တ​နေ့​သောခါ …. တစ်​ခါက​ပေါ့…..

ေမာင္ရိုးDecember 22, 20131min41546

တစ်​ခါကဆီ

ဒဏ္ဍာရီဟု

ရည်မျှော်တမ်းတ

ဘဝနေဝင်

လေနှင်ရွက်ဝါ

ချိန်သင့်ပါပြီ

ကြွေပါစေတော့

နေလေတော့နော် ………

 

 

လူကြီးဆိုတာ တခါတုန်​းက လူငယ်​ပါပဲ …

ဒီလိုပါပဲ …. လူငယ်​ဆိုတာ တ​နေ့ကျရင်​ လူကြီးဘဝ ​ရောက်​ကို​ရောက်​ရပါလိမ်​့မည်​ ။

အိုခြင်​း .. နာခြင်​း… ​သေခြင်​းတို့ကို မည်​သူ​ရှောင်​နိုင်​မည်​နည်​း …။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

“အလကားပါကွာ.. ဒီအဖိုးကြီး​ခေတ်​မမှီ​တော့ပါဘူး… နားစမ်​းပါ ”

ထိုသို့​သောစကားတို့ကို ကျ​နော်​ငယ်​စဉ်​ကဆိုခဲ့ဖူးပါလိမ်​့မည် ။

ယခု​သော်​.. ထိုဝဋ်​တို့ ကျ​နော်​လည်​​တော့မည်​ထင်​၏ ။

အသက်​အရွယ်​အပိုင်​းအခြား​ကြောင်​့ အမြင်​မတူမှုများသည်​

ဘယ​်​​သောအခါမှ ​ပျောက်​ကွယ်​မည်​မဟုတ်​ ။

အစဉ်​အဆက်​ ကွဲလွဲ​နေဦးမည်​သာ ။

နားလည်​​ပေးမှု ၊ သည်​းခံခွင်​့လွှတ်​မှု ၊ အချင်​းချင်​းအပြန်​အလှန်​​လေးစားမှု … ထိုသို့​သော

ကြားခံ​ချောဆီ​လေးများရှိပါမှ​ အတန်​သင်​့အဆင်​​ပြေနိုင်​ပါလိမ်​့မည်​ ။

ကျ​နော်​တို့ နိုင်​ငံ၏မိရိုးဖလာ ထုံးစံသည်​ လူကြီးစကားကို လူငယ်​များအားနား​ထောင်​​စေချင်​​ပေသည်​ ။

ထို့​ကြောင်​့ … ပြန်​ခံမ​ပြောနဲ့ဟူ၍လည်​း​ကောင်​း ၊ လူကြီး​ပြောလျှင်​နား​ထောင်​ရမည်​ဟု လည်​း​ကောင်​း

ဩဝဒ​ချွေခံခဲ့ရသည်​ ။

 

လူကြီးများအမြဲမှန်​သ​လော…?

တခါတရံ မကြာခဏ မှားတတ်​ပါသည်​ ။

ထို့​ကြောင်​့ … ကျ​နော်​ ငယ်​စဉ်​ကဤသို့ဆိုခဲ့ဖူးသည်​။

“​ရှေးလူကြီးစကား .. ၃ နဲ့စား .. ၊ ကျန်​တဲ့ တစ်​ဝက်​ ယုံရခက်​ …”

 

ယခု​သော်​ …. သား ၊သမီးတို့ပင်​ အလယ်​တန်​း​ကျောင်​းသူားအရွယ်​သို့​ရောက်​​နေ​လေပြီ ။

ကျ​နော်​သည်​လည်​း သက်​လတ်​ပိုင်​းကိုစတင်​​ကျော်​ဖြတ်​ပြီး ဇရာ၏ ​ရှေ့​ပြေးပုံရိပ်​တို့ကို​တွေ့​နေရပါပြီ ။

​ရောဂါ​ပေါင်​းစုံတို့၏ အလုပ်​​လျောက်​လွှာများကား …

အလုအယက်​ သူ့ထက်​ငါ ဒစ်​စ​ကောင်​့ချ​နေ​လေပြီ ။

ငါ…… အို​တော့မှာပါလား…….

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

တချိန်​က ….

ကျ​နော့သမီး​လေးသည်​ ကျ​နော်​အလုပ်​သွားလျှင်​

ပြတင်​း​ပေါက်​မှ လက်​ပြနှု်​တ်​ဆက်​တတ်​သည်​ ။

ကျ​နော်​ ပြန်​ချိန်​​ရောက်​လျှင်​ တံခါးဝမှာ​စောင်​့​နေတတ်​ပြန်​သည်​ ။

မပီကလာပီကလာဖြင်​့ ​” ​ဝေးးးးး…

အရုတ်​ကပန်​လာဘီ ” (အလုပ်​ကပြန်​လာပြီ)

ထိုသို့ ​အော်​ရင်​း​ပြေးဖက်​တတ်​သည်​ ။

ယခု… ထိုသို့မဟုတ်​​တော့ပြီ ။

​ကျောင်​း.. ကျူရှင်​ .. သင်​တန်​း .. သူလည်​း လူ့ဘဝထဲဝင်​ဖို့ ​လေ့​ကျင်​့​ရေးဆင်​း​နေပြီပဲ..။

ကျ​နော်​့ကို ​စောင်​့ကြို​သောသူသည်​ သမီးမဟုတ်​​တော့ပါ ။

 

ကျ​နော်​အလုပ်​ကပြန်​၍ တံခါးဝတွင်​လူ​ခေါ်​ခေါင်​း​လောင်​းနှိတ်​​သောအခါ

ကျ​နော်​သားက တံခါးဖွင်​့​ပေးသည်​ ။

ကျ​နော်​အပြင်​သွားလျှင်​ ဝရံတာမှမျက်​စိတဆုံးကြည်​့​နေတတ်​သည်​ ။

ညဖက်​ ၉ နာရီ​ကျော်​လို့မှ ပြန်​မ​ရောက်​လျှင်​ ဖုန်​းတဂွမ်​ဂွမ်​ဆက်​သည်​ ။

ကျ​နော်​ပြန်​မလာမခြင်​း သူမအိပ်​ပဲ ​စောင်​့​နေတတ်​သည်​ ။

ယခုအချိန်​တွင်​ ထိုသို့အ​ခြေအ​နေပင်​ဖြစ်​သည်​ ။

သို့​သော်​ …. ​နောင်​နှစ်​​ပေါင်​း ၂ဝ ခန်​့အကြာတွင်​မူ …..

