ခရစ်စမတ် ပူပူလေးရမယ်… Hot X-mas

ဇီဇီDecember 23, 20134min34144

ခွိ။
ခရစ်စမတ်ကို ချစ်ရင် ဘာသာအယူလွဲတော့မဲ့အတိုင်း စိုးရိမ်ပူပန်ကြသော အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့ သူမို့ ခရစ်စမတ်ကို ချစ်ကြောင်း ရဲရဲကြီးမပြောဝံ့တာကိုကြာပါပေါ့။
နို့မို့ မျိုးချစ် ဘာသာချစ်တွေက မြန်မာ့နေ့ကြီး အခါကြီးတွေ သိလို့လားတို့ ဘာတို့မေးမှာလည်း ကြောက်ရသေးးးး   :mrgreenn:

ဘာဖြစ်ဖြစ်ပေါ့နော့။
ပြောချင်တာပြောကြပေါ့။
ဆောင်းကိုချစ်လို့ ခရစ်စမတ်ကိုပျော်တယ်။

ကျောင်းရက်ရှည်ပိတ်လို့ပျော်တယ်။
ခရစ်စမတ်မှာ မောင် နှမ အမျိုးတွေ စုံလို့ပျော်တယ်။
အစား မျိုးစုံစားရလို့ ပျော်တယ်။ ရေးဖူးတယ်နော်။ အဲအကြောင်းးးး
အဲ။ စလုံးရောက်တော့ မီးရောင်စုံမြင်ရလို့ပျော်တယ်။
၂၀၀၉ က ခရစ်စမတ်နေ့ကြီး ဟောင်ကောင် ဒစ်စနေလန်း ရောက်ဖူးတော့ အပျော်မျိုးစုံတွေ့ရလို့ပျော်တယ်။
ခရစ်စမတ် ကို ပျော်တယ်ပြောမိလို့ ဗုဒ္ဓဘာသာမစစ်ဘူးးး ဘာဘူးးး လာထင်လို့ကတော့ လဲသေကြလို့ ပြောလိုက်ချင်တယ်။ (အိမ်မက်ထဲမှာပါ၊ အပြင်မှာတော့ ပြောရဲဘူးးး သိပ်သတ္တိကောင်းတယ်။)   :mrgreenn:

ဟိ။
စလုံးး မှာ ဒီဇင်ဘာ ၁ လလုံး အောချာတ် လမ်းတစ်လျှောက်လုံး မီးထွန်းပေးထားတာ။ ကြက်ပျံမကျ စည်ကားချက်ကတော့ ကျုပ်တို့ရွာ ဘုရားပွဲ အတိုင်းပဲ။
ဒါမဲ့ ဒီ နှစ် မီးထွန်းတာ ခို ပါတယ်။
အီကွေတာရာသီ ပိုင်ရှင်နိုင်ငံရဲ့ ခရစ်စမတ်မို့ အပြင်မှာ ခံစားရတာသိပ်မကောင်းပါဘူးးး ဆောင်း လိုနေတယ်။ အအေး မရှိဘူးးး

ရိုက်ခဲ့သလောက်ပေါ့။ အားပေးကြပါဦးနော့။

IMG_7199
ခုတလောတော့ အရောင်ထဲ ဒီ အရောင် ကို မျက်စိတွေ့နေတယ်။

 

IMG_7201
ခုတလောတော့ အရောင်ထဲ ဒီ အရောင် ကို မျက်စိတွေ့နေတယ်။

 

 

IMG_7202
ကိုယ်ပိုင်တဲ့ ရှော့ပင်းစင်တာကို အပြိုင်အဆိုင် အလှဆင်ကြတာ။

 

 

IMG_7207
လမ်းတစ်လျှောက် ဒီလိုထွန်းထားတာ။
ခါတိုင်းနှစ်က မျိုးစုံထွန်းတယ်။ ဒီ နှစ် တစ်မျိုးထဲပဲတွေ့တယ်။

 

 

IMG_7203
ဒေါင်းကို ပုံဖော်တာ စိတ်ကူးကောင်းလွန်းလို့။

 

 

IMG_7205
ဒေါင်းပျိုမေ

 

 

IMG_7204
ဒေါင်းပျိုမေ

 

 

IMG_6202
ဒါ ကေဇီ ………………..
မဟုတ်ဘူးလို့ :mrgreenn:

 

 

IMG_7150
ဒါကမှ ကေဇီ။
လှတယ် မို့လားဟမ်??

