ဟဲဟိုးလေဆိပ်မှ ဖြစ်ပျက်လေသမျှ

moonpoemDecember 24, 20131min21410

ဟဲဟိုးလေဆိပ်ကိုရောက်သည်နှင့် ထုံးစံအတိုင်း ဧည့်သည်နှင့်ကျွန်မLuggage များကို စီးမည့် လေယာဉ် Countreတွင်အပ်လိုက်သည်။
ကားပေါ်မှပစ္စည်းများကိုချပေးပြီး
လေဆိပ်ကောင်တာထိသယ်ပေးသည့် porter များကို
ကျသင့်ငွေရှင်းပေးလိုက်သည်။ ဒါသည်ထုံးစံ။

ထိုအချိန်မှာပင် ကောင်တာမှ တစ်ယောက်က luggage အပ်ခဆိုကာ ပိုက်ဆံတောင်းလာသည်။ လုံးဝအဓိပါ္ပယ်မရှိပါ။ ကျွန်မက မပေးတော့ Immigration ဖြတ်ပြီးသည်ထိ ဇွတ်လာတောင်းသည်။
လူအများရှေ့ မှာ ဇွတ်တောင်းနေခြင်းသည် အမြင်မတော်။
မတတ်သာလွန်းသဖြင့်ပေးလိုက်ရသည်။စိတ်ထဲကတော့မပါ။သတိထားကြည့်တော့ အခြားပြည်တွင်း ပြည်ပဧည့်များကိုပါ လိုက်တောင်းနေသည်ကို တွေ့ရသည်။ ပြောရမည်ဆိုလျှင် ဒီလိုဖြစ်တာ ဒါပါနဲ့ဆို ၂ကြိမ်မြောက် ပြီးတော့ ဖြစ်လိုက်တိုင်း ဒီဟဲဟိုးလေဆိပ် ဒီ လေယာဉ်ကောင်တာမှာ။ အကျည်းတန်လွန်းလှသည်။

လေယာဉ်စီးချိန်မှာတော့ ထိုင်ခုံနောက်မှီတွင် ပါသည့်အကြံပေးအဆိုပြုလွှာစာအိတ်ကိုဖောက်လိုက်ပြီး ဖြစ်သမျှ အကြောင်းစုံရေးပေးလိုက်သည်။လိုအပ်လျှင် ဆက်သွယ်နိုင်ရန် ကျွန်မနာမည်နှင့် ဖုန်းနံပါတ်ပါရေးလိုက်သည်။ ထို့နောက် ရုံးချုပ်ကို တင်ပေးပါဟု ပြောပြီး လေယာဉ်မယ်လေးကို ပေးလိုက်သည်။

တစ်ပတ်ခန့်ကြာတော့ သူတို့ ရုံးချုပ်ကဖုန်းဆက်လာသည်။ ဖြစ်စဉ်ကိုအတိအကျပြန်မေးသည်။မေးပြီးသောအခါ ဟဲဟိုးလေဆိပ်မှ အမှားများကို တောင်းပန်ပါကြောင်း နောက်နောင်အခြား အမြင်မတော်သည်များ ရှိပါက ယခုကဲ့သို့ပင်ဝေဖန်အကြံပေးစာများ ပို့ပေးရန်နှင့် အခုလို အကြံပေးတာကို ကျေးဇူးတင်ပါကြောင်း သူတို ့လိုအပ်သည်များကို ပြုပြင်ပါမည်ဖြစ်ကြောင်း ပြောသည်။

Customer တစ်ယောက်အနေဖြင့် ့ကျွန်မ50%ကျေနပ်ပါသည်။ နောက်တစ်ခါ ဟဲဟိုးလေဆိပ်ကိုရောက်၍ သူတို ့ပေးသောကတိအတိုင်း အမှန်အကန် ပြုပြင်ထားသည်ဆိုလျှင်တော့ ကျွန်မ 100% ကျေနပ်ပါလိမ့်မည်။

TourGuideတစ်ယောက်အနေဖြင့် မြန်မာ့ခရီးသွားလောက တိုးတက်စေရန်သာ မျှော်လင့်မိသည်။

မည်သည့်အကြောင်းနှင့်မျှ ခရီးသွားဧည့် ကျဆင်းမည်ကိုမလိုလားပါ။
သို့အတွက်ဖြစ်ပေါ်လာသော အကျည်းတန်မှုများကိုတော့ တတ် နိုင်သလောက် တိုက်ဖျက်ရပေဦးမည်။

 

 

