မမေ့နိုင်တဲ့ နေ့တစ်ရက်

panpanDecember 13, 20131min1559

ကိုယ်ခံခဲ့ရတဲ့အရာကျ မှတ်မိလည်းခဏပါပဲ။ မေ့နိုင်ပါတယ်။ ကိုယ်ကသူများကို တခုခုလုပ်မိတာကျ တော်တော်နဲ့မေ့ဖို့ခက်တယ်။ အဲ့လူထိခိုက်သွားတာထက် ကိုယ့်မှာပိုထိခိုက်ရတယ်။
လွန်ခဲ့တဲ့ သုံးလေးငါးနှစ်လောက်ကပေ့ါ။ ရုံးကရွှေဂုံတိုင်က ယုဇနတာဝါ။ ရုံးခန်းက လေးလွှာမှာ။ ရုံးခန်းနဲ့ တစ်ခန်းကျော်မှာ ဗီဒီယိုတွေ ရုပ်ရှင်တွေ ကြော်ငြာစသည်ရိုက်တဲ့ ရှုတင်ခန်း။ အမြဲလိုလိုရိုက်ကွင်းပဲပေ့ါ။ တခါက မိုးအောင်ရင်နဲ့ သက်မွန်မြင့် ရုံးခန်းထဲဝင်ရိုက်လို့ မန်နေဂျာကော်ဘရာကြီး ဒေါခီးသွားသေးတာပဲ။ သူတို့ကလည်း အဲ့လောက်နယ်ချဲ့တယ်။ ကော်ရစ်ဒါတလျှောက်၊ ဓါတ်လှေကားနားတွေရော။ ဟိုတခါကဆို ရုံးအလာ လွင်မိုးနှဲ့ဓါတ်လှေကားထဲလုဝင်ပစ်လိုက်တယ်၊ သူ့ကိုယ်လုံးကြီးနဲ့ လွယ်ထားတဲ့အိတ်ကလည်း ပေးကလန်ကိုတောင်ထည့်သွားလို့ရတယ်။ ဘာရမလဲ ပေးကလန်လည်း ရှိသမျှအားကုန်နဲ့ ပြန်တွန်းပစ်လိုက်တယ် ငိငိ။
အဲ့ စကားတွေချော်ကုန်ပီ။ တနေ့မှာ နေ့လည်စာစားပီး ကော်ရစ်ဒါတလျှောက် လမ်းလျှောက်ရင်းဖုန်းပြောနေတာ။ ကိုယ့်အတွက်တော့ အရေးကြီးကိစ္စပေ့ါ။ အရေးကြီးပါတယ်ဆိုမှ ဖုန်းကလည်းခေါ်မရဘူးလေ။ ဒီချိန်လေးအားလို့ခေါ်ရတာကို။ စိတ်ကရှုပ် စိတ်တိုလာရော။ အဲ့ချိန်မှာပဲ အနားမှာကလည်း ရှုတင်ရိုက်ကွင်းရှိနေတယ်။ ဖုန်းခေါ်နေတုန်း တအောင့်နေတော့ သတိထားမိတာက အနားခပ်လှမ်းလှမ်းမှာ အမျိုးသ္မီးတစ်ယောက်က ကွက်ကြည့်ကွက်ကြည့်လုပ်နေတယ်။ ကို်ယ်လည်း ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ သူ့လည်းအာရုံမလာနိုင်ဘူး။ ဖုန်းလည်းဆက်တာမရနဲ့။ တအောင့်နေတော့ သူက ကိုယ့်နားမရဲတရဲလာပီး