ကျောက်မျက်တန်ဖိုး တိုင်းတာချက်. . .4Cs

alinsettDecember 26, 20133min20216

00

 

 

သဘာဝကျောက်မျက်ရတနာလို့ သတ်မှတ်နိုင်ဖို့

တိုင်းတာကြတဲ့ စံနှုန်းတွေ ရှိပါတယ် ။

 

တွင်းထဲက ထွက်တဲ့ကျောက်တိုင်းကို ကျောက်မျက်ရတနာစာရင်း သွင်းလို့တော့ … မဖြစ်ဘူးပေါ့။

 

—————

 

အခြေခံကျတဲ့..  အချက်ကလေးတွေပဲ.ပြောပါရစေ..။

 

တွင်းထွက် ကျောက်တစ်ပွင့်ဟာ . . .

သဘာဝအတိုင်း မပြုပြင် မပြောင်းလဲပဲ

လှပ နှစ်လိုဖွယ် အရည်အသွေး ရှိရမယ်။

 

စိန် မှာဆိုရင် သွေးထားတဲ့ သွေးကွက် မျက်နှာကွက်ကလေးတွေကနေ . . .

မီး လို့ခေါ်တဲ့ ရောင်စုံ ဖြာထွက်နေတဲ့အလင်းတန်းတွေ. .

တဖျတ်ဖျတ်လက်ပြီး  ကြည့်လိုက်တာနဲ့ လိုချင် တပ်မက် ဖွယ် ရှိတယ် ။

 

ပတ္တမြားတို ့ နီလာ တို့ ဆိုလည်း . . .ထူးခြားတဲ့ အလင်းယိုင် ဂုဏ်သတ္တိကြောင့်

ကြယ်ပွင့်ပုံစံ အလင်းတန်းလေးတွေ  ဖြာ ထွက်နေတယ် ။

 

အရည်ကောင်းတဲ့ ပတ္တမြားတွေ ဆိုရင်   မီးတောက်သလို ရဲခနဲ လင်းလက်နေတဲ့အတွက် နှစ်လိုဖွယ်အဆင်း ရှိတယ် ။

 

—————-

 

နောက်တစ်ချက်ကတော့. . .

တာရှည်ခံခြင်း ဆိုတဲ့ ဂုဏ်သတ္တိလည်း ရှိရမယ် ။

 

မာဆင့် ပေါ့ဗျာ ။

 

စိန် ဆိုရင် မာဆင့်တစ်ဆယ် ရှိတယ် ။

 

ပတ္တမြားနဲ့ နီလာ ဆိုရင် မာဆင့် ကိုး ရှိတဲ့အတွက် . . .

သံမဏိထက်တောင် ပိုပြီး မာကျောတယ်လို့ ဆိုနိုင်ပါတယ် ။

 

မာဂုဏ်လည်း ရှိဦးမှ ကျောက်မျက်ရတနာပါ ။

 

စိန် (Diamond) = 10 .0

 

နီလာ(Sapphire) = 9 .0

 

ပတ္တမြား(Ruby) = 9 .0

 

ဥဿဖရား(Topaz) = 8 .0

 

ဂေါ်မိတ်(Pyrope) = 7 .9

 

မြ(Emerald) = 7 .8

 

ကျောက်စိမ်း(Jade) = 6 .5

 

———————-

 

ကျောက်မျက်ရတနာလို့ ခေါ်ဆိုထိုက်ဖို့ . . .

တွင်းထွက် ကျောက်မျက်ဟာ ရှားပါးခြင်း ဆိုတဲ့ ဂုဏ်လည်း ရှိနေပါသေးတယ် ။

 

လူသားတွေရဲ့ သဘာဝကိုက ရှားပါးတာကို တန်ဖိုးထား မြတ်နိုးကြတာ မဟုတ်လား ။

 

————————————————

***********************************

_______________________________

 

ကောင်းပါပြီ ။

 

သဘာဝကျောက်မျက်ရတနာလို့ သတ်မှတ်နိုင်ပြီ ဆိုရင် … … …

အဲဒီရတနာရဲ့ တန်ဖိုး အနိမ့်အမြင့်ကို သတ်မှတ်နိုင်ဖို့ တိုင်းတာတဲ့ စံနှုန်းတွေလည်း ရှိပါသေးတယ် ။

 

လောလောဆယ် . . .

ကျွန်တော် သိထားသလောက် အချက်လေးချက်ကို

ဖောက်သည်ချပါရစေ ။

 

အဲဒီ အချက်လေးချက်ကို စီလေးလုံး လို့ ခေါ်ကြပါတယ် ။

 

4Cs လို့ သင်္ကေတပြုထားကြပါတယ် ။

 

***********************

 

4Cs

____

 

မိုးကုတ်တွင်းထွက် ပတ္တမြား(Ruby)တစ်ပွင့် …   ဆိုပါစို့. . . .

__________________________________

 

C နံပါတ် တစ် = Colour

 

အဲဒီ ပတ္တမြားဟာ . . .အရောင်အသွေး လှပတင့်တယ်မှု ရှိရပါမယ် ။

 

မြန်မာ့မိုးကုတ်တွင်းထွက်ပတ္တမြားရဲ့ . . .

တန်ဖိုးအကြီးဆုံး ဖြစ်စေတဲ့ ပထမတန်းစား Colour ဟာ… … …

“ ခိုသွေး ´´ လို့ခေါ်တဲ့ အနီရဲရဲ ပါ ။

 

ကျောက်မျက် ရောင်းဝယ်လောကမှာ

Pigeon Blood Colour လို့ ခေါ်ကြပါတယ်။

 

ခိုသွေးဖြစ်နေတဲ့ပတ္တမြားဆိုရင် တန်ဖိုးမြင့်တော့မှာပါ။

 

ဒါပေမယ့် နောက်ထပ် စီ သုံးလုံးနဲ့ ထပ်ပေါင်း တိုင်းတာမှ ဖြစ်ပါမယ် ။

 

————————————

 

C နံပါတ် နှစ် = Clarity

 

သန့်ရှင်းတဲ့ ကျောက်သားဖြစ်ရပါမယ် ။

 

သဘာဝကျောက်မျက်မို့ အနာအဆာ မကင်းနိုင်ပါဘူး။

Inclusions တွေ ရှိနေမှာပါ ။

 

ဂေါ်တို့ မှတ်စာ တို့ . . .စသည်ဖြင့် … … သဘာဝ အမှတ်အသားလေးတွေ ပါကို ပါနေမှာပါ ။

 

ဒါပေမယ့် ပတ္တမြားတစ်ပွင့်ဟာ . . .

တတ်နိုင်သမျှ သန့်စင်နေမယ်. . . အပြစ်အနာအဆာလည်း ကင်းနေမယ်ဆိုရင် . . .

တန်ဖိုးဟာ . .တရှိန်ထိုး တက်သွားမှာပါ ။

 

အင်မတန်မှ ရှားပါးပါတယ် ။

 

ခိုသွေးလည်း ဖြစ်မယ် ။

အတွင်းအပြင် အပြစ်အနာအဆာလည်း

နည်းပြီး. . .clarity လည်း ဖြစ်နေမယ်ဆိုရင် . . .

 

very expensive

 

🙂

🙂

 

————————————

 

C နံပါတ် သုံး = Carat ( weight )

 

အလေးချိန် ပါ ။

 

ကျောက်မျက်ရတနာကို တစ်ကာရက် / နှစ်ကာရက် . . .စသည်ဖြင့် ချိန်တွယ် ရောင်းချကြပါတယ် ။

 

ပတ္တမြားတစ်ပွင့်ဟာ . . .

carat ( weight ) များလေ. . . တန်ဖိုးကြီးလေ ပါပဲ ။

 

ဘာလို့လဲ ဆိုတော့. . .

weight များတဲ့ ပတ္တမြား ဆိုတာ ရှားပါးလို့ပါပဲ ။

 

ဒီတော့. . . .

carat  ကလည်း မနည်း. . .

colour  ကလည်း pigeon blood. . .

clarity ကလည်း. . .ကောင်းနေမယ်ဆိုရင်

 

အဲဒီ ပတ္တမြားဟာ. . .

