အနော်တို့ရွာထဲမှာဗျာ…. (၂)

WowDecember 16, 20131min30227

အဟမ်း… အဟမ်း…

အရင်က တင်ခဲ့ဖူးတဲ့ အနော်တို့ရွာထဲက ဆယ်ဗျစ်တီများ အကြောင်းဆက်ရရင်… ကိုယ့်ပေါင်ကိုယ်အရင် ထောင်းပါမယ်… မွ… မွ… :mrgreen:

ကန္နားစီးဂီ ခေါ် မိဂီ ခေါ် … ခေါ်ချင်ရာခေါ်ကို ခုလတ်တလော သူ့လိုဂိုအရ ဒေါင်းကားယားဂီလို့ နာမယ်ဖျက်ထား အဲလေ ချစ်စနိုးနာမယ်ပေးထားပေမဲ့… အရာရာ အိုးနင်းခွက်နင်း ကို့ယို့ကားယား လုပ်သမျှ အစတထောင်းထောင်းထားခဲ့တတ်တာ အနော်ပါ… :mrgreen:

မန်းဂေဇက်မှာတင် ဟုတ်မိဟုတ်ရက် နောက်ဆက်တွဲ… မျှော်ပါ.. ဘယ်ပုံရေးပါမည် ဆိုပြီးတန်းလန်းထားခဲ့တဲ့ စာတွေက အနော်ရေးတာရဲ့ တစ်ဝက်လောက်ရှိပါတယ်။

မွေးသန္ဒေ သေခါမှဖျောက် ဆိုသလို… ငယ်ငယ်ထဲက ဖွားအေက ညီးအေ.. အဝတ်တွေက ဟိုတထည် ဒီတထည် ထမီတွေက ကွင်းလိုက် ဟိုနေရာ ကော်ဖီပန်းကန် ဒီနေရာ မုန့်စားခွက် တန်းလန်း … နေရာတကာ ခွေးလှေးပျား တောအနှံဆိုသလိုပါအေ… (ခွေးလှေးပျားရဲ့ ဒက်ဖနေးရှင်း အနော် မေးမကျိမိလို့ မသိ) :mrgreen:

ဟင်းကူ ချက်ပါဆိုတော့လဲ ကြက်သွန်ဖြူ နှစ်တက်လောက်ခွာပြီး စိတ်မရှည်လို့ အခွံပါ ထဲ့ထောင်းသွားတယ်… ဟင်းဆီသတ်မီးဖိုပေါ်တင်ပြီး ဘယ်ပျောက်သွားလဲမသိဘူး… ဟင်းအိုးကျက်ခါနီးမှ ရောက်လာပီး အချိုမှုန့်တွေ ဆားတွေ ပစ်ထဲ့သွားတယ်.. ဒီဟင်းမှ မကောင်းရင် ဘယ်ဟင်းမှ မကောင်းတော့ဝူး… ဟီးးးးးးးးးး
အာ့ အနော့်အရည်အချင်းတချို့တဝက်ပဲရှိပါသေးတယ်…

ဒီစာကို လူပျိုကြီး၊ လူပျိုလတ်၊ လူပျိုလေးများ မမြင်ဇီရ… :mrgreen:

ဘာသာစကားသင်တန်းကြပြန်တော့လဲ… ဂျပန် တစ်လလောက်တက်ပီး တန်းလန်း… တရုတ် တစ်ပတ်… အင်္ဂလိပ်စာတစ်ခုသာ ဆရာကောင်းနဲ့လဲတွေ့ခဲ့တော့… လုပ်စားလို့ရယုံ အနည်းငယ်…

ပထမဆုံး အလုပ်စဝင်ဝင်ခြင်း ဘဝအဆက်ဆက်ကျောင်းဆရာဖြစ်ခဲ့သလားမသိတဲ့ ချင်ကျားပူဘောစိက အနော့်ကို စာသင် ထရိန်နင်ပေးပါတော့တယ်… သူ့ကိုပြောချင်တာမှန်သမျှ ကြားလူမထားရ လက်ဟန်ခြေဟန် မပြရ.. ကိုယ်တိုင်ပြော သူမရှိတဲ့အချိန် လာသမျှမတ်စိ အင်္ဂလိပ်လိုချရေး… ပြီးရင် မင်နီတွေ တသီတတန်းနဲ့ ပြင်ပါ တော့တယ်… ဒီလိုနဲ့ သေစာရှင်စာလေးတော့ တတ်လာခဲ့တယ် ဆိုပါစို့… :kwi:

နောက် ဆယ်ဗျစ်တီတွေအကြောင်းတော့ ထင်းခွေမကြုံ ရေခတ်ကြုံ ကြိုးစားပီးရေးပါ့မယ်… :hee:

27 comments

  • Mr. MarGa

    December 16, 2013 at 2:31 pm

    မိမိပေါင်ကို မမွတမွ ထောင်းခြင်း……. :mrgreenn:
    ဒီ ရွာ့ ဆယ်လီဗျစ်တီ အစ ကိုတော့ အဆုံးထိ ဆက်ဆွဲပါနော့
    လူပျိုကြီး၊လူပျိုလတ်၊ လူပျိုလေးထဲမှာ မပါတဲ့
    သိကြားမင်း ဦးမာဃ :mrgreenn:

    • Wow

      December 16, 2013 at 3:03 pm

      သကြားလဲ နာ့အရည်အချင်းတွေ ကျိတ်သဘောကျပီး နတ်သမီးငါးရာထားခဲ့ပီး ဒီဘက်ကို ဒိုင်ဗင်ပစ်မလာနဲ့နော် :mrgreen:

  • ဦးကျောက်ခဲ

    December 16, 2013 at 2:34 pm

    တော်လိုက်တဲ့ ဝေါင်း…ဂုဏ်ပုဒ်ကတော့ အပြည့်…
    ကြုံလို့ပွါးရရင် ခွေးလှေးပျား ဆိုတာ ဟိုတစု သည်တစု တပ်စွဲတာကွယ့်…
    ကျောက်စ်တို့ ကွင်းဆင်းတုန်းက တောထိုင်ဖို့ သန်းပေးဖို့ဆို…
    သင်းတို့ကို တအားကြောက်တာ၊ မတော်ရာ တုပ်လိုက်ရင်မလွယ်… ဟီ ဟိ
    😀

    • Wow

      December 16, 2013 at 3:06 pm

      အဖွားအမြဲပြောပြောနေတဲ့ ခွေးလှေးပျား ဘာမှန်းမသိ… ခု ကျောက်စ်ပြောမှပဲ… အနော့်လို့ ဟိုတစ်ခု ဒီတစ်ခု နေရာအနှံ့ပေါ့နော် :mrgreen:

      • kai

        December 16, 2013 at 6:40 pm

        အဲလိုအကောင်တမျိုးရှိသေးတယ်..
        ဂျပ်ကောင်တဲ့..။
        နောက်ဘာတဲ့.. ဂွကောင်တဲ့..။
        =

        မြန်မာတွေစည်းကမ်းဖောက်လို့
        ထီးနန်းပျောက် ဖြစ်ပြီ၊
        မှီးငြမ်းထောက်အသစ်မှီသည်
        ညစ်ပလီလူမျိုး၊
        မိပစ်လို့ ဖရှောင်သွေတယ်
        ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

        ဗမာချင်းတော့ ကြွားကြချင်
        ဓားပြပင် သူခိုး
        ကုလားမြင် သူ့အမေရိုးတော့မလိုပ
        ခုမြေရှိုး ပုန်းရှောင်
        မိုက်မနော် ပြုမဟေးတို့က
        သူ့ပထွေးတော့ ခွေးသို့ မဟောင်၊
        ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်
        ဆာသင်တောင် ဒူးချလို့
        ပလူးရ ပြေးကျို့ကာ ခွေးသို့ပမာ
        တွေးမိတိုင်း အရိုးနာသည်
        အမျိုးပါ ဆဲချင်တော့လေး။ ။

        အချုပ်တန်းဆရာဖေ

        • Wow

          December 17, 2013 at 8:55 am

          ရက်စက်ပါ့ ဒဂျီးရယ်… အနော်က အိမ်မှာဟိုတစ်စ ဒီတစ်စ အမှိုက်ဖွရုံတင်ပါ.. ဒါဂို အချုပ်တန်းဆရာဖေပါခေါ်ချလာတယ်… ဗြဲဟဲ…ဟဲ :byee:

  • kyeemite

    December 16, 2013 at 3:14 pm

    ယင်းဂလိပ်လို သေစာရှင်စာလေးတော့ တတ်လာခဲ့တယ် ဆိုပါစို့… :kwi:
    ဒါဆိုရင်ကို ကိုယ်ထက်တော်သွားဘီ
    😀

    • Wow

      December 16, 2013 at 3:35 pm

      မိုက်မိုက် အာ့လေးမှ မတတ်ရင်လဲ ခုထိ အိမ်မှာ ခွေးလှေးပျားလုပ်နေရအူးမှာ :mrgreen:

  • sorrow weaver

    December 16, 2013 at 3:21 pm

    ပုဂျွန်ကန်က အစ်မကြီး ဒါတော့အပြီးရေးမယ်မို့လား ..အာဟိ

    • Wow

      December 16, 2013 at 3:33 pm

      ပြရင်ပြသလောက်ပဲကျိ.. ပိုမကျိချင်နဲ့… စာကိုပေါဒါ… :mrgreen:
      နို့မို့ ကချင်နုထွားကြီးကို ချစ်တီးမကြီး ဖြူဖွေးနဲ့ သွားတိုင်ပစ်မာ… :kwi:

  • KZ

    December 16, 2013 at 3:35 pm

    နာ့ ထက်ကို ရမ်းရမ်းတော်နေပါ့လားးးး
    ဘရန်းလေးပေးပြီး ကြံစည်အူးမှ…

    :kwi:

    • Wow

      December 16, 2013 at 4:29 pm

      နိနဲ့နာ နှစ်ယောက်ပေါင်းရင် ငယ်က ဖွားတို့ပြောသလို ထမင်းအိုးအမြှောက်နဲ့ ပစ်ချနေရပါမယ်အေ…. :mrgreen:

  • လောလောဆယ်ဒီအရည်အချင်းတွေကို ချောကလက်နဲ့တူတဲ့ဗလတောင့်တောင့်နဲ့တဂျားလေးကော၊ကချင်နုထွားကြီးပါမြင်းတွားပီ ဆိုတော့ကာ
    ဗလတောင့်တောင့်အန်ဇာတုံးတို့၊ဗလတောင့်တောင့်အလက်ဆင်းတို့ပါလက်တို့လိုက်ဦးမှ
    တူတို့ခြစ်ခြစ်တွေဂိုထားဂဲ့ပြီးလာတန်းစီလို့ရအောင်
    😀

    • Wow

      December 17, 2013 at 8:59 am

      အရည်အချင်းတွေကျိပီး ဒိုင်ဗင်ကို ပစ်လာကြတာ… ရွေးဖို့တောင်ခက်နေဘီ သော်ကလေးရဲ့ :mrgreen:

  • padonmar

    December 17, 2013 at 12:49 am

    (၂)ကိုမဖတ်ခင် (၁)ကိုအရင်ဖတ်ကြည့်မှဆိုပြီး ရှေ့စာမျက်နှာမှာ အခေါက်ခေါက်ရှာတာမတွေ့၊
    ဒါနဲ့ (၂)ကနေလိုက်ရှာမှလို့ ဝင်ကြည့်တော့မှပဲ ဒေါ်ဝေါင်းရဲ့ ရှင်းတမ်းတွေ့။
    (၃)ကိုတွေ့ရင် (၂)ကိုပြန်မရှာရအောင် ခုထဲကမှတ်ထားမှ။

    • Wow

      December 17, 2013 at 8:47 am

      ဟီးး အန်ကယ်ဒုံ အတော်အလုပ်ရှုပ်သွားတာ… ဆောတီးပါ… ဒမာ အရင်ကလင်… အဲလေ လင့်က :mrgreen:
      http://myanmargazette.net/188120

  • MAUNG

    December 17, 2013 at 6:21 am

    ၃ ကိုစောင့်ဖတ်နေမယ် ဗျာ

    • Wow

      December 17, 2013 at 8:52 am

      ဆက်ဆက်စောင့် မလာမချင်းစောင့်နော်… မောင်… :mrgreen:

  • ဦးကြောင်ကြီး

    December 17, 2013 at 8:45 am

    အခြားဟာဒွေက ကိစ္စအရှိဗူး.. အဝှာလုပ်ရင်တော့ ပြီးဗလေ့စေ..

    • Wow

      December 17, 2013 at 8:50 am

      စိတ်ချ … ကြောင်ဆိုရင်တော့ မသေမရှင်မထားဝူး တစ်ခါထဲ ကိတ်စတုံးချင်တုံး ဒါမှမဟုတ် မျိုးတုံး… :mrgreen:

  • no non negative

    December 17, 2013 at 9:19 am

    တော် တော် တော် တော် လိုက် တာ နော်

    • Wow

      December 17, 2013 at 11:38 am

      ဒါတောင် အရည်အချင်းတွေ အကုန်မဟုတ်သေးဘူး… :mrgreen:

  • surmi

    December 17, 2013 at 10:15 am

    ၁ က်​ုလည်​း ရှာဖတ်​ပြီး
    ၃ ကိုလည်​း ​စောင်​့​မျှော်​လျှက်​
    ​အော်​ …… အ​ရေးအသားအဖြတ်​အ​တောက်​​လေးများနည်​းယူပါ၏ ။
    အမြဲတန်​းမကြာမကြာဝင်​​ရေးနိုင်​ပါ​စေလို့…..

    • Wow

      December 17, 2013 at 11:41 am

      ဆြာဆာ… နောက်ရဝူးနော်… တောင်ရေးမြောက်ရေးကိုများ စောင့်ကျိလောက်စရာမရှိပါဝူး ဆာဆာရယ်… 😳

  • alinsett

    December 17, 2013 at 11:54 am

    အဟီး
    လူဂျိုလေး အနော်
    မြင်တွားဘာဘီ မမဂျီး

    :kwi:

    • Wow

      December 18, 2013 at 8:18 am

      တညင်းဝက်ရော… တညင်းသီး ဝက်သားနဲ့ချက်တာပါ မမဂျီးက ကြိုက်ပီးသား… လူသာ မပါစေနဲ့ :mrgreen:

  • TNA

    December 18, 2013 at 8:37 am

    တပိုင်းနဲ့တပိုင်းအဲလောက်နီးနဲ့လေအေရယ် :mrgreen:

Leave a Reply