ဗုဒ္ဓဘာသာဝင်များနှင့် သိသင့်သောအချက်များ

Good IdeaAugust 6, 20101min1405

ကျွန်တော်တို. မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော
ကိုးကွယ်သော နိုင်ငံဖြစ်သလို ။ လူတိုင်းကလဲ ဘာသာရေးကို ယုံကြည်စွာနဲ.
ဘာသာရေးကို သက်ဝင်ယုံကြည်စွာ လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့်
ဟိုရက်က ရွှေတိဂုံ ဘုရားပေါ်ကို ရောက်သွားတော့ စိတ်ထဲမှာ ထင့်စရာလေး
တစ်ခုကိုတွေလိုက်ရတယ်ဗျ။ ဘာလဲဆိုတော့ ဘုရားမှာ သစ်သီးဆွမ်းကပ်ထားတာ
ပါ။ သစ်သီးဆွမ်းကပ်တာကတော့ အပြစ်ပြောစရာမရှိပေမယ့် ဘုရားကိုကပ်ထားတဲ့
သစ်သီးတွေကို အခွံမခွာပဲ အလုံးလိုက်ကပ်ထားတာကတော့ ဗုဒ္ဓဘာသာဝင်တွေ
အနေနဲ. မဖြစ်သင့်ဘူးဗျ ။ ဘာလို.လဲဆိုတော့ ဘုရားရှင်ကဟောကြားတော်မူထား
တဲ့ ထဲမှာ ဘုရားသားတော်ရဟန်းတွေနှင့် ဘုရားရှင်ကို သစ်သီး ဆွမ်းကပ်ရင်
အသီးကို အလုံးလိုက်ကပ်ခွင့်မရှိပါဘူး ဘာလို.လဲဆိုတော့ သစ်သီးထဲမှာပါတဲ့
အစေ့က နောက်အတွက် အပင်ဖြစ်လာမှာမို.ပါပဲ။ ဒါမို. ရဟန်းတွေဟာ
သစ်သီးကိုဘုန်းပေးချင်တယ်ဆိုရင် ခွဲထားသော သစ်သီးတွေကိုပဲ ဘုန်းပေးလို.ရပါတယ်
အလုံးလိုက်ကပ်ထားတဲ့ သစ်သီးဆိုရင်လဲ ဘေးမှာပါတဲ့ ကပ္ပိယကို သစ်သီးကိုပေးပီး
ဒကာကြီး ခွဲကွာလို.ပြောလို.မရပါဘူး ရဟန်းတော်က သူ.ကပ္ပိယကို သစ်သီကိုပေးပီး
ကပ္ပိယံ ကရောဟိလို. ပြောပီးပေးရပါတယ် ။ နားလည်သော ကပ္ပိယကလဲ
သစ်သီးကိုခွဲခြမ်းစိတ်ဖြာ ပီးအထဲက အစေ့ကိုထုတ်ပီး ရဟန်းတော်အား ကပ္ပယံ ဘနေ ္တ
လို.ပြောပီးကပ်မှ စားသုံးဘုန်းပေးခွင့်ရှိပါတယ် ။ အဲ့လိုအခြေခံအချက်လေးတွေကိုလဲ
သိထားသင့်တယ်ထင်လို. ပြောပြတာပါ။ ဆရာလုပ်တာတော့မဟုတ်ပါဘူးဗျာ။
ဘုရားရှင်ကို သစ်သီးဆွမ်းကပ်တာတော့ကပ်တာပေါ့ ဒါပေမယ့် အစိမ်းတွေကပ်တယ်။
အလုံးလိုက်ကပ်တယ် မှည့်မှ လူတွေကစွန်.ပီး ဝေခွဲစားနေတာကိုမြင်နေတွေ.နေရတော့
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတစ်ယောက်အနေနဲ. ဘဝင်မကျမိသလိုဖြစ်တာမို.
ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။ တက်သိနားလည်သော ရဟန်းတော်များကလဲ
သင်ကြားပေးပေမယ့်လဲ သိသောလူများကလဲ ပြောရမှာ အားနာခြင်း အပြစ်အပြောခံ
ရမှာစိုးရွံ.ခြင်းတို.ကြောင့်မပြောဘူးထင်လို.ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ.
တရားအားထုတ်နေယုံ ရဟန်းတော်တွေကိုလှူတန်းနေယုံနဲ.တင်ဘာသာဝင်စင်စစ်
တစ်ယောက်ဖြစ်ပီလို. ခံယူလို.မသင့်ဘူးလို.ထင်ပါတယ် ။
ဘာသာကိုယုံကြည်သက်ဝင်တယ်ဆိုရင် ဘာသာရေးမှာလဲ ဆောင်ရန်ရှောင်ရန်လေးတွေ
ရှိတာ လိုက်နာသင့်တာလေးတွေရှိတာကိုလဲ လေ့လာထားသင့်တယ် သိထားသင့်တယ်ထင်လို. ခုလိုရေးပီးတင်လိုက်ရခြင်းဖြစ်ပါတယ်ဗျာ။
ဆရာလုပ်တယ်ထင်ရင်လဲ စေတနာနဲ.လုပ်တယ်ဆိုပီး သူငယ်ချင်းတွေကခွင့်လွှတ်ပေးစေ
လိုပါတယ်။နောက်နောင်လဲ အခါအခွင့်သင့်ရင်သင့်သလို ရေးပီးထပ်တင်ပေးပါ့မယ်ဗျာ။
ကျေးဇူးတင်ပါတယ် ။

