သားကောင် ရဲ ့ မာန

alinsettDecember 18, 20133min52024
သားကောင်ရဲ့မာန /အလင်းဆက်(Gazette)
သားကောင်ရဲ့မာန /အလင်းဆက်(Gazette)

 

 

 

 

 

သားကောင်ရဲ့မာန

 

 

မင်းက. . .မုဆိုး ဆိုတော့လည်း. . .

ငါက သားကောင်ပေါ့. . .

တအားတော့ . . . မလှောင်ပါနဲ့. . .

ငါ့မှာ ရှိတာ. . .ဒါအကုန်ပဲ ။

——

 

အနည်းနဲ့အများတော့ . . .

မှားပေးရမှာပဲ. . . .

ဘဝဆိုတာ. . . .

အဖြေထုတ်ပြီးသား ပုစ္ဆာမှ မဟုတ်တာ. . .

 

——

 

လုပ်ပါ ။ မင်း လုပ်စရာရှိတာ လုပ်ပါ. . . .

အဟုတ်တွေ လုပ်မှ . . .

အလုပ်တွေ ဟုတ်မှာလေ . . . .

ဝေနေလို့တော့ အပိုပဲ . . .

ဆူသာချလိုက် ။

 

——

 

စားစမ်းးးး

အကွက်ရွှေ့မှားလို ့ ငါသားကောင်ဖြစ်တာ

မုဆိုးပီပီ. . . စားစမ်းပါ. . .

စား . . . စား. . . .

ဒူးမထောက်တတ်တဲ့ သားကောင်ရှေ့မှာ…

မုဆိုးဒူးထောက်လေး. . .မင်း…ထိုင်…စား…

 

 

——

 

အလင်းဆက်(Gazette)

 

8 / 12 / 2013 /

sunday / 10 :00 AM

(ရန်ကုန်)

 

 

 

24 comments

  • surmi

    December 18, 2013 at 8:34 am

    စိတ်​​လျော့….
    ထင်​း​ခွေမကြုံ…​ရေခတ်​ကြုံမှာ​ပေါ့…

    • alinsett

      December 18, 2013 at 7:14 pm

      အဟီး.. ။
      ဥိီးဆာက..ဒီဗောပေါက်တယ်.. ။
      :kwi:

  • ဗုံဗုံ

    December 18, 2013 at 9:25 am

    စားဒယ်ဟာ….စားဒယ်ဟာ..
    ကောက်ညှင်းပေါင်းနဲ့ အကြော်ပြောတာ.. :mrgreen:
    လွဲပြန်ပြီလား ဒီတစ်ခါလည်း… :mrgreen:

    • alinsett

      December 18, 2013 at 7:16 pm

      စားဟာ…စားဟာ…
      စားမျာသာစား…ဘာမှမေးမနေနဲ ့..
      ခေးခ ခေးလိုနေ…

      :kwi:

  • Wow

    December 18, 2013 at 10:14 am

    ဒေါ်ဖွားမေဂျီး ရှိပါသေးတယ်ဟယ်… :mrgreen:

    • alinsett

      December 18, 2013 at 7:21 pm

      ဒေါ်ဖွားမေဂျီးကို.. သဂျားယူသွားပြီ…။

      😆

  • ဦးကြောင်ကြီး

    December 18, 2013 at 11:12 am

    သားကောင်မာန
    ပါးပြောင်နှာပွ
    များကြောင်စာဂ
    ဝါးဖောင်ညာဏ..

    • alinsett

      December 18, 2013 at 7:23 pm

      ပါးပြောင်နှာပွတာက..ဘူလဲ..ဟင်…အုကျောင်…

      :kwi:

  • KZ

    December 18, 2013 at 11:26 am

    ဟဲ့။
    ဒီ ကဗျာတော့ကြိုက်တယ်ဟဲ့။
    အကွက်ရွှေ့မှားလို့ သားကောင်ဖြစ်တာ။

    😥

    • alinsett

      December 18, 2013 at 7:25 pm

      :kwi:

      :kwi:

      ဒူးမထောက်တဲ ့..သားကောင် အရှေ့မှာ..
      မုဆိုးက…ဒူးလေးထောက်ပြီး….

      :kwi:

  • Mr. MarGa

    December 18, 2013 at 3:21 pm

    အလင်းဆက် (ဂွဇွတ်) ဆိုပါလား ဟ

    • alinsett

      December 18, 2013 at 7:28 pm

      အဟိ…
      လောလောဆယ်..အဲဒလိုပဲ.. လုပ်ထားရတယ်ဟ….
      ဟို ( IR ) ကြိီးနဲ ့.. တူနေလို ့….
      :kwi:

    • alinsett

      December 18, 2013 at 7:30 pm

      ဦးကြီး..ရေ…
      ကျေးဇူး….နော့်…

      🙂

  • တောတွင်းပျော်

    December 18, 2013 at 6:15 pm

    မင်းက…. ကားစတီယာရင်ဆိုမှတော ့
    ငါက…. ကားတာယာပေါ ့
    တအားတော ့ မမောင်းပါနဲ ့
    ငါမှာရှိတာ လေပေါင်လျော ့နေတာပါပဲ…
    ————-
    အနီး အဝေး
    ပြေးပေးရမှာပေါ ့
    လမ်းမကြီးတိုင်းဟာ
    နေပြည်တော်လမ်းမျိုးမှမဟုတ်တာ…….
    ————-
    လုပ်ပါ…မောင်းစရာရှိမောင်းလိုက်
    ရေ မီး လေ ဆီ အကုန်ညီမှတော ့
    စိတ်ပိုင်ပိုင်ထား သော ့လှည် ့ပြီး
    လီဗာသာ အားသကုန်ဟဲချလိုက်…….
    ————–
    မောင်းစမ်း
    ခလုတ်တိုက်မှားလို ့ ငါ ့ဒူးတွေပွန်းနေရတာ
    ဆုံးဖြတ်ချက်ပီပီချပြီး…. မောင်းစမ်း
    သနားမညှာတာတဲ ့ ကားစတီယာရင်အောက်မှာ
    ငါ ့ခြေဖဝါးတွေ ပါးလျသွားအောင်
    မောင်းသာ မောင်း
    မောင်း…မောင်း
    —————
    ခင်မင်စွာနဲ ့ နောက်ပြောင်ခြင်းမျှသာ
    တောတွင်းပျော်

    • alinsett

      December 18, 2013 at 7:11 pm

      ဟန်တူကြောင်းကွဲ ကဗျာလေးတစ်ပုဒ်…
      ချီးမြင့်ပေးသွားသော..ကိုတောပျော်….
      ကျေးကျေးနော်.. ။
      ကိုတောပျော်ရဲ ့ကဗျာလေးကို.. သဘောကျသွားလို ့.. စိမ်းလန်းနေအောင် လုပ်ထားပါရစေ..။

      ခင်မင်လေးစားလျက်….

    • alinsett

      December 18, 2013 at 7:32 pm

      ဟုတ်ပါ့..မမနန်းရယ်…
      ဒီလိုပဲ..ကြံဖန်ပြီး.. အနိုင်ယူရတာပဲ..လေ..။
      ရှုံးပြီဆိုပြီး… ငိုနေလို့တော့အပိုပဲ….
      ဒီတော့… ဒူးမထောက် လက်မမြှောက်ခြင်းသည်သာ… အနိုင်……

      🙂

      ကဗျာလေးကို…လာအားပေးတာ ကျေးဇူးပါ မမနန်းရေ…

  • ဝင့်ပြုံးမြင့်

    December 18, 2013 at 11:05 pm

    ကဗျာရေးတဲ့ နေ့စွဲက 8 / 12 / 2013 /
    အချိန်က / 10 :00 AM ဖြစ်နေတယ်။
    တိုက်တိုက်ဆိုင်ဆို်င် အဲဒါ အစ်မ မွေးနေ့ မွေးတဲ့အချိန် ကွက်တိ။ ဂယ်ပြောတာ။ မွေးနေ့လက်ဆောင်လို့ ကိုယ့်ဖာသာကို်ယ် ယူဆလိုက်ပြီ။

    • alinsett

      December 19, 2013 at 7:37 am

      အယ်
      တိုက်ဆိုင်လိုက်တာ အစ်မရေ

      ပျော်ရွှင်စရာမွေးနေ့ ဖြစ့်ပါစေ အစ်မရေ။

  • ကျော်စွာခေါင်

    December 18, 2013 at 11:51 pm

    အလင်းဆက်
    အကွက်ရွှေ ့မှားလို ့ သားကောင်ဖြစ်ရတာ…ဆိုတဲ့သဘောက အကွက်မမှားခဲ့ရင်..
    ကိုယ်ကလဲ မုဆိုးဘဲ ဆိုတဲ့ သဘောမျိုးလား…
    အဲလိုဆိုရင်တော့ မကောင်းဘူး…
    စားကျက်မှားလို ့ သားကောင်ဖြစ်ရတာ ဆိုရင်တော့ ပို ပြီး လှတယ်..။ ဒါက တစ်ပိုင်း…
    အဓိက ပြောချင်တာက…
    သူကမုဆိုး..ကိုယ်ကသားကောင်..
    ကိုယ့်အသားကို စားမှ မုဆိုးအသက်ရှင်ရမယ်ဆို….သူက သနားစရာတောင်ကောင်းနေသေးတယ်..
    ပေးစားလိုက်ပါ…
    သနားပါတယ်…
    သူခမြာ..သူများအသက်သတ်ပြီး သူများအသားစားရမှ အသက်ရှင်မယ့် ဘဝ။

    • alinsett

      December 19, 2013 at 8:15 am

      ဦးခေါင်ရည်
      ကဗျာလေးကို လာ အားပေးတာ ကျေးဇူးပါ

      ——-

      သားကောင် ဖြစ်လိုက် မုဆိုးဖြစ်လိုက် ဘဝမှာ
      ဒူးမထောက်တတ်တဲ့ သားကောင်
      ဒူးမထောက်တဲ့ မုဆိုးဖြစ်ဖို့သာ . . . တွေးနေမိတယ် ရီးခေါင် ရယ်

      :kwi:

  • kai

    December 19, 2013 at 12:19 am

    ဘာပဲဖြစ်ဖြစ်လေ…
    အသက်ဆိုတာ..တချောင်းပဲရှိတာမို့.. ရှုံးတာကတော့ ရှုံးတာပါပဲ..။ :mrgreen:

    • alinsett

      December 19, 2013 at 7:48 am

      ဒီ ဒဂျီးတော့လေ

      ဒဏ်ရာ ရနေတဲ့ သားကောင်ကို အားပေးပုံက

      အဟွတ်

      :kwi:

Leave a Reply