 

very . . . very . . . expensive . . . .

 

————————————

 

C နံပါတ် လေး = Cutting

 

အသွေးအကွက်ကလည်း အရေးကြီးပါတယ် ။

 

သဘာဝကျောက်မျက် ရဲ့ အရောင်အသွေးတောက်ပ လာဖို့ . . .

 

ရောင်လက်အား ကောင်းလာဖို့ . .

 

အခြားအရည်အသွေးတွေဖြစ်တဲ့. . . ကြိုးတို့ ကြယ်တို့ ပေါ်လွင်လာစေဖို့ . .

 

နှစ်သက်စရာ ဒီဇိုင်းပုံစံ လှလှပပပေါ်ထွက်လာဖို့ . . .

 

ကျောက်ကို ခက်ခက်ခဲခဲ သွေးကြရပါတယ်။

 

အကွက်ဖော် သွေးရတာဟာ. . .

ပညာပါလွန်းလို့ . . .

ကောင်းရင် ကောင်းသလောက် တန်ဖိုးထားရမှာပါ ။

 

ကျောက်သွေးနည်း . . . အကွက်ဖော်နည်းတွေ . . .

အမျိုးမျိုး ရှိပါတယ် ။

 

မြကွက်သွေးနည်း

(Step Cut or Trap Cut)

 

တာပလာသွေးနည်း(Mixed Cut)

 

လုံးချောသွေးနည်း(Cabochon Cut)

 

Rose Cut . . . စသည်ဖြင့် . . . .

 

သွေးယူကြပါတယ် ။

 

သွေးကွက် ကောင်းလေ လှလေ. . .

ကျောက်ရဲ့ အရည်အသွေးကို အထောက်အကူပြုလေ ပါပဲ ။

 

((( cabochon cut လို့ခေါ်တဲ့ . . . လုံးချောသွေးနည်း. . . .ကို

ကြိုးပါတဲ့ ကျောက်တို့ . . . ကြယ်ပါတဲ့ ကျောက်တို့ . . .

အလင်းပိတ်ကျောက်တို့ ကို အသွေးများကြပါတယ် ။

အနာအဆာကြီးကြီး ပါနေတဲ့ ကျောက်တစ်ချို့ကိုလည်း. . . လုံးချောသွေးလေ့ရှိကြပါတယ် ။

မြကွက်တို့ တာပလာတို့ Rose cut တို့ကိုတော့ လူကြိုက် ပိုများပါတယ် ။ )))

 

1

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

————————————

 

အချုပ် ဆိုရရင်တော့. . .

 

ပတ္တမြားတစ်ပွင့်ဟာ. . .

 

colour က. . . pigeon blood . . .

 

carat (weight) ကလည်း. . . မနည်း. . .

 

clarity ဆိုတဲ့ သန့်စင်မှုလည်း ကောင်း …

 

cutting လည်း ပြောင်မြောက်နေတယ်ဆိုရင်တော့. . .

 

အဲဒီ ပတ္တမြားရဲ့ တန်ဖိုးဟာ. . . ခန့်မှန်းထားတာထက်

အများကြီး ပို တန်နေမှာ အသေအချာပါပဲ။

 

(( ဒီမှာတင် ပိုစ့်ကို.. အဆုံးသတ်မယ်..တွေ းထားပေမယ့်.. နည်းနည်း.. လျှာရှည်လိုက်ဦးမယ်.. ။

ကျေက်တစ်ပွင့် ..အရည်အတော်အသင့်ကောင်း..အနာအဆာနည်း ပြီး..တစ်ကာရက် ရှိမယ်.ဆို ပါစို ့.. ။ သိန်းတစ်ရာ..လို ့.. ဈေးသတ်မှတ်ထားတယ်ဆိုပါစို ့.. ။

—————–

အဲဒီလို.အရည်တူ..   သန့်ရှင်းမှုလည်း… တူပြီး..နောက်ထပ်ကျောက်တစ်ပွင့်က…  ငါးကာရက် ရှိ်မယ်ဆို ပါစို ့.. ။