(Forward Mail တခုမှ ကူးယူဖော်ပြသည်။)

5 comments

  • kai

    August 6, 2010 at 9:17 pm

    ဘုရားမှာ သစ်သီးဆွမ်းကပ်ထားတာ လို့တင်စားရေးတဲ့အတွက်..စေတီ။ ဆင်းတုတော်ကို ကပ်တဲ့ဆွမ်းလို ့မှတ်ပါတယ်။
    ဗုဒ္ဓဘုရားသက်တော်ထင်ရှားရှိချိန် စေတီဆင်းတု မရှိသေးတာမို ့..ဒါက နောက်တိုး စေတနာသဒ်ဓါနဲ့ လုပ်နေတာလို့ထင်ပါတယ်။
    ဆိုလိုတာက..
    သက်ရှိရဟန်း၊ဘုန်းကြီးကိုကပ်တဲ့အခါ လိုက်နာရတဲ့ဝိနည်းနဲ့ ဒီအလှူကို ချိန်ဆ ထည့်စဉ်းစားလို့ မရဘူးယူဆပါတယ်။
    စေတီ၊ဆင်းတုမှာ အသီးကို ခွဲစိတ်ကပ်ရင် ယင်၊ပိုးမွှား၊ အကောင်ဘလောင်တွေ တရုံးရုံးနဲ့ဖြစ်နိုင်တာမို ့…အဲဒီလိုခွဲစိတ်မကပ်ကြတာ ထင်ပါကြောင်းနဲ့…လူတွေကစွန့်ပြီး ဝေခွဲစားပြန်ရင်လည်း စားတဲ့သူတွေရောဂါဝေဒနာပေးသလိုြ့ဖစ်မှာမို ့ဖြစ်ကြောင်း..ဆွေးနွေးကြည့်ပါရစေ..။

  • fatty

    August 7, 2010 at 5:08 am

    ကရောဟိ ဆိုသော အနက် အဓိပ္ပါယ် ကိုယူပြီး ရှေ့မှ ဥုံ ခံကာ အဖုအကြိတ် ပျောက် ဂါထာအဖြစ် အချို့ သုံးစွဲ လျှက် ရှိပါကြောင်း။

