ရင်ခုန်စရာ နိုဝင်ဘာရဲ့ စာပေဆု

တီ………………………
ကွိ..ကွိ…………………
ဟဲလို..တက်စတင်… ဝမ်း..တူး..သရီး…
ဟဲလို… ဟဲလို….

အဟမ်း..ဟမ်း.. ကျက်သရေမင်္ဂလာရှိလှပါသော ဒီမိုဂဇက်ရွာနေ ရွာသူရွာသားအပေါင်းတို့ခင်ဗျား…. (၆) လတစ်ခါ ကျင်းပနေကျဖြစ်သော မန်းဂဇက်…အဲ.အခုတော့
မြန်မာ့ဂဇက်ဖြစ်ပြီထင်တယ်..မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက် ရံပုံငွေများ အလှူခံပါတယ်ခင်ဗျား…သဒါတရား နည်းများမဆို ပါဝင်ကြပါဦးလို့ နှိုးဆော်ပါတယ်ခင်ဗျား… ဟုတ်ကဲ့ပါခင်ဗျား… ရံပုံငွေပါ… မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက်ပါ..အစဉ်အလာမပျက် ကျင်းပနိုင်ရန်အတွက်… အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ကူညီနိုင်ကြပါတယ်လို့…

မွေးဌာနီ ~~ အညာရပ်ဆီသို့ ~~ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ ~ လွမ်းလျပါသည် ~ မှန်းဆကာအတည် ~~ လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ ~ တလိမ့်လိမ့်တက်တာ
မြင်ယောင်သေးတော့သည် ~ အညာဌာနီ ~~ တစ်ခါလာမည် ~~ ကျွန်တော့်အတွက်တော့ ~ မေ့မရပါလေအတည် ~~~

“ဟဲ့..ဟဲ့.. ဘာသံကြီးတုန်း…”

“အာ..ဆူညံနေတာပဲ…ဘယ်ကဖွင့်တာလဲ… ဒီမှာ ဘာမှ မကြားရတော့ဘူး…”

“ဟာ..စိတ်ညစ်လိုက်တာ… စာဖတ်နေရတာ အာရုံမရတော့ဘူး… ဘယ်သူတွေဖွင့်တာလဲ…”

“ရွာလယ်မဏ္ဍပ်ကဟဲ့…. တွေ့ဆုံပွဲရံပုံငွေအတွက်တဲ့… ကဗျာချစ်သူတွေလည်းတွေ့တယ်.. ဘာလဲ မသိဘူး… သူတို့ဆီက အော်နေတာပဲ…. လုံမလေးသိလား… ”

“အမ်…ကဗျာချစ်သူ…ငါ မသိပါလား… နေဦး..နေဦး..ငါသွားဦးမယ်…”

“အလက်ဆင်းးးးးးးးးးးးးးးးးးးးးးးး…သဂျားမင်းးးးးးးးးးးးးးးးးးးးးးးး….”

“ဟဲလို..အောင်မယ်လေး…ပလုပ်တုတ်… ဘာတုန်း..အမွန်ရဲ့…လန့်လိုက်တာ..”

“နင်တို့ ဘာလုပ်နေတာလဲ…”

“အလှူခံမလို့လေ.. ရံပုံငွေ..ရံပုံငွေ..ဟဲဟဲ..”

“ဘာရံပုံငွေလဲ… ဘယ်သူ့အတွက်လဲ…”

“အာ.. နင်ပဲ ဦးကြီးမိုက်ကို ဗျူးထားတာ… ရံပုံငွေအခက်အခဲရှိတယ်ဆို… အဲ့ဒါ လူကြီးတွေကို ကူညီတဲ့အနေနဲ့ ငါတို့က အလှူခံပေးမလို့…ဟဲ..အခု မိုက်စမ်းနေတာ… နင်လည်း ဝင်ကူသွားဦး…”

“နင်တို့ပဲလား… ”

“အံစာတုံးပါတယ်… ဟို အပင်ပေါ်မှာ.. လော်ကို နေရာချနေတယ်…”

