…. ကဲပြောစမ်း..

အဲလိုပြောလိုက်တော့… ရွာသူားတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး… ဇဝေဇ၀ါနဲ. ဖြစ်ကုန်တာပေါ့.. သူတို.လဲ ဘယ်သူက စလဲမသိဘူးလေ… ရွာထဲ ဘုမသိဘမသိနဲ.သာ လိုက်လာလိုက်တာ သူများ ဒီမိုကရေစီ ဆိုလို. လိုက်စီလိုက်တာလေ… မသိကြဘူး…

အဲဒီအချိန်မှာ ရွာသူားထဲက တစ်ယောက်က အဲဒီကိစ္စ စတာ ကိုဘလက်ချောနဲ. ကိုနို.စို.မိ ဗျို. လို. အော်ပြောလိုက်တာပေါ့…

ဟေ ဟုတ်သလား… ဟို ဂျာနယ်လစ်ယောင်ယောင်… နိုင်ငံရေးသမားယောင်ယောင် နှစ်ယောက်လားကွ.. အဲ ဒီ လူတွေ ဘယ်မလဲ… သူတို.က စပြီးတော့ အခု ဘယ်ရောက်နေလဲ…. ပြောစမ်း..

အဲလို နဲ. ရွာသူားတွေ ကြားထဲ ကိုဘလက်နဲ. ကိုနို.စို.မိ ကို လိုက်ရှာကြတာပေါ့…. ရွာသူားတွေ ရဲ. ဟိုးနောက်ဆုံး မကျည်းပင် ခြေရင်းမှာ နှစ်ယောက်သား သူတို.မဟုတ်သလို.. တစ်ယောက်က ဆေးလိပ်ကလေး ဖွာ… တစ်ယောက်က ဂျာနယ်လေးဖတ်ပြီး အေးအေးဆေးဆေး သူတို.နဲ.မဆိုင်သလို ထိုင်နေကြတာ တွေ.ရတာပေါ့ကွယ်…

အဲဒါကို တွေ.တော့ သူဂျီး မျက်နှာ တင်းမာပြီး အဲဒီအကောင်တွေကို ငါရှေ.ခေါ်လာခဲ့စမ်းကွာ .. လို.ပြောလိုက်ရင်ပဲ…. ရနောင်မောင်မောင်ကျောက်နဲ. ဓားအာဂ တပည့်တစ်စုက သူတို.နှစ်ယောက်ကို လက်မောင်းက မ ပြီး သူဂျီးမင်းရှေ.ကို ခေါ်လာခဲ့တယ်…

သူဂျီးမင်းဒေါသကို သိနေကြတဲ့ ရွာသူားတွေက ဒီလူနှစ်ယောက်တော့ သွားပြီးဆိုပြီး စိတ်မကောင်းတဲ့ မျက်နှာလေးတွေနဲ. ကိုဘလက်၊ကိုနို.စို.မိတို.ကို ကြည့်နေကြတာပေါ့ကွယ်… သူတို.နှစ်ယောက် သူဂျီးရှေ.လဲရောက်ရော….

မင်းတို.နှစ်ကောင် ဒီရွာသူားတွေကို သွားဆွတယ်ဟုတ်သလား…..

ဗျာ.. ကျုပ်တို.ဖြင့် ဘာမှ မလုပ်ပေါင်ဗျာ..

ဒါဆို မင်းတို.လုပ်တယ်လို. ရွာသူားတွေက ပြောနေတယ်လေ…

အော် ဒါတော့သူဂျီးမင်းရယ်… သူတို.က ဒီမိုကရေစီဆိုတာ ဘာလဲ မေးတော့ ဖြေလိုက်တာလေးတစ်ခုပါဗျာ… ဘာမှ ထွေထွေထူးထူး မလုပ်မိပေါင်ဗျာ….

အဲဒီအချိန်မှာ သူဂျီးက သူရှေ.က စားပွဲကြီးကို လက်နဲ. ၀ုန်းခနဲ.ရိုက်ပြီး မတ်တပ်ထရပ်လိုက်တာပေါ့…

အမလေး သောက်ပလုပ်တုတ်……. သူဂျီးကတော်တောင်လန်.သွားလို. အာမေဒိတ် အော်မိသွားတယ်ကွယ့်..

