တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်သဖြင့် ပြည်ထောင်စုဒီမိုကရေစီပါတီဥက္ကဌ ရာထူးမှ နှုတ်ထွက်

Good IdeaAugust 6, 20101min1133

၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမည့် ၂၀၁ဝ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်သဖြင့် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းသည် ပါတီ ဥက္ကဋ္ဌရာထူးမှ ယမန်နေ့က နှုတ်ထွက်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းလာမှုများကို ထောက်ရှု၍ ၂၀၁ဝ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတရပ် ဖြစ်ပေါ်လာမည့် အခြေအနေမရှိပါသဖြင့် နှုတ်ထွက်ရခြင်း ဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်ခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန် ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူလူထု တရပ်လုံး နိုင်ငံရေးတွင် ပါဝင်ခွင့်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့်ရရှိရေး၊ နိုင်ငံရေးအင်အားစုများကို လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ပြုရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိရေးစသည့် အချက်များ တစုံတရာ အကောင်အထည် ပေါ်ပေါက်လာဖွယ် မရှိခြင်းသည်လည်း နှုတ်ထွက်ရသည့် အကြောင်းရင်းများထဲတွင် အပါအဝင်ဖြစ်ကြောင်း ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ၂ဝ၁ဝ ရွေးကောက်ပွဲသည် ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရာတွင် သမိုင်းမျက်နှာသစ် ဖွင့်လှစ်၍ တဖြည်းဖြည်း ကောင်းမွန်သော ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ပါကြောင်းနှင့် ယင်းအတွက် ရွေးကောက်ပွဲဝင်ရန် ပါတီထောင်ခြင်းဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။
ဦးဖြိုးမင်းသိန်းသည် ယခင်က နိုင်ငံတော် ပုန်ကန်မှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့်အတွက် ရွေးကောက်ပွဲဝင်ရန် ကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ၍ အသနားခံစာ တင်ရမည်ဟု ကော်မရှင်က အကြောင်းကြားခဲ့သည်။ တင်ပြလာသည့် အသနားခံစာကို ကော်မရှင်က သုံးသပ်ပြီး အထက်ကို တင်ပြပေးမည်ဟု ကော်မရှင်က ပြောဆိုခဲ့သည်။
မဇ္ဈိမ သတင်းဌာနတွင် ဖော်ပြထားသော သတင်း၌ ’’ကိုယ်လည်း ဒေါက်တာစိန်ဝင်း အမှုတွဲ ဖြစ်ခဲ့ဖူးတဲ့ နှစ်ရှည်ထောင်ဒဏ် ပုဒ်မတပ်ခံရတဲ့ အထဲမှာ ပါတယ်လေ။ ဒါကို အသနားခံစာ တင်ရမယ်။ ပြီးတော့ ခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို အထက်ကို တင်ပြရဦးမယ်ဆိုတာမျိုး။ ဒီအခြေအနေမျိုးမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အထက်မှာ ဘယ်သူရှိနေသေးလဲဆိုတာ မေခွန်းထုတ်စရာ ဖြစ်လာတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီသည် ကော်မရှင်သို့ ယခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ပါတီ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့် ရရှိခဲ့သည့် ပါတီဖြစ်သည်။

3 comments

  • Pyaung Gye

    August 6, 2010 at 6:07 pm

    ကျတော်သိသလောက်ကတော့
    အခုဆေးရုံတက်နေတဲ့ကောင်ရဲ့ အထက်မှာတောင် ကြိုင်ဝင်းရီ ရှိနေသေးတယ်

  • timothy

    August 6, 2010 at 7:21 pm

    We welcome Mr. PM Thein back to the peoples` arms. The wrong dream of getting democracy stage by stage using Than Shwe`s 7-step road map is full of disaster and for him to realize the danger early is the lesson for those who still trying to play with devil`s fire. Than Shwe is military psychological technician by default and he can make you believe in his creatures. My explanation is simple. Why is he so afraid of competing with Daw Suu and 2000 political prisoners who were wrongly placed in jail for loving the people and mother country? Why is he planning to deploy mother of dirty tricks such as using hard-core criminals in opposition suppression, forcing every house-hold to send one member to attend small district-level meetings to endorse the military candidates and bribing the people with varieties of basic necessities/electricity, water supply? Why can he not arrange the much needed National Reconciliation Conferences offered by NLD and ethnic brothers? It is obvious to see his bad vision for Burma. The election is smoke screen to establish the military controlled rubber-stamped parliament. We do not forget Gen. Ne Win`s 1974 one-party-run-one-party-win election for military dominant rubber-stamped parliament. We do not forget Than Shwe`s ignorance of plight of Cyclone Nargis disaster and simultaneous wrap up of secret referendum enacting the 2008 illegal constitution. He will use this method again and quickly call the election at last minute, less than 1% fair count of vote to convince the Asean visitors. He will convert 99% votes to military`s vote and declare 99.9% vote to win the election. You got no chance to match this devil empire. People can not afford to go to street again for nothing but death from gunshot injuries. We can do only one thing. United Boycott of election, fake election. No one go to pooling station on the election day. Take the pictures of empty pooling station and post them on net. Than Shwe could not field this election as secret as he did in 2008 cyclone Nargis. There will be at least Asean Visitor ( Asean said they can not go to Burma as observers because it can offend the Junta). The sooner the politicians realize the risk of co-operating with Than Shwe, the more united we could become, the better the outcome of boycotted election. Than Shwe will not be able to face his election without voters. He needs voters in polling station to convert votes into military vote. No voters mean no election means downfall of Than Shwe. His deputies will leave him. Military will break. People will win. Boycott. Boycott. Boycott this unjust election.

  • cobra

    August 7, 2010 at 4:23 am

    လုပ်ချင်တိုင်းလုပ်နေကြတာဘဲဗျာ..။

Leave a Reply