တစ်ကာရက်ကို သိန်းတစ်ရာမို ့.. ငါးကာရက်ကို သိန်းငါးရာ လို ့.. တွက်ချက်ရောင်းလိုက်ရင်…. မှားပါတယ်…တဲ ့ ။

ဘာလို ့ဆိုတော့…  ငါးကာရက်  အရွယ်အစားနဲ ့..ကျောက်…ဆိုတာ.. ရဖို ့ရှားပါးလို ့ပါပဲ.. ။  ဒါက.ဥပမာပြောတာပါ ..။

ကျောက် အလေးချိန် များများ   ..အရွယ်အစားကြီးကြီး..ဆိုတာက..  ရှားပါးလို ့ပါ ..။

အခုလက်ရှိ ခေတ်အနေအထားမှာတော့.. ကျောက်ဈေးဟာ..စိန်ဈေး..ရွှေဈေးလို .. တစ်သတ်မှတ်တည်း.မရှိပါဘူး ။

ကြိုက်ရောင်း / ကြိုက်ဝယ် ..ပုံစံနဲ ့ပဲ.. သွားနေကြလေရဲ ့….. ။ အနာတစ်ချက် ဈေးတစ်ဝက် ဆိုတဲ့ စကားလည်း..ရှိလေရဲ ့…။  ကျောက် အဝယ်မှားလို ့..

မွဲသွားသူတွေလည်း..ရှိလေရဲ ့… ။ ကျောက်အဝယ် မှန် / အရောင်းမှန် သွားလို ့..  ချမ်းသားနေသူတွေလည်း.. ရှိလေရဲ ့.. ။ ))

—————-

 

(( ကျောက်မျက်နဲ့ ပက်သက်တဲ့အချက်အလက်အချို့ကို ကျွန်တော် မှတ်မိသလောက် (ပြောနိုင်သလောက်) ပြောကြည့်တာပါ ။

သိပြီးတတ်ပြီးသူတွေ ကိုမရည်ရွယ်ပါဘူး..။  ဆက်လက်ပြီး ဟောဒီ ရွာသူားတွေ ဆောင်သင့်တဲ့ကျောက်တွေ အကြောင်း တင်ပြချင်ပါသေးတယ် ။ ))

 

:kwi:

 

:kwi:

 

 

————-

 

လေးစားစွာဖြင့်

 

အလင်းဆက် ( Gazette )

 

22 / 12 / 2013 / 22 :15 pm

 

alinsett.art@gmail.com

 

 

 

16 comments

  • YUYA MON

    December 26, 2013 at 7:42 am

    THANKS…….PERFECT!!!!!

    • alinsett

      December 26, 2013 at 7:47 am

      ကျေးဇူးပါဗျ

      ကြားဖူးတာလေးတွေပါ

      🙂

  • KZ

    December 26, 2013 at 8:47 am

    ကောင်းတယ် ဆက်ရေး
    ဆက်ရေးးးး
    မမဂျီးက နောက်လ ၁၅ ကျော်မှ တင်နိုင်မှာမို့ ပို့(စ) တွေ အကုန်ပြန်ညွန်းပါရစေနော်။

    :chit:

    • alinsett

      December 26, 2013 at 9:37 am

      ကျောက်မျက်ဆိုင်ရာပိုစ့်က နောက်ထပ် တစ်ပုဒ်နှစ်ပုဒ်လောက်ပဲ ဆက်ရေးဖြစ်တော့မယ် မမဂျီး
      :kwi:

      လင့်ခ် ချိတ်ပြီး
      ပြန်ညွှန်းမယ်ဆိုလို ့ဝမ်းသာပါတယ် ခင်ဗျ

  • မဟာရာဇာ အံစာတုံး

    December 26, 2013 at 9:33 am

    အလင်းဆက် ဂေဇက် က
    ကျောက်တွေ အကျောင်း ရေးဒတ်ဒယ်နော် …
    စွယ်စုံရ အနုပင်ညာချင်ဘဲနော် ..
    အားပေးနေဘာဒယ် ခည ..