ဖုန်းလေးတကောလောက်ခေါ်ပါရစေတဲ့။ ရှုတင်မှာ ဘယ်သူ့ကိုအားလုံးစောင့်နေတယ်ဆိုလား။ အဲ့နားမှာသတိထားမိတာက ခပ်လှမ်းလှမ်းမှာလည်း ရိုက်ကွင်းထဲကလူလေးငါးယောက်လောက်ကလည်း လှမ်းကြည့်နေတယ်။ အဲ့အမျိုးသ္မီးက သူတို့အားလုံး ဘယ်သူ့မှာမှဖုန်းမပါဘူးတဲ့။ ခဏလောက်ဆက်လို့ရမလားတဲ့။ ပေးကလန်ရေလည်ညစ်နေတာ သူတို့အပူကိုမမြင်ဘူး။
ကိုယ့်စိတ်ထဲမှာလည်း တွေးမိသေးတယ် ဖုန်းမပါလည်း အောက်ထပ်မှာ ဆက်သွယ်ရေးစာတိုက်တောင်ရှိတာပဲ ဖုန်းဆင်းဆက်ပါလားပေ့ါ။ နောက် မတွေးမိတာက အဲ့ချိန်တုန်းက ၂သိန်းတန်း ၅သိန်းတန်ဖုန်းတွေလည်းမပေါ်သေးပါဘူး။ ၁၅သိန်းဖုန်းတမျိုးတည်းဆိုတော့ သူတို့အုပ်စုထဲ ဘယ်သူမှဖုန်းပါမလာနိုင်ပါဘူး။ မင်းသားမင်းသမီးတွေမဟုတ်ဘဲ ရှုတင်ကအလုပ်သ္မားတွေမို့ပါ။ အဲ့ဒါနဲ့ပဲ ဒီမှာလည်း ဖုန်းဆက်နေတာမို့ မရသေးလို့ပါနော်လို့ပြောလိုက်မိတယ် 🙁 :'( :'(
သူဘယ်လိုဖြစ်သွားမလဲမတွေးမိပါဘူး။ ကိုယ်တိုင်လည်းဖုန်းဆက်မရနဲ့ ရုံးတက်ချိန်ရောက်သွားလို့ ကိုယ့်ဘာသာအထဲဝင်ခဲ့လိုက်ပါတယ်။
အဲ့တုန်းကိစ္စ သူတို့ကတော့ မေ့ချင်မေ့နေမှာမလားမသိပေမယ့် ပေးကလန်မှာတော့ သတိရမိတိုင်း တမြေ့မြေ့နဲ့။ ရှက်လည်းရှက်ဖို့ကောင်းတယ်။ တကိုယ်ကောင်းများအရမ်းဆန်သွားပီလားလို့ ဆန်နေမှန်းသိသိနဲ့ ကိုယ့်ဘာသာပြန်မေးနေမိတယ်။ အဲ့တုန်းက ပေးကလန်းဖုန်းဆက်လို့မရတဲ့အပူက ခုချိန်ဘာကိစ္စမှန်းတောင်မသိတော့ပါဘူး။ သူတို့အကူအညီတောင်းတာ မလုပ်ပေးခဲ့ရတာက ခုချိန်ထိစိတ်ထဲမှာ ဖုထစ်နေတုန်းပါပဲ။ အဲ့ဒါ စိတ်များပေ့ါသွားမလားလို့ ပေါ့လိုပေ့ါငြားဝန်ခံလိုက်ပါတယ်။ ကိုယ့်တစ်ယောက်အတွက်နဲ့ အများအခက်အခဲကိုလျစ်လျူရှုမိတာ မေ့လို့မရနိုင်တာ ဒီနေ့ထိပါပဲ။

