ဒို့ ဘာမန် ကွိုင်ဘီ

ムラカミDecember 17, 20131min35735

 
သိတော်မူကြသည့်အတိုင်း ပိတ်သတ်ကြီးရေ… မြန်မာတို့ရဲ့ ဘောလုံးအသင်းကတော့ ပတ်စာခွာ ဖျာသိမ်းခဲ့ပြီတမုံ့…

နည်းပြကြီး ပတ်စာခွာ …အဲ့လေ ပတ်ဆောင်ဟွာလည်း ပြည်တော်ပြန်ရပါတော့မည်ခည…

သိတော်မူသည့်အတိုင်း ပွဲပြီး မီးသေ ဖြစ်မစိုးတာမို့ …အရှုံးကနေ သင်ခန်းစာ ယူနိုင်အောင် …

မြန်ကျန့် အမျိုးကောင်းသားများက ဘောကွင်းဘေးမယ် ဆိုင်းဘုတ်တွေ အလံတွေ မီးပူဇော်ပါသတဲ့ ဗျို့…။

အဟဲ …ဒီအတိုင်း ခံမယ်ထင်သလား ပရိတ်သတ်ကြီး …. ရပဲ ..အဲလေ သယဲ တပ်ဖွဲ့ကလည်း ညီတော် မိသပ်တပ်ဖွဲ့ခေါ်လို့

လူစုကွဲဖို့ရန်အတွက် မာဃဒေဝ ဆီက ပါမစ်မတောင်းဘဲ ခါသင်္ကြန်ပွဲကို ၄လလောက် ကြို Run လိုက်ပါကရောလား…။

အဲ့သည့်မှာပဲ … ယမကာလုလင် ယိမ်းအဖွဲ့ ထွက်လာပြီး မန်းတောင်ရိပ်ခိုလိုက်ကြတာ…ပိတ်သတ်ကြီးကတခွိခွိ

ဟိုအာကိုယီးတို့က ဒေါသယမ်းပုံ မီးထစွဲ ရာကတဆင့် ဒုတ်တပြတ်ဒါးတပြတ်နဲ့ နိုင်ရင်နိုင် မနိုင်ရင် ကိုင်… သခင်မျိုးဟေ့

ဒို့ဘာမင်န် …ရာဟူးး….ပျော်ဇာယီးပဲ….။

အဲ…. ဒီလိုအနေအထားမတော့ …. ဖြစ်လာနိုင်ခြေစိတဲ့ …သတင်းကြေငြာချက်တချို့ကို ကြည့်ဖြီး မှန်းတီး ဘလိုင်းရွှီး ရရင်ဖြင့်

(ဖဘ နှင့် ဂဇက်မှ ဇပြစ်သီး တချို့ မှတ်ချက်များကို ဖော်ပြလိုက်ရဘာဒယ်…ကိုယ့်ဆြာဒို့…)
စာဖတ်သူယီး ။ ။စိုးတယ် စိုးမိတယ် စိုးထိတ်မိတော့တယ်။

ဘပြောင် ။ ။ မိဘပြည်သူများ ခံဗျာ…။

ဘွားတော်ယီး။ ။ လူနည်းစု ဖြစ်တဲ့ သယဲတပ်ဖွဲ့ ကို ညှာတာကြပါ သားတို့ရယ်။

မူးဈော်။ ။ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းမေးမြန်းပီးမှ သဒင်းထုတ်ပျံဘာ့မယ်။

ရှင်ရဲဖွတ်။ ။ ဒါ နိုင်ဂံဒေါ်ရဲ့ စေဒနာ ကို စော်ဂါးတာ။

ကိုကိုဝီ ။ ။ တောက်ခ်… ဟိုဘာသာအသင်းကို ရှုံးရတာ ..မချိလေခြင်း။

မားဇိုး။ ။ အူးအောင်ဇီယျ မှ ဆူမားတျား ကျွန်းစုတွေ မရောက်ဖူးတာ သားရို့ ရယ်။

ကိုသာဗို။ ။ ဘီလူးကြီး ထ လာတာ ထိုင် ငိုမလို့ ကိုး ….ငိငိ။

ကဘုန်းကျော်။ ။ ကိုယ့်မြေမှာ ချုံးရဒါ ရှက်သကွာ ယီးဘဲ ယီးဘဲ

မတူဂျာ။ ။ အကော်ဒယံဂျီး ဆိုသွားတာများ ဖြောင့် လို့..

မနေဂျီ။ ။ ငထုံ အသင်းက လျှော့ကန်သွားတာနေမှာ

မဇာယိ။ ။ နိဒို့ရွာက ဘောလုံးပွဲ ဟန်ဘာဂါနဲ့ မလဲ

ဥစ္စာတိုတို။ ။ ဒချိ ဒချိ လိုက်တာ ငိငိ မအော်နိုင်ရှာတော့ဝူးညှော်…။

မားသံ။ ။ မားကတော့ ဘော ကို စိတ်နာလို့ ဘန်ဂေါက်သွား ဘောဖြုတ်တော့မယ် လိုက်ကြအူးမားးးးး။

ဂျော်ကိုကို။ ။ Ball ပဲကွာ။

မားခိုမ်။ ။ စနစ်ကြောင့် မှုတ်ဖူး စနစ်ကြောင့် မှုတ်ဖူး။

ကိုကိုကြောင်။ ။ ဝိုင်းဆဲဂျကွာ။

ကြောင်အဆီပိတ်။ ။ ဒါ မြန်မာနိဂရိုးလိဂ် ရဲ့ အကျိုးဆက်တွေပေါ့။

ဖိုးလပြွတ်။ ။ ဂလိုမှန်းသိ မိုးဇက်ဝိုင် လောက်နဲ့ ပျော့မယ်ဆို မိုးဇက်ဝီစကီလောက်နဲ့ အားပေးဘာဒယ် ဂေ့။

ပတ်ရှောင်ခွာ။ ။ ကျော်ဒဂယ်မသိလို့ပါ။

အူးဂျော်ဂျော်။ ။ မှားတာစိရင် တောင်းဗန်ပါတယ်။

ပိတ်သတ်များ။ ။ ဂျစ်လွန်းလို့ ဖစ်တွားဒါဘာ့…။

 

ဆက်ဖြည့်ကြပါအူး ဂဇက်ရွာသူား ..အဲ.. .မြို့သူားတို့ရယ်….။

တော်သေးဘီ.

ခင်တဲ့

ဂီ

35 comments

  • surmi

    December 17, 2013 at 11:29 am

    အိမ်​ရှင်​ဆို​တော့…
    အနိုင်​ကျင်​့သလိုဖြစ်​မှာစိုးလို့ ​လျော့..​ပေးလိုက်​တာ 🙂

  • Wow

    December 17, 2013 at 11:32 am

    အေးလေဟယ်… အကော်ဒယံကြီးဖျောင့်အောင်ဆိုသွားဒါကို ကလေးတွေဖျောင့်အောင်မကန်နိုင်ဂျဘူး…. :mrgreen:

  • KZ

    December 17, 2013 at 11:46 am

    ကနားဇီးးးး – အာ့ကြောင့် မယ်ရွေးပွဲကိုပဲ အားပေးချင်တာ ကျော် အပြစ်လား?

    😀

    • အဘရဟူဒီ

      December 17, 2013 at 12:45 pm

      မယ် ဆိုတာမိုးက ကျော်တို့ ဗုတ်တယ် ညော်…
      ဗုတ်မယ် ဆုရတယ်ညော်…

      ဘော ဆိုတာမိုးက …ကျော်တို့ ဗုတ်လို့ …
      ဂိုးရတာမိုး မှုတ်ဖူးညော်….

      😀

      • ဖြူစိုင်း လူ

        December 18, 2013 at 5:55 am

        ဘောဆိုတာမျိုးကညော်
        ဇွတ်အတင်းကန်ရင်လဲ မဖြစ်ဘူး
        မထိတစ်ထိလေး ကစားရင်လဲ မလွယ်ဘူး
        အားပါးတရ ပိတ်ကန်မှ
        တက်မှာ
        ……
        …….
        ……..
        ……….
        …………
        …………..
        …………….

        (ဗိုလ်လုပွဲ)

        :hee:

  • KZ

    December 17, 2013 at 11:49 am

    မားဆိုး – မြန်မာပြည်မှာ မယုံကြည်ရဆုံး ၂ မျိုးက ဦးသေးစိမ် အစိုးရနဲ့ မြန်မာဘောလုံး အသင်း

    :mrgreen:

  • KZ

    December 17, 2013 at 11:51 am

    တကယ် အတည်ပြောမယ်။
    ဘောလုံး နဲ့ ပတ်သက်တဲ့ စာတစ်ပုဒ် ဒီနေ့တင်နိုင်အောင်ကြိုးစားမယ်။
    ကျုပ်တော့ မြန်မာပွဲ လုံးဝမကြည့်တာ ၈ တန်းကတည်းကပဲ။
    😥
    တကယ် ဟမ်ဘာဂါနဲ့ကို မလဲတာ။
    ဟမ်ဘာဂါက ဘိုက်ဝတယ်။
    ဘောလုံးပွဲကသွေးတိုးလို့။
    နာ က နိုင်ချင်စိတ်သိပ်များတော့ ပိုဆိုးးးးး

    :hint:

  • alinsett

    December 17, 2013 at 11:59 am

    အရှုံးပေးတာ
    နှလုံးအေးပါတယ် ကွယ်
    ရှုံး မဲ မဲတာကတော့
    နှလုံး ကွဲတာပေါ့
    အ ဟော ့

    :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 17, 2013 at 12:01 pm

    ပြောရရင်လည်း အောလပုံဘဲ
    အဲ့သည်ပွဲမှာ အားကစားဆိုတာ ဘောတစ်မျိုးဘဲရှိတာမှမဟုတ်တာ
    အခြားကစားပွဲတွေလည်းရှိတာဘဲ
    ဒီလိုသာ ဘောပွဲရှုံးလို့ ကွင်းမီးရှို့စတမ်းဆို
    တစ်ဦးခြင်းပြိုင်တဲ့ အားကစားသမားတွေက နွားမဖြစ်သွားဘူးလား
    နောက်ပီး ကစားသမားတွေက သူတို့အားပေးတိုင်းနဲ့
    မနိုင်ရင် အသေခံချရမယ်ဆိုလိုတာလား
    နှစ်ဦးနှစ်ဖက် ကွင်းထဲမှာကစားတာ ဒိုင်သူကြီးတွေရှိတယ်
    စည်းမြင်းထဲကနေ တရားဝင်ရှုံးသွားတာ ဘာကို ဖျက်စီးနေကြတာလဲ
    ဒီလိုသာ ရှုံးတိုင်းဖျက်စီးရန်လိုမယ်ဆို ဘယ်သူနဲ့မှမပြိုင်ကြနဲ့ပေါ့
    ပြောစရာတွေကတော့ တစ်ကယ်အများကြီး

  • Nay Chi

    December 17, 2013 at 12:04 pm

    ထိုင်းက မြန်မာကိုလျှော့ကန်တာ ဟုတ်ရင်ဟုတ် မဟုတ်ရင် အင်ဒိုက ထိုင်းကိုလျှော့ကန်တာပဲ..။ ဟီးဟီးး ဒါ မြန်မာကို သက်သက် အရူးကွက်နင်းတာ..။ မကျေနပ်ဘူး..။ 😛

    အတည်ပြောမယ်..။ မြန်မာခြေ တန်းမဝင်သေးတာ လက်ခံနိုင်ရမယ်..။ ထိုင်းကို သရေဖြစ်အောင်ကစားခဲ့တာလဲ စိတ်ကြောင့်..။ အင်ဒိုကိုရှုံးတာလဲ စိတ်ကြောင့်။ နိုင်မယ်လို့ အပိုင်တွက်ပြီးမှ နဖူးတွေ့ ဒူးတွေ့ချိန်မှာ ပြာထွက်ကုန်တာ…။ ပေးလိုက်ရတဲ့ ပင်နတီ နဲ့ ရလိုက်တဲ့အနီကဒ်က သက်သေပဲ…။ ဘယ်သူ့မှလည်း လက်ညှိုးတွေထိုးမနေသင့်တော့ဘူး…။ ရှုံးရတာထက် အရှုံးကိုလက်မခံတတ်တာ ပိုရှုံးသေးတယ်…။

    • အဘရဟူဒီ

      December 17, 2013 at 12:49 pm

      ဘာသာစကား ဆိုင်ရာ အခက်အခဲ က တချို့…
      conflict of interest နဲ့
      conflict of professionals က တဝက်…
      teamwork က တစိတ်
      mismanagement က တဒေသ…

      အင်း…. ဟုတ်တော့ ဟုတ်နေပါဘီ

  • ဦးကျောက်ခဲ

    December 17, 2013 at 12:13 pm

    မြန်တျန့်အသင်း အင်တာနေရှင်နယ်ပွဲကန်ရင် ဘယ်တော့မှ မကြည့်…
    ကဖိုးသင်းရဲ့မျောက်လို ပရိတ်သတ်ရှေ့ရောက်မှ ၆ကျပ်ခွဲတာ…
    ဇာတိမာန် မျိုးချစ်စိတ်ပြင်းတဲ့ ကျောက်စ်ရဲ့ မွေးသဖခင်ကတော့…
    လွန်ခဲ့တဲ့ ၈နှစ်… ၄နိုင်ငံဖိတ်ခေါ်ဖလား ရန်ကုန်မှာကန်တော့…
    ဘင်္ဂလားကို ရှုံးလို့ ပေါက်ကွဲလိုက်တာ အသက်ပါ ပါသွားတယ်…
    အဲဂတော့ ဘန်ကီမွန်းလို ပြောလိုက်မယ်…
    ” မြန်တျန့်ဘော ရှေ့ရေးအတွက် အထူးစိုးရိမ် ပူပန်မိပါ၏… ”
    😀

  • ဦးကျောက်ခဲ

    December 17, 2013 at 12:53 pm

    မြန်တျန့်အသင်းရှုံးရသည်မှာ ဘောသမားများကြောင့်မဟုတ်…
    နည်းပြ ၆ ၃ မကျ၍ဟု ကောလာဟာလ သတင်း…
    အတင်းအဖျင်း ရပ်ကွက်မှကြားသိရပါသဖြင့်….
    ဂနေ့မှစ၍ ဖွဘုတ်ပေါ်တွင် …
    ကိုရီးယန်း မင်းသား မင်းသမီးပုံ တင်သူများအားဘန်းပါမည်…. ဟီ ဟိ
    နီးပြဂျီး ပတ်စောင်ခွါ သည် ခေါက်ဆွဲစားပြီး လုပ်ပွဲကျင်းပသည်ဟု ယူဆရပါသဖြင့်…
    ကိုရီးယား ခေါက်ဆွဲများအား သပိတ်မှောက်ကြပါ…
    (ကွကိုယ် ပြုတ်စားရင် ပါစိတ်အာပါတ်သင့်လို့တဲ့… အားဟိ)

    ပုံ
    ကျောက်စ်
    မြန်တျန့်ဂဇက် လက်မှတ်ရ
    😀

    • အဘရဟူဒီ

      December 17, 2013 at 12:57 pm

      ကိုရီးယားအထီးများကို သဘိတ်မှောက်ကြ…။

      ကိုရီးယန်းမင်းသမီးများအား လက်စားချေဂျ…။

      အိမ်မှ မိန်းမ၏ ပါတိတ် ဝမ်းဆက်များအား ဓားသိုင်းကဂျ..။

      ဗက်တနမ် လေကြောင်းလိုင်းဝက်ဆိုက်အား. ..စီးနှင်းဂျ…။

      ဒချိ ဒချိ..

      • Myo Thant

        December 17, 2013 at 4:34 pm

        ကိုးရီးယား မင်းသမီးလေးကိုလက်စားချေရန်
        မွေးမေဆီမှ လေယာဉ်ခ တောင်းခံထားကြောင်း 🙂

        ဆိုးလ် တစ်မြို့လုံး
        ငမျိုးအကြောင်း သိစေတော့မည် ၊

  • ကြောင်ဝတုတ်

    December 17, 2013 at 1:31 pm

    ကျုပ်ပြောချင်တာက ဒီလိုဗျာ…
    ပထမဆုံး ယိုးဒယားနဲ့ပွဲမှာ…. စိတ်က အရမ်းကြွနေတယ်… စိတ်ဓာတ်အင်အားနဲ့ပြိုင်တယ်ဆိုရမပေါ့…
    သို့ပေသည့် ဘောလုံးပညာနဲ့ ရည်ရှည်ခံနိုင်ရည်အားကျတော့ အပြတ်အသတ်ကွာပါတယ်…

    မြန်မာက တောင်ပံတစ်ဖက်ထည်းကနေ အသဲအသန်တိုက်စစ်ဆင်နေချိန်…
    ယိုးဒယားအသင်းက တောင်ပံပြောင်းပြောင်းပြီး ကစားသွားကတည်းက မြန်မာမနိုင်နိုင်ဆိုတာ…
    သိနေပြီးသားကို… အဲ… တစ်ဆက်ထဲ ကိုကမ်းဝေးနဲ့တောင် မြန်မာဗိုလ်လုပွဲတက်ရင်…
    ပုလင်းအနီရောင်တစ်လုံး စပွန်ဆာမယ်လို့တောင် ကျွန်တော်ပြောခဲ့သေး…
    ဒုတိယပိုင်းကျတော့ မြန်မာနည်းပြက သူ့အသင်းရဲ့ရည်ရှည်ခံနိုင်ရည်အားကိုသိလို့ ခံစစ်ဘက်ပြောင်းဆော့စေတယ်… ပတ်ဆောင်ဟွာကြီး မမှားခဲ့ဘူး…
    ဒါပေမယ့် ခံစစ်ဆော့ပြီဆိုရင်ဖြင့် ဂိုးရဖို့က ကောင်တာဖောက်နိုင်မှဖြစ်မကိုး…
    ခက်နေတာ ခံစစ်ဆော့တဲ့ မြန်မာအဖို့ ကောင်တာဖောက်နိုင်မယ့်… ဆွဲပြေးဂိုးသွင်းမယ်…
    ရှေ့တန်းတိုက်စစ်မှူးမရှိလေတော့… နောက်တန်းတစ်ယောက်နဲ့ တိုက်စစ်မှူးနှစ်ယောက်အတွေ့မှာတောင်…
    ဂိုးပေါက်တည့်အောင်မကန်ထည့်လိုက်နိုင်ဘူး…
    ယိုးဒယားဘက်ကကြည့်ပြန်ရင်လဲ ဒီပွဲမှာ အားကုန်သုံးပြီး အိမ်ရှင်မြန်မာကို မျှော်လင့်ချက်မဲ့ဖြုတ်ချနိုင်တဲ့
    ခြေရှိတယ်လို့ ယုံကြည်ပြီးသား… ဒါပေမယ့် ပရိတ်သတ်ရဲ့အားကစားစိတ်ဓာတ်မရှိဘဲ ကွင်းထဲဆင်းရိုက်မယ့်
    အရေးကိုလဲ အတွေ့အကြုံရှိပြီးသားပေမို့… အချိန်လေးတောင်ဆွဲပြီး… အဝါနှစ်ကဒ်ယူခဲ့သေးသဗျ….
    အဲဒီမှာကတည်းက မြန်မာကိုယ့်ဘဝကိုယ်သိသင့်ပြီလို့ ထင်တာပဲ…

