ဘောလုံး politics

မြန်တျန့်တတွေရဲ့ ဆီးဂိမ်းဘောပွဲ မျှော်လင့်ချက် ဆုံးခန်းတိုင်ခဲ့ပါပြီ၊ အင်ဒိုနီးရှားကို အနိမ့်ဆုံး သရေထားကန် အကြိုဗိုလ်ပုလွဲတက် ဆိတ်ကူးလေးယဉ်ထားတာ အခုတော့ အုပ်စုမှာဒင် အောင်ဖျာလိပ်ရတော့ ပိတ်သက်ကျီး ဒေါဖောင်းကုန်ပါဒယ်။ သမင်လည်ပြန် ကြည့်လိုက်ရင် ရှေ့နှစ်ပွဲ ခြေစွာထားပြီး အရေးကြုံတော့မှ ထုံးစံအတိုင်း ဖောက်တယ်၊ ခုတော့ သူ့ကြောင့် ကိုယ့်ကြောင့် ခေါင်းရှောင်ကုန်ပြီ၊ တုတ်ဝေချိန် ရောက်ပြီကိုး။ ကဂျီးနည်းပြ ပတ်ဆောင်ဝှာ သောက်သုံးမကျလို့၊ head to head စည်းမျဉ်း မသိဂေါင်းလား အပြစ်တင်တယ်။

မှန်မှန်ကန်ကန် သုံးသပ်ကြေးဆို မြန်တျန့်ဘောအသင်း မကောင်းလို့ ရှုံးတာပါ။ ပယ်နယ်တီ ပေးရတယ်ဆိုဆို၊  ကစားသမား အထုတ်ခံရလို့ပြောပြော၊ အရန်လူတွေ ထုတ်သုံးတယ် ဆင်ခြေပြပြ လက်ရွေးစင် အသင်းခြေမျိုး မရှိခဲ့ဘူး။ ဘီလျံပေါင်းများစွာ မြန်တျန့်လိဂ်ဆိုပြီး အကုန်ခံကစား၊ အသင်းတွေဖွဲ့၊ ကွင်းတွေဆောက်ထားပေမဲ့ ရလဒ်က ဒုံရင်းကဒုံရင်း…။ အခြေအနေအမှန်ကို သိဖို့ကောင်းပါပြီ၊ ဟိုလူ့လွှဲချ ဒီလူ့လွှဲချ

ကြောင်ဘော်လုံး မောင်မျှော်တုန်း ရောင်သော်ဘုန်း ညောင်အော်ရုန်း..
ကြောင်ဘော်လုံး မောင်မျှော်တုန်း ရောင်သော်ဘုန်း ညောင်အော်ရုန်း..

လုပ်နေမည့်အစား ပြသနာရင်းမြစ်ကို လျှာဖို့သင့်ပီ။ လုပ်ပွဲ ဆင်ခြေပေးလိုက်၊ နည်းပြကို ဆဲလိုက်နဲ့ အချို့လည်း ကြက်မတွန်မှ မိုးလင်းမည်ဆိုပီး အမျိုးသမီးအသင်း နောက်လိုက်နေကြဗျံပြီ။

ဘောလုံးနဲ့ အလားသဏ္ဍာန်တူတာ မြန်တျန့်နိုင်ငံရေး အခြေအနေပါ။ ဘောလုံးလိုပဲ အချိန်တခု ရောက်လာဗျီ။ ကိန်းဂျီးခန်းဂျီး မိုးပြောဂျိုးပြော လုပ်ခဲ့ဂျပီ၊ ညီလာခံတွေ ဆွေးနွေးပွဲဒွေ ကျင်းပ.. ငွေဆိုလည်း မနည်းမနောကုန် ထားပြီးပါပြီ။ ဘောလုံးလိုပဲ ရှေ့ဗိုင်း ဟုတ်ငြားဟုတ်ငြားနဲ့ အခြေဂံဥပဒေ အရေးလို စနစ်အပြောင်းအလဲမျိုးမှာ ဘွားဒေါ်ဂျီး တော်လှတော်လှနဲ့ စစ်ကားစီး ထွက်ဦးလေမလား… ရင်လေးပါဒယ်။ ဘောလုံးနည်းပြလို ငါမသိလို့ပါဆိုရင်တော့ သေဗီဆြာ..။

