ဒညင်းသီး ဝက်သား နဲ့ ပျားရည်

ဇီဇီDecember 16, 20131min52134

အရင်တစ်ပတ်က အလုပ်ရှုပ်တာရော၊ စားဖိုမှူးတွေ မအားတာရော၊ ကိုယ်တိုင် မစပ်နိုင်တာရော နဲ့ ဒီ တစ်ပတ် ထမင်းဆိုင်မဖွင့်ဖြစ်ပါဘူးးးးးးး
အဲဒီတော့ ဟင်းတစ်ခွက် ချက်ပါ့မယ်။
ဝက်သားမကြိုက်သူတွေ နဲ့ ဒညင်းသီးမကြိုက်သူများ သည်းခံကြပါ။
ထုံးစံအတိုင်း အတိုင်းအတာ မမေးကြပါနဲ့။ မပြောတတ်ပါဘူးးး လိုတိုးပိုလျှော့ ကွကိုယ်ချက်ပါတယ်။

၁) ဝက်သားကို တုံးပြီး ဆားရယ်၊ ပဲ ငံပြာရည် အကြည်ရယ် အသားထဲကိုစိမ့်ဝင်အောင် နယ်ထားပါမယ်။
၂) ဒညင်းသီး ကို ပြုတ်ရင် ပြုတ်၊ ပြုတ်ပြီးသားကို ဝယ်ချင်ဝယ် (အနော်က မပြုတ်တတ်လို့ အမြဲ ပြုတ်ပြီးသားကို ဝယ်ပါတယ်)
၃) ဒညင်းသီးကို ခြမ်း၊ တစ်ခြမ်းစီကို မှောက်ခုံထားပြီး ငရုတ်စုံထဲမှာ ထုထားပါ။
၄) ကြက်သွန်နီ/ဖြူ/ဂျင်း ကို ထောင်းပြီး တစ်ပုံစီ ပုံထားပါ။ အနှစ်လိုချင် များများထည့်ပါ။
၄) ဆီ အိုးတည်ပြီး ခုဏ က ဖြူနီဂျင်းကို ဆီသတ်၊ အရောင်တင် နည်းနည်းထည့်
၅) လိတ်လာပြီ ဆို ဝက်သားထည့်၊ မွှေ
၆) ဝက်သားက ရေထွက်လာပြီ ဆို ဒညင်းသီးထည့်၊ မွှေ။
၇) အသားကျက်ပြီး ရေခန်းခါနီး ရေစပ်စပ်မှာ ပျားရည်ထည့်ပြီး နှံ့အောင်မွှေပါ။
၈) ဖြစ်နိုင်ရင် ရေထပ်မထည့်ပဲ သူ့ ရေနဲ့သူ ကျက်အောင် အဖုံးအုပ်ထားစေချင်ပါတယ်။
၉) အသားလုံးဝ နူးတာ ကြိုက်ရင်တော့ တစ်ရေထပ်ထည့်ပြီး ရေခမ်း ဆီပြန်တဲ့ထိ တည်ထားပါ
၁၀) အသားရဲ့ အရသာရယ်၊ ဒညင်းသီး က အဆိမ့်ရယ်၊ ပျားရည်က အချိုရယ် ၃ ဖလှယ် အရသာရောထားတဲ့ အတွက် အင်မတန်စားကောင်းပါတယ်။

အဲ။ သွေးတိုးမှာ ကြောက်တတ်ရင် ဒန့်ဒလွန်ရွက် ဟင်းရည်လေးတည် ပြီး ဟင်းစပ်လိုက်ပါ။
ဟိ။
ရေးသာရေးနေတာ မစားရတာ ၁ဝ နှစ်လောက်ရှိတော့မယ်။

 

:mrgreen:

34 comments

  • alinsett

    December 16, 2013 at 9:29 am

    ဒညင်းသီးတို့
    ဒညင်းဝက်တို ့ ဝက် တို့
    မကြိုက်ဖူးးးးးးးး

    :kwi:

    အခေါ်အဝေါ်တွေကို မကြိုက်တာပါ
    အရသာရှိရှိ ချက်ကျွေးမယ့်သူ ရှိရင်တော့
    အားရပါးရ စားပြချင်သားး

    အဟိ

    • KZ

      December 16, 2013 at 12:16 pm

      ဝက် ကို နိုင်စားတဲ့သူကို ချက်ခိုင်းလိုက်မယ်။

      :kwi:

  • ဦးကြောင်ကြီး

    December 16, 2013 at 9:38 am

    ပြာသိုလလဲဖြစ် အားလဲသိပ်ရှိဆို ဘိုသွားလုပ်မြီဒုံး..

