လူတစ်ပိုင်း မျောက်တစ်ပိုင်း

alinsettDecember 16, 20135min22914

လူတစ်ပိုင်း မျောက်တစ်ပိုင်း...
လူတစ်ပိုင်း မျောက်တစ်ပိုင်း…

 

 

 

 

လူတစ်ပိုင်း မျောက်တစ်ပိုင်း

 

ချိန်လိုက်စမ်းပါ သာသာထိုးထိုး. . .

ထုံးစံအတိုင်း အားမနာလျှာမကျိုးပေါ့ ။

ဘာဖြစ်လဲ . . .

ခြံစည်းရိုးတကာ တိုးတိုးပြီး ပြန်ခဲ့တယ် ။

လူက မမူး – လမ်းတွေမူးနေလို ့. . . . .

————————————————————————–

 

သစ်တစ်ပင် ကောင်း ငှက်တစ်သောင်း. . .

ဟင့်အင်းးး မနားတော့ပါဘူး ။

ငါက နားညည်းတတ်တဲ့ငှက် ။

ရိုးရိုးသားသား အတုခိုးတာလေးကိုများ. . .

ဆန်းဆန်းပြားပြား စွပ်စွဲမနေနဲ့တော့

ဟိုငှက်လောက်တော့ မင်းလည်း လှမှာပဲ ။

 

—————————————————————————

 

ခြားနားနေသေးလားး ???

တစ်စိတ်တစ်ပိုင်းလောက်တော့. . .ချန်ထားပေးကွယ်. . .

ငါ ရဲ ့မဖြစ်စလောက်အောင်မြင်မှု. . . . .

အခု . . .

ရိုက်ခွဲလိုက်တော့မလို ့ . ………..

—————————————————————————-

 

ရယ်ရယ်မောမော ဖြတ်သန်းသွားတဲ့

တိမ်ညိုတစ်အုပ်

တဖြုတ်ဖြုတ်ကြွေကျဖူးတဲ့ ပန်းတစ်ဆုပ်

ဆွမ်းအုပ်ထဲမှာ ကနေတယ် ။

ဓါးသံလှံသံ တချွမ်ချွမ်ကြားပေမယ့်

တိုးတိုးသက်သာလေးပဲ. .

မကြာခဏ . . .

ထုပ်ပိုးခဲ့တယ် ။

———————————————————————–

ကိုယ်. . .

ဟိုဘက်ကမ်းက မီး. . .

ဘယ်လောက်လင်းသလဲ သိချင်ပေမယ့်

ကိုယ့်ဘက်က မီး . . .

မှိတ်မကြည့်ချင်ခဲ့ဘူး။

 

————————————————————————

 

ဘယ်ဟုတ်လိမ့်မလဲ. . .

ကိုယ်က အခုမှ

လူဖြစ်ကာစ မျောက်တစ်ကောင် ။

မယုံဘူးလား

ဟန်ဆောင်အပြုံးကို

ကျကျနနပြုံးပြတတ်တယ်လေ ။

 

 ———————————————————————

 

 

 

အလင်းဆက်

 

15 / 11 / 2013 / 11 : 35 am

 

alinsett.art@gmail.com

 

 

 

 

14 comments

  • ဦးကြောင်ကြီး

    December 16, 2013 at 8:48 am

    လူမျောက်
    အူပေါက်
    ယူသောက်
    ဆူနောက်..။

    • alinsett

      December 16, 2013 at 9:20 am

      ကာရန် က မှ ကြည့်ကောင်းသေးတော့တယ် လူဇိုးဂျီးရယ်

      :kwi:

  • kyeemite

    December 16, 2013 at 9:40 am

    ကဗျာလေးကိုကြိုက်၏။“လူဖြစ်ကာစ မြောက်တစ်ကောင်” ဆိုတာလေးသဘောကျတယ်ကွ

    • alinsett

      December 16, 2013 at 10:42 am

      အဲ

      ဦးကြီး ပြောမှ သတိပြုမိတယ်
      လူဖြစ်ကာစ ဆိုတာ သတ်ပုံမှားနေသလား မသိ
      ခါစ လို့ရေးရမလား
      ကာစ လို့ရေးရတာလား
      ဇဝေဇဝါ

      သတ်ပုံကျမ်း ပြန်လှန်ကြည့်ဦးမယ်

      🙂

      ဦးကြီးရေ
      ကဗျာလေးကို ခံစား ပေးသွားတဲ့အတွက်
      ကျေးဇူးဗျ

    • alinsett

      December 16, 2013 at 5:21 pm

      ဖတ်ရှု ခံစား အားပေးသွားသော မမနန်း
      ကျေးဇူးပါ

  • မဟာရာဇာ အံစာတုံး

    December 16, 2013 at 11:14 am

    ဘာဒွေဒုန်းကွာ …
    နင် ပြောဒါ ဘာမှ နားမလည်ဘူးကွာ ..
    နင်က မျောက်လို့ ဆိုလိုချင်တာလား …
    မျောက်ဆိုယင်ဒေါ့ တိရစ္ဆာန်ရုံထဲကို ပို့ပလိုက်မယ် …
    ငါ သိတာ ဒါဘဲ

    • alinsett

      December 16, 2013 at 8:39 pm

      ခီညား…လို.. အချစ်နဲ ့ တွေ ့နေသူ က… ကဂျာကို..မခံစားတတ်တာတော့..
      အံ့ခနဲတောင် ဩသွားဒယ်..အဟက်

      :kwi:

  • KZ

    December 16, 2013 at 11:20 am

    နာ့ စိတ်က မျောက်နဲ့ တူတူလာပြီး
    လူက ဝက်နဲ့ တူတူလာလို့ အဲလာလေး ကဘာ စပ်ပေးပါ

    😀

    • alinsett

      December 16, 2013 at 8:38 pm

      တိန်…
      အဲဒလို.. အဖြစ်မျိုးတော့.. ကဂျာ..မစပ်တတ်…

      :kwi:

  • Mr. MarGa

    December 16, 2013 at 6:02 pm

    (ဘီယာဆိုင်တွင်)
    လူတစ်ပိုင်း….
    မျောက်တစ်ပိုင်း…..
    လူတစ်ခွက်…
    မျောက်တစ်ခွက်….
    လူတစ်ပွဲ….
    မျောက်တစ်ပွဲ….
    လူတစ်ချက်….
    မျောက်တစ်ချက်….
    လူတစ်လုံး….
    မျောက်တစ်လုံး…
    လူ..မှန်သွားချိန်မတော့
    မျောက်….မူး…လဲ… :mrgreenn: :mrgreenn:
    (စာက ပုံပေါ်ကိုမရောက်ဘူး နေရာတွေ လွတ်နေတယ်။)

    • alinsett

      December 16, 2013 at 8:31 pm

      ဟင်… စာသားတွေက…
      နာမြင်တာတော့..ပုံပေါ်မှာပါ။။။။
      ဘာများ..လွဲပါလိမ့်….

  • sorrow weaver

    December 18, 2013 at 12:09 pm

    မိုက်သကွ…နာတော့ ဒီကဗျာ ကြိုက်တယ်ဟေ့

    • alinsett

      December 18, 2013 at 7:26 pm

      ကိုဆွေး…အဲ…ကိုဆော…ရေ…

      ကဗျာလေး ကို သဘောကျတယ်ဆိုလို ့..ဝမ်းသာရပါသည်…

      🙂

Leave a Reply