21 comments

  • Wow

    December 18, 2013 at 10:45 am

    အားငယ်ပါဝူး … အမျိုးသမီး အသင်းနဲ့ မသန်မစွမ်းအားကစား ပြိုင်ပွဲဆို ညန်မာတွေ ထိပ်ပဲ… :mrgreen:

    • surmi

      December 18, 2013 at 10:52 am

      ​တွေ့လားဒကာ​ကြောင်​..
      အ​ပေါ်မှာ​ပြော​နေတယ်​..အမျိူးသမီး​တွေ​အောင်​ပွဲရမတဲ့..
      အဲ့ဒါ …နိမိတ်​လို့​ခေါ်သဟဲ့ဒကာ​ကြောင်​ရဲ့..
      ၂၀၁၅မှာ အမျိုးသမီး​ခေါင်​း​ဆောင်​​ပေါ်ထွက်​မယ်​့နိမိတ်​ ကွဲ့… 🙂

      • ဖြူစိုင်း လူ

        December 19, 2013 at 7:34 am

        လောင်းမလား အူးဆာမိရယ်
        ထမီအလံထူတဲ့တစ်နေ့
        မုတ်ဆိတ်တွေ ပလီတွေတရားဝင်ဆောက်ခွင့်ရတဲ့တစ်နေ့ကျရင်
        ဝက်သားဒုတ်ထိုးဆိုင်ကို ကြိုက်တဲ့နေရာ ဖွင့်ခွင့်ပေးကြေးလို့

        ငိငိ

        • surmi

          December 19, 2013 at 8:15 am

          ပယ်​နတီနဲ့ရှုံးသွားလို့မ​လောင်​းရဲ​တော့ဘူး…. 😀

  • KZ

    December 18, 2013 at 10:56 am

    ထမိန်နား ခိုစားဖို့သာပြင်ထားကြတော့။
    ခုလည်း မထူးပါဘူးးးး
    နိုင်ငံတကာမှာ ဒီ ကြီးမေ မျက်နှာလေး နဲ့ လုပ်စားနေရတာပါ။
    😀

    • sorrow weaver

      December 18, 2013 at 11:13 am

      ဝါးလုံးနဲ့သိမ်းမရိုက်ပါနဲ့ …အပျိုကြီး…မဟာပုရိသတွေကိုလေးစားပါဗျ…ဘယ့်နှယ့်..ထမိန်နားခိုစားမယ်ဆိုတာ…လေယဉ်မယ်ကြီးနဲ့ကျုပ်ကို စောင်းသလား….အာဟိ

      • KZ

        December 18, 2013 at 11:15 am

        ပရောဂမှန်တော့လည်း တုန် ဆင်းလာပဲ မဟုတ်ပါလား ပိတ်သတ်ကြီးးးး

        :mrgreen:

        • Myo Thant

          December 18, 2013 at 3:48 pm

          ကျုပ်ကတော့ ငယ်ငယ်က အမေကျွေးတာစားခဲ့ပေမယ့်
          အရွယ်ရောက်ချိန်မှာ ဘယ် ထမိန်နားမှ ခိုမစားဘူး ၊

          စကပ်တို့ ဂျင်းဘောင်းဘီတို့ ပါဘူးနော် ။ 🙂

  • naywoon ni

    December 18, 2013 at 10:56 am

    ကျုပ်​က​တော့ မီဒီယာ​တွေခဲနဲ့ ထုချင်​တာ သူရို့က ဆီးဂိမ်​းမှာ ဘာရ ရမယ်​ ညာ ရရမယ်​ ​ရွှေ ဘယ်​နှစ်​ခုရ​အောင်​ ဘယ်​လို​လေ့ကျင်​့​နေပါတယ်​နဲ့ အိပ်​မက်​​တွေ အ​ပေး​ကောင်​း ပြီး ​ပြောတဲ့ အတိုင်​းဖြစ်​မလာတာ​တော့ ​ပေါက်​ကွဲ ကုန်​တာ​ပေါ့

