အိုဘယ့် ရွှေမန်းသူ

လမ်းမတူခဲ့လို့များ လွဲနေခဲ့သလား

အခါတစ်ပါးက မင်းရင်ခွင်

ခိုဝင်ပြီးသကာလ ပျော်ဖြစ်ခဲ့ကြ

မင်း သတိတော့ ရနေမယ်ထင်

ရွှင်ပြုံးနှလုံးသား အမုန်းမဲ့တန်ဆာဆင်

ပုဂံတစ်ခွင်ကဘုရား ငါတို့အတူသွားခဲ့ကြ

များလှတဲ့လူတွေနဲ့အတူ ရွှေမန်းသူရေ

မင်း ပျော်နေမှာ ငါသိ  အညာ၏ ဆောင်းလေ

အေးစက်နေတဲ့ကြားမှာ မာန်ပါပါမင်း

ခရီးပြင်းပေမယ့်  မမောနိုင်ခဲ့

တောင်တော်ကွယ့်  ရွှေပုပ္ပါး

ခဏနားပြီးသကာလ ဆက်ခဲ့ရ အိမ်အပြန်

ထန်းရည်သံကြားတော့ မင်းအလိုက်သိ

ရှိုက်မိသည့် စီးကရက်ငွေ့များ ခါးလှတဲ့ဒီထန်းရည်

ကြက်ကြော်တွေနဲ့ပေါင်းစု  အံတုခဲ့ဆောင်းကိုကွယ်

ပေါင်းလိုတယ်စိတ်ကူးသော်လည်း

လွဲလို့သာ ချော်ခဲ့ရ မတွေ့ကြတာ ကြာလှပေမယ့်

အခွင့်အခါသင့်ရင်ဖြင့်  မင်းရင်ကို တစ်ခါခိုဝင်

ကမ္ဘာတစ်ခွင်များ သွားချင်စမ်းအတူလေ

( အိုဘယ့် ) ရွှေမန်းသူရေ

အလွမ်းတွေကို မင်းသိစေ ၊

( ရွှေမန်းသူ  ၉ ခ / ၃၆၇၃ သို့ အမှတ်တရ )

18

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..