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

တုန်​တုန်​ရီရီဖြင်​့ ​သော့​ပေါက်​ထဲသို့ ​သော့​ချောင်​းကိုမမြင်​မစမ်​းထိုး​နေ​သော အ​ရေတွန်​့​နေ​သော

လက်​တစ်​စုံ…………

အ​နွေးထည်​အထပ်​ထပ်​ဖြင်​့ ချမ်​းတတ်​​နေ​သော ချိနဲ့နဲ့ လူကြီးတစ်​​ယောက်​ …………..

သား၊သမီးတို့အလုပ်​ကအပြန်​ကို နာရီကြည်​့ပြီး​မျှော်​​နေတတ်​သည်​့ အဖိုးအို…….

​သား အပြန်​ကိုမအိပ်​​သေးဘဲ​စောင်​့​နေတတ်​တဲ့ လူအိုကြီးတစ်​​ယောက်​ …..

“ဟာ…အ​ဖေ မအိပ်​​သေးဘူးလား … မ​စောင်​​့နေနဲ့လို့​ပြောထားသားပဲ … ”

တချိန်​က… သူ​ပြောခဲ့ဖူး​သော ဝါကျတချို့ကိုခံယူရင်​း…..

.

.

.

တချိန်​က ကားလမ်​းကူးလျှင်​ သားကိုလက်​ဆွဲပြီး ခတ်​သွက်​သွက်​ ကူးခဲ့ဖူးသည်​ ။

ယခု …. ​နှေးတုန်​့တုန်​့ဖြစ်​​နေ​သော သူ့ကို သားကဆွဲ၍ကူး​ပေး​သည်​ ။

ယခင်​က သူ့အပြန်​ကို ​ချောင်​းကြည်​့​ပေါက်​​လေးမှသားက ကြည်​့ပြီး

တံခါးဖွင်​့​ပေးခဲ့သည်​ ။

ယခု .. သူ အဲဒီအ​ပေါက်​ကို ​ခြေသံကြားတိုင်​း​ချောင်​းကြည်​့​နေတတ်​​လေပြီ ။

သား ​လုပ်​​နေ​သော အလုပ်​​တွေကို သူနားလည်​ခဲ့​သော်​လည်​း

ယခု … သားက သူ့ကိုအနား​ပေးထားခဲ့သည်​ ။

​ခေတ်​​တွေ ​ပြောင်​းပြီမို့ … အ​ဟောင်​းတို့ လွင်​့ရ​ပေ​တော့မည်​ ။

​ရော်​ဝါရွက်​သည်​ … ​မြေမှာသက်​ဖို့ ဆင်​းရပြီ ။

တချက်​တချက်​ ပင်​ယံထက်​က ဖူငုံရွက်​နု​လေးများကိုကြည်​့ရင်​း …

အားကျ​​ကောင်​း အားကျ​နေပါလိမ်​့မည်​ ။

သို့မဟုတ်​ …. တ​နေ့ ဒို့လိုပဲ ဆင်​း​ပေးရမှာပါလားဟု သံ​ဝေဂ

ယူ​နေမည်​လား.. မ​ပြောတတ်​ပါ ။

မှုန်​​ဝေ တုန်​ရီ​နေ​သော အဖိုးအိုတစ်​​ယောက်​၏ အိမ်​မက်​မြစ်​သည်​

ခမ်​း​ခြောက်​ခဲ့သည်​မှာ ကြာ​လေပြီ ။

ပြီးခဲ့​သော အတိတ်​တို့ကိုသာတမ်​းတခြင်း​ဖြင်​့ အားပြုရရှာ​လေသည်​ ။

ရှိပါ​စေ​တော့ ………..

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

“အ​ဖေတို့ဘာမှနားမလည်​ပါဘူး….. ​ခေတ်​မတူ​တော့ဘူးဗျ ”

” ဟာ … … အ​ဖေ… ကျ​နော့ကိုထမင်​းစားမ​စောင်​့နဲ့​လေ… ကျ​နော်​အလှုပ်​အရမ်​းရှုပ်​တယ်​ဗျာ .. ”

 

 

 

 

 

 

 

 

 

 

” ကိုယ်​့ဟာကိုယ်​​အေး​အေး​နေပါဗျာ …. ဒီ​ခေတ်​ကိုအ​ဖေတို့နားမလည်​ပါဘူး ..”

” ​ရှေးလူကြီးစကား.. ၃ နဲ့စား .. ကျန်​တဲ့တစ်​ဝက်​..

ယုံရခက်​ … ”

 

​နောင်​အနှစ်​နှစ်​ဆယ်​​ကျော်​မှာ…….

ကျ​နော်​ ့သားက ဒီလိုများ​ပြော​နေမလား .. ?

ကျ​နော်​ … ခံနိုင်​ရည်​ရှိပါ့မလား …?

ကျ​နော်​ ဒီည​နေ အိမ်​ပြန်​ရင်​ သားကို​ပြောပြရဦးမယ်​ ……

 

… ” သား​ရေ… မင်​းအခု​ဖေ​ဖေ့ကို ရပ်​​စောင်​့ပြီး တံခါးဖွင်​့​ပေးတဲ့

​နေရာ​လေးမှာ .. ​နောင်​နှစ်​​ပေါင်​း ၂ဝ ​ကျော်​ရင်​ ….

