ရွှေကြည် အလိုမရှိ No

အစားအစာ ချက်နည်းအစုံ ရေးတင်နေဂျတော့ အနော်လည်း အားကျမခံ ဝေဖန်ရေး လုပ်ချဉ်ဒယ်။ သူများကို ကဲ့ရဲ့ဒါတော့ လုပ်တတ်ဝူး၊ ဘေးကင်းရန်ကွာ ကိုယ့်မြန်တျန့်ရိုးရာ အစာထဲကပဲ မသင့်မတော်တာ ပြောဗျစေ။ အားလုံးထဲမှာ ရွှေကြည်ကို ဘယ်လိုမြင်ကြလဲ.. ဆနွင်းမကင်းမုန့် ရွှေကြည်ကိုပြောဒါ။ ကျနော့် အမြင်တော့ ကြက်မဂျီးနဲ့ မညီညွတ် ကရိကထများ အချိန်ကုန်လူပမ်း ပိုက်ပိုက်လည်း ပေးရဒါ မတန်ဘူး။ အဟာရဖြစ်လား ဆိုဒေါ့ တစက်မှ မဖြစ်၊ အဆီအဆိမ့် များလွန်းလို့ အဆိပ်အတောက်တောင် ဖြစ်အုံးမယ်။ ကိုလက်စထရော၊ သွေးတိုး၊ နှလုံး၊ အသဲ၊ ကျောက်ကပ် ရောဂါပေါင်း စုံစေဒယ်။ အခန့်မသင့် အေတောင်ကိုက်ဦးမည်။ အခြား ဆနွင်းမကင်း မုန့်တွေရှိသဗျာ၊ လျှာစားဂျပါ။

ရွှေကြည်စား အသားမဖြစ်
ရွှေကြည်စား အသားမဖြစ်

အဲဒီရွှေကြည်ကို အဖက်မလုပ်ယုံမက လောကဂျီးဃပါ ဖျောက်ဖျက်ပစ်ရမယ်။ အစ္စလာမ်အလို အပြစ်ထိုက်တဲ့ ဟာရမ်ဖြစ်တယ်၊ ခရစ်ယာန်မှာဆို စေတန်မာရ်နတ် ဧဂျင့်.. ဗုဒ္ဓဘာသာမှာတော့ ဘိန်းကစော် သေရည်သေရက် အဆင့်တန်းတူဒယ်။ ငရဲ၊နတ်ပြည် မမြင်ရတာ အသာထားလို့ လက်တွေ့ ကြည့်ဦးမလား.. မြန်တျန့်ပြည်မှာ ရွှေကြည်မစားလို့ မသေတဲ့လူနဲ့ သေတဲ့လူ စာရင်းကောက်ကြည့်ဗျာ။ သေသူတိုင်းလိုလို စားဖူးသူချည်းပဲ..။ ဒါနဲ့တင် ရွှေကြည် ဘယ်လောက် အန္တရာယ် ရှိသလဲ အလွယ်တွေ့နိုင်ပြီ။

ဒီလော့ ဒင်းနဲ့ ပတ်သက်ရာ မှန်သမျှ ဖျက်ဆီး အစဖျောက် ပစ်ရမယ်။ သမိုင်းမှာ နာမည်ကအစ မကျန်အောင် ရှင်းလင်းပစ်မှ နောင်လာနောင်သားများအတွက် ဆိတ်ချရမည်။ ဘယ်လိုလုပ်မလဲ.. ယူအက်စ်က ဖျက်အားပြင်း လက်နက် (ဒဗလျူအမ်ဒီ)ဖျက်ဆီးရေးအဖွဲ့ဆီ အကူအညီတောင်း၊ ရွှေကြည်မုန့်၊ လုပ်နည်း၊ စာအုပ်စာတမ်း၊ မုန့်လုပ်တတ်သူ၊ မုန့်ကြိုက်သူ၊ မုန့်ဆိုင် အားလုံး တစစီ အမှုန့်ချေပစ်။ ဟာ့ဒ်ဝဲ ဆော့ဖ်ဝဲ ဘာတခုမှမချန်နဲ့။

ကြောင်ကြီးကွ.. ပြိုင်စံမပေါ် နိုင်ငံဂျော် ဇမ္ဗူတလွှား ဗိုလ်မထား ကြောင်ဆိုမှကြောင်.. ညောင်…။

14 comments

  • kyeemite

    December 16, 2013 at 9:05 am

    ဘိုဖစ်တာလည်းဗျ..နားဂိုမလည်ဒေါ့ဗူး

  • Wow

    December 16, 2013 at 9:22 am

    ဟမ်.. ရွှေကြည် သွသူပိန်တာ ကြောင်ရီးနဲ့ဘာဆိုင်လို့လဲ… ပြာသိုဆို ကြောင်စိတ်ရူးဝင်ဘီ… :mrgreen:

  • alinsett

    December 16, 2013 at 9:25 am

    ဒီကြောင်ဂျီး မှော်ထနေပြီထင်ဒယ်

    :kwi:

    ကျွန်တော်တော့ အဲဒီ အစားအစာကိုကြိုက်တယ်

    အဟီး

    🙂

  • KZ

    December 16, 2013 at 9:40 am

    မရတဲ့ ရွှေကြည် ကို မကောင်းဘူးပြောတတ်တဲ့ ကြောင်။

    :kwi:

  • ဖွဘုတ်တင်မက မြန်းတျန့်ဂဇက်ပါမီးနဲ့ရှို့မယ်လို့ကြိမ်းဝါးတဲ့ ကြောင်…
    ဘယ်အလိုရှိမလဲ ရွှေကြည်နဲ့ကြောင်ဆိုတာ ”နံ့သာဆီနဲ့အီး” လားလားမှမဆိုင်
    မင်းသိင်္ခလိုပြောရရင် ”ဘာဘာဘာမှမဆိုင်”
    🙁

  • မဟာရာဇာ အံစာတုံး

    December 16, 2013 at 10:37 am

    ဒီတစ်ခါတော့ ခွေးလွှတ်လိုက်မယ်
    နောက်အခါ ဒီလို ရွှေကြည် မကောင်းကြောင့် ပြောယင်ဒေါ့
    နာမယ် …

  • လုံမလေးမွန်မွန်

    December 16, 2013 at 10:45 am

    ဒီမယ်​ အူး​ကြောင်​…
    ​ကြောင်​ ​ရွှေကြည်​မစားရတိုင်​း ​ရွှေကြည်​မ​ကောင်​းဘူး မ​ပြောပါနဲ့..​ရွှေကြည်​ကြိုက်​တဲ့သူမှ အများကြီး… ဟွနိး… .

  • ဦးကျောက်ခဲ

    December 16, 2013 at 10:52 am

    ကြောင်ဂျီးရဲ့အမုန်း ဒီဘွနဲ့ဆုံးစေတော့…
    ကြောင်ဂျီးရဲ့ရန်ကြွေး ဒီဘွနဲ့ကျေရအောင်…
    ကြောင်ဂျီးကို ကိစ္စတုံးမှ အေးမယ်…
    ရွာသူလေးတွေ စိတ်ချမ်းသာရအောင်ပါဗျာ… ဟီ ဟိ
    😀

    • ဒက်ဒီကြောင်ကို ဟာလာလုပ်ပစ်ဖေကျောက်စ်
      😀
      တူ့ဂျောင့်ရွှေကြည်လေးအိပ်မက်ဆိုးတွေမက်တယ်
      🙁

    • Kaung Kin Pyar

      December 20, 2013 at 2:11 pm

      ဦးကျောက်စ်
      ကောင်းကင်ပြာ အပြည့်အဝ ချွင်းချက်မရှိ ထောက်ခံသည်။

  • Mr. MarGa

    December 16, 2013 at 2:11 pm

    ကြောင်တစ်ကောင် ရွာပတ်ကာ သောင်းကျန်းနေပါသည်ခင်ဗျားးးးး
    ရွာ လုံခြုံရေး တာဝန်ခံများ လာရောက်ကာ ရှင်းလင်းပေးကြပါကုန်…. :mrgreenn: :mrgreenn: :mrgreenn:
    အူးကြောင်ရေ့ တရာနဲ့ ဖြေဗျ :mrgreenn: :mrgreenn:

  • padonmar

    December 17, 2013 at 12:52 am

    အော်ဒါကြောင့် ရွှေကြည်လေး ဖွဘုတ်မှာ ငိုနေတာကိုး။

  • Ma Ma

    December 20, 2013 at 6:24 pm

    ကြည့်စမ်း ရွာထဲမဝင်ဖြစ်တာကြာလို့ လူကြီးတွေအလစ်မှာ ကြောင်တစ်ကောင် သောင်းကျန်းနေပါလား။
    ငါ့ချစ်ရွှေကြည်လေးကို မတရားနိုင့်ထက်စီးနင်း မှိုချိ ုး မျှစ်ချိ ုးပြောဆိုစော်ကားနေလိုက်တာ။ 👿
    သဂျီးတိုင်ပြီး ထိပ်တုံးခတ်ခိုင်းမှထင်တယ်။ 😀

  • TNA

    December 20, 2013 at 10:50 pm

    သူမစားရတိုင်း စပျစ်သီးချဉ်တယ်လုပ်နေဘာလား အုကျောင် ဟိုကလေးခမျာ နေ့တိုင်းတရွဲရွဲငိုနေဒါ အုကျောင်လက်ချက်ကိုး

Leave a Reply