“ အတုယူသတဲ့လားဗျာ”

“  အတုယူသတဲ့လားဗျာ”

 

တစ ်ရက် တ ိရိ စာ္ဆန် ရုံ ထဲကို ကျ နော် မထင်မှတ် ဘဲ ရောက်သွားခဲ့ပါတယ်။

ဟိုကြည့် ဒီကြည့် နဲ့ လျောက်သွား ရင်းက နေ မျောက်  တွေ ထားတဲ့ရုံ     နားကို  ရောက်သွား သ  ပေါ့။

အဲ  ဒီရုံ ရှေ့ ရောက်  တော့ ကောင်  လေး  တစ်ချို့ က စီး က ရက် သောက်  နေ ရင်းက မျောက်တွေကို စေ နကြပါတယ်။

သူတို့ ထွက်သွားပြီး မကြာခင်မှာဘဲ ထုတ်တန်းပေါ် ကမျောက်တစ်ကောင်က မြေကြီး ပေါ် ကိုဆင်းလာပါတယ်။

ပြီးတော့ အောက် မှာ ကျနေတဲ့ သစ်ကိုင်းခြောက်တစ်ခုကို ယူပြီး အဖျားလေးကို

ဆတ် က နဲ ချိုးလိုက်ပါတယ်။

ပြီးတော့ ခုဏက သူ ချိုးထားတဲ့တုတ်သေး သေး လေးကို ပါးစပ်ထဲထည့်ပြီး

စောစော က ကောင်လေးတွေ စီးကရက်သောက် သလို တုတ်က လေးကို ပါးစပ်ထဲ

ထည့်လိုက် ပါး စပ် ထဲ ကဆွဲ ထုတ်ပြီး ခေါင်းကလေးကို အပေါ်မော့ပြီး မီးခိုးမူတ်ထုတ်သလို

ဟူး က နဲ လုပ် လိုက် လုပ်နေတာကိုမြင်ရတော့ ရီချင်သွားပါတယ်။

 

နောက် နှစ်ရက်လောက်နေတော့လက်ဖက်ရည် ဆိုင်ထိုင်တဲ့ အချိန်မှာပေါ့။

စလောင်းကနေ  တော အကြောင်း တောင် အကြောင်းတွေ ရိုက်ထားတဲ့

ဒစ်စကာဗာရီ လာနေ ပါတယ်။

အဲ ဒီ မှာ  မျောက် လေးေ တွ အကြောင်း ကို ပြ နေပါတယ်။

လူတစ်ယောက်က သစ်သီး ကို တုတ် နဲ့ ထု ပြီး အထဲ က အဆံ ကို    ထုတ်ပြီးစားနေပါတယ်။

ခဏ နေတော့ မျောက်ေ ပါက် စ န လေးတွေကလဲ အဲ ဒီ လူ လုပ်သလို့ တုတ်နဲ့သစ်သီးကို

ထု ခွဲ ပြီး အဆံ ထုတ်စားနေတာကို မြင်လိုက်ရတော့ မျောက်ဆိုတာ အတော်ကို အတုယူ တတ်တဲ့ သတ​္တဝါ ဆိုတာ ကို သိလိုက် ရ ပါတယ်။

အဲဒီမှာ “လူ ဆို တာ မျောက် က ဆင်းသက်တယ်” လို့ ဆိုထားတဲ့ ဒါဝင် ရဲ့ သီအိုရီကို ဖျပ် ကနဲ သတိ ရ လိုက်ပါတယ်။

အဲတော့ လူ လဲ  အတု ယူ တတ်တဲ့  အမျုးိအစားထဲ မှာ ပါ တယ်ဆို တာကို

မဆီ မဆိုင် သွားတွေး မိပါတယ်။

ကျနော် ဖျပ် က နဲ့ သ တိရ သွား တာက တစ် ခါ က ဆုံ ဘူး တဲ့

“ဗိုလ် အောင် ဒင် “ဆို တဲ့ က လေး လေး ပ ါဘဲ။

************************************************************

ကျနော် တို့ အဖွဲ  ့ တွေ မကြာခဏ ထိုင်တတ်တဲ့ ဘီယာ ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။

အဲ ဒီ ဆိုင်မှာက နယ်က လာ တဲ့ ကလေးတွေက စားပွဲ ထိုး လုပ်ကြပါတယ်။

ဒီ ကလေး တွေက ရွာ ကနေ စရောက်လာရင်တော့ ခပ်ရိုးရိုးပါဘဲ။

ပုဆိုးနွမ်းနွမ်း ဈေး ပေါပေါ တရုပ်ဖိနပ် သူတို့ ရွာဖြစ် ချည်အကျီအကွက်လေးနဲ့ပေါ့။

အဲ မြို့ရောက်လို့ တစ်လ လောက် ကြာတယ်ဆိုရင်ဘဲ အသွေးအမွေးတွေပြောင်းကုန်ပါတယ်။

“ရော မရောက် ရင် ရော မလို့ ကျင့် ရမယ် “ဆိုတဲ့ အတိုင်းပါဘဲ။

အရုးိးခေါင်းပုံ ပါတဲ့ တီရှပ်ဝတ်မယ်။

ဂျင်းဘောင်းဘီဝတ်မယ်။

တရုတ်ကလာတဲ့ ကွင်းထိုးဖိနပ်စီးမယ်။

ဆံ ပင်ကို အရောင်ဆိုးမယ်။

နားပေါ က် ဖောက်မယ်။

အဲ လို ဒီဇိုင်းတွေပြောင်းကုန် ပါတယ်။

ဒါကတော့ သူ့ တို့ ခေတ် နဲ့ သူတို့ ဟုတ်နေတာပါဘဲ။

 

အဲဒီဆိုင်မှာ ကျနော်တို့ အဖွဲ့ “ဗိုလ်အောင်ဒင်” လို့ ချစ်စနိုး ခေါ် တဲ  ့ ကောင်လေးတစ်ယောက်ရှိပါတယ်။

အတော် သွက် သွက် လက်လက် နဲ့ ချစ် စရာကောင်းတဲ့ကောင်လေးပါ။

အသက် ကတော သိပ် မငယ်။

လူပျိုပေါက်ပေါ့။

သူရောက်ခါ စက ချည်နဲ့ယက်ထားတဲ့တဘက်(မာဖလာ)ကို

လည်ပင်းမှာ အမြဲ ပါတ်ထား တတ်ပါတယ်။

ကျနော်တို့က ဘာလို့ အဲလို ပါတ်ထားလဲ လို့ မေးတော့ သူ မြို့တက်ခါနီးမှာ

သူ့ ရည်းစားက ပေးလိုက်တာမို့ သူ့ ကို သတိရအောင်ပါတ်ထားတာလို့ မှာထားလို့ ဝတ် ထားတာ လို့ ဆိုပါတယ်။

အဲလို မာ ဖလာ ပါတ်ထားတော့ သူ့ကို ကျနော်တို့က လဲ ဗိုလ်အောင်ဒင် လို့ ခေါ်တာပေါ့။

အခု ထိကို သူ  ့ နာမယ်ရင်းကို မသိတာပါ။

သူလဲဒီဆိုင်လေးကို သူ  ရောက်စ ကတော့ ခပ်ရိုးရိုးပေါ့။

နောက်တော့ ဂျင်းဘောင်းဘီတွေ ဘာတွေနဲ့ အလန်းဇယားဖြစ်လာတော့ တာပါဘဲ။

စကားပြော တဲ့ လေသံ တွေဘာတွေလဲ ပြောင်းလာ သပေါ့။

ကျနော်တို့အဖွဲ နဲ့ လဲ အတော်လေးခင်ပါတယ်။

သူက ဖင်ပေါ့ တော့ ခိုင်းကောင်းတာလဲ ပါ ပါတယ်။

ကျနော်တို့ခိုင်းသမျှကိုလဲ သူ ကမငြီးမငြူလုပ်ပေးပါတယ်။

ခဏ ခဏ လုပ်ပေးရ တာကတော့ကွမ်း ဝယ်တာပေါ့ဗျာ။

 