​ဖေ​ဖေ​စောင်​့ပြီး ဖွင်​့​ပေးရမှာပါ…… လို့ …. “……

 

 

 

​လေးစားလျှက်​

​မောင်​ဆာမိ

 

 

 

 

 

 

 

 

46 comments

  • alinsett

    December 22, 2013 at 5:19 pm

    လူငယ်ဆိုတာ နောင်တစ်ချိန်မှာ ဖြစ်လာမယ့် လူကြီး

    လူကြီးဆိုတာ အရင်တစ်ချိန်က လူငယ်

    :kwi:

    ဒဿန အတွေးတွေ တဝေဝေနဲ့ ဖတ်လိုက်ရလို့
    လက်မ ထောင်လိုက်ပါတယ် ခည

    • surmi

      December 23, 2013 at 10:18 am

      @အလင်​းဆက်​…
      ဒဿန​တော့မဟုတ်​ပါဘူး…
      အခုတ​လော​နေထိုင်​မ​ကောင်​းဖြစ်​ရင်​း
      ​တောင်​​တွေး​မြောက်​​တွေး​တွေပါ …

      @မခိုင်​ဇာ …
      မရှိမဖြစ်​အချက်​တစ်​ခုကို​ထောက်​ပြ​ပေးတာ​ကျေး​ကျေး​နော.
      ကျ​နော်​တို့ ​တွေ့ကြုံ​နေရတဲ့ လူမှုအဖွဲ့အစည်​း​တွေမှာ အဲဒါလို​နေတာပါ ။

  • KZ

    December 22, 2013 at 6:49 pm

    Every relationship need/must have “Respect for Each Others”
    🙂

  • Mr. MarGa

    December 22, 2013 at 11:21 pm

    လူကြီးနှင့် လူငယ်
    ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလ၊ ရခဲ့တဲ့အတွေ့အကြုံ၊ ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်
    ဘယ်လိုမှ မတူနိုင်ဘူးကိုးဗျ။
    ဒါပေမင့်
    ယနေ့လူငယ် နောင်ဝယ်လူကြီး တဲ့
    လူကြီးတွေ လူငယ်တွေကို နားလည်ပေးကြပါ။ နားလည်အောင်ရှင်းပြပေးပါ။
    လူငယ်တွေ တစ်ဖက်ကနေ လှည့်တွေးကြပါ။ လူကြီးတွေကို ချဉ်းကပ်ပါ။
    လူငယ်လူကြီး အမြင်မတူတာကို ငြင်းနေကြမယ့်အစား အထင်သေးနေကြမယ့်အစား
    လူကြီးတွေရဲ့ တွေးခေါ်မြော်မြင်မှု အားကို
    လူငယ်တွေရဲ့ တက်ကြွတဲ့ အားမာန်နဲ့ ပေါင်းပေးလိုက်ချင်တယ်။
    မတူတာကို ခဏထား နားလည်မှုကို အရင်ဆောက်ကြရင်ကောင်းမယ်နော်……..

    • surmi

      December 23, 2013 at 10:30 am

      @သဂျား..
      ကိုပ်​ကိုယ်​တိုင်​က မကြာမကြာလူကြီး​တော်​လှန်​​​ရေးလုပ်​ခဲ့ဖူးတာ​လေ..။
      အခုလည်​း လူငယ်​မက လူကြီးမကျဆို​တော့..ဖားတပိုင်​းငါးတပိုင်​းပါပဲ
      ​သေချာတာက​တော့… ဘယ်​​တော့မှ​ ြပြန်​မငယ်​​တော့ဘူး​ဟေ့…

      @အစ်​မ​ပဒုမ္မာ​..
      အခုလိုမျှ​ဝေ​ပေးတာ ​ကျေးဇူးကြီးကြီး​နော
      တကယ်​ကိုဖြစ်​​လေ့ဖြစ်​ထရှိတဲ့သ​ဘော​လေး​တွေပါ …
      လူကြီးတစ်​​ယောက်​ကိုနားလည်​​ပေးဖို့က
      လူကြီးဖြစ်​လာမှ ကိုယ်​ချင်​းစာနိုင်​တာဆို​တော့
      အခုလို ြကြို​တွေးထားတာ ပို​ကောင်​းမယ်​ထင်​တယ်​​လေ…

  • padonmar

    December 23, 2013 at 12:58 am

    ဖွဘုတ်က မလာပါတယ်။

    Aye Chan Mon’s photo.
    မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။ (၁) အင်းပါ! အင်းပါ! သိပြီ… အရမ်းရှုပ်တာပဲ! (၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်! (မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့) (၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့! (၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့….. လုပ်ထားတာတွေကလည်း မကောင်းဘူး။ (သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်) (၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။ (မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်) (၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။ (ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့) (၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့! (ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ) (၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး! (သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်) (၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။ (၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ! (မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ… နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! ) မူရင်းရေးသားသူကို ကျေးဇူးတင်ပါသည်။လွင်သန္တာစိုး Aye Chan Mon# Credit To>လွင်သန္တာစိုး လွင်သန္တာစိုး <ပြန်လည်မျဝေခြင်းဖြစ်ပါသည်

  • မောင်မိုဘိုင်(သလ္လာဝတီ)

    December 23, 2013 at 6:07 am

    ဦးဆာမိက မယုံရင် ပုံပြင်မှတ် ဆိုပေငြားးး
    ယခုပို့စ်ထဲမှာပါတဲ့ အကြောင်းအရာတွေကိုတော့
    တစ်နေ့မှာ ကျနော်တို့ ကိုယ်တိုင်လည်း
    မလွဲမသွေ တွေ့ကြုံလာ ဦးမှာပါလားဟု ယုံကြည်ပါတယ်။

  • အမှန် တော့ ဖြတ် သန်း မူ့ ကွာ လျင် အ တွေး ကွာ ပါ သည်။
    အပြန် အလှန် အပြစ် ပြော နေ မည့် အ စား
    မောင်သာရ ပြော ခဲ့ သလို
    သူ့ဘက်က နည်းနည်းလျော့ ကိုယ့် ဘက် က နည်း နည်းလျော့ ကြ လျင် အဆင်ပြေ မည် ထင်ပါသည်

    • surmi

      December 23, 2013 at 10:37 am

      ​@ကိုရင်​မိုဘိုင်​း
      အ​ရောက်​လာအား​ပေးတာဝမ်​းသာတယ်​ဗျို့..
      ​သေချာ​ပေါက်​အိုရမှာမို့… ြကြို​တွေးမိတာ​လေးတစ်ခုပါ​…

      @အစ်​ကို ကို​ပေါက်​
      အ​တွေး ကွာတာက​တော့ အခုကတည်​းကအစ်​ကို​ရေ…
      တခါတ​လေ ကျ​နော်​​ပြောတာ​တွေကို သားက ြြပြန်​ပြီး ​မေးခွန်​းထုတ်​​နေတာ​လေ
      အမှန်​ပဲ… နဲနဲစီ​လျော့ကြပါဗျို့ 🙂