  • sofiadimple

    August 7, 2010 at 6:30 am

    အင်းပြောရမယ်ဆိုရင်တော့ ဒို့ဗုဒ္ဓဘာသာတွေတော်တော်များများဟာ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေကများနေပါတယ်။ဘုရားကိုဆွမ်းတော်ကပ်ရင်ကုသိုလ်ရမယ်ဆိုတဲ့အတွေးလေးလောက်နဲ့သာအဖြစ်သဘောမျိုးကပ်နေကြတာများပါတယ်။ ကိုယ်ဘာကြောင့်ဗုဒ္ဓကိုကိုးကွယ်နေသလဲ?ဗုဒ္ဓက ဘာတွေဟောထားသလဲ? စသဖြင့်ပေါ့လေ။ဒါတွေဘာမှမလေ့လာဘူး။အမေကဗုဒ္ဓဘာသာမို့ကျနော်တို့လည်းဗုုဒ္ဓဘာသာဖြစ်သွားတာပဲ။ ထူးပြီးလည်းမလေ့လာသလို ထူးပြီးလည်းမသိချင်ကြဘူး။စိတ်လည်းမဝင်စားကြပါဘူး။ ဒါကြောင့်လည်း ဘုရားအပေါ်ကြည်ညိုပုံချင်းကွာသွားတာပေါ့။ ကိုယ်သာဆိုဒီလိုစားမှာမဟုတ်ဘူးဆိုရင် ဘုရားအပေါ်မှာကိုယ့်ထက်ပိုပြီးအလေးထားသင့်တယ်မလား။ခက်တာက အခြေခံဘာသာရေးအသိလေးတွေနည်းခဲ့တာလား။မပါလာတာလားတော့။မပြောတတ်ပါဘူး။သူများဘာသာတွေမှာကအပတ်စဉ်ဘုရားကျောင်းကိုမပျက်မကွက်သွားကြရတယ်။ အဲဒီမှာပဲသိသင့်တဲ့ဘာသာရေးအကြောင်းတွေသင်ယူရတယ်။ ဒို့မှာကအဲလိုသင်ကြားတာမျိုးတွေကရှားပါးနေပါတယ်။ ဒီတော့ ဘုန်းကြီးတွေ့လို့တောင် ဆီလျော်အောင်မလျှောက်တတ်ရှာဘူးလေ။ ဒါကြောင့်ပဲဘုန်းကြီးတွေကယဉ်ကျေးလိမ္မာသင်တန်းတွေဖွင့်လို့ တတ်သင့်သိသင့်တဲ့ ဘာသာရေးအခြေခံကောင်းလေးတွေကိုပို့ချပေးနေတာပေါ့။ ဒါလည်းတက်ရကောင်းမှန်းသိကြတဲ့လူမှသိတာပါနော်။အင်း..ဒါလေးတွေကစပြီးလိုအပ်နေလေတော့ ကြီးပြီးမသိရကောင်းလားလို့တော့ အပြစ်ပြောမနေတော့ပါဘူး။သိအောင်မှလုပ်မလာခဲ့တာပဲမလား။မနေနိုင်တဲ့လူတွေအနေနဲ့ အမြင်မတော်ရင်တော့ပြင်ပေးလိုက်ကြပါလို့ပြောလိုက်ချင်ပါတယ်။

  • Yin Nyine Nway

    August 7, 2010 at 9:59 am

    ဟုတ်ပါတယ်
    ညီမလဲ အဲလို ယူဆပါတယ်
    ဒါပေမဲ့
    အစိမ်းတင်ပြီး မှဲ့တော့ လူစားတယ်ဆိုတာကတော့
    ပြုပြင်သင့်တယ်လို့ထင်ပါတယ်
    ပြီးတော့ ဆွမ်းတင်တဲ့နေရာမှာလဲ သက်ရှိဘုရားတဆူလို စိတ်က ရည်မှတ်ပြီးတင်တာက ပိုပြီး ကုသိုလ်မြောက်မယ်လို့ထင်ပါတယ်

Leave a Reply