“မြတ်စွာဘုရား…”

အဟမ်း..ဟမ်း.. ကျက်သရေမင်္ဂလာရှိလှပါသော ဒီမိုဂဇက်ရွာနေ ရွာသူရွာသားအပေါင်းတို့ခင်ဗျား…. (၆) လတစ်ခါ ကျင်းပနေကျဖြစ်သော…မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက် ရံပုံငွေများ အလှူခံပါတယ်ခင်ဗျား…သဒါတရား နည်းများမဆို ပါဝင်ကြပါဦးလို့ နှိုးဆော်ပါတယ်ခင်ဗျား… ဟုတ်ကဲ့ပါခင်ဗျား… ရံပုံငွေပါ… မြန်မာ့ဂဇက်ချစ်သူများ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲအတွက်ပါ..အစဉ်အလာမပျက် ကျင်းပနိုင်ရန်အတွက်… အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ကူညီနိုင်ကြပါတယ်လို့…

“အလက်ဆင်း..နင့်အသံ နည်းနည်းတိုးလို့ မရဘူးလား…ဒီလောက် အော်ကြီးဟစ်ကျယ်နဲ့… ဆူညံနေတာပဲ…”

“အာ… ဒါမှ တစ်ရွာလုံးကြားရပြီး အလှူငွေလာထည့်မှာပေါ့ဟ… နေဦး..ငါ သီချင်းဖွင့်လိုက်ဦးမယ်… ”

မွေးဌာနီ ~~ အညာရပ်ဆီသို့ ~~ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ ~ လွမ်းလျပါသည် ~ မှန်းဆကာအတည် ~~ လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ ~ တလိမ့်လိမ့်တက်တာ
မြင်ယောင်သေးတော့သည် ~ အညာဌာနီ ~~ တစ်ခါလာမည် ~~ ကျွန်တော့်အတွက်တော့ ~ မေ့မရပါလေအတည် ~~~

“ဟဲ့..တစ်ရွာလုံးကို ဆူညံတက်နေတာပဲ.. ဒီအချိန် ကျောင်းသားတွေ စာမေးပွဲဖြေနေရတယ်လေ…”

“ဟာ… ဒီလိုဖွင့်မှ အလှူခံမဏ္ဍာပ် ပီသမှာပေါ့… ဒီမှာ ပွင့်လင်းရာသီရောက်လာရင် ဒီလိုအသံတွေကြားရမယ်… ဘာထူးဆန်းလို့လဲ…”

“ဘာထူးဆန်းလို့လဲ..ဟုတ်လား…ဟော..ဦးမိုက် လာနေပြီ…”

“ငါ့ညီတို့… ဖတ်ရွေးရန်ပုံငွေဆို..ဟုတ်လား…”

“ဟုတ်တယ် ဦးမိုက်ရဲ့.. မွန်မွန် ဗျူးတုန်းက .. ရန်ပုံငွေ အခက်အခဲရှိတယ်ဆိုလို့ .. အဲဒါ .. ကူညီချင်တာနဲ့ပဲ.. ဒီလိုလုပ်လိုက်တာ.. နော်.. သဂျား..”

သဂျားကလဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံနေတယ်။

“အေးပါကွာ… ငါ့ညီတို့ စေတနာကို ဦးမိုက် နားလည်ပါတယ်.. ဒါပေမယ့် … ဒီလိုအသံတွေက ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်တယ်ကွ… သိတဲ့အတိုင်းပဲ..ပွင့်လင်းရာသီရောက်ပြီဆိုရင်
ပွဲတော်တွေက ဆက်နေတယ်..အလှူအတန်းတွေများတယ်… ဒီတော့ အလှူခံမဏ္ဍပ်တွေကလည်း အပြိုင်အဆိုင်… သူတို့ကတော့ ဟိုးအဝေးကသူတွေပါကြားပြီး
လှူနိုင်အောင်ဆိုပေမယ့်..အနီးမှာနေတဲ့သူတွေကတော့ နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်ရတော့..အကုသိုလ်ဖြစ်ရော…စေတနာကနေ ဝေဒနာဖြစ်တာပေါ့ကွာ…
ရွာထဲမယ်..ကိုကြောင်ဝတုတ်တောင် ရေးထားသေးမို့လား..အော်..ဒါနဲ့.. မွန်မွန်.. စာပေဆု ကြေညာပြီးပလား…”