နောက်သူက လဲ ကျနော်တို့ အဖွဲ့ စ သမျှနောက်သမျှကို စိတ်မဆိုးတတ်တာလဲ

တကြောင်းပေါ့။

ကျနော်တို့ အဖွဲ့ က လဲ ဗို်လ်အောင်ဒင်ကို အမြဲ မုန့် ဘိုးပေးပါတယ်။

တစ်ရက်တော့ဗိုလ်အောင်ဒင်ဘောင်းဘီ ဝတ်တာ ထူးခြားနေတာကို                                                                                                                                           သ တိထားမိလာပါတယ်။

သူ့ က ဘောင်းဘီ ကို တင် ပါးအောက်ထိ လျောချ ထားပြီး

အောက်ခံ ဘောင်းဘီ တစ် ဝက်လောက်ပေါ် နေအောင် ဝတ်ထားပါတယ်။

အဲ သူ ဘာ တံ ဆိပ ်ဝတ် ထား တယ် ဆို တာတောင် မြင် နေရ သပေါ့။

အဲဒါ နဲ့

“ ဗို်လ်အောင် ဒင ်မင်း ဘောင်း ဘီ ဝတ်ထားတာ အဆန်း ပါ လားဟ”

လို့ မေးတော့ ရယ်ကျဲကျဲ လုပ်နေပါတယ်။

“လူ ရှိ န ်အောင် ဒီ လို ဝတ် တာ လေ” လို့ ပြော ပြီး

“ခင်ဗျား တို့ က ကျုပ် မှ မကြည့် တာ ကျုပ်  ဒီ လို ဝတ်တာကြာပြီ”

လို့ ုဆိုပါတယ်။

“ ဘာ ဆန်း တာ မှတ် လို့ ကောင်မလေးတွေလဲ ဒီ လို ဘဲ ကျနော်ဝတ်သလို                                                                                                                အောက်ခံ ဘောင်းဘီ ပေါ်နေအောင် ဝတ်တာဘဲ “လို့ ဆို ပြန် ပါ တယ်။

ကျနော်တို  ရဲ့ စုံ စမ်း စပ်စုခန်းက   ဒီ မှာ တင် ရပ် သွား ပါတယ်။

 

နောက် သုံးရက် လောက် ကြာတော့ မှ ဗိုလ်အောင်ဒင် အကြောင်းစုံ ကို

“ဦးစန်း”ကပြန်ပြော ပြ  တော့ ရီလိုက်ရတာမပြောပါနဲ့တော့။

ပြန်တွေး မိတိုင်း ရီမိပါတယ်။

သူ့ အတွေးလေးကို သ ဘောကျလွန်းလို့ပါ။

 

တစ်ရက် ဗိုလ် အောင် ဒင် ကို သူ့ ဆိုင် ကနေ ခိုင်းလိုက်တာနဲ့

စ တိုး ဆိုင် ကြိး တစ် ခု ကို ပစ္စည်း သွား ဝယ် ပါ သတဲ့။

သူ ရောက် တဲ့ အချိန်မှာ အဝတ်အစားခပ် နွမ်းနွမ်း ဝတ်ထားတဲ့

အသက် ခပ်ကြီးကြီး လူ တစ်ယောက်က အဲဒီ ဆိုင် က ကလေးမ လေးတွေကို ကွိုင် နေတာကိုတွေ့ တော့                                                                         သူ လဲ ရပ် နားထောင် မိ ပါသတဲ့။

အဲဒီလူ က အသက် ကတော့ လေးဆယ် ပါတ်ဝန်းကျင်လောက်။

အကွက်သိပ် မပေါ် တဲ့ အကျီရယ် လုံချည်ခပ်နွမ်းနွမ်း ရယ်

ဝတ်ထား ပြီ း ခြေထောက်မှာလဲဂျပန်ဖိနပ် နဲ့ ဆိုတော့  သိပ်အထင်ကြီးလောက်စရာမရှိတဲ့ပုံ ပေါ့။

