X-mas….. ခရစ်တော် နဲ ့ ကျနော်

ကျနော်ငယ်စဉ်က နေ ့စဉ်နီးပါး ငိုခဲ့ရတဲ့ အချိန်များမှာ..ကျနော့်မျက်ရည်နဲ ့ငိုကြွေးမှု…ဝမ်းနည်းမှုတွေကို ဖြေသိမ့်ပေးနိုင်မယ့် နွေးထွေးသောရင်ငွေ ့မှာ ကျနော်နူးညံ့ခဲ့တယ်..။

ကျနော့်ရဲ ့မတူညီတဲ့ စိတ်နေစိတ်ထားနဲ ့စရိုက်ဟာ ကျနော့်မိသားစုစည်းအပြင်မှာဘဲ အထီးကျန်တဲ့ ဘဝလေးပေါ့..။

ကလေးတစ်ယောက်သွားရမယ့် လမ်းကြောင်းမှာ ကြင်နာမှုတွေ..နွေးထွေးမှုတွေနဲ ့ ခရစ်တော်က ကျနော့်ကို ကူညီလမ်းပြပေးခဲ့ပါတယ်..

ကြမ်းတမ်းသော နှလုံးသားအကျင့်ကို ကျနော် လက်မခံဘူး…အဲဒီအချိန်မှာ ကျနော့်ဘက်ကလည်း တင်းခံနေတတ်တယ်..။

လမ်းမလေးတခုသာခြားတဲ့ ဘေးအိမ်ကို ခရစ်ယာန်မိသားစု တစ်စု ပြောင်းလာကြတယ်..နာဂလူမျိုးတွေပါ..ခရစ်ယာန်ဘာသာ ကိုးကွယ်တယ်..။

အဲဒီအိမ်က အဘိုးနာမည်က ဦးကျော်ဒင်လို ့ခေါ်ပါတယ်..။

ကျနော် ဝမ်းနည်းတဲ့အခါ ငိုကြွေးတဲ ့အခါ အဘိုးဆီကိုသွားတယ်.. ပန်းချီဝါသနာ ပါတဲ့ ကျနော့်ကို အဘိုးက သမ္မာကျမ်းစာဖတ်ပြတယ်..

ကျမ်းသစ် ကျမ်းဟောင်း၂ပိုင်းထဲမှာ ကျမ်းသစ်ကို ကျနော် ့နှလုံးသားက လက်ခံပါတယ်..

ကျနော့်ရဲ ့လေ့ကျင့်မှုက သမ္မာကျမ်းစာထဲက သရုပ်ဖော်ပုံတွေပေါ့..။

ကိုယ့်မျက်လုံးတစ်လုံးဖောက်ရင် သူ ့မျက်လုံးတစ်လုံးဖောက် ဆိုတဲ့ အဆုံးအမပိုင်းတွေကို ကျနော် လက်မခံပေမယ့်

ကျမ်းသစ်ထဲက ခရစ်တော်ရဲ ့…

“ ကိုယ့်ရဲ ့ညာဘက်ပါးကို ရိုက်လာခဲ့ရင် ဘယ်ဘက်ပါးပြင်ကိုပါ လှည့်ပေးလိုက်ပါ” ဆိုတဲ့ အဆုံးအမနဲ ့ကျနော် နေခဲ့ဘူးတယ်..

လိမ်မာရေးခြားရှိခဲ့တယ်..

ပိုက်ဆံမရှိလို့  ခရစ်တော်ပုံ ပြက္ခဒိန်ဝယ်ဘိုူ ့မတတ်နိုင်တဲ့  …အဘွားအိုတစ်ယောက်ကို ကျနော်ခရစ်တော်ပုံတစ်ပုံဆွဲပေးခဲ့တယ်..

ညဘက်ကြီးတိတ်တိတ်လေးဆွဲခဲ့ရတာ…ပြီးတော့ လူပုံတူမဟုတ်လို ့ ဘေးမှာလည်း ထားလို ့မသင့်တော်..ခြေရင်းဘက်လဲ ထောင်ဘို ့မသင့်လို ့ ခေါင်းရင်းဘက်မှာ ထားရင်း ကျနော်အိပ်ပျော်သွားခဲ့တယ်..။

မျက်နှာတစ်ခြမ်းလုံး နာကျင်ပူလောင်မှုတွေနဲ ့နိုးလာတဲ့ခဏ…..