 

 

IMG_7198
အမှန်တော့ ရရောင်ရှိတယ်။ စောင့်မရိုက်နိုင်တာ။

 

 

IMG_7149
ION- Orchard

 

 

IMG_7147
ခရစ်စမတ် ထရီးတွေကို ပုံစံမျိုးစုံပဲ။

 

 

IMG_7206
ဒေါင်း

 

 

IMG_7146
စားပွဲတင် X-mas Tree

 

 

IMG_7145
ဒါတွေက ခရုနဲ့ လုပ်ထားတာ။

 

 

IMG_7209
အဟီးးး
အဲ့လူထဲ မတိုးနိုင်လို့အဝေးကပဲ ရိုက်

 

 

IMG_7200
Ferrero Rocher – Chocolate

 

 

IMG_7148
X-mass Tree in front of Paragon

 

 

44 comments

  • မင်း ခန့် ကျော်

    December 23, 2013 at 9:14 am

    လှ လိုက် တာ။

    ဩဇီးမှာလဲ ခရစ်စမတ် မှာ ချွေး တလုံးလုံးနဲ့

    ကျင်းပ ရတယ်ဆိုလားးး။

    ကျမ်းစကားနဲ့ အားပေးပါ့မယ်။

    “အကြောင်းမူကား

    ကာလအချိန် ရောက်လုနီးပြီ”

    (ဗျာဒိတ် ၂၂း၁ဝ ခ )

    • KZ

      December 23, 2013 at 11:50 am

      အန်လကယ် မင်းမင်း
      မန်းလေးမှာ ဘယ်နားနေတာတုန်း??
      တော်ကြာ အမျိုးဖြစ်နေမစိုးလို့။

      😀

      • မင်း ခန့် ကျော်

        December 24, 2013 at 3:02 pm

        အိမ်ရှေ့မှာ စိန်ပန်းပင်ရှိတယ်။အဲသည့်အိမ်ပဲ။

  • alinsett

    December 23, 2013 at 9:22 am

    ကျနော်သည်လည်း
    ဆောင်းကို ချစ်သောသူမို့
    ဆောင်းမှာ ပါဝင်လာသမျှကို ချစ်မိသည်။

    :kwi:

    • KZ

      December 23, 2013 at 11:57 am

      ဆောင်းမှာ ရှိသမျှ အကုန်ချစ်။
      အဆုတ် အအေးမိတတ်တာကလွဲရင်။

      :mrgreenn:

  • မဟာရာဇာ အံစာတုံး

    December 23, 2013 at 9:43 am

    ဟိုရွှေရောင် မိန်းမဂျီးပုံကို ဘောကျဒယ်
    ကေဇီကတော့ ထင်းထင်းဂျီး ထင်နေဒါ
    ဝါးဝါးဂျီးဘဲ ..
    ဒီတစ်ချက်တော့ လွှဲစ်တွားဒယ်

    • KZ

      December 23, 2013 at 11:56 am

      ဟွန့်။
      နာ ထင်းထင်းကြီးပြလိုက်လို့ ဟို ကလေးမ ငိုမစိုးလို့။

      😀

  • surmi

    December 23, 2013 at 10:11 am

    ကျုပ်​လည်​း ငယ်​ငယ်​က အဲဒိ​နေ့ဆို အိမ်​မကပ်​​တော့ဘူးဗျ ..
    သူငယ်​ချင်​း​တွေထဲမှာ ချင်​း နဲ့ ကရင်​ လူမျိုး​တွေပါ​နေ​တော့
    ဝါးတီးလဲဆွဲ.. သူတို့နဲ့လည်​း​လျောက်​လည်​..
    အခုချိန်​​တောင်​ အရင်​လိုသွားလိုက်​ချင်​​သေး…

    • KZ

      December 23, 2013 at 11:56 am

      သွားပါဗျာ။
      ချမ်းချမ်းစီးစီး မုန့်လိုက်စားရတဲ့ အရသာကို ရနိုင်သူများ သွားကြပါ။

      🙂

  • လုံမလေးမွန်မွန်

    December 23, 2013 at 10:50 am

    လမ်​း​တွေမှာ အလှဆင်​ထားတာ အကြိုက်​ဆုံးပဲ..