    မနေ့ကအင်ဒိုနဲ့ပွဲကျပြန်တော့ အင်ဒိုဘက်က သရေကစားလို့မဖြစ်ပြန်ဘူး…
    အနိုင်ကန်ကိုကန်မှ သူက ဆီမီးဖိုင်နယ်ကို ရောက်မကိုး…
    သူကလဲ အားကုန်ကန်ပြီ… ခက်နေတာက မြန်မာအသင်းက ခြေကုန်ပဲ…
    ဒီထက်ထပ်ကောင်းစရာမရှိ… နောက်ဆုံးတော့ အနီကဒ်လေးရယ်… ဂိုးလေးရယ်…သက်သေခံသွားတော့တာပဲ…

    မြန်မာမနိုင်ရင်လူချတယ်ဆိုတာ ယိုးဒယားနဲ့နေ့က သက်သေဗျာ…
    ပထမပိုင်းမှာ မြန်မာတစ်ဂိုးသွင်းထားတဲ့အချိန် မြန်မာဘက်က ပြစ်ဒဏ်ဘောပေးရတာ
    ယိုးဒယားထက်နဲပါတယ်… ဒုတိယပိုင်း ပွဲပြန်အစ တစ်ဂိုးပြန်ပေးလိုက်ရချိန်မှာ ယိုးဒယားဘက်ကို
    မြန်မာပေးရတဲ့ ပြစ်ဒဏ်ဘောက ပိုများပါတယ်… ပွဲပြီးချိန်မှာ… မြန်မာက (၁၆)ခါပေးလိုက်ရပြီး…
    ယိုးဒယားက (၁၀)ခါပါတဲ့…

    ကဲ… အရပ်ကတို့ရေ…
    နိုင်ငံတကာဘောလုံးလောကကိုကြည့်ပါ… ကလပ်အသင်းပြိုင်ပွဲတွေတိုးတက်မှုနောက်ကို သူတို့နိုင်ငံအသင်းလိုက်ပါသတဲ့… အဲ.. အင်္ဂလန်တော့မပါဘူးပေါ့ဗျာ…
    စပိန်တို့ အီတလီတို့ကို ကြည့်ပါ…
    နိုင်ငံတွင် League တွေတိုးတက်လာတာနဲ့အမျှ နိုင်ငံ့အသင်းရဲ့ ခြေစွမ်းကသိသိသာသာ
    တိုးတက်လာပါတယ်… ကမ္ဘာ့ဖလားနဲ့ ယူရိုချန်ပီယံ စပိန်အသင်းက သက်သေခံလျက်ပါ…

    မြန်မာနိုင်ငံရဲ့ MNL ကိုကြည့်ကြည့်ပါ…
    ဘောလုံးအသင်းပိုင်ရှင်ကြီးများရဲ့ ငွေကြေးခဝါချမှုအတွက် လုပ်နေတဲ့ပြိုင်ပွဲတွေမို့…
    အပြိုင်အဆိုင် နိုင်ငံရပ်ခြားက ကစားသမားတွေခေါ်… အားပေးမယ့်ပရိတ်သတ်တွေကို…
    ပိုက်ဆံပေး… ကားတွေ လေယာဉ်တွေစီစဉ်ပြီး လူမြင်ကောင်းရုံလောက်လုပ်ပေးခဲ့တာမို့…
    စိတ်ကျေနပ်လောက်စရာ မြန်မာလူငယ်အားကစားသမားကောင်းတွေ နိုင်ငံအတွက်ထွက်မလာဘဲ…
    မြန်မာ့လက်ရွေးစင်အသင်းဟာ တဖြည်းဖြည်းနဲ့ အင်အားချိနဲ့လာတာ အဆန်းမဟုတ်တော့ပါဘူး…
    ရလာဒ်ကောင်းတွေကို အသင်းပိုင်ရှင်တွေဆီသာသယ်သွားသော MNL ပါပဲဗျာ…

    ကျွန်တော်ဖြစ်စေချင်တာ နည်းပြကိုသော်လည်းကောင်း… ဒိုင်လူကြီးများကိုသော်လည်းကောင်း…
    ကစားသမားများကိုသော်လည်းကောင်း အပြစ်မတင်ဘဲ… နောက်နောင်လာမယ့် နိုင်ငံတကာပွဲတွေမှာ…
    ယခုအိမ်ရှင်ပွဲတွေရဲ့ရလာဒ်ကို သင်ခန်းစာယူပြီးတော့ ပြုပြင်သင့်တာပါပဲ…

    ဦးအောင်ဇေယျကြီး ယိုးဒယားတက်သိမ်းတာကြာခဲ့ပါပြီ…
    အခုအချိန်မှာ ယိုးဒယားက မြန်မာထက်နေရာတကာ အစစအရာရာ
    သာလွန်နေပြီဆိုတာကို အရှိကိုအရှိအတိုင်း… အမှန်ကိုအမှန်အတိုင်းလက်ခံပြီး…
    သူတို့ကြိုးစားမှုကို အသိအမှတ်ပြုပြီး မိမိနိုင်ငံကိုမိမိ… ပြန်လည်ပြုပြင်သင့်ပါပြီ…
    မိမိလူမျိုးကို မိမိပြန်လည်ထိန်းသိမ်းသင့်ပါပြီ…

    တစ်ခါထည်းပြောရရင် ၂ရကြိမ်မြောက်ဆီးဂိမ်းမှာ မြန်မာ အဆင့် (၄)မှာချိတ်ရင်တောင်…
    အလွန့်အလွန်… ကံကောင်းတယ်လို့ ဆိုရမယ့်အနေအထားပါ…
    အမျိုးသားပွဲက ဒေါသ… အမျိုးသမီးပွဲနဲ့ အခြားအားကစားပွဲတွေဆီသယ်ဆောင်မသွားဘဲ…
    နိုင်ငံအတွက် ရှက်ကြပါ… နိုင်ငံအတွက် စောင့်ထိန်းကြပါ…
    နိုင်ငံအတွက် သိက္ခာရှိစွာ အရှုံးကိုလက်ခံလို့ ထပ်မံကြိုးစားကြပါလို့ပဲ ပြောချင်မိပါတယ်…

    ဒီသင်ခန်းစာဟာ ခင်ဗျားတို့ ကျုပ်တို့ သန်း၃ဝကျော်ရင်းနီးပြီးရတဲ့သင်ခန်းစာပါ…
    ဆီးဂိမ်းလုပ်တာ ရှုံးပါတယ်… ထင်သလောက် ဝင်ငွေမရပါဘူး…
    ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရင်းနီးမြှုပ်နှံမှုအလွန်နည်းပါးတဲ့ နိုင်ငံမို့ ထင်သလောက်ကြော်ငြာခ…
    ထင်သလောက် စပွန်ဆာမရခဲ့ပါဘူး…
    အကြွေးတင်ခံပြီး ဆီးဂိမ်းအိမ်ရှင်လုပ်ခဲ့တာပါ…
    ဧည့်သည်ပြန်သွားတော့ အိမ်ရှင်က အကြွေးတွေနဲ့ရော… အရှုံးတွေနဲ့ရောအပြင်…
    နိုင်ငံတကာအလယ်မှာ လူရမ်းကားတွေနေတဲ့တိုင်းပြည်ရယ်လို့ထပ်အပြောခံရပြီး မရှုံးစေရအောင်…
    အရင်ဆုံး ကြိုးစားစေလိုပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • အဘရဟူဒီ

      December 18, 2013 at 8:33 am

      မိသဘော ..မိသဘော…
      meet the ball

      🙂

  • kyeemite

    December 17, 2013 at 2:33 pm

    ကေသရာဇာခြင်္သေ့မင်းတို့မည်သည်
    သားကောင်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေ
    အားထုတ်သောလုံ့လကိုမလျှော့တဲ့…..
    အခုက အင်ဒိုတော့ အသာလေးပါကွာဆိုပြီးပေါ့ဆစိတ်နဲ့ပထမပိုင်းကစားတယ်
    တစ်ဂိုးရှုံးတော့မှ သွားပါပြီဆိုပြီးပျာယာခတ်တယ်..အဲဒါနဲ့သေတာ
    ဒါကတော့ ကျော့အထင်ပါ
    ဘောလုံးမကန်ဖူးသော
    ဘောသမား
    ကြီးမိုက်။ 😀

    • အဘရဟူဒီ

      December 18, 2013 at 8:38 am

      အင်ဂလိကန်ဘော – ကန်-တင်-ပြေး-စု-ပြုံ-လိုက် ခြေမနဲ့ထိုး တဂိုး ။ မကောင်းသူထိပ် ကောင်းသူထိပ် တဂိုး
      ဟစ်စပန်းနျတ်ဘော – တီကီတာကာ နဲ့ တွေ့ရင် တာကီလာ မျိုထားသလို ဒေါင်ချာစိုင်းသွားမယ့် ဝမ်းတပ်ချ် ဘော။
      ဘာဘေးရီးယန်းဘော – စည်းစနစ် အကျဆုံး စည်းကမ်းအသေဝတ်ဆုံးဘော။
      အီတာလီယံဘော – မင်းတုတ်ချသလို ခံစစ်နဲ့ ကွင်းလည်မှာ ကြောင်က ကြွက်ကို သတ်သလို ညှင်းဆော့ပီး လိုတဲ့ ၁ဂိုးလောက်သာသွင်းတဲ့ဘော
      ဆမ်ဘာဘော – မနိုင်လို့ ရှုံးချင်ရှုံးမယ် စကေးလ်ပိုင်းအရတော့ ကမာ္ဘ့ဘယ်အရပ်ကိုမဆို ဗိုလ်မထားတဲ့ ဘော
      .
      .
      .
      .
      .
      .
      .
      ဘာမန်ဘော – သန်း၆ဝအသည်းကို ခနခန ခွဲတဲ့ ဘော …

      ကိန်ကိန်

  • ခင် ခ

    December 17, 2013 at 3:02 pm

    ဘောလုံးပွဲအကြောင်းကိုး။
    ကိုယ်တိုင်လည်း မကန်
    တခြားသူကန်တာလဲ အားမပေး
    နေဖြစ်ခဲ့တာ ဆယ်စုနှစ်မကမို့ ဘာဆိုဘာမှ မသိဘူးဗျ။

  • TNA

    December 17, 2013 at 3:54 pm

    ထပ်မံအသည်းမကွဲလိုသောကြောင့် ကြည့်မိသောပွဲအားလုံးကို ဟိုဘက်အသင်းဘောလုံးရလျင်ဟိုဖက်အသင်းကိုအားပေး ကိုယ့်အသင်းဘောလုံးရလျင် ကိုယ့်အသင်းအားပေးခြင်းဖြင့် ဒီတခေါက် အေးချမ်းပါအိ