လက်ထဲ မှာတော့ ကျွတ်ကျွတ် အိပ် ခပ်ကြီးကြီး တစ်လုံးကိုင်ထားပါသတဲ့။

အဲဒီ လူ က ပစ္စည်း တစ်ခု ပြ ခိုင်းတာကို ဆိုင် ကကောင်မလေးတွေက

“အဘ အဲဒါ ဈေးကြီးတယ်”လို့ ပြောလိုက်တော့ အဲဒီ လူ က စိတ်ဆိုး

သွား ပြီး ကွိုင်နေတာပါတဲ့။

“ညည်းတို့ကို ဝယ် ချင် လို့ ပြ ခိုင်းတာ ကို ဘာ လို့ဈေးကြီးတယ် လာပြောနေတာလဲ

မယုံ ဘူး လား ။

ငါ့ များ မဝယ်နို်င်ဘူးဆို အထင်သေးတဲ့အချိုးတော့ လာ မလုပ်နဲ့။

ညည်းတို့ ကို အပေါ်ယံ အဝတ် အစား ကြည့် ပြီး ဆုံးဖြတ်တာကိုးအေ့။

ညည်းတို့ လဲ စတိုးဆိုင်လုပ်နေတာ ပစ္စည်းမြင်ရင် ဘယ်လောက်တန်တယ်

ဆိုတာ သိမှာပေါ့ အေ့။

ကြည့် ဒီ မှာ ဘယ်လောက်တန်တယ်ဆိုတာ”

ဆိုပြော ပြီး ပု ဆိုး ချွတ် လိုက် တော့ ကောင် မလေးတွေ ဟာ ကနဲ

ဖြစ်သွား ပြီး မျက ်နှာကို တွေ ပျက် ကုန် ပါသ တဲ့။

နောက် သေ ချာ ကြည့် လိုက် တော့ မှ အောက် ခံ ဘောင်းဘီကို မြင်

ရ ပါသတဲ့။

“ငါ ဝတ်ထားတဲ့ တံဆိပ်ကိုကြည့် ခိုင်းတာ”လို့ပြောမှ

ကောင် မ လေး တွေ လဲ အဲ ဒီ တော့ မှ လန့် တာပျောက်သွားပါသတဲ့။

 

သူ ဝတ် ထားတာက Hang ten တံဆိပ်အဖြူရောင်ပါတဲ့။

နောက် တော့ အဲ ဒီ လူ ကြီး လည်း အဲ လို ပြ ပြီး

“တွေ့လား ငါ က အဖိုးတန်မှ သုံးတာ အခု အလုပ် လုပ် ရင်း ထ လာ တာ ” လို့ ပြောပြီး  ဆိုင်ထဲက ထွက်သွားပါသတဲ့။

အဲ့ တော့ မှ ကောင်မ လေးတွေလဲ ကြွက်စီ ကြွက်စီ နဲ့ ပြောပြီး ကျန် ခဲ့ ကြ ပါသတဲ့။

“ဘိုးတော် က အလန်းကြီးအေ့ အောက်ခံဘောင်းဘီတောင် Hang Ten ဝတ်ထားတာ”

“ ညည်းက သာ ပြောနေ ငါ က လုံ ချည်လဲ ချွတ် ရော လန့် သွား တာဘဲ အေ”

“သူ့ အောက်ခံ က ဈေးကြီး မယ် ရှစ်ထောင်လောက်တော့ ရှိမယ်”

“သိ ဘူးေ အ သူက ဝတ်ထား တာက စုတ်ပြတ်နေတော့ တန်ဘိုးကြီးတာ

ဘယ် ပြ ရဲ မလဲအေ့”

“ ဒီလို မှန်း သိ ထုတ်ပြ ပါတယ်အေ”

 

အဲလို ပြောနေတာကိုအပြည့် အစုံမကြားလိုက်ဘဲ နားစွန်နားဖျား ကြားလာတဲ့ ဗို်လ်အောင်ဒင်က ဘာသွားတွေးမိ လဲဆိုတော့