ပြီတော့ ကိုဘလက်နဲ.ကိုနို.စို.မိကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ….

မင်းတို.နှစ်ကောင် လုပ်တုန်းကလုပ်ပြီး ဗြောင်လိမ်ဗြောင်စား တယ်လုပ်တတ်ပါလားကွ ဟေ…

အေးဒါဆို မင်းတို.ထဲက ဘလက်ချောက ငါ့အတွင်းရေးမှူး လုပ်ပြီး နို.စို.မိက အကြံပေး လုပ် ငါအလုပ်ခန်.လိုက်ပြီ…….

ဟာ…………ဟင်……..

သူဂျီးရဲ. ထင်မှတ်မထားတဲ့ စကားက ရွာသူားတွေ ကို အာမေဒိတ်တွေ ထွက်လာတာပေါ့ကွယ်… ရွာသူားတွေ ထင်ထားတာ သူတို.နှစ်ယောက်တော့ ထိပ်တုံးပေါ့လေ….. အခုတော့ အထင်နဲ.အမြင်လွဲနေတော့တာပေါ့ကွယ်..

အဲဒီအချိန်မှာ သူဂျီး ပီအေ ကြောင်ဝတုတ်က သူဂျီးမင်းနားကပ်ပြီး

ဟာ သူဂျီး ဒီလူနှစ်ယောက်ကို အဲလိုခန်.လို.ဘယ်ဖြစ်မလဲဗျာ…………… ကျုပ်လဲရှိနေတဲ့ဟာကိုဗျာ…

ဟေ့ကောင် ငကြောင် မင်းဘာမှ နားမလည်ပဲ ၀င်မပြောနဲ. မင်းဘာသိလို.လဲ ဒီလို ဗြောင်လိမ်ဗြောင်စား ကောင်တွေ ငါဆီမှာ အများကြီးလိုတယ်ကွ… နားလည်လား…

အဲလို သူဂျီးက ဟောက်လိုက်တော့ ကြောင်ဝတုတ်လဲ ဘာမှ မပြောနိုင်ပဲ… သူဂျီးနဲ. ဟိုနှစ်ယောက်ကို မျက်စောင်းထိုး… ဖြောင့်ထားတဲ့ဆံပင်ကို လက်နဲ. အသာအယာသပ်တင် ခြေဆောင့် ပုဆိုးလေးမပြီး ထွက်သွားတာပေါ့ ကွယ်…

ဟင်ဖေဖေ…. အဲဒီ ဦးကြောင်ဝတုတ်က လူကောင်အကြီးထောင်ထောင်မောင်းမောင်းကြီးဆို…

အေးလေ သမီးရဲ..

ဟင် အခုတော့ သူလုပ်တဲ့ပုံက အခြောက်ကျနေတာပဲနော်…

ဟဟဟဟ အေးကွဲ. သူလဲ မိုက်ကယ်ဂျော်ဒကယ်အောင်ပု ဆိုင်မှာ ဆံပင်သွားသွားဖြောင့်ရင်း အကျင့်ကူးလာတာနေမှာပေါ့သမီးရယ်…….

အော် အင်း ဟုတ်လောက်တယ်နော်… ဖေဖေ..

ကဲကဲ ဆက်ပြောမယ်………..ဟုတ်

အဲလို ကြောင်ဝတုတ်လဲ ထွက်သွားရော သူဂျီးမင်းရဲ. အောင်မြင်ခံညားတဲ့ အသံကြီး ဟိန်းခနဲထွက်လာတာပေါ့…..

ကဲကဲ ရွာသူားတွေ အားလုံးနားထောင်ကြ စမ်း…

မင်းတို.တတွေ လိုချင်နေတဲ့ ဒီမိုကရေစီ ဆိုတဲ့ ဟာ ငါပေးတယ်ကွာ…………

ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးး ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဒူဝေေ၀ဝေေ၀ဝေေ၀ဝေေ၀ ဒူဝေေ၀ဝေေ၀ဝေေ၀ ဒူဝေေ၀ဝေေ၀ဝေ

တူဝေေ၀ဝေေ၀ဝေေ၀ဝေ တူဝေေ၀ဝေေ၀ဝေေ၀ တူဝေေ၀ဝေေ၀ဝေ

သာဓု သာဓု သာဓု…

ဟင် ဖေဖေ ဘာသံတွေလဲဟင်..

