ဟိုလွန်ခဲ့တဲ့ရက်ပိုင်းက ဂျာနယ်တစ်စောင်မှာဖတ်လိုက်ရတယ်ဗျ
ဘာတဲ့စတီဖင်ဟော့ကင်းဆိုတဲ့ သိပ္ပံပညာရှင်က သက်ရှိသတ္တ၀ါဆိုတာကို
ကမ္ဘာမှာအပြင် အခြားဂြိုလ်တွေမှာလဲရှိတယ်ဆိုပီး ဖော်ထုတ်လိုက်တယ်ဆိုပဲ
အဲ့ကိစ္စကလဲ တော်တော်လေးရေပန်းစားပီး လူတိုင်းပါးစပ်ဖျားမှာ တစ်အံ့တစ်သြော
ပြောရလောက်အောင်ဖြစ်သွားတာကိုတွေ.ရတယ်ဗျ ။ ကျွန်တော်ကတော့
ဗုဒ္ဓဘာသာဝင်မို.ပဲလားမသိဘူး သိပ်ပီးတော့မအံ့သြမိဘူး ။ ဘာလို.လဲဆိုတော့
ငယ်ငယ်ထဲက အိမ်ကအမေကြီးတို. ပီးတော့ အိမ်ကိုဆွမ်းခံကြွတဲ့ ဦးဇင်းလေးတို.က
မေတ္တာပို. အမျှဝေရင်ကြားဘူးနေကျလေ ။စင်္ကြာဝဠာတိုက်တစ်သောင်းမှာ ရှိကြကုန်သော
သက်ရှိသတ္တ၀ါအားလုံးအား အမျှပေးဝေပါကုန်၏ဆိုပီး ကြားဘူးတယ်လေ
ပီးတော့ ဘုရားဟောထဲမှာလဲရှိတာပဲ အနန္တ စင်္ကြာဝဠာ အနန္တ သတ္တ၀ါဆိုပီးလဲ
ပါတယ်လေ အဲ့တော့ လူဆိုတာ ဒီကမ္ဘာတစ်ခုထဲမှာတင်မဟုတ်ပဲ အခြားအခြားသော
နေရာများမှာလဲရှိတယ်လို. ဘုရားကဟောထားတယ်လို. ကျွန်တော်ကတော့ယူဆတယ်ဗျ ။
အဲ့တော့ ခုဆိုရင် အခြားကမ္ဘာ ဆိုတာ ရှိတယ်ဆိုတာကို လူတွေက ခုမှတစ်အံ့တစ်သြဖြစ်နေ
တာကိုမြင်ရတော့ ဘာသာခြားတွေကိုတော့ အပြောလိုပါဘူး ဗုဒ္ဓဘာသာဝင်
များကိုတော့တော်တော်လေးအံ့သြမိတယ်ဗျ ။တစ်ကယ်ဆို ဘုရားရှင်ဟောထားတာတွေ
ဟာ အမြဲတန်းမှန်နေတယ်ဆိုတာကို ဘယ်သူကမှသတိမထားမိလို.ဗျ ။ သိပ္ပံပညာကိုမှ
အထင်ကြီးသူတွေများလာလေတော့ ဘုရားဟောတွေကို ဘယ်သူကမှလဲ မလေ့လာလေ
တစ်ချို. ဗုဒ္ဓဘာသာဝင်တိုင်းနီးနီး သိနေတဲ့အရာတွေကို အနောက်နိုင်ငံက ပညာရှင်တွေ
ကများဖော်ထုတ်လိုက်ကြရင် တစ်အံ့တစ်သြနဲ.ကိုဖြစ်လို. ………………………အင်းသူငယ်ချင်းတို.ရေ ငါလဲရေးတာဘာရယ်မဟုတ်ပဲ တောင်ရောက်မြောက်ရောက်နဲ. များသွားပီ မင်းတို.ဖတ်ချင်တယ်ဆို ငါနောက်ကျရင်
ဘုရားဟာတာနဲ. ခုခေတ်သိပ္ပံပညာနဲ. ရှင်ပီးရေးပေးပါ့မယ် ခုတော့ ဒီလောက်ပဲ
ရေးလိုက်တော့မယ်နော် ။ ဗုဒ္ဓဘာသာဝင်တိုင်း ဘာသာရေးကို အလေးထားတက်ပါစေ။

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။