ရင်ထဲက မမ mm

မမရေ….

အချိန်ကာလ

အတားအဆီး

ငါ့အဖို့တခဏ….

တော တောင် ကနာ္တရ

အခက်အခဲ

နင်းဖြတ်ကျော်ခဲ့….

ပင်လယ် သမုဒ္ဒရာ

မာယာလှိုင်းတံပိုး

ငါ့ကိုမလွှမ်းနိုင်….

ကျားရဲတိရိစာ္ဆန်

ကုမာ္ဘန် ယက္ခ

ကြောက်မတဲ့လား….

သို့ပေမယ့်

ကံကြမ္မာကိုတော့

ငါမတွန်းလှန်နိုင်….

ရှင်လျက်နဲ့

သေရပြီ

ဘဝ = ဒုက္ခ….

 

ကြောင်ဘဝ နောင်တ ရှောင်မရ စောင်မ
ကြောင်ဘဝ နောင်တ ရှောင်မရ စောင်မ

ယောက်ျားတန်မဲ့

မျက်ရည်စက်လက်

ဒူးထောက်ကျ….

သေရွာပါ

သီချင်းစာသား

“ခြစ်ဖူးတယ်….”

လွမ်းနေဆဲပါ

မမရေ

ပြန်မဆုံတော့မည့်

နေ့တွေရေတွက်ရင်း….

 

အန်တီမမရေ… ကြောင်ကြီးကို ခွေးလွှတ်ပါဗျာ။ အခြား နာမ်စားသုံးစရာ ရှာမတွေ့လို့ မမ ကလောင်အမည် ယူသုံးမိပါတယ်။။။။ အသဲကွဲကြောင်ကြီး 😥

16 comments

  • KZ

    December 18, 2013 at 11:48 am

    ဒက်ဒီကြောင် သနားပါတယ်ဟယ်။

    😥

  • ဦးကျောက်ခဲ

    December 18, 2013 at 11:50 am

    ဟင်… ခီညားပြောတော့ ပက်ကညော အီတွန့်ဗွမ်ဆို…
    အခုတော့ အသီးကွဲပြီဆိုပြီး ကိလေသာအငုတ်ကို ထုတ်ဖော်နေသကိုး…
    😀

  • ဗုံဗုံ

    December 18, 2013 at 1:00 pm

    ဒက်ဒီရယ်… မငိုပါနဲ့…. 😥

  • surmi

    December 18, 2013 at 1:08 pm

    တစ်​ရက်​​ပျော်​ချင်​…အရက်​​သောက်​
    တစ်​လ​ပျော်​ချင်​….. ခရီးထွက်​
    တစ်​နှစ်​​ပျော်​ချင်​ …မိန်​းမယူ
    တစ်​သက်​လူံး​ပျော်​ချင်​ရင်​​တော့…
    သစ်​ပင်​စိုက်​…တဲ့..
    ကဲ…က​ကြောင်​ကြီး..
    ခင်​ဗျားတစ်​သက်​လုံးမ​ပျော်​ချင်​ဘူးလားဗျာ ……
    :harr:

  • Mr. MarGa

    December 18, 2013 at 2:03 pm

    ဟိုက်
    ဒီတစ်ခါ ဦးကြောင် အသီးကွဲခန်း ဟ
    အရင်တစ်ခါက တစ်ရွာလုံးကို ပတ် ကုတ်နေပြီး
    အခုကျ ငြိမ်သွားတာလား ဟင် :mrgreenn:

  • kyeemite

    December 18, 2013 at 3:11 pm

    အဟွတ်..အဟွတ်
    ရှလွတ်..ရှလွတ်နဲ့
    တတွတ်တွတ် ရွတ်ရင်း
    လွမ်းနေမယ် “မမ”
    😥

  • Wow

    December 18, 2013 at 3:38 pm

    မမ ဆိုတာ သိသလောက်တော့ မြန်မာ့မီးရထားကိုပြောတာ… ဒယ်ဒီကြောင်က မီးရထား ဝန်ထမ်းတွေနဲ့လား ဟင်… ငင်င်င်င်င်…. :mrgreen:

  • Myo Thant

    December 18, 2013 at 4:50 pm

    ကြောင် အသည်းကွဲတာ ခုမှ ကြားဘူးသဗျာ ၊

    မပူနဲ့ ၊ ဆရာ့ဆီမှာ စူပါဂလူး ကဒ်လိုက်ရှိတယ် ၊

    ဆရာ့တုန်းကလည်း ဒီလိုပါပဲကွယ် ၊ 🙂

    ကြောင် အသည်းကွဲ
    နောင် တလွဲပဲ
    ရှောင်အမြဲ မတွဲ
    ပြောင် ကျွဲမဲ

  • ဒက်ဒီကြောင်အသီးကြာကြာကွဲနေပြီး ဂုလိုလေးမခုတ်တတ်တဲ့ကြောင်ဘွကြာကြာလေးရောက်နေပါဇေ
    😥 😀

  • alinsett

    December 18, 2013 at 7:53 pm

    အမ်…
    အုကြောင်….
    ကဗျာပြခန်းအတွက်.. ကဗျာပေးပါဆိုတော့.. ဂဗျွတ်ကြီး..ပေးလာတယ်.. ။

    အခုကျတော့.. အသဲကွဲတလိုလိုဘာလိုလိုနဲ ့. .. ကဗျာကြီးရေးတယ်..
    ဟွန်း ဟွန်းးးး

    :kwi:

  • padonmar

    December 18, 2013 at 8:27 pm

    တိုင်ပြောမယ်
    အန်တီမမကို စောင်းပါးရိပ်ခြေပြောနေပါတယ်လို့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 18, 2013 at 9:56 pm

    ဆရာကြောင်ကြီးရဲ့
    မမ ဂို လာမယ့် နင်ယူးယီးယားမှာကျင့်ပမယ့်
    သက်ကြီးပူဇော်ပွဲဂို ကြွရောက်ဘို့
    ဖိတ်ကြားအပ်ဘါဒယ်ခင်ညားးးးးးးးးးးးး

  • Aung

    December 18, 2013 at 10:13 pm

    အသက် ၅ဝ ဝန်းကျင် မိန်းမတွေကို ထိကပါးရိပကါး နောက်တာလဲ
    မုဒိမ်းမှု၊ ကာယအိန်ဒရေ ထိပါးမှုမြောက်ပါတယ်။

  • ကျော်စွာခေါင်

    December 19, 2013 at 4:09 am

    ဦးကြောင်အသဲ
    မူးကြောင်ကွဲ
    …အဲ..
    ဘာဆက်ရေးရမှန်းမသိတော့ဘူး..
    ကဲ..ဆက်သာ ငိုပါ..ဦးကြောင်ရာ..။
    ကျနော်လဲ ဗီဇာလုပ်ရတာသာ လွယ်မယ်ဆို..
    လာပြီး အတူဝိုင်းငိုချင်ပါတယ် ဦးကြောင်..ဒါပေမယ့် မဖြစ်နိုင်လွန်းလို ့ပါ…
    ကဲပါလေ…ဆက်ငိုုလိုက်ပါ..ကွာ့ကို..။

  • Ma Ma

    December 19, 2013 at 5:36 pm

    နာမည်အလွဲသုံးစားလုပ်နေတဲ့သတင်းရလို့ ဝင်ကြည့်တာ။ 👿
    စကားကပ် အဲ- စကားတတ်တဲ့ကြောင် ဒီတခါတော့ နာမည်အစားထိုးဖို့ ရှာမရဘူးဆိုကတည်းက အမှန်အကန်အသည်းကွဲနေတာဖြစ်ရမယ်။
    သနားစရာပဲ။ 😀
    ရွာ့ဆယ်လီဘရစ်တီကြီးတစ်ယောက် အသည်းကွဲနေတာ မဖြစ်သင့်တာမို့…….
    ပြန်ဆက်ဖို့ ကြေးမုံကြီးကို ရှာပေးအုံးမှပဲ :loll:

  • TNA

    December 20, 2013 at 10:45 pm

    အူးကြောင်ရယ် မကြံအပ်မစည်ရာ မြန်မာ့မီးရထား ( မမ ) နဲ့မှာကြိုက်ရဒယ်လို့။ ကြိုက်စရာရှားလို့။ အခုဒေါ့ ဟိုက အဲကွန်းရထား ( အဲကွန်းမမ ) ဖြစ်တွားဘီဆိုတော့ အူးကြောင်ကို ပစ်တွားဘီပေါ့။ တိတ်တိတ် တိတ် နိုနဲ့ နိုနဲ့

Leave a Reply