“ကြေညာမလို့ပဲ ဦးမိုက်… ဒီမှာ အသံတွေကြားလို့ ပြေးလာတာ… ပြီးရင် ကြေညာပြီး ရွာထိပ်မှာလည်း ကပ်ထားလိုက်ပါမယ်.. ”

“အေးအေး…ကဲ..ဒါဆို ငါ့ညီတို့လည်း ပစ္စည်းတွေ သိမ်းလိုက်ကြတော့…အခုလောက်ဆို ရွာထဲကလူတွေအကုန်လည်း ကြားပြီးလောက်ပြီ ထင်ပါတယ်… စေတနာမနည်းကြပါဘူးကွာ… အော်..
မထူးပါဘူး..တစ်လက်စတည်း…အဲဒီမိုက်နဲ့ပဲ..ဆုကြေညာလိုက်ပါလား…”

“ရော့..အလင်းဆက်..ဒီမှာစာရွက်..ဒါကြည့်ပြီးရွတ်… ”

“အဟမ်း… လေးစားအပ်ပါသော မြန်မာ့ဂဇက်ရွာသူရွာသားအပေါင်းတို့ခင်ဗျား… ရင်ခုန်စရာနိုဝင်ဘာ ခေါင်းစဉ်နဲ့အတူ နိုဝင်ဘာလအတွက် စကာတင် (၁၀) ပုဒ် ရှိတဲ့အနက် စာဖတ်သူများစာပေဆု ရရှိသွားတဲ့ပို့စ်ကတော့ ကိုကြောင်ဝတုတ်ရဲ့ မတူကွဲပြားသော လူအများစုဝေးနေထိုင်ရာ … တစ်နည်းအားဖြင့်ဆိုသော Public ဆိုတဲ့ ပို့စ်ပဲ ဖြစ်ပါတယ်ခင်ဗျား… မှတ်ချက်များကို ရွာထိပ်က ကြော်ငြာဘုတ်မှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား…”

 

မှတ်ချက်များးးး

ဘယ်သူမှ မပြောရဲ မပြောချင်တဲ့
ဖြစ်သင့်တဲ့ ကိစ္စတွေကို သတ္တိရှိရှိပြောထားလို့ ကြိုက်တယ်

**************************

အသိတရားနဲ့သတိထားစရာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲတင်းတင်းဖေါ်ထုတ်ရေးသားတဲ့အကျိုးပြုစာလေးမို့ကြိုက်

**************************

အတွေးအခေါ် ဆန်းသစ်တယ်၊ လမ်းဟောင်းကနေ ခွဲထွက်နိုင်တယ်

**************************

ကျွန်တော်တို့ နိုင်ငံရဲ ့ လူနေမှု ဝန်းကျင်မှာ……နေ့စဉ်လိုလို တွေ ့ကြုံနေရတဲ့
မတော်တရော် လုပ်ရပ်တွေ
မတော်တရော် စိတ်ဓါတ်တွေကို ဝေဖန်ထောက်ပြထားတဲ့. . . .အက်ဆေးလေးပါ။
အပိုအလိုမရှိ ကျစ်လျစ်ခိုင်မာစွာ ရေးဖွဲ ့ပြီး … 
ကောင်းစေလိုတဲ့ စိတ်စေတနာနဲ ့ ခံစားရေးဖွဲ ့ထားပုံက 

အသိအမှတ်ပြုထိုက်တာမို ့. . .
အကြိုက်ဆုံး အဖြစ် ရွေးချယ်လိုက်ပါတယ် ။

**************************

လူမှုပတ်ဝန်းကျင်က ပြုပြင်သင့်တာတွေကို အမုန်းခံပြီး ချက်ကျလက်ကျ ထောက်ပြထားတဲ့ ပို့စ်ကောင်းလေးပါ။

**************************

ဆုကြေညာပြီးပါပြီ။ ကိုရီးဖက်ကက်ရေ… ဂုဏ်ယူပါတယ်နော်။ လုံမလည်း ကြိုက်တဲ့ ပို့စ်တစ်ပုဒ်ပါ။ ဖတ်ရွေးအဖွဲ့ရဲ့ မှတ်ချက်တွေကလည်း အားလုံးနဲ့ အကြိုက်တူကြမယ်လို့ ထင်ပါတယ်။

နောက်ပြီး ထုံးစံအတိုင်း အံစာတုံး၊ အလင်းဆက် နဲ့ သဂျားတို့ကို ပို့စ်ထဲမှာ ခပ်တည်တည်နဲ့ ထည့်ထားပါတယ်။ ဖတ်ရွေးဥက္ကဌ ဦးမိုက်ကိုလည်း အဓိကဇာတ်ဆောင်အဖြစ် ရေးထားပါတယ်။ အပေါ်က

အကြောင်းအရာဟာ ဆုကြေညာဖို့အတွက် ရေးထားတဲ့ လုံမရဲ့ အာဘော်သက်သက်သာဖြစ်ပါတယ်။

ခင်တဲ့
လုံမလေးမွန်မွန်

21 comments

  • Myo Thant

    December 16, 2013 at 10:18 am

    ကြောင်ဝတုတ် တဲ့ဟေ့ 🙂

    အလှုခံတွေ သတိသာထား

    ဘရာဗို ကိုဖက်တီးကက်

  • kyeemite

    December 16, 2013 at 10:21 am

    ဗရားဗိုး ပါ ဖက်တီးကက်ရေ…Congratulation!!!!!!!!!!!!!!!!!!!!!!!!!!!!!!
    ဆုကြေငြာပေးတဲ့ မွန်မလေးလုံလုံ ကိုလည်းကျေးဇူးအကြီးကြီးပါဗျာ..

  • KZ

    December 16, 2013 at 10:34 am

    မုန့်ဝယ် ကျွေးတော့ ကိုဂျီးဖက်
    😀

  • ဘယာကြော်ပါကိုဖက်ကတ်ရေ
    ဘာပဲဖြစ်ဖြစ် အလှူခံတွေမယ့်လူတွေတော့ လက်တွန့်သွားလောက်ပြီ
    😀
    တကယ့်ကိုလက်ရာပြောင်မြောက်တဲ့ပို့စ်ကောင်းတစ်ပုဒ်ပါ။
    ဒီလထဲ ရသမျိုးစုံနဲ့ပို့စ်ကောင်းအစုံမို့ ရွေးရတဲ့လူကြီးတွေတော့ တော်တော်အခက်ရမယ်

  • ဦးကျောက်ခဲ

    December 16, 2013 at 10:38 am

    မှတ်ပြီလား ကိုဖက်ကတ်…
    အခု ခင်ဗျားလည်း အိတုန်း ပြောတဲ့လက်မှတ် ရသွားပြီ…
    ကျောက်စ် ပြန်လာရင် ဝိုင်းကြမယ် ၊ စပွန်ဆာလုပ်ပါ ဟီ ဟိ…
    ဂုဏ်ယူပါတယ် ဗျို့…
    😀

  • မဟာရာဇာ အံစာတုံး

    December 16, 2013 at 10:47 am

    လက်မှတ် ရသွားတဲ့ …
    ဟဲဗီးကြီး ဖြစ်တဲ့ …
    ဆံဘင် ဖြောင့်ထားတဲ့ …
    ချစ်ကိုကြီး ဖက်ဖက်ကတ် အား အလေးပြု …..

    (မှတ်ချက် ။ ။ သစ်ပင်ပေါ်မှ လော်ကြီးကို ပိုက်လျှက် အလေးပြုပါသည်။)

  • ကြောင်ဝတုတ်

    December 16, 2013 at 11:06 am

    အရင်ဆုံး ဒီလို… သံချပ်ကာဝတ်ပိုစ့်ကို သံခမောက်ဆောင်းပြီး ရွေးချယ်ပေးကြသော…
    ဖတ်ရွေးအဖွဲ့သူားများ အားလုံးကိုလဲ အထူးတလည်ကျေးဇူးတင်ကြောင်းပြောပါရစေဗျာ…
    ကျွန်တော် စိတ်ဆန္ဒပြင်းပြလျှင်သော်လည်းကောင်း… စိတ်ရောဂါပြန်ထလျှင်သော်လည်းကောင်း…
    ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေးပိုစ့်များကို အားတက်သရော… ရေးပါဦးမယ်လို့လဲ ကတိပြုပါတယ်…

    ဒီနေရာမှာ ကျွန်တော်ဝန်ခံချင်တာတစ်ခုရှိပါတယ်…
    အဲဒီပိုစ့်ကို ရေးတဲ့အခါမှာထားခဲ့တဲ့စေတနာဟာ ဟိုးအရင်ရေးခဲ့သောပိုစ့်များနဲ့မတူဘဲ…
    အသန့်ရှင်းဆုံးဖြစ်တယ်လို့… ဝန်ခံပါရစေ…

    မန်းဂဇက်မှသည် မြန်မာဂဇက်သို့ အကူးအပြောင်းကာလမှာရတဲ့ဆုမို့…
    ကျွန်တော့်အတွက် အထူးတလည် အမှတ်တရဖြစ်စေခဲ့ပါတယ်… ဂဇက်မြို့ရဲ့ဆုဖြစ်သွားပြီမို့ပါဗျား…
    ဂဇက်မြို့လေးက ကြီးသည်ဖြစ်စေ… ငယ်သည်ဖြစ်စေ…
    ရွာကြီးအဆင့်ကနေ မြို့ပြအဆင့်ကို တက်လှမ်းပြီဆိုမှဖြင့် မြို့အင်္ဂါရပ်ညီအောင် တစ်နည်းနည်းနဲ့
    တစ်နေရာရာကနေ အားဖြည့်လိုက်ရတယ်လို့ ခံစားရသမို့… အထူးဝမ်းမြောက်မိပါတယ်…

    အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ…

    ခင်မင်လေးစားလျက်-
    ကြောင်ဝတုတ်

  • surmi

    December 16, 2013 at 11:09 am

    ​ကြောင်​ဝကြီး​ရေ…
    ကျုပ်​လည်​း ဦး​ကျောက်​​ပြောတဲ့လက်​မှတ်​ကိုသိတယ်​. 🙂
    အဟမ်​းး …
    အခု​တော့ဘွတူ​တွေဖြစ်​သွားပြီ​ပေါ. ကွိစ်​….
    ကဲကဲ…အလွန်​​ပြောင်​​မြောက်​တဲ့ပို့စ်​​လေးနဲ့ စာဖတ်​သူ​တွေကိုလှုပ်​ယမ်​းလိုက်​နိုင်​လို့ ဂုဏ်​ယူပါ​ကြောင်​း….

  • Mr. MarGa

    December 16, 2013 at 6:25 pm

    ကဖက်ကပ် အတွက်
    သဒင်းတစ်ခု ကြားထားတယ်
    ဒီစာကို သံချပ်ကာဝတ် ရေးလို့ သက်သာသွားတယ် တဲ့
    ဆုပေးပွဲကျရင်တော့ သံချပ်ကာ ဝတ်မှာမဟုတ်လို့ ချောင်းမြောင်း လုပ်ကြံဖို့ စီစဉ်နေတယ် တဲ့
    (အလှူခံများအဖွဲ့က) :mrgreenn:

  • alinsett

    December 16, 2013 at 8:41 pm

    ကိုကြောင်ဝတုတ်ရေ…ထပ်တူထပ်မျှ… ဝမ်းသာမိပါတယ်ဗျို ့….
    စာတွေအများကြီး.ထပ်ရေးပါဦးနော်.. .

  • padonmar

    December 17, 2013 at 12:11 am

    congratulations!!!!!!!Fatty Cat with straightened hair…..
    ဆုကြေငြာတာလေးကောင်းပါ့
    (ဒီစတိုင်ကလေ မောင်ဂီဆုရတုံးက ဖက်တီးကက်ကြေငြာပုံနဲ့ သဘောချင်းဆင်ဆင်၊ပို့စ်အကြောင်းနဲ့ ဆုကြေငြာသွားတာ၊သဘောကျပါအိ)

  • TNA

    December 19, 2013 at 11:45 am

    ဘရာဗိုပါဖက်ဖက်ကက်ရေ။ ဂုဏ်ယူဝမ်းသာပါတယ်။ ဟိုးအရင်တုန်းကလိုလဲရီချင်ပါသေးတယ်အေရယ်။ ရွာထဲပြန်လာခဲ့ပါ။ ဘဝအတွေ့အကြုံတွေကို ဟာသလေးနဲ့ဖတ်ခဲ့ရတာမေ့ဘူးအေ

  • Ma Ma

    December 19, 2013 at 5:45 pm

    တီ………………………
    ကွိ..ကွိ…………………
    ဟဲလို..တက်စတင်… ဝမ်း..တူး..သရီး…
    ဟဲလို… ဟဲလို….
    ပြောကြားလိုတာကတော့ ……. ဆုရသူ ကြောင်ဝတုတ်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းးးးးးးးးးးးး
    မကြားရမှာစိုးလို့ ရွာထိပ်က လော်စပီကာ ခဏငှားပြီး အော်သွားပါတယ်။ 😀

  • အရီးခင်

    December 19, 2013 at 6:34 pm

    ကြောင်ဝလေး ရေ
    ထမီမနိုင် ပဝါမနိုင် ကြားက နေ ဝင်ပြီး Many Congratulations လုပ်ပါတယ်နော်။
    စကာတင်များရော၊ စေတနာနဲ့ အမြဲ တင်ပေးသူများ ကိုရော ကျေးဇူးတင်စွာ Congratulation ပါ။
    ချစ်တဲ့
    အရီး

  • ကပ္ပိယ သာဒင်​

    December 20, 2013 at 9:03 am

    ဂုဏ်​ယူပါတယ်​ ကိုဖက်​တီးကက်။
    ​နောင်​လည်​းအမြဲတမ်​း​ရေးနိုင်​ပါ​စေ

  • Crystalline

    December 23, 2013 at 2:18 pm

    Big Congratulations!
    အဲဒီပိုစ့်ကိုလည်းသဘောကျ မွန်မွန့်ပိုစ့်အမည်လည်းတွေ့နေရက်နဲ့ အငိုက်မိသွားပြန်တယ်.. :)) အဲလိုအတာ.. :mrgreenn:

  • moonpoem

    December 30, 2013 at 7:29 pm

    ဂုဏ်ယူပါတယ် ကိုဖက်တီးကက်ရေ။ ကိုဖက်တို ့လို မွန်မွန်တို ့လို အရေးကောင်းအောင် ကြိုးစားရပါဦးမယ်လို့လည်းတွေးမိပါတယ်။

  • ရွှေမိုးတိမ်

    January 2, 2014 at 5:01 pm

    ဆုရသွားတဲ့ အကိုဖက်ကတ်ရေ ကွန်ဂရက်ကျူလေးရှင်းပါးဗျို့ 😀

  • ဗုံဗုံ

    January 3, 2014 at 1:44 pm

    ဂုဏ်ယူပါတယ်..တုတ်တုတ်. :mrgreen:
    မုန့်ကျွေးလည်း စားဖို့အဆင်သင့်ပါ 😀

  • ဇေယျာစံ

    November 4, 2014 at 10:14 pm

    မရောက်တာကြာလို့ ..
    အခုမှပဲ ပြောလိုက်ပါတယ်။
    ကွန်ဂရက်ကျူလေးရှင်း ပါဗျာ ..။

Leave a Reply