မငိုပါနဲ. ညီမလေးတို.ရေ..

ညီမလေးတို. တာဝန်ကျေပါတယ်..

အားကြိုးမာန်တက် ကြောက်ခမန်းလိလိ အင်အားတွေနဲ.

မင်းတို.ရဲ.ခြေပ ဂိုးတွေအတွက် ကိုကို တို. ဂုဏ်ယူပါတယ်ကွာ…

ငါ့ညီမတွေ ချွေးစိုနေတဲ့ အလှက ကိုကို တို.အမေ ပင်ပင်ပန်းပန်း ရှာကျွေးနေရတဲ့ ချွေးစိုအလှ နဲ. ထပ်တူပါပဲကွာ….

ငါ့ညီမတွေရဲ. စိတ်ဓာတ်က ကိုကိုတို. အဖေ အားမာန်အပြည့်နဲ. စောင့်ရှောက်ကာကွယ်တတ်တဲ့ စိတ်ဓာတ်နဲ. ထပ်တူပါပဲကွာ…

ငါ့ညီမရေ… ဘောလုံးပွဲရှုံးခဲ့ပေမယ့်..

ငါ့ညီမတို. စိတ်ဓာတ်မရှုံးခဲ့ပါဘူး…

ဘယ်သူတွေ ဘာပြောပြော ငါ့ညီမလေးတွေက ကမ္ဘာမှာ အတော်ဆုံးလို. ကိုကိုထင်တယ်..

ဘာမှ အားမငယ်နဲ. ဒီတပွဲ မနိုင် နောက်တပွဲနိုင်မှာပါ…..

ကိုကို တို.ရဲ. စိတ်ဓာတ်တွေကျနေချိန်မှာ ငါ့ညီမတွေ ကြောင့် စိတ်ဓာတ်ခိုင်မာ ပြန်ထနိုင်ခဲ့တာပါကွာ…

ဆက်ကြိုးစားပါညီမလေးတွေရေ… ကိုကို တို.မလုပ်နိုင်ခဲ့တဲ့ အလုပ်ကို ညီမလေးတို. လုပ်နိုင်ခဲ့တာပဲ..

နောက်နောင်ပွဲတွေ အို……… ဘယ်အချိန် ဘယ်နေရာမှာပဲ ကန်ကန်

ငါ့ညီမတွေ ကန်သမျှပွဲ တိုင် ကိုကို အားပေးနေမှာပါ….

မငိုနဲ.နော် ညီမလေး…

 

စိတ်ဓာတ်ခိုင်မာတဲ့ မြန်မာအမျိုးသမီး အသင်းအား ဂုဏ်ပြုအပ်ပါသည်။

About ရွှေတိုက်စိုး

has written 79 post in this Website..