မမရေ….

အချိန်ကာလ

အတားအဆီး

ငါ့အဖို့တခဏ….

တော တောင် ကန္တာရ

အခက်အခဲ

နင်းဖြတ်ကျော်ခဲ့….

ပင်လယ် သမုဒ္ဒရာ

မာယာလှိုင်းတံပိုး

ငါ့ကိုမလွှမ်းနိုင်….

ကျားရဲတိရိစ္ဆာန်

ကုမ္ဘာန် ယက္ခ

ကြောက်မတဲ့လား….

သို့ပေမယ့်

ကံကြမ္မာကိုတော့

ငါမတွန်းလှန်နိုင်….

ရှင်လျက်နဲ့

သေရပြီ

ဘဝ = ဒုက္ခ….

 

ကြောင်ဘဝ နောင်တ ရှောင်မရ စောင်မ

ကြောင်ဘဝ နောင်တ ရှောင်မရ စောင်မ

ယောက်ျားတန်မဲ့

မျက်ရည်စက်လက်

ဒူးထောက်ကျ….

သေရွာပါ

သီချင်းစာသား

“ခြစ်ဖူးတယ်….”

လွမ်းနေဆဲပါ

မမရေ

ပြန်မဆုံတော့မည့်

နေ့တွေရေတွက်ရင်း….

 

အန်တီမမရေ… ကြောင်ကြီးကို ခွေးလွှတ်ပါဗျာ။ အခြား နာမ်စားသုံးစရာ ရှာမတွေ့လို့ မမ ကလောင်အမည် ယူသုံးမိပါတယ်။။။။ အသဲကွဲကြောင်ကြီး :cry:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး