သက်တူဖီလင်

စာရေးတာဟာ အကြိုက်ဆုံးဝါသနာဆိုတာလို့ဆိုရရင် တစ်ဝက်ပဲမှန်မယ်။

 

အမှန်က စိတ်ကူးထဲမှာရေးချင်တာတွေစီရတာကိုပိုကြိုက်ပြီး တကယ်တမ်းချရေးရမှာကိုတော်တော်လေးပျင်းတာပါ။

 

အခုနောက်ပိုင်း ပိုလို့တောင်စာရေးဆက်ခြားသွားတာက ရေးပြီးသားပို့စ်တွေမှာ reply မလုပ်နိုင်တာကြောင့်ပါ။

 

သို့ပေမယ့် ပေါ့ပေါ့ပါးပါးဖတ်ပြီး ပျော်ပျော်ရွှင်ရွှင်လိုက်မန့်နိုင်မယ့် ပို့စ်လေးတစ်ပုဒ်တော့ ရေးဖြစ်အောင်ရေးလိုက်မိတယ်။ 🙄

 

 

“သက်တူဖီလင်” :chit:

 

ငယ်ငယ်တည်းကနေအခုအချိန်ထိ ကိုယ်နဲ့သက်တူရွယ်တူ(သို့)အသက်မချင်းမတိမ်းမယိမ်းရှိတဲ့လူတွေဆို

 

အများကြီးကြားကနေထင်းနေအောင်သတိပြုမိတဲ့အကျင့်ရှိတယ်။

 

အတန်းထဲမှာ ခုနှစ်တူတွေချည်းဆိုတာတောင် လတူ၊မွေးနံတူတဲ့လူတွေဆို စိတ်ဝင်တစားရှိမိတယ်။

 

အနုပညာရှင်တွေကို ခရေဇီဖြစ်တတ်တဲ့အရွယ်လည်းကျရော ပိုဆိုးတော့တာပေါ့။

 

ကိုယ်နဲ့အသက်အရွယ်တူတဲ့ ဆယ်လီဗျစ်တီများရှိရင် ဝမ်းသာလုံးဆို့လို့။

 

Prince William

တစ်ကမာ္ဘလုံးကသိတဲ့ တော်ဝင်မင်းသားပါ။

ငယ်ငယ်က ရွှေအမြုတေမှာ မင်းသမီးဒိုင်ယာနာအကြောင်းအခန်းဆက်တွေဖော်ပြတိုင်း ပါနေကျဖြစ်တဲ့ မင်းသားဝီလျံ

သူ့အမေလို့ရီတတ်တဲ့ မင်းသားလေး ဟာ

ကိုယ်နဲ့ခုနှစ်သက္ကရာဇ်တစ်ခုတည်းပါလားလို့ တွေးမိတိုင်း မဆီမဆိုင် ဂုဏ်ယူသလိုလို၊ကြည်နူးသလို၊အရူးထသလိုလိုဖြစ်တတ်တယ်။

😀

နိုင်ငံရပ်ခြားအကြောင်းတွေ စိတ်မဝင်စားတဲ့သူငယ်ချင်းတွေရှေ့မှာလဲ အလိုက်ကန်းဆိုးမသိ ဝီလျံမင်းသားအကြောင်းထထပြောတတ်တယ်။စိတ်မဝင်စားကြပါဘူး။

 

၅တန်း၊၆တန်းအရွယ်တွေလောက်တည်းက မိန်းကလေးတွေစိတ်ဝင်စားတာ သူတို့ရဲ့အတန်းဖော်ကောင်လေးတွေကိုပါပဲ။

 

ဒီလိုနဲ့ တစ်ယောက်တည်း ဂုဏ်ယူ၊တစ်ယောက်တည်းအရူးထရင်း ဝီလျံဘယ်အရွယ်ရောက်လို့ ဘာတွေလုပ်နေပြီ သိရတိုင်း..