    • KZ

      December 16, 2013 at 12:13 pm

      လက်ဝှေ့ထိုးမားးး
      ကြောင်သိုး တစ်ကောင် လွှတ်ပေးလိုက်မယ်။,
      😀

  • ဝက်ဒညင်းဆိုလို့ကတော့ လာထားအာဘွားးးးးးးးးးးးး
    အိုးလုံးကျွတ်ကိုကျိတ်ပစ်လိုက်မှာ
    😀

    • KZ

      December 16, 2013 at 12:10 pm

      ဟိ။
      အကြိုက်တော်တော်တူတယ်။

      :mrgreen:

  • kyeemite

    December 16, 2013 at 10:11 am

    သွေးတော့နဲနဲမဟုတ်..တော်တော်ကိုတက်လိမ့်မည်..ဒါပေသိ..ကြိုက်မှကြိုက်
    တခုလောက်မေးချင်လို့..ကေဇီရေ..
    ခြင်ကျားပူမှာ ဒညင်းသီး ရလားဟင်.. 😀

    • KZ

      December 16, 2013 at 12:10 pm

      အာ့ကြောင့် သွေးကျတဲ့ ဟင်းချိုနဲ့ တွဲစားခိုင်းတာပေါ့လို့။

      😀

  • Wow

    December 16, 2013 at 10:56 am

    ဒညင်းသီးနဲ့ ဝက်သားက နဂိုကောင်းပီးသားကိုမှ ပျားရည်ထဲ့တယ်ဆိုတော့ ဘာပြောကောင်းမလဲ… ဘာမှကို ပြောလို့မကောင်းတော့ဝူး… :mrgreen:
    ဒါပေသိ ခုတလော သာကူစေ့သံကောင် ကြောက်လို့ ဝက်ရှောင်ထားတယ်အေ့… အာရေ အမား.. သာမီး ဇတ်ပျက်မယ် အမား :mrgreen:

    • KZ

      December 16, 2013 at 12:09 pm

      မျိုးစောင့် ဥပဒေကို ကြောက်ဖူးလားးး
      :mrgreenn:

  • ဦးကျောက်ခဲ

    December 16, 2013 at 11:00 am

    စားဖူးတယ် ကောင်းတယ် ၊ ဒညင်းသီးမကြိုက်လို့ ဝက်သားချည်းစားတာ…
    သွေးကတော့ တက်သလား မမေးနဲ့ အုန်းနို့လေးပါထည့်လိုက်ရင်… ဂိ မှာ…

    kyeemite says:
    ခြင်ကျားပူမှာ ဒညင်းသီး ရလားဟင်..

    ရပါတယ်ခင်ဗျာ ပြုတ်ဒညင်း ၊ ဒညင်းဝက် ၊ ဒညင်းသီး ဆားရေစိမ် အပြင်…
    ပဲဒညင်း အသေးလေးတွေပါ ရပါ၏… ဟီ ဟိ
    😀

    • ပြောင်းပြန်ဘတော်
      ဝက်ဒညင်းဆိုတာ ဒညင်းထဲဝက်သားအရသာတွေစိမ်ံ့ဝင်နေလို့ ဝက်သားဖက်ကိုမကြိုက် ဒညင်းသီးဖက်ချည့်အကြိုက်တွေ့စေတဲ့အမျိုး
      ဒီနေရာမှာစားဖိုမှူးကျောက်စ်ညံ့သွားပီ
      😀

      • ဦးကျောက်ခဲ

        December 16, 2013 at 11:52 am

        ဟင့်အင်း… ညံ့တယ်ပြောချင်ပြော…
        ဒညင်းသီးကို ကြိုက်မှ မကြိုက်တာ…
        😀

    • KZ

      December 16, 2013 at 12:07 pm

      အနော်ကတော့ ဒညင်းသီး အဲလောက် မကြိုက်လို့
      ဝက်ဆီဖတ်လေးတွေချည်းရွေးစားတယ်။

      :mrgreen:

  • ကြောင်ဝတုတ်

    December 16, 2013 at 11:15 am

    ဒညင်းသီးနဲ့ ဝက်သားလေးကို အုန်းဆီချက်လေးဆမ်း…
    ပုဇွန်ချဉ်သုပ်နဲ့ ကြက်ဟင်းခါးသီးကြော်လေးကို အရံဟင်းထား…
    ဂွေးတောက်ရွက်နဲ့ ကြက်အချင်းတိုင်လေးကို ဟင်းချိုလေးချက်…
    အား.. ကောင်းမှကောင်း…
    အော်… ကျန်နေသေးတယ်… မေ့လို့…
    ဦးကျော်သူနဲ့ နီးစပ်ရာ… ရေဝေး (သို့) ထိန်ပင်ကိုလဲဖုန်းဆက်ထား…
    ဘုန်းကြီးငါးပါးလျှောက်ပြီး မုန့်ဟင်းခါးလေးလဲ အော်ဒါတင်ထားကြဦးနော်…

    မရဏစားဖိုမှူး…
    ဖက်ဖက်ကက်

    • KZ

      December 16, 2013 at 11:49 am

      ပဂိုးဒါးးးး
      ပြီးရင် ဒံပေါက်လေးနဲ့ အရက်လေးပါ မြည်းလိုက်ပါ့လားဟမ်?
      :hint:

  • မဟာရာဇာ အံစာတုံး

    December 16, 2013 at 11:25 am

    ဒညင်းသီး တော့ ကျိုက်ဘူးး
    ဒညင်းဝက် ဆိုရင် ပိုဆိုးသေး … လက်သီးနဲ့ ကစ်ပလိုက်ချင်ဒါ …
    ဝက်သားနဲ့ ပျားရည်ဒေါ့ ကျိုက်ဒယ် …

    စကားမစပ် ….
    ဒီလို ချက်ပြုတ်ပီး ချင်ကျားပူကို ပါဆယ် လာပို့ပေးပါ့မယ် …
    လေယာဉ်ခ ရယ် .. စားစရာတွေရယ် … နေစရာတွေရယ် .. လည်စရာတွေရယ် …
    အိုက်ဒါတွေတော့ စရိတ်ခံဘာ …

    • KZ

      December 16, 2013 at 11:47 am

      ရဒယ်။
      လေယာဉ်ခ ရယ် .. စားစရာတွေရယ် … နေစရာတွေရယ် .. လည်စရာတွေရယ် …စတာတွေ ကွကိုယ်ပေးမယ်ဆိုရင် ဟင်းချက်ကျွေးပါ့မယ်။

      :mrgreen:

    • KZ

      December 16, 2013 at 11:46 am

      ပျားရည်ပါရင်တော့ ပိုကောင်းတာပေါ့။
      ဟိ

      😀

  • sorrow weaver

    December 16, 2013 at 12:36 pm

    ဒညင်းသီးဆို ဆားစိမ်မှ ကြိုက်တာဗျ… အဟိဟိ ..ဒီအလုပ်နဲ့ဆိုတော့မစားရတာတောင်ကြာပေါ့…အဟင့်…ဝက်သားကတော့ဘာလာလာဒေါင်းတယ်…အဟိ

    • KZ

      December 17, 2013 at 10:53 am

      မကြိုက်ဘု။
      ဒညင်းသီးကို အုန်းနို့ဆမ်းရယ်။
      ဒီလိုချက်တာရယ်ပဲစားတယ်။

      🙂

  • တောတွင်းပျော်

    December 16, 2013 at 1:15 pm

    ဒညင်းသီး ဝက်သား ဆိုလို ့
    ရွာမှာနေတုန်းက တခြားရွာက ကထိန်ခင်းကို
    ရွာက ဆရာတော်နောက်လိုက်ရင်း မကြီးမငယ်နဲ ့ ဘုန်းကြီးးကျောင်းသား
    လုပ်ရင်းလိုက်သွားတယ်။ ဟိုရွာရောက်တော ့ ဆရာတော်ကို ကျောင်းပေါ်ပို ့ပြီး
    ချက်ခြင်းရွာထဲပြန်ဆင်း၊ အသိမိတ်ဆွေတွေကိုရှာပြီး ဓနိရည်ဆိုင်ကိုပြေးတော ့တာပဲ။
    ဒီရွာက ဓနိရည်ပေါတာကိုး။
    ညနေခင်း ဧည် ့သည် ကပ္ပိယ၊ကျောင်းသားတွေ ထမင်းစားချိန် ကျောင်းကိုပြန်ပြေး။
    ညနေစာက တောတွင်းပျော်ရဲ ့အကြိုက် ဝက်သားဆီပြန်ရယ် တို ့စရာ ဒညင်းသီး။
    အားရပါးရ ပါပဲ….
    အဲး….ညရောက်တော ့ ညနေကသောက်ထားတဲ ့ ဓနိရည်ရယ်၊ စားထားတဲ ့ ဝက်သား၊ ဒညင်းသီးရယ်
    ဗိုက်ထဲမယ် ရန်ဖြစ်ကြတယ်ထင်တာပဲ။ ပြေးလိုက်ရတာ အိမ်သာကို အခေါက်ခေါက် အခါခါ
    နောက်ဆုံးတော ့ အိမ်သာဘေးမှာငုတ်တုတ်လေး လုံးဝနေရာယူလိုက်တာ မိုးလင်းပေါက်အထိ။
    နောင်တရတလားဆို
    ခုအချိန်ထိ လုံးဝနောင်တမရသေးကြောင်း……

    • KZ

      December 17, 2013 at 10:52 am

      အဲလာ ဓနိရည်ကြောင့်နေမှာ။
      😀

  • Mr. MarGa

    December 16, 2013 at 5:18 pm

    ဒညင်းသီးလဲ ဆွဲမယ်
    ဝက်သားလဲ လာထားးး
    နောက်မှ ဖြစ်ချင်ရာဖြစ်
    အစားသည် ပထမ :mrgreenn:

    • KZ

      December 17, 2013 at 10:51 am

      မှားတယ်။
      အသက်ရှည်ဖို့ ပထမ
      ကျန်းမာဖို့ ဒုတိယ။
      အဲလာမှ စိတ်ကြိုက်စားလို့ရမှာ … :mrgreenn:

  • ရွှေ ကြည်

    December 16, 2013 at 7:36 pm

    ဒညင်းသီးလည်းကြိုက်တယ်၊ ဝက်သားလည်းကြိုက်တယ် ကျေးကျေး အစ်မဇာ

    • KZ

      December 17, 2013 at 10:50 am

      ပျားရည်မရှိလို့ မစားရတာ ကြာပါပေါ့
      :hint:

  • padonmar

    December 17, 2013 at 12:23 am

    ဒညင်းသီးကိုတော့ အာသာပြေ တလုံး၂ လုံးထက်ပိုမစားစေချင်ပါ။
    ဒညင်းသီးစားပြီး ကျောက်ကပ်ပျက်တဲ့သူတွေ အများကြီး။
    ရှောင်နိုင်လေကောင်းလေပါ။

    • KZ

      December 17, 2013 at 10:48 am

      ဟုတ်တယ်။.။အာတီဒုံ။
      ဟိုနေ့က ဖတ်လိုက်ရတယ်။
      ဒညင်းသီးမှာ အကျိုးပြုဓာတ် ဘာမှ ပါဘူးတဲ့။
      သိပ်မကြိုက်တော့ အတော်ပါပဲ

      🙂

  • surmi

    December 17, 2013 at 10:40 am

    အမှန်​ကဓညင်​းသီးက်​ုအ​သေကြိုက်​ခဲ့တာ…
    ငယ်​ငယ်​ကဆိုတစ်​ခါစားရင်​ ၁၅ လုံး​လောက်​စားတာ..
    အခု မစားတာ ၁ဝ နှစ်​ကျော်​ပြီ။
    ပျားရည်​ထည်​့ရတာ​တော့အခုမှသိတယ်​
    တစ်​ခါ​လောက်​​တော့စမ်​းြညြ်​့ချင်​​သေးတယ်​
    ထမင်​းဆိုင်​မဖွင်​့​တော့တာ ဝမ်​းနဲစရာ..

    • KZ

      December 17, 2013 at 10:46 am

      ဝမ်းမနည်းပါနဲ့ဗျာ။
      ဟင်းစပ်ရရင် ပြန်ဖွင့်မှာပါ။
      ကြိုးစားပေးပါ။
      😀

  • ခင် ခ

    December 17, 2013 at 4:49 pm

    ပါဝင်သောအဓိကပစ္စည်းများ
    ၁။ ဒညင်းသီး
    ၂။ ဝက်သား
    ၃။ ပျားရည်
    စားကောင်းဖွယ်ရာပါဘဲ။

    • KZ

      December 17, 2013 at 4:54 pm

      သိပ်မစားနဲ့။
      သွေးတက်မယ်။

      😀

Leave a Reply