စာရေးတာဟာ အကြိုက်ဆုံးဝါသနာဆိုတာလို့ဆိုရရင် တစ်ဝက်ပဲမှန်မယ်။

 

အမှန်က စိတ်ကူးထဲမှာရေးချင်တာတွေစီရတာကိုပိုကြိုက်ပြီး တကယ်တမ်းချရေးရမှာကိုတော်တော်လေးပျင်းတာပါ။

 

အခုနောက်ပိုင်း ပိုလို့တောင်စာရေးဆက်ခြားသွားတာက ရေးပြီးသားပို့စ်တွေမှာ reply မလုပ်နိုင်တာကြောင့်ပါ။

 

သို့ပေမယ့် ပေါ့ပေါ့ပါးပါးဖတ်ပြီး ပျော်ပျော်ရွှင်ရွှင်လိုက်မန့်နိုင်မယ့် ပို့စ်လေးတစ်ပုဒ်တော့ ရေးဖြစ်အောင်ရေးလိုက်မိတယ်။ :roll:

 

 

“သက်တူဖီလင်” :chit:

 

ငယ်ငယ်တည်းကနေအခုအချိန်ထိ ကိုယ်နဲ့သက်တူရွယ်တူ(သို့)အသက်မချင်းမတိမ်းမယိမ်းရှိတဲ့လူတွေဆို

 

အများကြီးကြားကနေထင်းနေအောင်သတိပြုမိတဲ့အကျင့်ရှိတယ်။

 

အတန်းထဲမှာ ခုနှစ်တူတွေချည်းဆိုတာတောင် လတူ၊မွေးနံတူတဲ့လူတွေဆို စိတ်ဝင်တစားရှိမိတယ်။

 

အနုပညာရှင်တွေကို ခရေဇီဖြစ်တတ်တဲ့အရွယ်လည်းကျရော ပိုဆိုးတော့တာပေါ့။

 

ကိုယ်နဲ့အသက်အရွယ်တူတဲ့ ဆယ်လီဗျစ်တီများရှိရင် ၀မ်းသာလုံးဆို့လို့။

 

Prince William

တစ်ကမ္ဘာလုံးကသိတဲ့ တော်ဝင်မင်းသားပါ။

ငယ်ငယ်က ရွှေအမြုတေမှာ မင်းသမီးဒိုင်ယာနာအကြောင်းအခန်းဆက်တွေဖော်ပြတိုင်း ပါနေကျဖြစ်တဲ့ မင်းသားဝီလျံ

သူ့အမေလို့ရီတတ်တဲ့ မင်းသားလေး ဟာ

ကိုယ်နဲ့ခုနှစ်သက္ကရာဇ်တစ်ခုတည်းပါလားလို့ တွေးမိတိုင်း မဆီမဆိုင် ဂုဏ်ယူသလိုလို၊ကြည်နူးသလို၊အရူးထသလိုလိုဖြစ်တတ်တယ်။

:-D

နိုင်ငံရပ်ခြားအကြောင်းတွေ စိတ်မ၀င်စားတဲ့သူငယ်ချင်းတွေရှေ့မှာလဲ အလိုက်ကန်းဆိုးမသိ ၀ီလျံမင်းသားအကြောင်းထထပြောတတ်တယ်။စိတ်မ၀င်စားကြပါဘူး။

 

၅တန်း၊၆တန်းအရွယ်တွေလောက်တည်းက မိန်းကလေးတွေစိတ်ဝင်စားတာ သူတို့ရဲ့အတန်းဖော်ကောင်လေးတွေကိုပါပဲ။

 

ဒီလိုနဲ့ တစ်ယောက်တည်း ဂုဏ်ယူ၊တစ်ယောက်တည်းအရူးထရင်း ၀ီလျံဘယ်အရွယ်ရောက်လို့ ဘာတွေလုပ်နေပြီ သိရတိုင်း..

 

prince-william_1681222c

 

 

 

 

 

 

 

 

 

ငါတောင် ဒီအရွယ်ရောက်နေပါပြီလား….သူတော့ဘာတွေလုပ်နေပြီး

ငါတော့ဘာတွေလုပ်နေပြီ စသည်ဖြင့် အတန်မရာ

လှမ်းလှမ်းနှိုင်းယှဉ်မိတတ်တယ်။

:-D

 

….