 

prince-william_1681222c

 

 

 

 

 

 

 

 

 

ငါတောင် ဒီအရွယ်ရောက်နေပါပြီလား….သူတော့ဘာတွေလုပ်နေပြီး

ငါတော့ဘာတွေလုပ်နေပြီ စသည်ဖြင့် အတန်မရာ

လှမ်းလှမ်းနုှိင်းယှဉ်မိတတ်တယ်။

😀

 

….

 

 

 

ဒီလိုနဲ့နှစ်ပေါင်းများစွာ

 

ကိုယ့်မှာလည်း ကိုယ့်လူမှုကိစ္စအဝဝနဲ့ ဘဝပစ်ချာမှာပုံဖော်နေချိန်ကာလတွေမို့ မင်းသားကိုမေ့နေခဲ့တာအတော်ကြာပါတယ်။

 

ကိုယ်ပြန်သတိပြုမိတဲ့အချိန်မှာ မင်းသားဟာ ကိတ်မစ်ဒယ်နဲ့တောင်လက်ထပ်တော့မတဲ့

 

လူပျိုပေါက်ဘဝ၊တက္ကသိုလ်ကျောင်းသားဘဝ ဘာဘာညာညာလေးတွေ သိမိကြားမိတာတွေရှိပေမယ့် အရမ်းကြီး စိတ်ဝင်တစားမရှိနေခဲ့လိုက်တာ

 

prince_william

prince-william-pic-getty-925828268-264280

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိတ်မစ်ဒယ်ဆိုမှ ပြာပြာသလဲ

abc_prince_william_kate_kiss_nt_110429_wg

 

 

 

 

 

 

 

 

 

 

ဟင်း….ငါ့လောက်တောင်မလှဘူး

 

လို့ တွေးမိတယ်ဆိုရင် တစ်ကမာ္ဘလုံးများခဲနဲ့ဝိုင်းထုကြလေမလားးးးးး

:mrgreen:

 

အခုတော့…

သူတောင် မင်းသားကြီးတစ်ပါးနှယ်တိုင်းရေးပြည်ရာတွေမှာ အရာရောက်…တကယ့်လူကြီးလူကောင်းကြီးဖြစ်နေပြီ ငါကတော့

 

ကလေးလိုလို၊လူကြီးလိုလို၊ကိုယ့်ကလေးတွေနဲ့တောင် စိတ်ပြန်ကောက်ချင်ကောက်

 

အမျိုးမျိုးတွေ မတူမတန်လိုက်တွေးပြီး အားတောင်ငယ်မိလိုက်သေး

 

ကိုယ့်အတွေးတွေကိုလူတွေသာသိရင် ရယ်လိုက်မယ့်ဖြစ်ခြင်းဆိုပြီး အောင့်အီးထားတာကြာပါပြီ။

 

အခုတော့အခွက်ပြောင်ပြောင်ပဲဖော်ဖြစ်တာက

😀

 

ကိုယ်နဲ့သက်တူရွယ်တူ မင်းသားလေးက..ဒီလိုရုပ်ကြီးနဲ့ မင်းသားကြီးကိုဖြစ်လို့

i.0.prince-william-prince-george-crying-restless

 

 

 

 

 

 

 

 

 

 

 

 

ဟင် ..သူတောင်ဒီလိုပြောင်ပြောင် အိုအိုကြီးဖြစ်နေပြီဆိုတော့ ငါကကော

 

ကိုယ်ကတော့ သူ့လောက်ကြီး ပြောင်ပြောင်အိုအိုနဲ့ကိုယ့်ကိုယ်ကို သူ့လောက်ကြီးရင့်တယ်မထင်သေးတာမို့

 

အားတက်စွာပဲ ဖော်ပြဖွင့်ဟလိုက်ရပါတယ်…………

 

4ab56813gw1dw03ebohqnj

ကိုယ့်ထက်တစ်နှစ်ပဲကြီးတဲ့ အစ်ကိုကြီးHyun48163_145958392235962_1959054140_n Bin 😀

 