  • မင်း ခန့် ကျော်

    December 18, 2013 at 3:04 pm

    အမှန်အတိုင်းပြောရ ရင် မြန်မာအသင်း ဂိုးသွင်းခံရပြီး
    တဂိုးမှ ပြန်မသွင်းနိုင်လို့ရှုံးတာပါ။
    (ဟုတ်လားမတိ :mrgreen: )

  • Mr. MarGa

    December 18, 2013 at 3:11 pm

    နိုင်ငံရေးကတော့ ဘာပုံလဲ မသိ
    ဘောလုံးကတော့ အလုံးကြီး ဗျ :mrgreenn:

  • Paing Lay

    December 18, 2013 at 3:13 pm

    သူလုပ်တော့ အရာရာ မတွင်ကျယ် အများကလုပ်တော့ ရှုပ်ဖို့ ကြမ်းတတ်တယ် အာကျယ်တာတွေရယ် ပြည်ခွင်တစ်ရိုးမှာ တန်းခိုး မမှိန်ဖွယ် ဒီအကျင့်ဆိုးကို ချိုးနှိမ်ပါတော့ကွယ်။ Just Listening :mrgreen:

    • Myo Thant

      December 18, 2013 at 3:43 pm

      ကမ႓ာ့ မြားပစ်ပြိုင်ပွဲ

  • တိမ်မည်း

    December 18, 2013 at 3:29 pm

    ကျုပ်မရှင်းလို ့ မေးပါရစေ………..

    ဆီးဂိမ်းမှာ ကုန်ကျစရိတ်တွေ အားလုံးကို မြန်မာနိုင်ငံက တဦးတည်း ကုန်ကျခံနေပုံ ရေးနေကြတယ်…..
    ကျုပ်နားလည်တာ အဲ့လို မဟုတ်ဖူးရယ်…….

    သိသူများလင်းပေးကြပါ……

    လဘ္ဘက်ရည် တိုက်ပါမည်………

    • KZ

      December 18, 2013 at 3:49 pm

      ဘယ်နိုင်ငံတွေက ရှယ်မှာတဲ့တုန်းးးး
      ဘယ်လောက် ရှယ်မှာတုန်းးး
      တရုတ်နဲ့ တစ်ယောက်တစ်ဝက် ထင်တယ်။
      ပြီးမှ မန်းလေး အထက် မြန်မာပြည် တစ်ဝက်ပြန်ပေးရမှာလားးးး

      😀

  • kyeemite

    December 18, 2013 at 3:58 pm

    ဘောလည်းရှုံး
    တောလည်းပြုန်း
    မနောလည်းဆုံး
    ကျောမွဲ ငတုံး
    ချောဆွဲတုန်း
    မောလည်းမဆုံး
    😀

  • alinsett

    December 18, 2013 at 7:50 pm

    ဘွားဒေါ်ဂျီးတော်လှ တော်လှနဲ ့..
    ပန်းကန်ပြားကို..ကား လုပ် စိးပြီး.ထွက်နေတယ်.. ။

    အဟိ

    :kwi:

  • San Hla Gyi

    December 18, 2013 at 8:20 pm

    ကိုကြောင်ကြီးရေ
    အခုတော့ မြန်မာအမျိုးသမီးအသင်း အညစ်ခံနေရပြီ။ မြန်မာဘက်က သွင်းတဲ့ဂိုးကို လူကျွံတယ်ဆိုပြီး ငြင်းပေမယ့် ထိုင်းဘက်က သွင်းတဲ့ ဂိုးကိုတော့ သွင်းတဲ့ ကစားသမား လူကျွံနေတာ ထင်ထင်ရှားရှား မြင်ရပေမယ့် ဒိုင်လူကြီးက ပေးလိုက်တယ်။ မြန်မာအမျိုးသမီးအသင်း သိပ်နစ်နာပါတယ်။ အမျိုးသမီးအသင်း ဒီနေ့ ကစားတာ မဆိုးဘူး။ ဒါပေမယ့် အရှုံးတဂိုးနဲ့ နောက်ကလိုက်နေရတယ်။

  • ဝင့်ပြုံးမြင့်

    December 19, 2013 at 9:33 am

    ထိုင်းဘက်ကသွင်းတာ လူကျွံဘောကြီး။

Leave a Reply