  • ခင် ခ

    December 23, 2013 at 9:19 am

    မနက် အာရုံတက်နေထွက်သည့်အချိန်ဆိုတာ နေ့တိုင်းရှိသည်။
    ထိုအတူ ညနေဆည်းဆာနေဝင်သည့်အချိန်ဆိုတာလည်း နေ့တိုင်းရှိပါသည်။
    အာရုံတက်နေအထွက်ဟာ နေခြည်တွေတဖြေးဖြေးဖြာကာ အလင်းအားတွေဖြန့်ကျက်ပြီး လောကတခွင်သို့ လင်းစေခဲ့ပေမယ့် ဆည်းဆာနေဝင်ချိန်ကတော့ အလင်းရောင်လေးများ တဖြေးဖြေးဖျော့လျှော့ကွယ်ပျောက် သွားတဲ့သဘောတရားကလည်း အမြဲရှိနေသည့် သဘာဝတရားပါ။
    ကျွန်တော်တို့တွေ ဆည်းဆာနေဝင်ချိန်လေးကို လှသည်ထက်လှအောင် ချယ်မှုန်းနိုင်ကြမယ်ဆိုရင် သဘာဝတရားကို အံတုနိုင်မယ်ထင်။

    • surmi

      December 23, 2013 at 10:46 am

      @ဦးခ
      ​နေဝင်​ချိန်​မှာတခါ​လောက်​​တော့​တောက်​ပချင်​ကြတာ သဘာဝဘဲထင်​တယ်​…
      နာလည်​​ပေးနိုင်​ပြီး အား​ပေးနိုင်​ရင်​ပို​ကောင်​းမလားပဲ

  • မဟာရာဇာ အံစာတုံး

    December 23, 2013 at 9:29 am

    တစ်နေ့သော အခါမှာတော့ ..
    ဒီလမ်းဟာ ဒီလမ်းပေါ့ ဥဥဆာ ရယ် …
    ဒီလမ်းဟာ စမ်းရေလို အေးမြတဲ့ လမ်းလေးသာ ဖြစ်ခဲ့ရင်တော့
    အတိုင်းထက် အလွန်ပေါ့ ခညာ

    • surmi

      December 23, 2013 at 11:05 am

      @​မောင်​အံ
      ကြိုမသိနိုင်​တာ​တွေများလို့
      အဆိုးဆုံးအတွက်​ပြင်​ဆင်​ထားသင်​့တယ်​​လေ
      အ​ကောင်​းဆုံး​တွေက်ိုနှစ်​သက်​တတ်​​ပေမယ်​့
      အဆိူးဆုံးအတွက်​ခံနိုင်​ရည်​လည်​းရှိပါ့မလား ကိုယ်​့ကိုကိုယ်​ အယုံရဲဘူး..

      @မွန်​မွန်​
      မွန်​မွန်​​ပြောသလိုသာဆိုရင်​
      တစ်​နှစ်​​နေလို့ တစ်​ခါ​တွေ့ရပါ့မလားမသိ
      ​အော်​…… သံသရာ… တဝှီးဝှီးနဲ့ကိုလည်​​နေတတ်​ပါလား… 🙁

  • လုံမလေးမွန်မွန်

    December 23, 2013 at 9:48 am

    အူးဆာရယ်..
    မျက်မှန်လေးကိုပဲ တံခါးဖွင့်ပေးရမလား… အဘိုးအိုက တစ်အိမ်..မျက်မှန်လေးက သူ့မိသားစုနဲ့ တစ်အိမ်များ ဖြစ်နေမလား..

    မတူတဲ့အတွေးနဲ့ မန့်သည်.. 🙂

  • sorrow weaver

    December 23, 2013 at 10:29 am

    10 နှစ်သားတုန်းက အဖေနဲ့အမေက ..ကြောက်ချာကြီး ( တုတ်နဲ့သမလို့ )
    20 နှစ်သားတုန်းက အဖေနဲ့အမေက ..နည်းနည်းပွက်တယ်…ကဂျီကကြောင်အတော်နိုင်တယ်…
    30 နှစ်သားကျတော့ …အဖေနဲ့အမေ …အနားမှာမနေရတာကိုက ငရဲ ….
    ဆယ်စုနှစ်တခုစီအတွင်းမှာပြောင်းလဲသွားတဲ့ အတွေးကိုပြောပါတယ်..

    • surmi

      December 23, 2013 at 11:11 am

      @ကိုရင်​​ဆောရိုး
      ၄ဝ ​ရောက်​ရင်​ နဲနဲစပြီးကိုယ်​ချင်​းစာတတ်​လာလိမ်​မယ်​
      ၅ဝ ဆိုရင်​ ​တော်​​တော်​​လေး ​နောင်​တရ​နေတတ်​ပြီ
      ၆ ဝ မှာ စပြီးအထီးကျန်တော့မယ်ထင်ရဲ့

      @ဗုံဗုံ
      ဝဋ်ဆိုတာ မနေဘူးနော် 🙂
      ကြုံရဦးမှာစိတ်ချ

  • ဗုံဗုံ

    December 23, 2013 at 11:04 am

    ကိုယ်များအိမ်ထောင်ကျလို့…(ဖွဟဲ့ ပြောကောင်းမပြောကောင်း) :mrgreen:
    ကလေးများမွေးခဲ့လို့ရင်…
    ကိုယ်လိုသားသမီးမျိုးတော့ မရချင်တာအမှန်ဘဲ ဆာဆာရယ်….
    ကမ္ဘာပျက်ရချည်ရဲ့……..:mrgreen:

  • Wow

    December 23, 2013 at 11:26 am

    တိဝူး… တိဝူး.. အပျိုဂျီးကို ဘာတွေလာမေးနေတာလဲ… :mrgreen:

    • surmi

      December 23, 2013 at 11:39 am

      ​နောင်​နှစ်​​ပေါင်​း ၃ဝ ခန်​့ကြာ​သော်​……….