ကိုယ့်ထက်တစ်နှစ်ကြီးတဲ့အစ်မကြီး Yoo Innaနဲ့ ကိုယ့်ထက်တစ်နှစ်ငယ်တဲ့မောင်လေး Ji Hyun Woo 😀

 

 

 

 

 

 

 

 

 

 

ဒါကတော့ အများသိ၊စားကြည့်၊အားရှိစေမယ့်(အဲလေ)ဖွဘုတ်သူငယ်ချင်းတော်တော်များများ မျက်စိနောက်စေတဲ့

သက်တူရွယ်လှ ကိုမိုက် ပါတဲ့

:mrgreen:

645ffcd3jw1dhxd6bf9o9j

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(အခုထည့်ကြေငြာသွားသူတွေကတော့ ကိုယ်ချစ်တဲ့အရွယ်မတိမ်းမယိမ်းတွေပါ။ဂဇက်မှာဆိုရင်တော့ ကိုယ့်ထက်တစ်နှစ်ငယ်တဲ့ ညီမလေးရွှေကြည်က ကိုယ့်အချစ်တွေကိုယူထားပါတယ်

😀 )

 

♪♫**အားလုံးပျော်ရွှင်နိုင်ကြပါစေ**♪♫

42 comments

  • alinsett

    December 15, 2013 at 8:18 pm

    Ji Hyun Woo ဆိုတာ..
    ကျွန်တော်နဲ ့..အတော် တူသကိုးးးးး

    :kwi:

    • ပထမဆုရှင်လေးမို့ခွေးလွှတ်လိုက်ပါသီ….တော်တော့်ကိုတူပါသီ
      အဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်ဟွတ်ဟွတ်
      ဟွတ်

  • black chaw

    December 16, 2013 at 6:28 am

    ပေါ့ပေါ့ပါးပါး ဖတ်ပြီး…
    ပျော်ပျော် ရွှင် ရွှင် မန် ့နိုင် တဲ့ ပို ့စ်…တွေ
    များများရေးနိုင် ပါစေဗျာ…။

  • ဦးကြောင်ကြီး

    December 16, 2013 at 8:24 am

    ငယ်ငယ်ဒုံးက အရွယ်တူတွေ့လို့ မေးလိုက်ရင် ကိုယ်နဲ့မွေးနှစ်တူ များဒယ်၊ အသက်နည်းနည်း ကြီးလာဒါ့ (၂၁နှစ်ထဲမှာ အခု) တန်းတူထင်လို့ မေးလိုက်ရင် ကိုယ့်ထက်ငယ်နေဂျဗျံရော.. တိုက်ဆိုင်မှုလား ကားဆိုင်မှုလား ဘာလားဒေါ့ တိဝူး.. ဆိတ်ထဲ ထူးဆန်းသလိုပ..။

  • kyeemite

    December 16, 2013 at 9:32 am

    ကိုယ့်ကိုကိုယ်တော့ လူငယ်လေးလိုထင်နေတုန်း…တချို့က အဘလို့တောင်ခေါ်နေပြီ
    အဲလို “အဘ” လို့လာလာခေါ်ရင် သတ်ချင်တယ် 😀