ဘာသာခြား ဘုရားပုံကို ဆွဲရကောင်းလား…..ခေါင်းရင်းဘက်ထားအိပ်ရကောင်းလား…ယုံကြည်မှုပျက်တဲ့ မကောင်းဆိုးဝါးဆိုတဲ့

စွပ်စွဲချက်တွေနဲ ့၅ တန်းကျောင်းသားလေး ကျနော့်ကို တိုင်းမှာကြိုးတုပ်ပြီး အချက်ပေါင်းများစွာ ကျနော့်ကို ရိုက်ခဲ့ကြတယ်..

ပါးစပ်က သွေးတွေ စီးကျခဲ့တယ်…

မျက်ရည်ကျခဲ့တယ်…

အရမ်းနာကျင်ခဲ့တယ်…

ယေရှု ခရစ်တော်…

ဘာသာမတူပေမယ့် သူဟောတဲ ့တရားတွေက ဘယ်သူ့ကိုမှ မထိခိုက်ဘဲ လူတွေကောင်းလာဘို ့ သွန်သင်ဆုံးမတဲ့သူတော်ကောင်း..

ဒါနဲ ့များ…

သူတော်ကောင်းတစ်ယောက်ရဲ ့ပုံကို ကျနော်ဆွဲတာ…..

ဘာကများ  ကမ ္ဘာ့လူ ့သားပါတ်ဝန်းကျင်ကို…နစ်နာစေခဲ့လို ့လဲ….

ကျနော် သူတော်ကောင်းတွေကို ချစ်တယ်..

သူတော်စင်တွေကို ချစ်တယ်..

ရိုက်လိုက်ကြစမ်းပါ

အဖေတို ့သွေးဆာနေတဲ ့နှလုံသားတွေ ကျေနပ်အောင် ရိုက်ကြပါ….

အဖေတို ့လက်တွေ ညောင်းသွားတဲ့အထိပေါ့….

ကျနော့်နှလုံးသားက ရှာဖွေနေတဲ ့အရာ….အဖေတို ့တားလို ့မရပါဘူး…

ခရစ်တော်..

ကိုယ်တော်အတွက် ကျနော် အနာခံရဲပါတယ်..

ကျနော်နာကျင်မှုတွေက ကိုယ်တော့်ပုံကို လိုချင်တဲ့ ဆင်းရဲတဲ့ အဘွားအိုအတွက် ပီတိတစ်ခုဖြစ်စေပါလိမ့်မယ်..

ကိုယ်တော်ကျနော့်ကိုသာ ကျနော်လိုချင်တဲ့အရာ…ဆီကို လမ်းပြပေးပါ…။

……….

ဒီလိုနဲ့ ကျနော် ကျမ်းစာကို ဆက်လက်လေ့လာတယ်..

လေ့လာပါများတော့…

လမ်းမတစ်ခုသာခြားတဲ့ ကျနော့်အိမ်က ကျမ်းစာထဲက အီစွတ်နဲ ့…ဒီဘက်ခြံက အီစာ တို ့ဟာ…..

သိပ်မကွာကြဘူးး..သံတူကြောင်းကွဲလေးတွေ ဖြစ်နေတဲ ့မှန်း စဉ်းစားမိလာတဲ့အတွက်…

ကျနော်ရှာဖွေနေတဲ့ လမ်းဟာ…….

………

………

ကိုယ်တော်..ကျနော့်ဘဝမှာ ဆုတောင်းခဲ့ဘူးပါတယ်…

နောက်ဆုံးတော့ ဆုတောင်းတာကို ကျနော် လက်မခံချင်တော့ဘူး ကိုယ်တော်…

….

ကျေးဇူးပါ ကိုယ်တော်…ကိုယ်တော်ကျနော့်ကို လိမ်မာတဲ့ ကလေးတစ်ယောက်ဖြစ်အောင် စောင့်ရှောက်ခဲ့တယ်..