အောက်ခံ ဘောင်းဘီတံ ဆိပ်ကို  မြင်ရင် လူ ရှိန် တယ်လို့ ထင် သွား ပါသတဲ့။

အော် ဒါကြောင့် ခုခေတ် ကောင်လေးတွေကောင် မလေးတွေ အောက် ခံ ဘောင်း ဘီ တံ ဆိပ်ပေါ်အောင်ဖော်ပြီး တော့                                                                  ဘောင်းဘီ တင်ပါး လျောတွေ ဝတ်ကြ တာ ဒါ ကြောင့်ကိုးလို့တွေးမိသွားပါသတဲ့။

အဲဒီေ န့ ကစပြီး  သူ လဲ အောက်ခံ ဘောင်းဘီကို တံ ဆိပ်ပေါ် အောင် ဝတ်ပါတော့သတဲ့။

သူ့ကို လူရှိန်အောင်ပေ့ါ။

ကဲ လူဆိုတာ အတုယူ တတ်ပါတယ်လို့ဆိုနေမှ။

ဆက်တွေးကြည့် မိတာက ကျနော် ကိုယ်တိုင်လဲ ဘုမသိ ဘ မသိနဲ့

ကိုယ်လိုရာဆွဲတွေးပြီး ဘာတွေများအတုယူထားမိသလဲ ဆိုတာကိုပါ။

ပြန်စစ်ကြည့်လိုက်ပါအုံးမယ်နော်။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

16-12-2013

 

 

22 comments

  • အတော်လေးရယ်ရတဲ့ဗိုလ်အောင်ဒင်ပဲ
    ဟုတ်ပါတယ် လူငယ်တော်တော်များများအဲလိုတွေဝတ်ကြတယ်။
    တစ်ချို့ကတော့ဘောင်းဘီခါးဆိုဒ်ချောင်လို့ရှောကျနေရင်းမတော်တဆပေါ်နေတာဖြစ်ပေမယ့် တော်တော်များများ တမင်တကာဖော်ဝတ်နေကြတာပါ။
    ဈေးဝယ်လာတဲ့ဦးလေးကြီးကတော့စံပါပဲ
    😀

  • KZ

    December 16, 2013 at 1:19 pm

    တို့က အတုမယူဘူးးး
    အစစ်မှ!!

    :kwi:

  • ဦးကျောက်ခဲ

    December 16, 2013 at 1:46 pm

    အဲသည့် ဘောင်းဘီဖင်လျှော အောက်ခံဘောင်းဘီ ဖော်ဝတ်တာ…
    အမေရိကန်လူမဲ အကျဉ်းသား R&B တွေက စတာပါ…
    တခြား ညစ်ညမ်းတဲ့ အဓိပ္ပာယ်ကိုလည်း ဆောင်ပါတယ်…
    ဒါကို ရွှေပြည်ကြီးက ကိုတော်များ ဘာမှန်းညာမှန်းမသိ… ဒွတ်ခ…
    ဟိုလူကြီး HANG TEN ထုတ်ပြတာတော့ ရယ်သွားပါတယ် ဆြာပေါက် ရေ
    😀

  • မဟာရာဇာ အံစာတုံး

    December 16, 2013 at 1:54 pm

    အတုယူတယ်ဆိုတာ
    မျိုးရိုးစဉ်ဆက် ဆင်းသက်လာတဲ့ သဘောတရားကြီးဘာ
    အတုယူခြင်းသာ မရှိခဲ့ရင်
    ဟောဒီ လောကကဘာကြီးလည်း ရှိမနေနိုင်ဘူး …
    အဟမ်းး
    ဒီတော့ ကျုပ်လည်း ဗိုလ်အောင်ဒင် ကို အတုခိုးလိုက်အုံးမယ် … ငိငိငိ
    :mrgreen:

  • Mr. MarGa

    December 16, 2013 at 2:35 pm

    အတု မြင် အတတ်သင် ဆိုတာမျိုးပေါ့
    လူတွေက မျောက်တွေထက် ပို အတုယူတတ်တာကိုး ဗျ။

    • မျောက်တွေအတုခိုးတာတော့လက်လန်တယ်အေ
      ဇွဲကပင်တောင်ကမျောက်တွေပေါ့ ဇီးထုတ်အခွံလေးတွေကို လက်မလက်ညျှိုးလေးနဲ့
      အကပ်လေးတွေတွန်းပြီး အပေါက်ဖက်ကိုစုလိုက်ပြီး စားတာ လူတွေအတိုင်းပဲ..
      နေကြာစေ့အခွံခွာစားတာလဲလူအတိုင်းပဲ
      ပါးစပ်ထဲကဘာလီသကြားလုံးလေးပစ်ပေးလိုက်တာကို ဒီအတိုင်းမစားဘူးတောင် လက်နဲ့သုတ်ပစ်ပြီးမှစားတယ်
      :harr:

  • padonmar

    December 17, 2013 at 1:16 am

    လောကကြီးမှာ ဗိုလ်အောင်ဒင်တွေက အများသား။ကိုယ်လည်းပါနေ။

  • surmi

    December 17, 2013 at 10:55 am

    ဟုတ်​….
    ကျ​နော်​လည်​း ဗိုလ်​​အောင်​ဒင်​ပါ
    အတုလည်​းယူ
    မစစ်​လည်​းယူပါတယ်​ .. ဟဲဟဲ..
    .
    .
    ​လေကသဘာဝျလးများအလွန်​​ပြောင်​​မြောက်​လှသဗျာ…

  • Paing Lay

    December 17, 2013 at 11:18 am

    အနော်တို့ဆီမှာ ဒီထက်ပိုဆိုးသေး ဆိုင်ကယ် အမြန်မမောင်းတတ်ရင်ကို ဂန်ဒူးပဲ ဖြစ်ရတော့မလိုလို ဂျော်တကီးပဲ ဖြစ်ရတော့မလိုလို………လွန်ခဲ့တဲ့ 7လလောက်က အသိတစ်ယောက် ဆိုင်ကယ်မှောက်တာ ကပ်ပယ်အိတ်တောင် ကွဲသွားလို့ Nurse တွေရော လူနာရဲ့ မိသားစုတွေ အလုပ်ရှင်တွေ ဘယ်လို မေးရမှန်းမသိဖြစ်ကုန်ရော။ ဖြစ်ပြီးတဲ့နေ့မှာပဲ 15 ရက်လောက် အိမ်မှာ အငြိမ်းစားရသွားပါကြောင်း :mrgreenn:

  • alinsett

    December 17, 2013 at 12:39 pm

    ရန်ကုန်မှာလည်းလူငယ်တော်တော်များများ
    အောက်ခံဘောင်းဘီ ပေါ်အောင် လျှောချပြီး ဝတ်နေကြတာ မြင်နေရတယ်
    အဲဒါမျိုးဝတ်လာတာ မြင်ရင်
    အောက်ခံဘောင်းဘီတန်ဖိုးက ဘယ်လောက်ရှိမှာပါလိမ့်လို ့အရင်မတွေးမိ

    မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ဆိုတဲ့စကားလုံးကြီး တစ်စစီကျိုးပဲ့နေတာကိုမြင် တယ်

    ပြီးတော့ ပျို့တက် အော်ဂလီဆန်လာတယ်

    🙁

    ကော်လာကတုံး တိုက်ပုံ ပုဆိုးနဲ့ ကတ္တီပါ ညှပ်ဖိနပ်လေးတွေဟာ… . . . .
    နေရာတကာ ဝင်ဆံ့ပါတယ်ကွယ် လို့ စိတ်ကတွေးနေမိတယ်

  • kyeemite

    December 17, 2013 at 2:02 pm

    အတုယူသတဲ့လား
    တစ်ခုယူခဲ့မလား
    အခုမူနဲ့မခြား
    ဆုမယူနိုင်တဲ့ဖလား…ဟီး..မြန်မာဘောလုံးအသင်းရှုံးလို့စိတ်နောက်သွားသူ ကြီးမိုက်။
    😀

Leave a Reply