  • KZ

    December 16, 2013 at 10:04 am

    မိုက် ပုံ ဒီထက်လှတာအများဂျီးကို ဒီပုံသုံးရတယ်လို့ကွယ်။
    သော် ကို စသိကာစ က ကိုယ်ကလည်း မိုက် ရဲ့ ကို ကြည့်ပြီးကာစ။
    ပြီးတော့ သော်က ၂ ယောက်တွဲပုံလေး လုပ်ပေးသေးတယ်လေ။
    ရွယ်တူ ကိစ္စတွေကတော့ ……………………
    သူငယ်ချင်း သက်တူတွေနဲ့ တွေ့ရတာတော့ပျော်တယ်။ ပြောစရာ စကားတူလို့။
    ကိုယ့်ကိုယ်ကို အသက်ကြီးပြီ မထင်ရလို့။
    🙂
    ဆယ်လီဗျစ်တီထဲတော့ သိဘူးတော့။ မစဉ်းစားဖူးဘူးးးး
    ဒါမဲ့ ကြိုက်တဲ့ အရွယ်လေးတွေက ကိုယ့်သား အရွယ်ရောက်တော့မယ် လို့ တော့ သတိထားမိသားးးး။
    ဟိ။
    😀
    ကိုယ့်ထက် အသက်ကြီးမှန်း သိသိကြီးနဲ့ အမလာခေါ်ရင် “သား” လို့ ပြန်ခေါ် သုံးနှုန်းပေးလိုက်တယ်။
    နည်းနည်းမှ စိတ်ချမ်းသာသာ ရှိပါစေလေ ဆိုပြီးးးး
    :kwi:

    • မိုက်ပုံလှတာလေးတင်ရင် ရွာသူတွေဝိုင်းလုမှာဆိုးလို့ပါမမ
      😀
      မမဂျီးနဲ့မိုက်မိုက်ပုံကိုသိမ်းထဲတုန်း ဒက်ဒီကြောင်တောင် အညှီရေလောင်းသေးတယ် ဟွင့်
      👿
      မင်းသားဝီလျံ၊မိုက်မိုက်အမြင် တခြားသက်တူရွယ်တူတွေဆယ်လီဗျစ်တီတွေလည်းရှိပါသေးတယ်။သိပ်အာရုံစိုက်မိတာ
      :chit:
      ညီမဆို ကိုယ့်ထက်တစ်နှစ်လောက်ပဲငယ်တဲ့ဆရာမတွေကိုတောင် လူကြီးယောင်ဆောင်ပြနေတာလေ
      :mrgreen:

  • ဦးကျောက်ခဲ

    December 16, 2013 at 1:29 pm

    ဘာယဲ… အရွယ်မတူလို့ အပေါင်းအသင်း မလုပ်ချင်ဘူးလို့ ကြိုကန်တာလား…
    အ ဟီး… စ တာပါ သာ မီးသော်… အတည်မန့်မယ်
    ကိုရီးယား ဓာတ်ရှင်၊ TV ဇာတ်လမ်းတွဲ၊ ဘာမှမကြည့်တာမို့ ဘယ်သူ့ကိုမှ မသိ…
    Prince William, Sandhurst စစ်တက္ကသိုလ် တက်တော့…
    အတန်းဖော်တွေက ဦးခေါင်းကို ဝိုင်းပုတ်ကြသတဲ့…
    တနေ့ ဘုရင်ဖြစ်မည့်ကောင်မို့ ခေါင်းကိုပုတ်ဖူးအောင်လို့တဲ့လေ…
    😀

    • ကိုးယားကားမကျိသူဒို့ရန်တူ(မွဆွိအားအဖော်ညှိတယ် 😀 )
      သာမီးတို့ဆီမှာလည်းအာ့ဂလိုပဲ စိုးပြည့်သဇင် မင်းသမီးဖြစ်လုဖြစ်ခင် အိမ်ကညီမလေးရဲ့အတန်းဖော်တွေက စာအုပ်လုံးပြည့် အော်တိုတွေထိုးခိုင်းသတဲ့။ညီမလေးကတော့ စိတ်မဝင်စားတတ်သူဆိုတော့ နင့်လက်မှတ်ကမုန့်စားလို့မှမရတာ ဆိုပြီး ထိုင်ကြည့်နေသတဲ့
      (တိုက်ဆိုင်တာပြောပြတာပါ)

  • မဟာရာဇာ အံစာတုံး

    December 16, 2013 at 1:45 pm

    အော် ..
    သမီးဂလေးက အတော်ငယ်ရှာသေးတာပဲ …
    အသက် မတူပေမယ့်
    အသက်ကြီးသူမို့ အရိုအသေပုတဲ့ အနေနဲ့
    ဘဘကြီးအံ ကို လာနှိပ်ပေးချမ်းဘာကွယ် …