9 comments

  • kai

    December 14, 2013 at 4:26 am

    တကယ်ကို.. မပေးချင်လို့… မပေးတာဆိုရင်ပြဿနာမဖြစ်ဖူးလို့ထင်တယ်..
    တချို့က ပြတ်မှရသဗျ..။
    မပြတ်ရင်.. သံသရာရှည်ရော…။
    ရှည်ဆို.. အခုထိရှည်နေသာတာကြည့်..။ :mrgreen:

  • မဟာရာဇာ အံစာတုံး

    December 14, 2013 at 9:27 am

    အယ် ..
    သူကျမှ ဗျောင်းဗျန်ဂျီးဘာဂလားကွယ်ရို့ ..
    များသောအားဖြင့် လူဒွေဂလေ
    ကိုယ့်ခံရရင် အရိုးထိ အမှတ်ကြီးတတ်ကြတယ်
    ကိုယ်လုပ်ခဲ့ရတယ် ဆိုတာမှ မေ့နေတတ်ကြတာ ….

  • alinsett

    December 14, 2013 at 10:55 am

    ပြီးတာတွေကို ပြီးပါစေလေ

    🙂

    အဲဒီလို သူတပါးအတွက် တွေး ပြီး ပူပေးနေတတ်တာ
    သူတပါးထိခိုက်နစ်နာမှုကို ကိုယ်ချင်းစာ အတွေး ဝင်ပေးတတ်တာက
    ကောင်းတော့လည်း ကောင်းပါတယ်ဗျာ

    ကိုယ့်ကိုကိုယ်လည်းခွင့်လွှတ်နိုင်ဖို ့ကြိုးစားပြီး
    ရှေ့ဆက် သူတပါး မထိခိုက်မနစ်နာအောင်
    ဆက်ရွေ ့ဖို့ပါပဲ

    :kwi:

  • kyeemite

    December 14, 2013 at 11:49 am

    “ကိုယ်ကသူများကို တခုခုလုပ်မိတာကျ တော်တော်နဲ့မေ့ဖို့ခက်တယ်”
    အမှန်ပဲဗျ…ကျုပ်ဘဝမှာလည်းရှိခဲ့ဖူးတယ်…မမေ့နိုင်သေး

  • ဦးကြောင်ကြီး

    December 14, 2013 at 11:50 am

    တချို့တွေ အကူညီလွန်ပီး ဖုံးမပြေးသွားတာ ရှိတယ်။ ပွဲခင်းတွေမှာ ဆေးလိပ်မီးညှိသလိုနဲ့ မီးခြစ်အကောင်းစားဆို လူကြားထဲ ကိုယ်ယောင်ဖျောက်သွား သလိုပေါ့။ ပေးသူက ပွဲခင်းထဲ ပဲများနေရင်ဖြစ်တယ်။ သတိရလို့ ကြည့်လိုက်တော့ ကိုယ့်ရှေ့က ငတ ဘယ်ရောက်သွားမှန်း မသိတော့ဝူး။ ဖုန်းကြတော့ ပေါ်တင်ယူပြေးတာ။

  • KZ

    December 14, 2013 at 1:29 pm

    ပြန်မလုပ်ပေးနိုင်တဲ့ ကိစ္စမို့ စိတ်ထဲမထားပါနဲ့တော့။
    Pan Pan lay.

    🙂

  • ဦးကျောက်ခဲ

    December 14, 2013 at 1:37 pm

    ကိုရင်ကြောင် ပြောတာအမှန်ပါပဲ…
    နိုင်ငံခြားမှာတော့ ဖုန်းလာငှါးရင် ဆောတီးပါ…
    လုပြေးရင်ဖုန်းလည်းဆုံး၊ အထဲမှာ တိုးတိုးတိတ်တိတ်တွေရှိနေရင် ဂိ ပြီ…
    နောက်ပြီး ကိုယ့်ဖုန်းနဲ့ ရာဇဝတ်မှုမြောက်တဲ့ ခေါ်ဆိုမှုလုပ်သွားရင် သေဘီဆြာ…
    😀

  • Wow

    December 16, 2013 at 4:41 pm

    ဟုတ်တယ် ပေးကလန် ကိုယ်ကူညီနိုင်ရဲ့သားနဲ့ မကူညီလိုက်တဲ့ ကိစ္စဆို တနုံ့နုံ့နဲ့ အမြဲစိတ်မကောင်း ဖြစ်နေတတ်တာမျိုး… 🙁

Leave a Reply