အော် သမီးရဲ… သူဂျီးမင်းက ဒီမိုကရေစီ ပေးလိုက်လို. ရွာသူားတွေ ပျော်လို.အော်ကြတာလေ…

ဟုတ်ဘူးလေ ဖေဖေရဲ.. ဟို မောင်းသံ နဲ. ကြေးစည်သံ သာဓု ခေါ်သံတွေကို ပြောတာလေ ဖေဖေရဲ.

အော် အေးဒီလိုကွဲ… သူဂျီးမင်းက ဒီမိုကရေစီပေးလိုက်တော့… ရွာသူားတွေ ပျော်ကြပြီး အော်တဲ့ အချိန်မှာ..

သူဂျီးပြာတာ မောင်အံစာက ရောယောင်ပြီး လူစုတဲ့ သူဂျီးအိမ်အောက်က မောင်းကြီးကို အားရပါးရသုံးချက်တီး လိုက်တာပေါ့

အင်း… ဒါနဲ. ကြေးစည်သံကရော.. ဖေဖေ..

အော် အဲဒါက ရွာသူားတွေ လူစုပြီး လမ်းလျှောက်လာကတည်းက သူဂျီးမင်း အိမ်ရှေ.ရောက်တဲ့အထိ အစအဆုံး ရပ်ကြည့်နေတဲ့ ရွာဦးကျောင်းက ကပ္ပိယကြီး ဦးဆာမိ က ဆွမ်းခံကြွသွားတဲ့ ဆရာတော်တွေနောက် မလိုက်ပဲ.. ရပ်ကြည့်နေရင်း… သူဂျီးမင်း ဒီမိုကရေစီ ပေးလိုက်လို. ရွာသူားတွေ အော်ကြပျော်ကြတော့ သူလဲ ဘုမသိဘမသိနဲ. ကြေးစည်ကြီး တီးပြီး………….. သာဓု သုံးကြိမ်ခေါ်လိုက်တာပေါ့ကွယ်…

အော်အဲလိုလား…..ဟဟဟ

ကဲသမီးရေ… ဒီနေ.တော့ ဒီလောက်နဲ. ဖေဖေတို. အိပ်ရာဝင်ကြစို. သမီးရေ…

ဟာ ဖေဖေ ကလဲ… အစောကြီးရှိသေးတယ်..

အော်သမီးရယ် မနက်ဖြန်ကျ ဆက်ပြောပြမှာပေါ့ ကွ…

မနက်ဖြန်.. သေချာတယ်နော်..

အေး Promise သမီး.

ဟွန်… ဖေဖေက Promise သာလုပ်တာ… ဟို ဦးစိုးမိုးဆိုတဲ့ မှန်ကြောင်လူကြီး နဲ. ဦးသောင်းစိန် ဆိုတဲ့ ဦးလေးကြီး ပြီးတော့ အသားခပ်မဲမဲ မျက်မှန်အနက်ကြီးတပ်ထားတဲ့ လူဆိုးလိုလို လူကြီး တွေ Prome မှာ လက်ဖက်ရည်သောက်ရအောင် ဆိုပြီး ညနေ လာလာခေါ်ရင်

ဖေဖေက ညဥ့်နက်မှ ပြန်ပြန်လာတာကို…

အော် ဟဟဟဟ သမီးရယ်.. စိတ်ချပါ.. ဖေဖေ အဲလိုလူဆိုးကြီးတွေနဲ. မပေါင်းတော့ပါဘူး..

ကဲ အိပ်တော့နော်…

ဟုတ်… Promise နော်ဖေဖေ..

အေးအေး Promise Promise…..

 

TO BE CONTINUE >>>>>>>>>>>>

About ရွှေတိုက်စိုး

has written 79 post in this Website..