ခြေထောက် ပျောက်လို့ လိုက်ရှာနေတဲ့ လူ. . .

alinsettDecember 20, 20135min13212
ငါ့ခြေထောက်တွေ... ဘယ်မှာလဲ....
ငါ့ခြေထောက်တွေ…
ဘယ်မှာလဲ….

 

 

 

 

 

ခြေထောက် ပျောက်လို့ လိုက်ရှာနေတဲ့လူ

___________________________________

 

 

လမ်းပျောက်နေတဲ့ လူအုပ်ထဲမှာမှ. . .

ငါက. . . . .

ခြေထောက်ပျောက်လို ့ ရှာနေသူ . . .

 

*****

 

ကြာပါပြီ. . .

သူ. . .ပြန်လာမယ်ဆိုတဲ့ လမ်း. . .

ခပ်လှမ်းလှမ်းက မှန်းကြည့်ငေး. . .

အဝေးကိုလည်း . . .မပြေးချင်သူ . . .

(ဆိုပေမယ့်. . . .)

 

*****

 

မကြားချင်ဘူး. . .

ထားခဲ့မယ် ဆိုတဲ့စကား. . .

နား နည်းနည်း ခါးတတ်သူ. . .

လူ. . . .

 

*****

 

အတူဝဲပျံဖူးတဲ့ ကောင်းကင်. . .

အက်ကွဲကြောင်းထဲက ကျနေတဲ့. . .

အဲဒီ. . .

အဲဒီ မျက်ရည်တွေ. . .

မိုးးးး . . .

မိုးစစ်စစ်နဲ့ . . .

ရော. . .ရောပါစေ…

 

*****

 

တောထဲတောင်ထဲ. . .

ခပ်သည်းသည်း ခေါ်သံတွေကြား. . .

အပြေးအလွှား သွားရတော့လေမလား???

မရပ်မနားပေါ့. . .

 

*****

 

တကယ်ပါ. . . .

ခြေထောက်တွေ ပြန်တွေ ့ခဲ့ရင်. . . .

လမ်းမှန်ကို ရှာပြီး. .

လမ်းမှားကို ခွါခဲ့ရဦးမယ်. . . . .

 

. . . . . . . . . . . .

. . . . . . . . . . . .

 

 

____________________________________

 

 

အလင်းဆက်(Gazette)

 

8 / 12 / 2013 / sunday / 09:35 am

 

(ရန်ကုန်)

 

12 comments

  • kyeemite

    December 20, 2013 at 2:07 pm

    ခြေထောက်တွေ ပြန်မတွေ ့ခဲ့ရင်. . ခြေတုတတ်လိုက်လေ..အဲဒါနဲ့လည်းလျှောက်လို့ရသားပဲ
    ဟီး..နောက်တာပါကွာ 😀
    ကဗျာလေးကေကောင်းပါတယ်နော…အားပေးသွားဂျောင်းးးး

    • alinsett

      December 20, 2013 at 5:48 pm

      ဒို့ ဦးကြီးက အမြဲတမ်းအဆက်မပြတ် အားပေးနေတာ. . .
      ကျေးဇူး ဂဘာ ပါ ဦးကြီးရေ။

      ကျနော်က ရွာထဲ ဘောလုံးမုန်တိုင်းတိုက်နေချိန်မှာမှ
      ကဗျာ ထ ရွတ်နေမိတာ
      အဟိ
      အားပေးးသူမရှိပါလားလို ့တွေးပြီး ဝမ်းနည်းနေတာ
      အခုတော့ အားပေးမယ့်သူတွေ လာပြီ ဆိုတော့ ပျော်သွားပြီ။
      🙂

      ခြေတုတော့ မတပ်ချင်. . .

      :kwi:

  • TNA

    December 20, 2013 at 2:17 pm

    နာမည်ပျောက်ပြီး ခြေထောက်ပျောက်သွားပြန်ပလားအေ။ ကွ့ပစ်စည်းကိုယ်ထိန်းသိမ်းပါအေ။ မတော် တခြားဟာဒွေထပ်ပျောက်နေဘာအုံးမယ်။ :mrgreen:

    • alinsett

      December 20, 2013 at 5:43 pm

      အယ်
      တီသဲကတော့ လုပ်ပြီ။
      ပေါက်ပေါက်ရှာရှာ
      🙂

      ခြေထောက်ပဲ အပျောက်ခံမယ်ခည
      တခြားဟာတွေ ပျောက်လို့မဖြစ်ဘူး
      အဟီး

      လက် တို့ မျက်လုံးတို့ကို ပြောတာပါ
      ဒါတွေ ရှိမှ စာရေးလို့ရမှာကိုးး

      :kwi:

      • alinsett

        December 21, 2013 at 7:28 am

        အဟီး
        တခြားးဟာတေတာာ့ အပျောက်မခံပါဘူးဆို
        အခုတောင် လမ်းရယ်
        ခြေထောက်ရယ်ပဲ ပျောက်တာပါ
        ကျန်တာက ရှိပါသေးတယ်
        ရှာဖို့မျက်စိ ပြောတာပါ

        :kwi:

  • KZ

    December 20, 2013 at 6:40 pm

    အားပေးချင်ပါတယ်။
    တခါလေ ကဗျာကို မမဂျီးက ဝေးတော့ ကိုယ်မန့်တာ ကဗျာရသကို ပျက်သွားစေမှာစိုးလို့

    :hint:

    • alinsett

      December 21, 2013 at 7:51 am

      မမဂျီး ဂဘာနဲ့ ဝေးပါဘူးဂျာ

      🙂

  • မဟာရာဇာ အံစာတုံး

    December 21, 2013 at 9:13 am

    ခြေထောက်မှာ
    မျက်စိ မပါဘူး …
    ဒါကို နင်က သဘာဝ ကျကျ မတွေးဘူး ..
    ဒီတော့ ကောက်ချက်ချရယင် …
    နင်တော့ ဂေါက်နေဘီလို့ ဖြစ်တွားဒယ် ..
    ဟုတ်ဒလား အောင်မဲလင်း ..

    • alinsett

      December 21, 2013 at 9:44 am

      အော်
      အရူးဆိုတာ
      ကိုယ့်ကိုယ်ကိုကျ ရူးတယ်မထင်
      လူတကာကိုတော့ နင်ဂေါက်နေပြီတို့ ရူးနေပြီတို့
      လိုက်ပြောနေတတ်တာ သဘာဝပေကိုးးးး

      :kwi:

      ဒါနဲ့ ဟဲ့အကောင်
      နာရေးထားတဲ့ ဂဗာ ကိုလည်း တေချာ ပြန်ဖတ်ကျိဦး

      ခြေထောက်မှာ မျက်စိပါတယ် လို့များ ရေးထားလို့လား
      ဘယ်မှာတုန်းး

      🙂

      • TNA

        December 22, 2013 at 2:39 pm

        ပါဒယ်လေအေရယ် ခြေမျက်စိ :mrgreen:

        • alinsett

          December 22, 2013 at 2:51 pm

          တိန်
          ကြံကြံဖန်ဖန် တွေးပြသွားတယ်

          😆

Leave a Reply