ရွှေမန်းသူ အလွမ်း

တောင်ပေါ်သားDecember 21, 20131min23413

အိုဘယ့် ရွှေမန်းသူ

လမ်းမတူခဲ့လို့များ လွဲနေခဲ့သလား

အခါတစ်ပါးက မင်းရင်ခွင်

ခိုဝင်ပြီးသကာလ ပျော်ဖြစ်ခဲ့ကြ

မင်း သတိတော့ ရနေမယ်ထင်

ရွှင်ပြုံးနှလုံးသား အမုန်းမဲ့တန်ဆာဆင်

ပုဂံတစ်ခွင်ကဘုရား ငါတို့အတူသွားခဲ့ကြ

များလှတဲ့လူတွေနဲ့အတူ ရွှေမန်းသူရေ

မင်း ပျော်နေမှာ ငါသိ  အညာ၏ ဆောင်းလေ

အေးစက်နေတဲ့ကြားမှာ မာန်ပါပါမင်း

ခရီးပြင်းပေမယ့်  မမောနိူင်ခဲ့

တောင်တော်ကွယ့်  ရွှေပုပ္ပါး

ခဏနားပြီးသကာလ ဆက်ခဲ့ရ အိမ်အပြန်

ထန်းရည်သံကြားတော့ မင်းအလိုက်သိ

ရှိုက်မိသည့် စီးကရက်ငွေ့များ ခါးလှတဲ့ဒီထန်းရည်

ကြက်ကြော်တွေနဲ့ပေါင်းစု  အံတုခဲ့ဆောင်းကိုကွယ်

ပေါင်းလိုတယ်စိတ်ကူးသော်လည်း

လွဲလို့သာ ချော်ခဲ့ရ မတွေ့ကြတာ ကြာလှပေမယ့်

အခွင့်အခါသင့်ရင်ဖြင့်  မင်းရင်ကို တစ်ခါခိုဝင်

ကမ႓ာတစ်ခွင်များ သွားချင်စမ်းအတူလေ

( အိုဘယ့် ) ရွှေမန်းသူရေ

အလွမ်းတွေကို မင်းသိစေ ၊

( ရွှေမန်းသူ  ၉ ခ / ၃၆၇၃ သို့ အမှတ်တရ )

18

13 comments

  • လုံမလေးမွန်မွန်

    December 21, 2013 at 11:44 am

    ​အော်​.. တိပါဘူး.. ဘယ်​​ရွှေမန်​းသူ ရင်​ခွင်​လဲလို့…
    အူးမျိုးတစ်​​ယောက်​ စွံသွားပြီထင်​တာ…

    ခု​တော့ ကားကို​ပြောတာကိုး…

    • Myo Thant

      December 21, 2013 at 1:23 pm

      စွံစရာကတော့ ကံပေးသမျှပေါ့ကွယ် 🙂

  • မဟာရာဇာ အံစာတုံး

    December 21, 2013 at 11:51 am

    ရွှေမန်းသူ စပေါ်ကာစက
    ဈေးကလည်း သက်သာတာမို့ ရွာပြန်တော့ စီးတာပေါ့
    နောက်အခေါက်ကျတော့ …
    စထွက်တာနဲ့ ပျက်တော့တာပဲ …
    ဒါနဲ့ မမှတ်သေးဘူး …
    နောက်အခေါက်လည်း ပျက်တာပဲ ..
    ဈေးတော့ ချိုပါရဲ့ .. ပျက်လွန်းလို့ မစီးတော့ဘူး …
    မကွေးဘက် ပြေးတဲ့ ရွှေမန်းသူတွေကို ပြောတာ ..
    မန်းလေး ဘက်တော့ မစီးဖူးဘူး …

  • alinsett

    December 21, 2013 at 11:55 am

    အော်

    ရွှေမန်းသူ ဆိုလို ့
    ဘူလေးကိုများ ကဗျာစပ်ပြီလဲလို့

    🙂

    ဦးမျိုးရေ
    အတွေးနဲ့အရေးကို ခိုက်သွားဘီဗျာ

  • ရွှေမန်းသူ၊ရှမ်းမလေး(ဦးပိုင်)ကားတွေ တောင်ငူမှာလည်းဂိတ်ရှိတယ်။
    သူက တခြားကားတွေထက်ဈေးလျော့တယ်။
    ပေါ်ခါစကတော့သာမီးတို့လည်းအာ့ကားတွေပဲစီးတာ။
    နောက်တော့မြို့လိုင်းကိုမယှဉ်နိုင်ပါဘူး

    • Myo Thant

      December 21, 2013 at 1:40 pm

      အဲဒါ ၂၀၀၈ ဒီဇင်ဘာ ၂၄ ကနေ ၂ရ
      ကုမ္ပဏီရဲ့ အပန်းဖြေခရီးတုန်းကပါ ၊
      အဲဒီတုန်းက အသွားအပြန် ငှားသွားခဲ့တာ ၊
      ကားတွေကလည်း သစ်လွင်နေဆဲပေါ့ ၊

  • KZ

    December 22, 2013 at 11:11 am

    ဟွန့်။
    ရွှေမန်းသူ ဆိုတော့ ကိုယ့်ပြောတယ်မှတ်လို့ ပြေးလာတာ။
    မြတ်မန်ဒလာ ထွန်းမဟုတ်လို့ တော်သေးးးး

    😀

    • Myo Thant

      December 23, 2013 at 3:55 pm

      စင်္ကာပူက ရွှေမန်းသူကို မလွမ်းပေါင် ၊

      ဟို ရွှေမန်းသူလေးကိုပဲ 🙂

  • Wow

    December 23, 2013 at 3:12 pm

    အော်.. ကားပဲလွမ်းဇယာရှိတဲ့ သူ့ဘွ.. :mrgreen:

    • Myo Thant

      December 23, 2013 at 3:57 pm

      တည့် ( ဒဲ့ ) မပြောရဲလို့ တင်စားရတာမျိုးလည်း ရှိတတ်ပါတယ်ကွယ် ၊ 🙂

  • Tun Lin Naing

    December 29, 2013 at 5:22 pm

    ရွှေမန်းသူနှလုံးသား အပြုံးများနဲ့ခိုဝင်
    မှေးစက်မယ်ပြင်
    နှေးလိုက်တဲ့ မယ်ယဉ်ရယ်
    ရပ်ပြန်တော့တယ်
    ကားဆရာကို ဆင်းကာမေး
    ဘီးပေါက်တယ်လေး…………

  • Paing Lay

    December 29, 2013 at 9:01 pm

    လွန်ခဲ့တဲ့ 8 နှစ်လောက်တုန်းကလည်း အနော်တို့မြို့မှာ ပြေးဆွဲဖူးပါတယ်။ သို့ပေသိ အုံနာအချင်းချင်းကွိုင်ပြီး နောက်ပိုင်း မြို့ခံလိုင်းသာရှိတော့ပါကြောင်း 😀

Leave a Reply