  • Mr. MarGa

    December 17, 2013 at 3:55 pm

    မပြောတော့ဘူး…..
    မကြည့်ဖို့ ကြိုးစားဆဲ
    ကြာရင် ရောဂါရဖို့ များနေလို့

  • တောတွင်းပျော်

    December 17, 2013 at 5:05 pm

    မြန်မာအသင်း ကန်တဲ ့ပွဲဆို မကြည် ့ရဲဘူး။
    အနိုင် အရှူံးကတော ့ထင်တဲ ့အတိုင်းပါပဲ။
    ပွဲရလာဒ်ကိုတော ့သိပ်ဂရုမစိုက်ပေမယ် ့
    အရှူံးပေါ်ကထွက်လာတဲ ့ မြန်မာစိတ်ဓါတ်ကို
    မကြားဝံ ့၊ မမြင်ဝံ ့လို ့……

  • kai

    December 17, 2013 at 5:42 pm

    ဘာတွေဖြစ်နေကြတာလည်းဟင်..
    ဒါလေးမြား… :mrgreen:

  • ထပ်ဖြည့်ပါသီ
    ရွှေကြည်-ဆိတ်ဒဘောထားဂျင်းမတိုက်ဆိုင်သူများအားလုံးဘလော့ပစ်မယ်တွ
    TNA-ဝင်အာချောင်တူမြန်းတျန့်မဟုတ်ဟုထင်မှာဆိုးလို့ဝင်မပျောဝံ့ဘောင်
    နန်းဒေါ်ရာတူ-မြန်းတျန့်ဘန်နာတွေစားပီးကြိုးဇားဂျဘာတားတို့
    ဟောင်ကောင်ကျောက်စ်-ပတ်ခွာစာကိုဆိတ်နာလို့ကကြီးမတွေကိုဂလဲ့ဇားချေပစ်မယ်
    တဂျား-အားလုံးဂိုအ၄ပြုပါဒယ်
    မောင်ဂီ-ဘာမှဝင်မပျောဂျင်ဘူး…ရှီးပုံပဲရိုက်တင်မယ်
    😀

    • အဘရဟူဒီ

      December 18, 2013 at 9:04 am

      – ဆီးဂိမ်းပိတ်ပွဲသီချင်း –

      ♪♫♫♪ အနိုင်ဂိုးကိုသွင်း သွားတာ…အင် ဒိုပါ၊
      သရေ.ကျရင်..အုပ်စု တက်မှာ ငါတို့ မြန်မာ ♪♫♫♪

      ♪♫♫♪ ရွှေမှန်းတာ….အုပ်စု ပြုတ်တယ်…တော်တယ်ကွာ
      နောက်ပွဲတွေ စည်းကမ်းသိအောင် လေ့လာပါ ♪♫♫♪

      တိုက်စစ်မှူး…လက်ရွေးစင်တိုက်စစ်မှူး ♪♫♫♪
      ရှေ့တန်းဆရာ…ဂိုးမသွင်းတတ်ပါ…
      နောက်တန်းလူ အချိတ်အဆက် မမိပါ ♪♫♫♪
      မဂိုး….မဂိုး….မဂိုး…. .မဂိုး…. .မဂိုး….
      ဂိုးမသွင်းတတ်တဲ့…တို ့ကိုကိုမြန်မာ ♪♫♫♪

      credit to Kyaw Lwin San

    • TNA

      December 20, 2013 at 11:05 pm

      ဟိုက်ရှ် ဖွဘွတ်မဟာကို အတော်အနုလုံပတိလုံလေ့လားထားသကိုး။ တော်ဘာဘိ တော်ဘာဘိ 😀

  • San Hla Gyi

    December 17, 2013 at 9:43 pm

    အင်း အခု ဒီလို ဘောလုံးအသင်း ထွက်ရတာ ဘာသာရေး ကြောင့်ပါဗျို့ အဲလေ ရဟန်းတွေ ဘောလုံး မကန်ပဲ ရဟန်းဝတ်ပြီး ဆွမ်းခံ တရားထိုင်နေကြလို့ပါ။
    အလကား နောက်တာပါ။
    ပြောရရင်တော့ အများကြီးပဲဗျ။ အမှန်တော့ ကျနော့်စိတ်ထင် မြန်မာ့ဘောလုံးဟာ ဆုကြေးစားပုံစံမျိုး ပြောင်းပြီးမှ ပိုပြီး စိုက်ဆင်းသွားတယ်ဗျ။ အမှန်က တတ်လာရမှာ အခုဟာက ပြောင်းပြန်ကြီး ဖြစ်နေတယ်။ အရင်တုန်းက ချောက်တီးချောက်ချက် ဘဏ္ဍာအခွန်တို့ စီးပွားကူးသန်းတို့ လောက်နဲ့ လုပ်နေတုန်းကမှ အရှေ့တောင်အာရှပွဲတွေမှာ ရှုံးရှုံးနိုင်နိုင် အားကြိုးမာန်တတ် ကန်တဲ့ မြန်မာအသင်းကို တွေ့ရသေးတယ်။ အခုဟာက တော်တော် သိသာတယ်။
    ကြည့်ရတာ ဆုကြေးစားစနစ်ကို သေသေချာချာ မလေ့လာပဲ ပြီးပြီးရော ပြောင်းခဲ့တာ ဖြစ်မယ်။ ဒါက တချက်ပေါ့။ နောက်ပြီး ဘယ်အားကစားပဲ ဖြစ်ဖြစ် အောင်မြင်ခြင်ရင် ပိရမစ်ပုံစံနဲ့ သွားရတာဗျ။ ပိရမစ်လိုပဲ အောက်ခြေမှာ ကစားတဲ့လူတွေ အများကြီးရှိမယ်။ အဲဒီကမှ တဆင့် တဖြည်းဖြည်း စစ်သွားရင် အပေါ်ဆုံးမှာ အတော်ဆုံးဆိုတဲ့ လူပဲ ကျန်တော့မယ်။ အဲဒါမှလည်း တကယ့် လူတော်ရမယ်။ ပိရမစ်ပုံစံ သွားဖို့ အဓိက အချက်က အောက်ခြေမှာ ကစားတဲ့ လူတွေ အများကြီး ရှိရမယ်။ အဲဒီလို ပုံစံသွားဖို့ အခြေခံ အဆောက်အအုံ တွေကရော ရှိရဲ့လား။ ရန်ကုန်မြို့ပေါ်မှာတောင် လူငယ်တွေ ကစားဖို့ စနစ်တကျရှိတဲ့ ဘောလုံးကွင်း ဘယ်နှစ်ကွင်း ရှိလို့လည်းဗျာ။ ဘောလုံးကွင်းပဲလား ရေကူးကန်တို့ ပြေးခုန်ပစ်ကွင်းတို့ရော ပေါပေါများများ ရှိလို့လား။ အဲဒါတွေ မရှိပဲနဲ့ ဘယ်လိုလုပ် ကစားတဲ့ လူများများ ရှိမှာလည်း။ ပြီးတော့ ဒါတွေက တကယ့် အိုလံပစ် အားကစားတွေပဲ။
    အခု မြန်မာ့ဘောလုံး ဖြစ်တာက ပိရမစ်ကို ဇောက်ထိုးထားတဲ့ ပုံဖြစ်နေတယ်။ အောက်ခြေမှာက နည်းနည်းလေး အပေါ်အဆင့်ရောက်မှ စွတ်ပံ့ပိုးမယ်ဆိုပြီး လုပ်နေလို့ကတော့ ဒီလိုပဲ ဖြစ်နေမှာပေါ့။ ဒါက ရေရှည်စီမံကိန်း အတွက် ပြောတာပါ။
    ရေတိုအတွက်ကတော့ နည်းပြဆရာ ကဏ္ဍဟာ မြန့်မာ့ဘောလုံးအတွက် လွှမ်းမိုးမှု နည်းနည်းပဲ ရှိပါတယ်။ လုံးဝ မရှိတာတော့ မဟုတ်ဘူး။ ရာခိုင်နှုန်း နှစ်ဆယ်လောက်တော့ ရှိမယ်ထင်တယ်။ အခု ကိုရီးယားနည်းပြကို အစကတည်းက သိပ်မကြိုက်ဘူး။ သူ့လက်ထက် ကန်ခဲ့တဲ့ပွဲမှာ ဘယ်နှစ်ပွဲနိုင်ခဲ့လို့လည်း။
    ဒါဆို အရင်တုန်းကရော ဆိုရင် အခုလက်ရှိ အသင်းဟာ ပြီးခဲ့တဲ့နှစ် ဆီးဂိမ်းမှာ ကြေးရထားတဲ့ အသင်းကို အခြေခံထားတာ။ အဲဒီတုန်းက ဗီယက်နမ်ကို လေးဂိုး တဂိုးနဲ့တောင် နိုင်ခဲ့သေးတယ်။ အဲဒီတုန်းက ကစားပုံကို ပြန်ကြည့် ကျော်ကိုကိုတို့ ကျော်ဇေယျာဝင်းတို့ ကစားတာ အခုထက် အများကြီးကောင်းတယ်။ အဲဒီတုန်းက ဆွီဒင်နည်းပြကို ပိုကြိုက်တယ်။ နည်းပြကတော့ လွှမ်းမိုးမှု ရှိတယ်ဗျ။ ဆာဖာဂူဆန် လက်ထက်တုန်းက အင်္ဂလန်ဆရာကြီး မန်ယူ အခု ဒီနည်းပြနဲ့ကျတော့ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေတာ ကြည့်ပေါ့။ ပြီးတော့ ကစားတဲ့ ပလေယာတွေက အကုန်လုံးနီးပါး အတူတူတွေချည်းပဲ။
    ဘောလုံးပွဲတွေမှာတော့ လူချ ကစားတာတော့ ရှိတတ်ပါတယ်။ ပါးပါးနပ်နပ် ချရင်တော့ တခါတလေ ရတတ်တာပေါ့။ ကိုယ်က မပါးရင်တော့ အနီကတ် ထိမှာပေါ့။ မပါးလို့ အနီကတ် ထိတာကတော့ မျက်စိထဲ စွဲနေတာ အောင်ကျော်ကျော်ဗျ။ ဟိုတုန်းက ဆီးဂိမ်းမှာ ဗီယက်နမ် နံပါတ် ၁ဝ လီဟွန်ဒတ်က ဘောလုံးနဲ့ ရောပြီး သူ့ဆီးစပ်ကို ကွန်ဖူးကစ်နဲ့ ခုန်ကန်တာ။ ပြီးတော့ ဟိုက အရင်လှဲချလိုက်တယ်။ ဘောလုံးကို ကန်ရင်းနဲ့ လူကိုပါ ရောကန်တာဆိုတော့ သူက အဝါပဲ ထိတာပေါ့။ အဲဒါ ကိုယ့်ဂိုးသမားကတော့ ကိုယ့်ဟာကိုယ် လက်နဲ့ အုပ်ပြီး လဲနေတဲ့ကောင်ကို မထိတထိ ခြေထောက်နဲ့ သွားကန်တာ တခါတည်း ထွက်ရပါရောလား။ ကန်တာ ထိသလား မထိဘူးလားတော့ မသိဘူး။ အောင်ကျော်ကျော် အနီကတ်နဲ့လည်း ထွက်ပြီးရော အဲဒီ လီဟွန်ဒတ် ပြန်ထပြီး ဘောလုံး ပြန်ကန်တာ တပွဲလုံးပဲ။ ကိုယ့်လူကတော့ တညလုံးတောင် ရေခဲအိတ် ကပ်လိုက်ရတယ်တဲ့။ အဲဒီတုန်းက သူကိုယ်တိုင် အင်တာဗျူးမှာ ပြန်ပြောတာ။
    အမှန်မှာ ရှုံးတာနဲ့ နိုင်တာ နှစ်မျိုးပဲ ရှိပါတယ်ဗျာ။ ဒီတခါ မနိုင်လည်း နောက်တခါပေါ့။

    • အဘရဟူဒီ

      December 18, 2013 at 8:54 am

      ဟိ…
      မားခိုမ် မပြောခင် ဦးအောင်ပြောတာလား …ဦးလေးရယ်..