 

 

 

ဒီလိုနဲ့နှစ်ပေါင်းများစွာ

 

ကိုယ့်မှာလည်း ကိုယ့်လူမှုကိစ္စအ၀၀နဲ့ ဘ၀ပစ်ချာမှာပုံဖော်နေချိန်ကာလတွေမို့ မင်းသားကိုမေ့နေခဲ့တာအတော်ကြာပါတယ်။

 

ကိုယ်ပြန်သတိပြုမိတဲ့အချိန်မှာ မင်းသားဟာ ကိတ်မစ်ဒယ်နဲ့တောင်လက်ထပ်တော့မတဲ့

 

လူပျိုပေါက်ဘ၀၊တက္ကသိုလ်ကျောင်းသားဘ၀ ဘာဘာညာညာလေးတွေ သိမိကြားမိတာတွေရှိပေမယ့် အရမ်းကြီး စိတ်ဝင်တစားမရှိနေခဲ့လိုက်တာ

 

prince_william

prince-william-pic-getty-925828268-264280

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိတ်မစ်ဒယ်ဆိုမှ ပြာပြာသလဲ

abc_prince_william_kate_kiss_nt_110429_wg

 

 

 

 

 

 

 

 

 

 

ဟင်း….ငါ့လောက်တောင်မလှဘူး

 

လို့ တွေးမိတယ်ဆိုရင် တစ်ကမ္ဘာလုံးများခဲနဲ့ဝိုင်းထုကြလေမလားးးးးး

:mrgreen:

 

အခုတော့…

သူတောင် မင်းသားကြီးတစ်ပါးနှယ်တိုင်းရေးပြည်ရာတွေမှာ အရာရောက်…တကယ့်လူကြီးလူကောင်းကြီးဖြစ်နေပြီ ငါကတော့

 

ကလေးလိုလို၊လူကြီးလိုလို၊ကိုယ့်ကလေးတွေနဲ့တောင် စိတ်ပြန်ကောက်ချင်ကောက်

 

အမျိုးမျိုးတွေ မတူမတန်လိုက်တွေးပြီး အားတောင်ငယ်မိလိုက်သေး

 

ကိုယ့်အတွေးတွေကိုလူတွေသာသိရင် ရယ်လိုက်မယ့်ဖြစ်ခြင်းဆိုပြီး အောင့်အီးထားတာကြာပါပြီ။

 

အခုတော့အခွက်ပြောင်ပြောင်ပဲဖော်ဖြစ်တာက

:-D

 

ကိုယ်နဲ့သက်တူရွယ်တူ မင်းသားလေးက..ဒီလိုရုပ်ကြီးနဲ့ မင်းသားကြီးကိုဖြစ်လို့

i.0.prince-william-prince-george-crying-restless

 

 

 

 

 

 

 

 

 

 

 

 

ဟင် ..သူတောင်ဒီလိုပြောင်ပြောင် အိုအိုကြီးဖြစ်နေပြီဆိုတော့ ငါကကော

 

ကိုယ်ကတော့ သူ့လောက်ကြီး ပြောင်ပြောင်အိုအိုနဲ့ကိုယ့်ကိုယ်ကို သူ့လောက်ကြီးရင့်တယ်မထင်သေးတာမို့

 

အားတက်စွာပဲ ဖော်ပြဖွင့်ဟလိုက်ရပါတယ်…………

 

4ab56813gw1dw03ebohqnj

ကိုယ့်ထက်တစ်နှစ်ပဲကြီးတဲ့ အစ်ကိုကြီးHyun48163_145958392235962_1959054140_n Bin :-D

 

ကိုယ့်ထက်တစ်နှစ်ကြီးတဲ့အစ်မကြီး Yoo Innaနဲ့ ကိုယ့်ထက်တစ်နှစ်ငယ်တဲ့မောင်လေး Ji Hyun Woo :-D

 

 

 

 

 

 

 

 

 

 

ဒါကတော့ အများသိ၊စားကြည့်၊အားရှိစေမယ့်(အဲလေ)ဖွဘုတ်သူငယ်ချင်းတော်တော်များများ မျက်စိနောက်စေတဲ့

သက်တူရွယ်လှ ကိုမိုက် ပါတဲ့

:mrgreen:

645ffcd3jw1dhxd6bf9o9j

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(အခုထည့်ကြေငြာသွားသူတွေကတော့ ကိုယ်ချစ်တဲ့အရွယ်မတိမ်းမယိမ်းတွေပါ။ဂဇက်မှာဆိုရင်တော့ ကိုယ့်ထက်တစ်နှစ်ငယ်တဲ့ ညီမလေးရွှေကြည်က ကိုယ့်အချစ်တွေကိုယူထားပါတယ်

:-D )

 

♪♫**အားလုံးပျော်ရွှင်နိုင်ကြပါစေ**♪♫

•*¨နန်းတော်ရာသူ •*¨

About •*¨နန်းတော်ရာသူ •*¨

•*¨နန်းတော်ရာသူ •*¨ has written 73 post in this Website..

လူအချင်းချင်းမိတ်ဖက်ခြင်းတွင်၊ကိုယ်စိတ်ရွှင်သာ ကြင်နာပါမှ၊နှစ်ဦးနှစ်ဘက် ချမ်းမြေ့တတ်၏။ စိတ်ရင်းအမှန်ဖြင့်ခင်မင်တတ်စွာနဲ့ နန်းတော်ရာသူ