      “” ကြီးကြီး​ရေ …. တံခါး​တွေ​သေချာပိတ်​​နော်​… ​သော့ခတ်​ဖို့လည်​းမ​မေ့နဲ့ …မီး​တွေဖွင်​့ပြီးရင်​ပြန်​ပိတ်​​နော်​….
      ဘယ်​သူလာလာတံခါးဖွင်​့မ​ပေးနဲ့ …
      အိမ်​ထဲမှာပဲ ​ကောင်​း​ကောင်​း​နေ​နော်​ ….””

    • KZ

      December 23, 2013 at 12:05 pm

      ဟိုဘက်အိမ်က သား သူငယ်ချင်း ကောင်လေးကို လည်း သွားသွား ရှိတ် မနေနဲ့ဆိုတာရော မှာရမယ်။
      ဂျီး ဝါး ကို စိတ်မချနဲ့လို့။
      ဟိဟိ

      :mrgreen:

      • ဗုံဗုံ

        December 23, 2013 at 12:33 pm

        အံမယ်…အံမယ်…တူလည်း အတူတူဘဲဟာဂို….. ခပ်တည်တည်နဲ့… မမဂျီးကတော့ :mrgreen:

        • KZ

          December 23, 2013 at 12:42 pm

          ကျန်းးးးး
          သူ့ဂျီးဝါး ထိတော့ မခံနိုင်ဘူး နာ့ ကို ပြန်ပြောတာ၊။

          :hint:

        • Wow

          December 23, 2013 at 1:35 pm

          ဘယ်ခံမလဲ ဗုံကလေးရဲ့လေဖြတ်နေတဲ့အူးလေးနဲ့ စေ့စပ်ထားဒါလေ… :mrgreen:

  • nozomi

    December 23, 2013 at 1:00 pm

    တစ်ခုခု ပြောလိုက်ရင် ရင်ထဲက အရှိန်လေးတွေ ပျော့သွားမှာ စိုးလို့

    “ဟတ်ထိတယ်” ဆိုတာလေးပဲ ပြောချင်တော့တယ် ဆရာဆာ ရေ

    • surmi

      December 24, 2013 at 8:28 am

      ကိုနို​ရေ….
      လာ​ရောက်​အား​ပေးဖတ်​ရှုသွားတာ​ကျေး​​ကျေးဗျာ ….
      တကယ်​​တော့… ​တွေးမိတာကကြာပါပြီ
      အခုမှ ​နေထိုင်​မ​ကောင်​းဖြစ်​ရင်​း ​ရောက်​တတ်​ရာရာဟို​ရေးဒီ​ရေးလုပ်​လိုက်​တာ …
      ကျ​နော်​တို့ရဲ့မိဘ​တွေက​တော့ အခုချိန်​မှာ ကျ​နော်​တို့အိမ်​အပြန်​ကို​မျှော်​​နေရပြီ​ပေါ့…
      ကျ​နော်​တို့လည်​း ..​နောင်​နှစ်​အပိုင်​အခြားတစ်​ခု​ရောက်​ရင်​ …….

      @ခရစ်​စတယ်​လိုင်​း..
      ကျ​နော်​ကအရင်​ခံစားကြည်​့လိုက်​တာ​လေ….
      တကယ်​​တော့ …..
      ဘယ်​သူဖြစ်​ဖြစ်​​တွေ့ကြုံနိုင်​တာမို့
      အခုကတည်​းကပြင်​ဆင်​ကြည်​့တာ…
      ခံနိုင်​ရည်​ရှိပါ့မလားလို့​လေ…

  • Crystalline

    December 23, 2013 at 3:53 pm

    ဦးဆာရေ.. အရေးအသားကတော့ လူကိုကွက်တိထိတာပဲ.. :))

  • TNA

    December 23, 2013 at 5:26 pm

    ငါအိုသွားသောအခါ 😥

    • surmi

      December 24, 2013 at 9:07 am

      @မ​သဲနု
      အိုဖို့​ဝေးပါ​သေးတယ်​… 🙂
      ဟိုနေ့က ရွာကွတ်ပစ်မှာတွေ့တာ အန်တီသဲကတော်တော်နုတယ်ဆိုပဲ…

      @နန်းတော်ရာသူ
      လူကြီးတွေဘဝကို လွယ်လွယ်သဘောပေါက်နားလည်ပေးနိုင်တာကတော့
      သားသမီးရှိတဲ့အိမ်ထောင်သည်တွေကများပါလိမ့်မယ် ။
      တကယ်တော့ အပေါ်မှာပြောထားဖူးခဲ့သလို
      အပြန်အလှန်လေးစားမှုုနဲ့
      ကိုယ်ချင်းစာနားလည်ပေးတတ်မုှတွေကအရေးပါမယ်ထင်မိတယ် ။
      လူကြီးတစ်ယောက်ကိုပြုစုဖူးတာကောင်းပါတယ်
      ဒါမှ လူကြီးဘဝကိုပိုနားလည်ပေးနိုင်မှာပါ ။

  • ဦးဆာတွေးသလို အားလုံးလက်ခံရမှာမလွဲပါရှင်.။
    ဖေဖေမေမေကအဲ့အရွယ်မရောက်သေးလို့ အဲလိုမဆက်ဆံမိပေမယ့် ဘွားဘွားရှိတုန်းကတော့ နားလေးတဲ့အဘွားအိုကို မေးတာတွေစိတ်မရှည်တာရှိဖူးတယ်။ဒါပေမယ့် သေခါနီးအလူးအလဲအချိန်
    နောက်ဖေးဝတ်တွေကအစ ကိုယ်တိုင်လျှော်ပေး သန့်ရှင်းပေးခဲ့ရလို့ကျေနပ်မိပါတယ်။
    လောကမှာ သနားကိုယ်ချင်းအစာမိဆုံးက သက်ကြီးရွယ်အိုတွေနဲ့ကလေးလေးတွေပါ။
    ဒါပေမယ့် တစ်ချို့တွေက ကိုယ့်ကိုယ်ကို ကြီးလို့ကြီးတာ ကျလို့ကျတာကို သတိမမူပဲ ငါတကောကောတတ်၊မာန်တတ်တတ်နေပြီး သေချိန်ကျမှ ဘုံးခနဲကျသွားတတ်တာမျိုးတွေလည်း ကြုံဖူးတယ်။
    ဒါမျိုးက မသေခင်ကာလအထိ ဒေါသ၊မောဟ၊မာန်မာနတွေနဲ့လူငယ်တွေရဲ့မနှစ်မြို့မှုကိုခံယူပြီးမှ
    သွားကြရသူတွေပေါ့။သံဝေဂပေါင်းများစွာနဲ့ဆင်ခြင်ဖတ်ရှုသွားပါတယ်ရှင်။
    🙁

  • မင်း ခန့် ကျော်

    December 24, 2013 at 10:15 am

    မင်္ဂလာပါဗျိုးးး။

    မိဘတိုင်းအတွက်စဉ်းစားရမဲ့ အတွေ့အကြုံဖလှယ်သင့်တဲ့ပိုစ့်

    လို့ထင်ပါတယ်။ တယောက်နဲ့တယောက် ထပ်တူမကျနိုင်ပေမဲ့

    ဝေမျှလို့တော့ရလောက်ပါရဲ့။

    ကျတော်ကတော့ သား နှစ်ယောက်ရှိတယ်။

    သူတို့နှစ်ယောက်နဲ့ ထိတွေ့ဆက်ဆံတဲ့အချိန်တိုင်း

    သူတို့ရဲ့အသက်အရွယ်ဖြစ်အောင်ပြန်ငယ်ပစ်တယ်။

    သူတို့နဲ့ အတူ စဉ်းစားတယ်။လူပ်ရှားတယ်။ ထပ်တူဖြစ်အောင်နေတယ်။
    ဒီတော့ သူတို့ဘာလိုချင်တယ် ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် ဆိုတာမျိုး ကျတော်နားလည် လာတယ်။
    အပြန်အလှန်အားဖြင့် ကျတော်ဘာမကြိုက်ဘူး ဘာဖြစ်စေချင်တယ် ဘယ်လို စီမံထားသလဲ သူတို့သိတယ်။
    ဒီတော့ ကိစ္စတိုင်းနီးနီး သိပ်မညှိရတော့ဘူး။
    ကျတော်ဆိုလိုချင်တာက
    သားသမီးများနဲ့ အနီးကပ် (စိတ်ချင်းပါ)နေဖို့အချိန်ပေးပါ။
    သူတို့နဲ့အတူ ပြန်လည်ကြီးပြင်းပါ။
    ကျတော်တောင်ခု
    လူပျိုပေါက်ပဲ ရှိသေးတယ်လေ :mrgreen:

    • surmi

      December 24, 2013 at 11:32 am

      မင်္ဂလာပါ ကိုမင်​းမင်​း​ရေ…
      ကိုမင်​း​ပြောတာ​လေး​တွေကိုသ​ဘောကျနှစ်​ချိုက်​​ကြောင်​းပါ​နော ။
      က​လေး​တွေကို အတင်​း အဓမ္မ ပုံသွင်​းမယ်​့အစား
      လိုချင်​တဲ့ပုံစံဝင်​​အောင်​ ပုံ​ဖော်​တာပိုသ​ဘောကျပါတယ်​ ။
      ဆို​တော့….. ကိုမင်​းမင်​းရဲ့ နည်​းလမ်​းများဟာ သင်​့​တော်​လှ​ကြောင်​းပါ ။
      ပြီး​တော့ … တခါတရံ စိတ်​ပျိုကိုယ်​နုဆိုတာ​လေးလည်​း ​ထောက်​ခံပါ​ကြောင်​း 🙂

  • ဝင့်ပြုံးမြင့်

    December 25, 2013 at 12:24 am

    အဲလိုမျိုး မိဘနဲ့သားသမီး မကျေမလည်ဖြစ်ရတာ၊ ဒါမှမဟုတ် ရန်တကျက်ကျက် ဖြစ်ရတာလည်း ကောင်းတာပဲ။ တကယ်က ဒီ့ထက် ဆိုးရွားတဲ့နည်းလမ်း ရှိသေးတယ်။ အေးစက်သွားတာလေ။ အဲဒါမျိုးကျ ဘယ်လိုလုပ်မလဲ။ သူစိမ်းတစ်ယောက်လို ဖြစ်သွားမယ်။ အေးစက်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဦးဆာရဲ့ပို့်စ်ကိုဖတ်ပြီး သံဝေဂရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မပြုပြင်နိုင်ဘူး။ ဘဝမှာ မိဘက ကိုယ့်ကို အစိုးမိုးအခြယ်လှယ်နိုင်ခဲ့ဆုံး။ ကောင်းကျိုးရော ဆိုးကျိုးရော သူမတူအောင် ပေးခဲ့တဲ့လူတွေ။ တစ်ခါတလေ ပဲပြုတ်သယ် သားသမီးဖြစ်ချင်တယ်။ ခေါင်းရွက်ဖျပ်ထိုုး ဈေးသည်တစ်ယောက်ရဲ့ သားသမီးဖြစ်ချင်တယ်။ တကယ့် အညတရ စစ်စစ်ဖြစ်ချင်တယ်။ ဈေးထဲမှာ ထမီစွန်တောင်ဆွဲပြီး ရန်ဖြစ်ရဲတဲ့လူ ဖြစ်ချင်တယ်။ ဝုန်းဒိုင်း ဝုန်းဒို်င်းလုပ်မယ်။ ငိုချင်စရာရှိရင် ဝက်ဝက်ကွဲအောင် ငိုပစ်လိုက်မယ်။ ဒါတွေအားလုံးကို မလုပ်နိုင်တာ ဘာကြောင့်လဲ။ ကိုယ့်စိတ်ကို ချ ု ပ် ထားတဲ့အရာတွေဟာ ဘာတွေလဲ။ တကယ်ကို တွေးစရာတွေ အများကြီးပေးတဲ့ ပို့စ်ပါ ဦးဆာရေ။

    • surmi

      December 26, 2013 at 8:14 am

      ဆရာမ မပြုံးခင်​ဗျာ …
      ​အေးစက်​သွားတဲ့ဆက်​ဆံ​ရေးက လင်​မယားဖြစ်​ဖြစ်​
      မိဘနဲ့သားသမီးဖြစ်​ဖြစ်​ အဆိုးဆုံးအ​ခြေအ​နေပါ ။
      ငယ်​ဘဝကရိုက်​ခတ်​ခံရတဲ့ လှိုင်​းတံဘိုး​တွေရဲ့ဒဏ်​ချက်​​တွေဟာ
      အချိန်​အ​တော်​အကြာထိ သက်​​ရောက်​​နေတတ်​တယ်​ဆိုတာလဲကိုယ်​​တွေ့မို့
      ကိုယ်​့အလှည်​့မှာက​ဘေး​တွေအ​ပေါ်မကျ​ရောက်​​စေချင်​ပါဘူး ။
      အသက်​ကြီးသွားရင်​ လူကြီးနဲ့က​လေးဟာအတူတူပဲဖြစ်​​နေပါလိမ်​့မယ်​ ။
      က​လေးအတွက်​ အနာဂါတ်​ဆိုတာ စိတ်​ကူးယဉ်​လို့ရ​ပေမယ်​့…
      လူကြီးတစ်​​ယောက်​အတွက်​က​တော့…အနာဂါတ်​ကိုမှန်​းလို့မရ​တော့ပါဘူး…
      နားလည်​​ပေးခြင်​းဖြင်​့​ဖေးမရင်​းနဲ့သာ…..

  • ကျော်စွာခေါင်

    December 25, 2013 at 3:01 am

    ကိုဆာရေ
    ပို့စ်ကောင်းလေးတပုဒ် ဖတ်လိုက်ရတယ်..
    ကိုဆာပြောတဲ့….အချိန်
    အဲဒီ အချိန်ဆိုတဲ့ လမ်းကလေးဟာ လူတိုင်းလျှောက်ရမှာ…
    တစ်နှစ်လျှောက်တော့ ခံစားမှုတမျိုးနဲ ့….
    အဲဒီလမ်းကလေးမှာ ….အလှည့်အပြောင်းတွေနဲ ့ကိုဆာရေ..
    ဒိလို စာလေးတွေ သိပ်ကြိုက်တယ်…။

    • surmi

      December 26, 2013 at 8:23 am

      ဆရာ​ခေါင်​​ရေ….
      မအားလပ်​တဲ့ကြားက လာ​ရောက်​ဖတ်​ရှု​ပေးတာ​ကျေးဇူးပါဗျာ ။
      အသက်​အရွယ်​၊အချိန်​အခါနဲ့ ၊ ပတ်​ဝန်​းကျင်​ဟာ တကယ်​ပဲ အလှည်​့အ​ပြောင်​း​တွေဖြစ်​​စေခဲ့တာပါ.။
      ကျ​နော်​ အသက်​၂ဝ ​လောက်​ကဖတ်​ဖူးခဲ့တဲ့စာအုပ်​တစ်​အုပ်​ကို
      အခုပြန်​ဖတ်​​တော့… အ​တွေး​တွေ ခံစားမှု​တွေမတူ​တော့ဘူးဗျို့ ….

  • ဦးကြောင်ကြီး

    December 26, 2013 at 12:47 pm

    မိန်းမယူနဲ့ဗျ၊ ယူလည်း ခလေးမမွေးနဲ့ဗျ… ဒါဆို အဲဒီ ဒွတ်ခ တွေ့စရာ အလိုဗူး.. ယနေ့လည်း လူငယ်၊ နောင်ဝယ်လည်း လူငယ်၊ သေသည်အထိ လူငယ်ဗဲ.. ရဗူး.. အလျှော့နိုင်ဗူး…။ ဟေ့ကြောင်ကြီး အသက် ၂၁နှစ်ကွ…. ခွစ်စတယ်လေးကရော အဘောက်ရဲ…

  • DEPARKO DEPARKO

    December 26, 2013 at 8:46 pm

    ကိုဆာမိရေ ကျွန်တော်လည်း ဇရာထောင်းလာတော့ ခင်ဗျားလိုဘဲတွေးမိတယ်
    လောကီထဲက ရုန်းမထွက်နိုင်သေးတော့လည်း

  • ဦးကျောက်ခဲ

    December 27, 2013 at 1:04 pm

    ကိုရင်ဆာရေ တည့်တည့်ထိသဗျ…
    ကျောက်စ်မှာ အခုအချိန် အဖေသာရှိသေးရင်လို့ တွေးမိတာ ခဏခဏပဲ…
    🙁

    • surmi

      December 29, 2013 at 12:38 pm

      @ဦး​ကြောင်​
      ဒီတစ်​သက်​​တော့ ၊ ဦး​ကြောင်​လက်​​လျော့
      ​နေ​လေ​တော့ ….. 🙂

      @ကိုဒီပါကြီး​ရေ…
      တခါတ​လေ … ဇတ်​ဆရာအလိုကျ​ပေါ့ဗျာ…
      စွမ်​းနိုင်​တဲ့​နေ့ ​ရောက်​ခဲ့ရင်​သာ ……

      @အစ်​ကိုဦး​ကျောက်​
      အတူတူပဲ​ပေါ့အစ်​ကို​ရေ…
      ကျ​နော်​လည်​း မကြာမကြာသတိယမိပါရဲ့…
      ကိုယ်​့ အ​ဖေဖြစ်​လာ​တော့မှ .. ကိုယ်​့အ​ဖေကို ြြပြန်​ပီ​း ကိုယ်​ချင်​းစာမိတာ 🙁

  • kyeemite

    March 3, 2014 at 11:04 am

    အင်း…ခုမှပဲဖတ်မိတော့တယ်ကိုဆာမိရေ…ဒီလို ပို့စ်ကောင်းလေးကိုဘယ်လိုမျက်စေ့မှောက်ပြီး
    ကျော်ခဲ့တယ်မသိဘူး… 🙁
    “” ကိုယ်​့ဟာကိုယ်​​အေး​အေး​နေပါဗျာ …. ဒီ​ခေတ်​ကိုအ​ဖေတို့နားမလည်​ပါဘူး ..””
    အဲဒီလိုတော့ ကျုပ်အဖေ အမေတို့ကို ကျုပ်မပြောဖူးခဲ့တာအမှန်ပါ…သူတို့နားမလည်တာရှိရင်
    ကိုယ်က အေးအေးသာသာရှင်းပြလေ့ရှိခဲ့တယ်ဗျ….
    ကျုပ်သားသမီးတွေ လက်ထက်ကျရင်တော့ ကိုယ့်ကိုဘယ်လိုဆက်ဆံကြမယ်မသိ…
    ဘာဖြစ်ဖြစ် ရင်ဆိုင်နားလည်ပေးနိုင်ဖို့တော့ ပြင်ထားပါတယ် ကိုရင်ဆာရေ 😛

