အဟမ်း… အဟမ်း…

အရင်က တင်ခဲ့ဖူးတဲ့ အနော်တို့ရွာထဲက ဆယ်ဗျစ်တီများ အကြောင်းဆက်ရရင်… ကိုယ့်ပေါင်ကိုယ်အရင် ထောင်းပါမယ်… မွ… မွ… :mrgreen:

ကန္နားစီးဂီ ခေါ် မိဂီ ခေါ် … ခေါ်ချင်ရာခေါ်ကို ခုလတ်တလော သူ့လိုဂိုအရ ဒေါင်းကားယားဂီလို့ နာမယ်ဖျက်ထား အဲလေ ချစ်စနိုးနာမယ်ပေးထားပေမဲ့… အရာရာ အိုးနင်းခွက်နင်း ကို့ယို့ကားယား လုပ်သမျှ အစတထောင်းထောင်းထားခဲ့တတ်တာ အနော်ပါ… :mrgreen:

မန်းဂေဇက်မှာတင် ဟုတ်မိဟုတ်ရက် နောက်ဆက်တွဲ… မျှော်ပါ.. ဘယ်ပုံရေးပါမည် ဆိုပြီးတန်းလန်းထားခဲ့တဲ့ စာတွေက အနော်ရေးတာရဲ့ တစ်ဝက်လောက်ရှိပါတယ်။

မွေးသန္ဒေ သေခါမှဖျောက် ဆိုသလို… ငယ်ငယ်ထဲက ဖွားအေက ညီးအေ.. အ၀တ်တွေက ဟိုတထည် ဒီတထည် ထမီတွေက ကွင်းလိုက် ဟိုနေရာ ကော်ဖီပန်းကန် ဒီနေရာ မုန့်စားခွက် တန်းလန်း … နေရာတကာ ခွေးလှေးပျား တောအနှံဆိုသလိုပါအေ… (ခွေးလှေးပျားရဲ့ ဒက်ဖနေးရှင်း အနော် မေးမကျိမိလို့ မသိ) :mrgreen:

ဟင်းကူ ချက်ပါဆိုတော့လဲ ကြက်သွန်ဖြူ နှစ်တက်လောက်ခွာပြီး စိတ်မရှည်လို့ အခွံပါ ထဲ့ထောင်းသွားတယ်… ဟင်းဆီသတ်မီးဖိုပေါ်တင်ပြီး ဘယ်ပျောက်သွားလဲမသိဘူး… ဟင်းအိုးကျက်ခါနီးမှ ရောက်လာပီး အချိုမှုန့်တွေ ဆားတွေ ပစ်ထဲ့သွားတယ်.. ဒီဟင်းမှ မကောင်းရင် ဘယ်ဟင်းမှ မကောင်းတော့ဝူး… ဟီးးးးးးးးးး
အာ့ အနော့်အရည်အချင်းတချို့တ၀က်ပဲရှိပါသေးတယ်…

ဒီစာကို လူပျိုကြီး၊ လူပျိုလတ်၊ လူပျိုလေးများ မမြင်ဇီရ… :mrgreen:

ဘာသာစကားသင်တန်းကြပြန်တော့လဲ… ဂျပန် တစ်လလောက်တက်ပီး တန်းလန်း… တရုတ် တစ်ပတ်… အင်္ဂလိပ်စာတစ်ခုသာ ဆရာကောင်းနဲ့လဲတွေ့ခဲ့တော့… လုပ်စားလို့ရယုံ အနည်းငယ်…

ပထမဆုံး အလုပ်စ၀င်ဝင်ခြင်း ဘ၀အဆက်ဆက်ကျောင်းဆရာဖြစ်ခဲ့သလားမသိတဲ့ ချင်ကျားပူဘောစိက အနော့်ကို စာသင် ထရိန်နင်ပေးပါတော့တယ်… သူ့ကိုပြောချင်တာမှန်သမျှ ကြားလူမထားရ လက်ဟန်ခြေဟန် မပြရ.. ကိုယ်တိုင်ပြော သူမရှိတဲ့အချိန် လာသမျှမတ်စိ အင်္ဂလိပ်လိုချရေး… ပြီးရင် မင်နီတွေ တသီတတန်းနဲ့ ပြင်ပါ တော့တယ်… ဒီလိုနဲ့ သေစာရှင်စာလေးတော့ တတ်လာခဲ့တယ် ဆိုပါစို့… :kwi:

နောက် ဆယ်ဗျစ်တီတွေအကြောင်းတော့ ထင်းခွေမကြုံ ရေခတ်ကြုံ ကြိုးစားပီးရေးပါ့မယ်… :hee:

About Wow

has written 62 post in this Website..