      ဂလိုဗျ…
      ယနေ့အာရှ ထိပ်တန်း ဂျပန်ဘောလုံး ကို မျိုးစေ့ချပေးသူတွေထဲမှာ ဘားမန်း ပါသတဲ့ဗျ…
      (စင်္ကာပူရ က ရန်ကုန်မြို့ကို အတုယူပြီး တည်ခဲ့သလိုတော့ ယနေ့ခေတ် ယုံနိုင်ဖွယ်ကြီးပေါ့ဗျာ)
      ဒါပေသိ ဒါဟာ တကယ်ပါ… တစ်ပူး ဂျာနယ်ခေတ်ဦးပိုင်းမှာ ပါဖူးတဲ့ဆောင်းပါးပါ..

      ဂျပန်ဘောလုံးတာဝန်ရှိသူတွေက အဆိုပါမျိုးစေ့ချပေးခဲ့သူရဲ့ မိသားစုကို လိုက်ရှာတဲ့သတင်းဗျ…
      ဘယ်သူမှတ်တုံး …. ဆရာတော်ဦးဥတ္တမ နဲ့ အတူ ဂျပန်ခရီးစဉ်လိုက်ခဲ့ဖူးတဲ့ ကပ္ပိယ တယောက်တဲ့ဗျ…

      ကပ္ပိယ နဲ့ အပေါင်းအပါတွေ အားလပ်ချိန် ခြင်းခတ်ဘောကန် လုပ်ရင်း နီးစပ်ရာ ဂျပန်တွေကို
      ဘောလုံး သင်သွားပေးတဲ့ ကျေးဇူး ရှိလို့တဲ့ …(ဒင်းတို့ မှတ်တမ်းမှတ်ရာကောင်းပုံများပြောပါတယ်..)

      နောက်တော့ ဘယ်လိုဖြစ်သွားတယ်မသိဘူး မဖတ်မိတာလည်းဖြစ်ချင်ဖြစ်မဗျ…
      အဲ့ …အဲ့လာကတော့ ကျော်မှတ်ဖူးတဲ့ ဘောလုံး-ဘုန်းကြီး ဆက်စပ်မှုလေး တခုရယ်ပါ…

  • Swal Taw Ywet

    December 17, 2013 at 9:53 pm

    ဘယ်ပွဲမှ မကြည့်ဖြစ်လိုက်လို့ ဝမ်းသာရပါတယ်။
    မြန်မာရှုံးမယ် ဆိုတဲ့ဘက်က မလောင်းလိုက်ရလို့ ဝမ်းနဲရပါတယ်။
    တန်ရာတန်ရာသာရမယ်ဆိုတဲ့သက်သေပါ။
    စောစောနားရတာပေါ့ဗျာ။ စီးပွားပျက်ခံ အားပေးကြမယ့်သူတွေအတွက် ကျေးဇူးတောင် တင်သင့်ပါသေးတယ်။
    ဖွဘုတ်တော်ကြီးမှာတော့ စေတနာ့ဝန်ထမ်းလူငယ်လေးတွေရဲ့ ရင်ဖွင့်သံတွေတွေ့နေရလေရဲ့။
    ၂၀၁၃ စီးဂိမ်း။ ၂၀၁၄ သန်းကောင်စာရင်း။ စသည်တို့နဲ့
    ၂၀၀၈အ ခြေခံ ဥပဒေပြင်ဆင်ရေးကိုမှေးမှိန်အောင်လုပ်နေသည်ဟုသာမြင်နေမိပါကြောင်း။
    Don’t dance with the enemy’s tune.
    With respect,
    Swal taw Ywet.

    • အဘရဟူဒီ

      December 18, 2013 at 8:57 am

      ဟုတ်ကဲ့ဗျ….
      တကယ်တော့ လက်တွေ့ဘဝမယ်
      ball will never larger than life
      လို့ ခံယူမိပါကြောင်း

      ခင်တဲ့

  • မဟာရာဇာ အံစာတုံး

    December 18, 2013 at 12:10 am

    ကွိုင်ဆိုတာ
    ကြေးနီတွေနဲ့ ပတ်ထားတဲ့ ကွိုင်ကို ပျောစ်ဒါလား မတိဘူးခည
    ဂလိုဆိုယင်ဒေါ့ အတော်ရှုပ်ဒါဗျဲ
    ခုကိစန ကလည်း ရှုပ်ဘာဒယ် …
    ခေါက်ဆွဲလား၊ ကြာဆံလား မတိဘာဘူး
    ဘာဘာ ဘာမှ မတိဒါဘဲ ကောင်းဘာဒယ် …

  • ဦးကြောင်ကြီး

    December 18, 2013 at 11:06 am

    ဘောဥက္ကဌဦးဇော်ဇော်က အဖမ်းခံရသူ ကိုးဦးကို ခရီးစရိတ် (ရန်ကုန်ငါးသောင်း၊ မန်းလေး တသိန်း) ထုတ်ပေးပြီး ပြန်လွှတ်ပေးဂျောင်း သတင်းတက်လာဒယ်။ မူးရမ်းကားသောင်းဂျန်းတာလား၊ စိတ်မထိန်းနိုင်လို့ ပေါက်ကွဲတာလာ ကွဲပြားဖို့ လိုပါမယ်။ မျုးိချစ်စိတ်ကြောင့် ခွင့်လွှတ်ကြေးဆို လက်ပံတောင်း နှစ်ပတ်လည် ဆန္ဒပြပွဲမှာ တရုတ်အလံ မီးရှို့သူတွေကို ဘာလို့ ဖမ်းသလဲ။

  • ဝင့်ပြုံးမြင့်

    December 18, 2013 at 11:28 pm

    မြန်မာရှုံးလို့ တစ်ညလုံး နေလို့မကောင်းဘူး။ မျှစ်ကြော်ရဲ့ အိမ်ဦးနတ်စုတ်ကြီးက ” မြန်မာနိုင်ရင် မိန်းမကိုထားခဲ့ပြီး ငါ အိမ်ပေါ်ကဆင်းပေးမယ်ကွ ” လို့ အပြောကြီးခဲ့တာ။ ဒါပေမယ့် တကယ်လည်း ရှုံးရော စိတ်ဆင်းရဲလိုက်တာ နှစ်ယောက်စလုံးပဲ။

Leave a Reply