  • Wow

    December 16, 2013 at 2:10 pm

    နာက နေတိုးနဲ့ မွေးလ မွေးရက်တူ… အသက်ကတော့ ဟီးးးးးးး မသိမသာလေး… နာငယ်တာပေါ့ :mrgreen:

    • ဦးကျောက်ခဲ

      December 16, 2013 at 2:23 pm

      ဟယ်… နီတိုးကြီးနဲ့ မွေးလ မွေးရက်တူသတဲ့လား…
      (နီတိုး ဘယ်သူလဲဆိုတာ အသက် ၄ဝကျော်တန်းတွေ သိကြပါ၏)
      အား ဟိ 😀

    • နေတိုးကြီးကကြီးတာပေါ့ မွမွက ရှိလှ ဂျွန်ဖြိုးနဲ့မှမတိမ်းမယိမ်းလောက်ဟာ
      😀
      ဖေကျောက်ပြောတဲ့ နီတိုးက အီတိုးနဲ့ဘာတော်တုန်း 🙄

      • Wow

        December 16, 2013 at 4:03 pm

        ဟုတ်ပ သော်ကလေးရယ်… ပြောပလိုက် ဖေကျောက်စ်ကို … နီတိုးဆိုတာ ဘူမှန်းတောင်မသိ.. နေတိုးနဲ့မှ သူမသာ ကိုယ်အသုဘ… အဲလေ.. ရွယ်တူ တန်းတူ… :mrgreen:

        • ဦးကျောက်ခဲ

          December 17, 2013 at 7:50 am

          ဟီ ဟိ ခေးတွေသိအောင် ဘကြီးကျောက်စ် ပြောပြမယ်…
          ဦးကျောက်စ်တို့ ငယ်ငယ်က ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်မှာ…
          လူဝံကြီး နီတိုး တို့၊ ဆင်မလေး မိုမို တို့ ရှိတယ်ကွယ့်…
          ဟီ ဟိ 😀

        • မိုမိုကြီးပဲသိတယ်။ခုထိရှိသေးလို့..ဒါနဲ့နီတိုးကြီးကဟောင်ကောင်ရောက်သွားတာလား
          ဖေကျောက်စ်
          😀
          (ကန်တော့နော်..ဟီးးးး )

  • လုံမလေးမွန်မွန်

    December 16, 2013 at 2:31 pm

    သာမီးကတော့ တြောက်ဆိုတြောက် …
    ဟိုး…ငယ်ငယ်ကတည်းက ဘေယောင်ဂျွန်းကို ကြိုက်လာတာ…အခုမှ… နည်းနည်းစိတ်လျော့သွားတာ…
    သူ့အပြင် ဘယ်သူ့ကိုမှ ဟုတ်တိပတ်တိမကြိုက်…

    ဒါနဲ့ ယောက်ခမ.. မိုက်မိုက် နဲ့ ကိုကြီး..ဘူ့ကို ပိုချစ်လဲ.. ဟီးဟီး :mrgreen:

    • ဆယ်တန်းတုန်းကတော့ အတဲဒုံးကြီးပေါ့ ဂုတော့ ဘေယွန်ဂျွန်းနဲ့တူတဲ့မှန်ယွန်ဂျွန်းကိုရထားပီလေ
      😀
      မိုက်မိုက်ကိုက အမွှာလိုခြစ်တာပါ အထင်မမွှားနဲ့လေ
      😀

  • Mr. MarGa

    December 16, 2013 at 4:48 pm

    မင်းသားတွေ
    တစ်ယောက်မှ စိတ်မဝင်စား
    တစ်ယောက်မှ မကြိုက်မိပါကြောင်း……..
    ပြောစမ်းပါဂျာ မော်ဒယ်လေးတွေအကြောင်းးး :mrgreenn:

  • ရွှေ ကြည်

    December 16, 2013 at 6:17 pm

    မနန်း ခေါ် ချစ်မသော်ရေ ဒီပို့စ်ထဲက မင်းသားတွေထဲမှာတော့ ကိုယ့်ဘာသာသိတာဆိုလို့ မင်းသားဝီလျံပဲရှိတယ် 😀
    ရွှေကြည်ကလည်း ကိုယ့်ထက် အသက်တနှစ်ပဲကြီးပေမယ့်
    ဝါအများကြီး ကြီးတဲ့ မသော်ကို ချစ်ပါကြောင်းးးးးးးးးးးးးးး

  • panpan

    December 16, 2013 at 8:38 pm

    အဟဲ
    စိတ်ပျိုကိုယ်နုတဲ့

  • surmi

    December 17, 2013 at 10:02 am

    ကျုပ်​ကိုလူတချို့က​မေးတယ်​….
    ၅ဝ နဲ့မှဘယ်​​လောက်​​ကျော်​ပြီလဲ တဲ့ …
    ​အော်​…အင်​း ..အင်​းးး …
    လူတချို့က​မေးပြန်​တယ်​….
    ခုထိ ကျန်​းမာ​နေတုန်​း​နော်​…တဲ့..
    ​အော်​… အင်​း…အင်​းးး ….
    .
    .
    .
    .
    ဒီလိုနဲ့..ကျုပ်​နဲ့မတိမ်​းမယိမ်​း​တွေကိုပြန်​ကြည်​့လိုက်​တာ……
    ငယ်​လို့
    နုလို့
    ပျိုမျစ်​လို့
    .
    .
    .

  • sorrow weaver

    December 17, 2013 at 1:11 pm

    အဲ့ကလိုပြောဂျေးဆို ..ကျော်နဲ့ ရွှေမှုန်ရတီလဲ သက်တူတူပဲ ..အာဟိ

    • ဒါဖစ်ကျော်ကကိုးတန်းကျောင်းတားလေးပေါ့
      နုထွားကြီးဟယ်..တဂျားနဲ့အလက်ဆင်းလောက်နီးနီးကိုထွားပြီး၊အံဇာ့လောက်နီးနီးဗလတောင့်တာပါလား
      😀

  • padonmar

    December 18, 2013 at 8:52 pm

    အာတီဒုံကတော့ သူ့အမေ ဒိုင်ယာနာထက် ၁နှစ်ငယ်ပါတယ်။ဝီလျံလေးငယ်ငယ်က အမေတူပြီး တော်တော်ချစ်ဖို့ကောင်းပါတယ်။သူ့ညီလေးဟယ်ရီနဲ့တောင်မတူဘူး။ခုတော့ သူလည်း ပြောင်းကြီးဖြစ်နေရော။
    ကိုယ်နဲ့ သက်တူရွယ်တူကတော့ မေဆွိပါ။
    အန်တီလည်း ငယ်ငယ်တုံးက မေဆွိကတော့ သီချင်းဆိုပြီး နိုင်ငံကျော်နေပြီ၊ရုပ်ရှင်ရိုက်ပြီးနိုင်ငံကျော်နေပြီ။
    ငါကတော့ ခုထိ ဘာမှ မဟုတ်သေးလို့ ဖြစ်မိတယ်။
    ခုလည်းကိုယ်ကသာ အဖွားကြီးဖြစ်တာ၊ သူက ချောဆဲလှဆဲ၊

    • လူတိုင်းကိုယ့်ဂုဏ်နဲ့ကိုယ်ရှိပြီးသားပါအန်တီရဲ့

      ချောတာလှတာလဲ အချိန်တန်ရင် အဖွားကြီးဖြစ်ရမှာပဲ။
      တူတို့က တင်းရင်းနေအောင် ပြန်ဆွဲတင်းထားလို့နေမှာပါ။
      🙂