ဘိုးကျော်ဒင်ကတစ်ဆင့် သီးခံတတ်အောင် ဆုံးမခဲ့တယ်..

ကျနော် ၃ကြိမ်တိုင်ရဟန်းပြုခဲ့ပါတယ်..

ရဟန်းပြုတဲ့အချိန်တိုင်း ခရစ်တော်ကို ကျနော်မေတ္တာပို ့ပေးပါတယ်..

ကိုယ်တော် ကြားမှာပါ..

ကိုယ်တော့်ကို ချစ်ခဲ့တဲ့ကလေးတစ်ယောက်ကို…ဒီကလေး  လေး  ဘယ်လမ်းကို ရှာနေခဲ့တာလည်း ကိုယ်တော်သိနေခဲ့တယ်..

ကိုယ်တော်က ကလေးတစ်ယောက်ကို မတူညီတဲ့ ကျမ်းစာအုပ် ၂ အုပ်ကို  တစ်ပြိုင်နက် ဖတ်စေပြီး မှ..

လမ်းပြပေးခဲ့တယ်…

ဒါဟာ ကျေးဇူးတရားပါ   ကိုယ်တော်..

ဟောဒီ ၂၀၁၃ ခရစ်စမတ်မှာ ကိုယ်တော့်ပုံကို ဘဝမှာ ၄ ကြိမ်မြောက်အဖြစ် ရေးဆွဲခဲ့ပါတယ်..

ကိုယ်တော့်ပုံကို လိုချင်သူတဲ့ ခရစ်ယာန်အဘွားအိုက နော်ဝေလူမျိုးပါ…

ပြက္ခဒိန်မဝယ်နိုင်တဲ့သူ မဟုတ်ဘူး   ကိုယ်တော်…

သူကနှလုံးသားက လာတဲ့ပုံကို သူက လိုချင်တာတဲ့….

အသက် ၂၉ နှစ်အရွယ်မှာ ကိုယ်တော့်ကို ကျနော် မျက်ဝါးထင်ထင် တွေ ့ခဲ့ရဘူးတယ်လို ့ပြောရင်..

ကျနော့်ကို လူတွေက ရူးနေတယ်လို ့ ပြောကြမှာပါ ခရစ်တော်…

အဲလို ပြောကြရင်…ကျနော် က စကားလေးတစ်ခွန်းလောက်ဘဲ ပြန်ပြောပြမှာပါ ကိုယ်တော်..

“သင့်ရင်ထဲက သူတော်စင်ကို ရူးမတတ်ချစ်ခဲ့ရင် သင်တို ့ကိုယ်တိုင်တွေ ့နိုင်ပါတယ်” လို ့ပေါ့..။

 

1

 

2

 

3

 

5

 

……

……

……

ကိုယ့်ရဲ ့ ကိုးကွယ်ရာ ဘုရားရှင်ကို နှလုံးသားဖြင့် ချစ်နိုင်ကြပါစေ

ကိုယ့်ရဲ ့ ကိုးကွယ်ရာ ဘုရားရှင်ကို နှလုံးသားဖြင့် မြင်တွေ ့နိုင်ကြပါစေ…

 

ခရစ်စမတ် အမှတ်တယ

ခေါင်

 

 

 

 

56 comments

  • YUYA MON

    December 25, 2013 at 6:41 am

    MERRY CHRISTMAS TO YOU!!!
    NICE POST…..

    • ကျော်စွာခေါင်

      December 26, 2013 at 2:27 am

      Merry Christmas…. Mon
      ..

      ..
      Thank u

    • ကျော်စွာခေါင်

      December 26, 2013 at 2:29 am

      Thank u…Mon
      Merry Christmas to U….