10 comments

  • တောတွင်းပျော်

    December 24, 2013 at 8:16 pm

    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်မှာလည်း
    နိုင်ငံခြားမှာ အလုပ်သွားလုပ် သက်ဆိုင်ရာနိုင်ငံမြန်မာသံရုံးမှာအခွန်အပြည် ့အဝဆောင်
    ြီပီးပြန်လာတဲ ့ကိုယ့်နိုင်ငံသားကို ဟိုနိုင်ငံမှာ ၁နှစ်နေခဲ ့ရင်ဘယ်လောက် ၂နှစ်နေခဲ ့ရင်ဘယ်လောက်နဲ ့
    တရားဝင်ရစ်ခွင် ့ရထားသလိုမျိုးရစ်တတ်တဲ ့ ပါးစပ်အပြည် ့ကွမ်းယာငုံထားပြီးဝူးဝူး ဝါးဝါး
    စကားပြောတတ်တဲ ့ အကျင်္ ီဖြူဖြူဝတ် ပုဂ္ဂိုလ်တွေကိုလည်းကြုံဖူးသဗျ။
    (ကွမ်းယာက တမင်ငုံထားဖြစ်ကြောင်း တစ်ချို ့ကပြောကြတယ်)
    ငွေတောင်းတာတောင်မှ ဟိုနိုင်ငံခြားကငွေမှတဲ ့။

  • alinsett

    December 25, 2013 at 7:48 am

    တောင်းသူ များနေလေလေ
    ပေးရသူတွေ စေတနာပျက်လေလေပဲ။

    :kwi:

  • လုံမလေးမွန်မွန်

    December 25, 2013 at 2:29 pm

    တက်မယ်မှမကြံသေး..ကျဖို့တွေ လုပ်နေတဲ့အထဲမှာ Tourism လည်း တစ်ခု အပါအဝင်ပါပဲ…
    အစ်မရဲ့ လုပ်ရပ်အတွက် ဂုဏ်ယူပါတယ် အစ်မ….

  • TNA

    December 25, 2013 at 3:03 pm

    အဲလိုအရေးတယူလုပ်တော့ ကိုယ်ကရေးရကျိုးနပ်တာပေါ့။ တချို့နေရာတွေ ဆိုရင် အကြံပြုလွှာတွေသာ လူမြင် ကောင်းအောင်လုပ်ပြထားတယ်။ တခါမှအရေးယူဆောင်ရွက်တာမတွေ့ရဘူး။ ဖတ်တောင် ဖတ်ပုံမရဘူး။

  • padonmar

    December 25, 2013 at 9:11 pm

    Bravo ပါလကဗျာ၊
    ဖုန်းပြန်ဆက်ဖော်ရတဲ့အတွက် အဲဒီလေကြောင်းလိုင်းကို အမှတ်ပေးလိုက်ပါတယ်။
    မတရားတာတွေကို တွေ့ရင် ငါနဲ့ မဆိုင်ဘူးလို့ သဘောမထားကြဖို့လိုပါတယ်။
    ကြွက်ထောင်ချောက်ပုံပြင်လိုပေါ့။
    လယ်သမားဝယ်လာတဲ့ ကြွက်ထောင်ချောက်ကြောင့် ငါတို့နဲ့မဆိုင်ပါဘူးလို့ နေကြတဲ့ ဝက်နဲ့ နွားသေရတဲ့ အဖြစ်မျိုး မဖြစ်ကြစေချင်ပါ။
    လကဗျာလေးလိုပဲ မမှန်တာကို ပြောရဲတဲ့သူတွေ များလာစေချင်ပါကြောင်း။

  • KZ

    December 26, 2013 at 9:08 am

    ကောင်းလိုက်တာကွယ်။
    ကိုယ့် တနိုင် ရသလောက် ကိုယ့်နိုင်ငံ နာမည် မပျက်ရေး ကာကွယ်ကြတာပေါ့။

    🙂

  • surmi

    December 26, 2013 at 10:01 am

    ဂဇက်​ရွာသူပီသပါ​ပေ့ဗျာ.. 🙂
    ​ကောင်​း​လေ​လေ့….​ကောင်း​လေ​လေ့…

  • မဟာရာဇာ အံစာတုံး

    December 26, 2013 at 10:04 am

    အမရဲ့ လုပ်ရပ်လေး ကောင်းတယ်ဗျာ ..
    ဟိုဘက်က အရေးတယူလုပ်တာလည်း ကောင်းတယ် ..
    ဒီ့ထက် တကယ်သာဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ..

  • ဦးကြောင်ကြီး

    December 26, 2013 at 1:01 pm

    အဘဂျီးကိုတော့ မပြောဘူး.. တားတား မာဆက်သွားဂျင်လို့တောင်းတာကိုကျ အပြစ်လုပ်တယ်..

  • moonpoem

    December 30, 2013 at 3:37 pm

    ကွန်မန့် တွေကိုဖတ်ရတာ ကျွန်မအတွက်လည်း ဗဟုသုတတွေရလာပါတယ်။ အန်တီပဒုမာပြောတဲ့ ဥပမာလိုဘယ်အရာမှာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်ငါနဲ ့မဆိုင်ပါဘူးဆိုတဲ့ စိတ်တွေမရှိဘဲနဲ ့တတ်နိုင်သလောက်တွန်းလှန်တယ်ဆိုရင်ကိုပဲ တော်တော်လေး အဆင်ပြေမှာပါ။

Leave a Reply