    • surmi

      November 12, 2014 at 9:23 am

      ယေဘူယျမားဖြင့်ဖြစ်တတ်တာလေးတွေးမိလို့ရေးလိုက်တာပါဦးမိုက်ရေ
      ကျနော်လည်းအခုမှဦးမိုက်ကွန်မန့်ကို မေးလ်ထဲမှာတွေ့လို့ရီပလိုင်းလုပ်ရတာ ဟားး ဟား ………
      ဘာဘဲဖြစ်ဖြစ် သိပ်မအိုသွားသေးခင်တော့ ရိပ်သာလေးတစ်ခုလောက်ရှာထားဦးမှပါလေ ။
      ခေတ်ကာလမတူတော့ လူကြီးလူငယ် ပဋိပက္ခတွေက အမြဲရှိနေတတ်တာဆိုတော့ :kwi:

  • uncle gyi

    November 12, 2014 at 10:53 pm

    ဒါကြောင်ဆရာအောင်သင်းကပြောတာကိုဆာမိရဲ့
    အိမ်ထောင်ကျစကအိမ်ဦးနတ်
    အိမ်ဧည့်ခန်းကကု်ိယ့်အခန်း
    နောက်ကိုယ်ကတဖြည်ဖြည်းဘေးဖယ်ပေးရရော
    အိမ်ဧည့်ခန်းကသူတို့အခန်းဖြစ်သွားရော
    ဒါကလည်းဘုရားဟောနဲ့ကိုက်ပါတယ်လေ
    သံသရာလည်နေတာပါ

    • surmi

      November 13, 2014 at 9:29 am

      တကယ်တော့ အန်ကယ်ကြီးရယ်
      ကာလတစ်ခုမှာ အသုံးအဝင်ဆုံး အရေးအပါဆုံး မရှိမဖြစ် ဆိုတာမျိုးဖြစ်ခဲ့ပေမယ့်လဲ
      ကာလတစ်ခုမှာတော့ သင့်တော်တဲ့သူတွေရဲ့ဦးဆောင်မှုကို ကျေကျေနပ်နပ်လက်ခံရမှာဘဲမဟုတ်လားဗျာ ။
      နားသင့်တဲ့အချိန်မှာတော့ လှလှပပလေးနားချင်တယ်ဗျို့ :mrgreen:

  • Yae Myae Tha Ninn

    November 13, 2014 at 9:46 am

    ကျွန်တော် မဖတ်ရသေးတဲ့ ပို့စ်ကောင်းတခုပဲ ဗျ… ဦးလေးကြီးကို သဘောကျ ကျေးဇူးတင်ပါတယ်… ဦးလေးကြီးက ပို့စ်အဟောင်းတွေ ရှာဖွေဖော်ထုတ်နေသလိုပဲ… 🙂

  • manawphyulay

    November 13, 2014 at 10:01 am

    အမှန်ပြောရရင် အရင်အချိန်တုန်းနဲ့ အခုအချိန်က အတော်ကွာခြားနေပြီနော်
    လူငယ်လူကြီးတောင် အမြင်မတူတာတွေ ပိုများလာသလို နောင်ဝယ်မှာ အတော် ဝေးကွာလာလေမလား
    မနောတို့လည်း လူကြီးအရွယ်ရောက်ရင် ဘယ်လိုနေမလဲလို့ စဉ်းစားနေတုန်း
    ခုမှ ကျောင်းစတက်နေတဲ့ တူမလေးက စကားပြောရင် ကြီးကြီးက ဘာသိလို့လဲဆိုတဲ့ စကားလေး တစ်ခွန်း တွင်တွင်သုံးနေပါရောလား…. 😆

  • naywoon ni

    March 30, 2015 at 9:48 pm

    ခု​လော​လောဆယ်​​တွေ့​နေရတာက အသက်​​တော်​​တော်​ကြီးတဲ့သူ​တွေနဲ့ ​တွေ့ရင်​ စကား​တော်​​တော်​နဲ့ အမျှင်​မပြတ်​တတ်​ ။ သူတို့မှာ ​ပြောစရာ လူမရှိ​တော့ဘူး​လေး ။ လူငယ်​​တွေက သူတို့​ပြောမဲ့ ​ရှေး​ဟောင်​း​နှေင်​းဖြစ်​ ​တွေကိုစိတ်​မဝင်​စား​တော့ အားနာပါးနာ နား​ထောင်​​ပေးတဲ့ ​နေဝန်​းနီ နဲ့​တွေ့ရင်​ မနားတမ်​း​ပြော​တော့တာ ။ ​နေဝန်​းနီ ဆိုတဲ့ သူ​တောင်​့သား ကလည်​း တစ်​မျိုး ။ စိတ်​လက်​ကြည်​သာရှိရင်​သာ ​ပြောချင်​သ​လောက်​​ပြောကြစမ်​းပ​စေ ။ ဆိုပြီးနား​ထောင်​​ပေးတာ ။ တစ်​ခါတစ်​​လေ သိစိတ်​နဲ့ မသိစိတ်​ ကိုယ်​တွင်​း ရန်​ဖြစ်​​​နေတဲ့ အခါများ ဆို စကား လာ​ပြောမဲ့ သူမြင်​ရင်​ ​ဝေး​ဝေးက ​ရှောင်​​ပြေးမိ ။ ​နောက်​မှ ပြန်​စဉ်​းစားမိတာ ။ ငါ​ကော သူတို့ အရွယ်​​ရောက်​ရင်​ ငါ​ပြောမဲ့စကား အ​ားနားပါးနာ နား​ထောင်​​ပေးမည်​့သူ​ကော ရှိပါ့မလား လို့ ။ အဲ့သလို ​တွေးမိရင်​ ​စော​စောက ​ရှောင်​​ပြေးမိတာ ​ကျေကွဲသလိုလို ​နောင်​တ ရသလိုလို ။ 🙂

Leave a Reply