  • TNA

    December 20, 2013 at 6:28 pm

    ဘာများလဲလို့ ကိုရီးယားမင်းသားတွေကို သွားရေကျလာတာ နောက်ဆုံးတော့ကြော်ငြာဝင် တွားဒဂိုး။ တော်ပါပေတယ်။ အဲဒါကြောင့်လဲဆုရတာကိုး 😀

    • တီသဲက အကင်းပါးသားပဲ…
      လူကြီးတွေလဲ ခံဇားဂျက်တွေရှိတာထုတ်ပြကြနော်….
      😀
      တီသဲ အသဲတုံးကြီးက ဘေယွန်ဂျွန်းမှုတ်လား တိနေဒယ်လေ
      😀

      • TNA

        December 20, 2013 at 11:07 pm

        အိဟိဟိ ဟုတ်ပါ့ အထုထိချစ်နေဒုန်းဘာအေ မွမွ ( ဘေယွန်ဂျွန်းကိုပေးဒါ )

  • Ma Ma

    December 20, 2013 at 7:05 pm

    မြတ်စွာဘုရားနဲ့ ကောသလမင်းကြီး တူ ဘယ်နှယ်တူ ရှိတယ်ဆိုလဲ သေချာမမှတ်မိပေမယ့်
    ကောသလမင်းကြီးက မြတ်စွာဘုရားကို ကြည်ညိုတာထက် ချစ်တာလို့ ဆိုတယ်။

    တကယ်တော့လည်း တူတာတွေများရင် ဟတ်ချင်းညှိလို့ရတော့ ပိုပြီးပွင့်ပွင့်လင်းလင်းဆက်ဆံခင်မင်လို့ရလို့ စိတ်မကျဉ်းကျပ်ပဲ ပျော်စရာချည်းပဲ။

    အမွှာညီအမကိုလည်း (အသက်တူ၊ အလုပ်တူ၊ ဇာတိတူ၊ ဝါသနာတူ၊ အငယ်တူ၊ အပိုကြီးတူ) တူတာတွေများတာကြောင့်ပဲ ချစ်နေရတာ။ :mrgreen:

    အဲဒါကြောင့် မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ မိန်းကလေးချင်းပေါင်းရတာ ပိုပြီးလွတ်လပ်ပေါ့ပါးလို့ သဘောကျတယ်။

    ပြောရမယ်ဆိုရင် ကျောင်းတက်ကတည်းက ယောကျင်္ားလေးသူငယ်ချင်းတွေအများကြီးကိုလည်း မိန်းကလေးတွေလိုပဲ သဘောထားပြီး လွတ်လပ်ပေါ့ပါးစွာပဲ ဆက်ဆံတတ်ပြီး အတည်ပေါက်နဲ့ စတတ် နောက်တတ်လို့ ယောကျင်္ားလေးသူငယ်ချင်းတွေကလည်း ကိုယ့်ကိုဆိုရင် ဖြုံတယ်။ 😀

    • ပြောရမယ်ဆိုရင် ကျောင်းတက်ကတည်းက ယောကျင်္ားလေးသူငယ်ချင်းတွေအများကြီးကိုလည်း မိန်းကလေးတွေလိုပဲ သဘောထားပြီး လွတ်လပ်ပေါ့ပါးစွာပဲ ဆက်ဆံတတ်ပြီး အတည်ပေါက်နဲ့ စတတ် နောက်တတ်လို့ ယောကျင်္ားလေးသူငယ်ချင်းတွေကလည်း ကိုယ့်ကိုဆိုရင် ဖြုံတယ်။

      သမီးလည်းအတူတူပဲအန်တီမမရေ..ကျောင်းတုန်းကယောကျာ်းလေးအပေါင်းအသင်းများတယ်။

      အသက်ကလေးရလာတော့ မိန်းကလေးတွေကို ပိုပိုချစ်လာတယ်။

Leave a Reply