    စကားအတင်​းစပ်​ရရင်​ ၂၀၀ရ ဒီဇင်​ဘာတုန်​းက စလုံးကို ခဏလာဖြစ်​​တော့ ြြြမြန်​မာနိုင်​င​​ံမှာ မမြင်​ဖူးတဲ့ xmas decoration ​တွေကို အထူးအဆန်​း ြြဖြစ်​ဖူးတယ်​​

    • KZ

      December 23, 2013 at 11:53 am

      ဟယ်။
      ဟုတ်သလား ၂၀၀ရ ဒီဇင်ဘာက မမဂျီးရဲ့ ပထမဆုံး စလုံး ခရစ်စမတ်ပူပူလေးပဲ။ ဓာတ်ပုံရိုက်လိုက်တာ မမောနိုင်မပန်းနိုင်။

      🙂

      • လုံမလေးမွန်မွန်

        December 23, 2013 at 12:37 pm

        2007 ဒီဇင်ဘာ (၇) ရက်ကနေ (၁၄) ရက်နေ့အထိ လာတာ..
        Sunburb Youth Camp တဲ့… ဂိမ်းဆော့တာနဲ့ ခရစ်စမတ်ပဲ မှတ်မိတော့တယ်… ဟိဟိ…
        ခုနေတော့ တစ်ခေါက်လောက် လာလည်ချင်သား.. 🙂

        • KZ

          December 23, 2013 at 12:45 pm

          လာလည်လှည့်။
          လျှောက်လည်ကြမယ်။

          :chit:

        • မဟာရာဇာ အံစာတုံး

          December 23, 2013 at 1:04 pm

          ကျော်ရော ..
          လိုက်လို့ ရမား မတိဘု ..

        • KZ

          December 23, 2013 at 1:06 pm

          ကျော် ပါ ချင်ရင် ခြုံတိုး ပါ။
          မိန်းကလေးတွေချည်း လည်မှာ။
          ခေါ်ဘူးးးး

          :mrgreenn:

  • အဘရဟူဒီ

    December 23, 2013 at 11:45 am

    အဲ့ဖုန်း. ကို ပိုလိုချင်လာပီညော်.

    • KZ

      December 23, 2013 at 11:51 am

      ဟီးဟီးးးး
      ကန်နွန်နဲ့ရိုက်ထားတာလည်း ပါပါတယ်။
      ပြင်တာကတော့ ဖုန်းနဲ့ချည်းပဲ။
      ဒါကြောင့် တစ်ချို့ပုံတွေ ပြင်ပျင်းလို့ ထားခဲ့ရတယ်။

      :mrgreenn:

  • Wow

    December 23, 2013 at 12:32 pm

    ဒေါင်းနမိတ်ထွန်းနေဘီ… ထင်တယ်နော်.. :kwi:

    • KZ

      December 23, 2013 at 12:40 pm

      ဟိ။
      အာ့ကြောင့် မရ အရ ရိုက်လာရတာပေါ့။
      :kwi:

    • အဘရဟူဒီ

      December 23, 2013 at 3:18 pm

      ဒေါင်းဥ ဆြာယီး မလာသေးပါလားညော်…..

      ငိငိ

  • sorrow weaver

    December 23, 2013 at 1:00 pm

    နောက်နှစ်တော့ ချစ်သူလေးလက်ကိုဆွဲပြီး ဒီဇင်ဘာခွစ်မက် စလုံးမှာလာလုပ်ပစ်မယ်..အဟိဟိ

    • KZ

      December 23, 2013 at 1:03 pm

      လာမဲ့ ရက် ကြိုပြောပါ။
      ပုန်းနေမို့။

      😀

    • KZ

      December 23, 2013 at 2:02 pm

      ခရစ်စမတ်ကိုချစ်အောင် မမဂျီး တာဝန်ယူပါတယ်။
      ဒီကို လွှတ်လိုက်ပါလို့။

      :chit:

  • Crystalline

    December 23, 2013 at 2:48 pm

    Christmas ကိုချစ်တယ်.. သို့ပေမယ့် အဲဒီ X’mas မှာ မူးရူးသောက်စားပြီး လမ်းမှာသောင်းကျန်းသူတွေကိုတော့မုန်းတယ်.. :)) ဒါ့ပုံလှလှလေးတွေကြည့်ရတော့ လာလည်ချင်သွားတယ်.. နှစ်ကုန်ခါနီး ဟိုမေးဒီမေးလုပ်တဲ့ ဟိုလူကြီးမင်းတွေဆီက ဟိုဟာဒီဟာတွေရပြီးပြီလားဟင်.. :mrgreenn:

    • KZ

      December 23, 2013 at 2:58 pm

      ဟိုတွေးဒီတွေးနဲ့ မျှော်ရလွန်းလို့
      ဟိုငေး ဒီငေး နဲ့ တွေးရလွန်းလို့
      ဟို အကြွေး ဒီ အကြွေး ယူမိလို့
      ဟိုပြေး ဒီပြေး ပြေးနေရပါပြီ ခရစ်လေးရယ်။
      ဒီ လကုန်ကို စောင့်နေပါတယ်ကွယ်။
      😀

  • kai

    December 23, 2013 at 3:46 pm

    အာရှနိုင်ငံတွေ..ခရစ်စမတ်..အလှက.. ခရစ်ယန်တိုင်းပြည်တွေထက်.. အပြင်အဆင်ပိုသာနေတယ်ထင်မိတယ်..
    တကယ်ပြောတာ.. :mrgreen:

    • KZ

      December 23, 2013 at 3:57 pm

      အဲလာ အနော်ကြောင့် အနော့ကြောင့်။
      ရိုက်တဲ့သူကို ကြည့်ပါလားလို့။
      ဟေးဟေးဟေးးး

      :mrgreen:

  • TNA

    December 23, 2013 at 4:51 pm

    လှလိုက်ချက် တော်တော်လေးကိုအလှဆင်ထားတာကိုး။ ဒါကချင်ကျားပူအစိုးရကလုပ်ထားတာလား။ လုပ်ငန်းရှင်တွေကလုပ်တာလားဟေ။ ဒေါင်းကတော်တော်လှတာပဲ။

    • KZ

      December 24, 2013 at 8:15 am

      မွသဲ။
      ဟိုတယ်တွေ ရှော့ပင်းမောတွေက ကိုယ့်နေရာကို ကိုယ့်အိုင်ဒီယာနဲ့ အလှဆင်ပြီး လမ်းကတော့ စလုံး အစိုးရက တာဝန်ယူတယ် လို့ သိထားတာပဲ..

      🙂

  • ခရစ္စမတ်ဘယ်လောက်လှလှ အနွေးထည်မှမဝတ်ရရင် လုံးဝမပီပြင်ဘူးလို့ခံစားရတယ်။
    တစ်ကမာ္ဘလုံးဘယ်ဘာသာဝင်မဆို (အစွန်းရောက်နိုင်ငံတွေတော့မသိ) ခရစ္စမတ်ကိုချစ်နေကြပါပြီ။
    ကိုယ်အလည်းအတူတူပဲ။
    ဒီမှာလည်း ပါ့ကညောပေါလို့တော်တော်အလုပ်ရှုပ်နေကြပါပြီ။
    တောခရစ္စမတ်ပေါ့။ရိုက်ပြစရာတော့မရှိပါဘူး။
    ဘာပဲဖြစ်ဖြစ် နှင်းလေးတွေနဲ့ခရစ္စမတ်နဲ့တွေးမိရင် အရမ်းနေချင်တယ်
    🙂

    • KZ

      December 24, 2013 at 8:13 am

      ဟုတ်တယ်။
      ခရစ်စမတ်ဆိုတာ အနွေးထည် လှလှလေးနဲ့ မာဖလာလှလှလေး လည်မှ အရသာရှိတာ။
      အဲ မာဖလာနဲ့ ဆင်တူဦးထုပ်လေးလဲ ပါသင့်တယ်

      :kwi:

  • Mr. MarGa

    December 23, 2013 at 7:27 pm

    ဒေါင်းတွေ ဝေနေတာကို မြင်သွားပါတယ်။
    ကင်မရာနောက်ကလူရဲ့ ရိုက်ချက်ကို မြင်သွားပါတယ်။
    ဒီအလှတွေ နောက်ခံထား ပုံကလေးတွေများ မရိုက်ခဲ့ဘူးလား လို့လဲ မေးလိုက်ချင်ပါတယ်။
    (မရိုက်ဘဲတော့ မနေဘူးထင့်) :mrgreenn:

    • KZ

      December 24, 2013 at 8:06 am

      အဲဒါကို ပြချင်တာပဲ။
      အာ့ကြောင့် ကျန်တဲ့ဓာတ်ပုံတွေပါ တင်ရတာ။
      ကင်မရာနောက်ကို ဘာတွေမြင်သွားတုန်းးး
      ကြိုးကိုင်သူကို မြင်သွားလားးး

      😀
      ကွကိုယ်လည်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။
      ဖွဘုတ်မှာ မက်စိနောက်နေကြပြီဆိုလို့ တင်တော့ဘူး

      :hint:

  • padonmar

    December 24, 2013 at 12:36 am

    ဒေါင်းပျိုမေကိုကြိုက်တယ်။
    တခါတုံးကလည်ခဲ့ရတဲ့ ခရစ်စမတ်နဲ့ မိတ်ဆွေများကို သတိရမိပါတယ်။

    • KZ

      December 24, 2013 at 8:07 am

      ကျနော်တို့ သီတင်းကျွတ်ပွဲတော်ကို ဂလို မီးထိန်ထိန်နဲ့ ကျင်းပနိုင်တဲ့ နိုင်ငံချမ်းသာတဲ့တစ်နေ့ကို မကြုံဖူးပဲ လွမ်းနေတယ်။

      :hint:

  • ဗုံဗုံ

    December 24, 2013 at 10:17 am

    ငယ်ငယ်တုန်းက သူတို့တွေသီချင်းလာဆိုရင် ပျော်လိုက်တာ….
    ဤအိမ်ပေါ်ကို ကောက်ညှင်းထုပ်တွေ ရောက်စေသော်….ရောက်စေသော်…..
    မိဗုံက အစားအသောက် ငမ်းငမ်းတက်နေတဲ့ သူတွေဆိုတော့..
    အဲ့လိုချည်းဘဲကြားတာ…… :mrgreen:
    သူတို့ သီချင်းလေးတွေက ချစ်ဖို့ကောင်းတယ်…….
    ဆိုတဲ့ ကောင်လေးတွေကလည်း ချစ်ဖို့ ကောင်းတယ်… :mrgreen:

    • KZ

      December 24, 2013 at 12:42 pm

      ဟယ်။
      အာ့မိုးလေး တစ်ယောက်လောက် ပြန်မလွှတ်ပဲ မနေလိုက်ဘူးလားးး
      :mrgreen:

  • ခင် ခ

    December 24, 2013 at 3:52 pm

    ငယ်ငယ်က ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ ကရင်တွေကြားထဲမှနေခဲ့ရသေးတော့ X-mas ဆိုရင် သူတို့နဲ့အတူဝိုင်းဖွဲ့ကာ စားသောက်ခဲ့ကြ သူတို့သီချင်းတွေဆိုကြတော့လည်း လိုက်ဆိုကာအားပေးခဲ့ကြနဲ့ အတော်ပျော်ခဲ့ဖူးတာပေါ့ဗျာ။
    မကြုံဖူးပေမယ့် ဓာတ်ပုံလှလှလေးတွေကြည့်ခွင့်ရလို့လည်းကောင်းပါ၏ကွယ်။

    • KZ

      December 26, 2013 at 9:11 am

      လာ အားပေးတဲ့တွက် ကျေးဇူးပါ ကိုကြီးခ

      😀

  • ကျော်စွာခေါင်

    December 25, 2013 at 5:19 am

    ခရစ်စမတ်သယ်….အမ
    ကျော့်ကို ၁ဝသားရောင်းပေးပါ..ပူပူလေးနော်..
    စ”တာပါ..
    ဓါတ်ပုံတွေ လှလိုက်တာ..
    ဒေါင်းပျိုမေလဲလှ….
    ဒေါင်းပျို ကေ လဲ လှ….
    ခွိ..။

    ခရစ်စမတ်မှာ ဘယ်လို အကြောင်းမျိုးနဲ ့ဘဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ။

    • KZ

      December 26, 2013 at 9:12 am

      ၁ဝ သားပဲနော်။ အဆစ်မတောင်းရဘူးနော်။
      :mrgreenn:

      ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      ကေဇီ ပုံတင်ထားတာကျ လှတယ်ပြောမသွားဘူးးး

      :hint:

  • ဦးကြောင်ကြီး

    December 26, 2013 at 12:56 pm

    ဆွိ.. မင်းနဲ့ငါ ဇက်လမ်း ဒီမှာပြတ်ပီ၊ မင်းခြစ်တဲ့သူဆီမှာပဲ နေရစ်ခဲ့ဗေဒေါ့.. ငါ့ကိုတွေ့ချင်ရင် မဟာမြိုင်တောထဲ ခေါင်းတုံး သီလရှင်ဝတ်ပြီးသာ လိုက်ခဲ့ပါ၊ လူဝတ်ကြောင်နဲ့ ရေစက် ဒီမှာဆုံးလဗျီ။

    • KZ

      December 27, 2013 at 4:01 pm

      ရက်စက်လိုက်တာကြောင်။
      ကျုပ်က ဘယ်သူနဲ့နေခဲ့ရမှာတုန်းးးး

      :hint:

Leave a Reply