    • alinsett

      December 26, 2013 at 9:52 am

      စွယ်စုံရတာတော့ အမှန်ပါပဲကွယ်
      သုတစွယ်စုံမဂ္ဂဇင်း လေ
      ဖေဖေ ဝယ်ပေးနေကျမို့ ပါ။
      🙂

      ပြောမနာဆိုမနာ မျက်နှာနာ ရင်းနှီးနေသူတွေအချင်းချင်းမို့
      ရေးသမျှကို အားနာနာ နဲ့ အားပေးနေတဲ့ အန်စရာ့ကိုလည်း
      ကျေးဇူးတင်ပါတယ်. . . .လို ့

      :kwi:

  • surmi

    December 26, 2013 at 9:43 am

    ဗဟုသုတများစွာ ရပါ၏ ။
    ​ကျေး​ကျေး…

    • alinsett

      December 26, 2013 at 11:38 am

      ဦးဆာ ဆီက လည်း သင်ယူစရာ တွေ ရှိပါသေးသည်

      🙂

  • မင်း ခန့် ကျော်

    December 26, 2013 at 10:17 am

    ရတနာတန်းဝင် ကျောက် နဲ့ပါတ်သက်ပြီး ရေးတာမို့ အထူးပဲ စိတ်ဝင်စားသလို

    စိတ်လဲကစားမိပါတယ်။

    ရတနာတန်းဝင် မဟုတ်ပေမဲ့ အဖိုးတန် ကျောက် (အသုံးဝင်) ကျောက် အကြောင်းလဲ

    နီးစပ်သူ စာရေးကောင်းသူ လေ့လာအားကောင်းသူ တဦးအနေနဲ့ နောက်နောင်များမှာ

    ဆက်ရေးပေးစေ ချင်ပါကြောင်း ။

    • alinsett

      December 26, 2013 at 11:42 am

      ဟုတ်ကဲ့
      စိတ်ဝင်တစား ဖတ်ရှုပေးနေတဲ့အတွက် ကျေးဇူးပါဗျ

      တချို့ အတွက်တော့ သိပြီး တတ်ပြီး သားတွေဖြစ်နေမှာပါ။

      :kwi:

      အကြောင်းညီညွတ်ရင် ထပ်ရေးပါဦးမယ် လို့

  • ဦးကြောင်ကြီး

    December 26, 2013 at 12:58 pm

    အမ်တီမာပက မာအဆင့် ဘယ်လောက်လဲဗျ…

  • Mr. MarGa

    December 26, 2013 at 4:49 pm

    တစ်ဆယ်တော့ ဝင်ယူလိုက်ဦးမှ
    ကျောက်အကြောင်း ပြောလက်စနဲ့
    နာ့ကို မိုးကုတ်ပတ္တမြားတစ်လုံးလောက် လက်ဆောင်ပေးရင်ကောင်းမယ် :mrgreenn:

    • alinsett

      December 26, 2013 at 5:39 pm

      ဘဒမြားတော့ မပေးနိုင်သေးဘူး
      ဘဒနဲတော့ ပေးနိုင်တယ်
      ယူမလား
      နာကိုယ်တိုင် သွေးပေးမယ်

      😆

  • Ma Ma

    December 27, 2013 at 4:42 pm

    တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေကို တတ်သိနားလည်တဲ့ပညာက အတော်အဖိုးတန်တာမို့ တတ်နိုင်သလောက် ထဲထဲဝင်ဝင်လေ့လာဖို့ တိုက်တွန်းပါတယ်။
    အခုလို မျှဝေပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။
    အရင်ပိုစ့်တွေကတည်းက ဖတ်ဖြစ်ပေမယ့် မန့်ဖို့ခက်လို့ မမန့်ဖြစ်ဘူး။
    🙂

    • alinsett

      December 27, 2013 at 5:39 pm

      ဟုတ်ကဲ့အန်တီမမ

      ကျွန်တော် လေ့လာနေဆဲပါ။
      ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်တဲ့အကျင့် ရှိလို့ပါ။
      တစ်ခုမှတော့ ဖြစ်ဖြစ်မြောက်မြောက် မရှိသေး
      :kwi:

Leave a Reply