  • alinsett

    December 25, 2013 at 7:39 am

    ကျွန်တော်လည်း အဲဒီ ကျမ်းစာ ဖတ်ဖူးတယ်။

    ကြိုက်တဲ့စာသားလေးတွေကို မျဉ်းသားထားတယ်။

    🙂

    • ကျော်စွာခေါင်

      December 26, 2013 at 2:30 am

      အလင်းဆက်ရေ..
      ဦးခေါင်လဲ အဲ့လိုဘဲ…
      တချို ့အယူအဆနဲ ့ဆုံးမ စကားလေးတွေကို မှတ်ထားတတ်တယ်..။

  • kai

    December 25, 2013 at 7:51 am

    စိန့်.. သူတော်စင်တွေအဆင့်က… ဗုဒ္ဓဘာသာရဲ့.. အရိယာနဲ့တူမယ်…..
    ပြောရရင်.. ဂျီးဇက်ခရိုက်စ်က.. ဗုဒ္ဓတပါးဖြစ်မယ်လို့လည်းတွေးမိဖူးပါတယ်..။
    ပစ္စေကဗုဒ္ဓာထက်မြင့်တာတော့ သေချာသလောက်ပဲ..
    သူတရားဟောလို့.. လက်ခံကိုးကွယ်တဲ့.. သူ့နောက်လိုက်တွေက.. ဒီခေတ်ဒီကမ္ဘာမှာကြည့်ရင်ကို.. ဂေါတမဗုဒ္ဓနောက်လိုက်တွေထက်.. အရည်အတွက်များတာပဲ..

    ကဲ..
    တွေးကြစေသတည်း… :mrgreen:

    • အဘရဟူဒီ

      December 25, 2013 at 10:55 am

      ကမာ္ဘမှာ အတော်ဆုံး မားကတ္တင်း အော်ဂနိုင်ဇေးရှင်း ၂ခုပဲရှိတယ်…
      တခုက မိုက်ခရိုဆော့ဖ် တခုက ကတ်သလစ်ချာ့ချ်…

      ကျနော်ပြောတာမှုတ်ဖူးနော…

      တွေးဂျဇေသဒီး….

    • Aye Lwin Oo

      December 25, 2013 at 6:55 pm

      ကျွန်တော်က ခရစ်ယာန်ဘာသာဝင်မဟုတ်လို့ စိန့် ကို ဘယ်လိုသတ်မှတ်ပေးလဲ သေသေချာချာမသိပါဘူး။ စိန့်ပေါ ၊ စိန့်ဂျွန်၊ စိန့်အော်ဂတ်စတင်း၊ စိန့်ဖလိုး စသဖြင့် ပါ။ အရင်တလောက (ရက်စွဲမမှတ်တော့ပါဘူး) ပုပ်ရဟန်းမင်းကြီးကနေ စိန့် သတ်မှတ်ပေးတယ် လို့ ကြားလိုက်မိပါတယ်။ တစ်ခုတွေးမိပါတယ်။ ခရစ်တော် နောက်ပိုင်းမှာ စိန့်တွေကို ဘယ်လိုသတ်မှတ်သလဲပေါ့လေ။

      Kai ရဲ့ အတွေးကို တွေ့မိလို့ တွေးကြစေသတည်းဆိုလို့ တွေးရင်းနဲ့ ပြောချင်စိတ်ပေါ်လာတာပါ။

      ဗုဒ္ဓဘာသာမှာ အရိယာ၄မျိုးရှိပါတယ်။ သောတာပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ ပါ။ တစ်ခုရှိတာက ဘယ်လိုပုဂ္ဂိုလ်ကိုဘဲဖြစ်ဖြစ်၊ ဘယ်သူကမှ အရိယာလို့ သတ်မှတ်ပေးလို့မရပါဘူး။ ဗုဒ္ဓကိုယ်တော်တိုင်လဲ သတ်မှတ်ပေးလို့ မရပါဘူး။ ကိုယ်တိုင်အားထုတ်မှုနဲ့ဘဲ အရိယာအဖြစ်ကို ရကြတာဖြစ်ပါတယ်။ ဒါကြောင့် စိန့် ဟာ ဗုဒ္ဓဘာသာရဲ့ အရိယာဖြစ်ခြင်းနဲ့ တူ၊ မတူ စဉ်းစားနိုင်ပါတယ်။

      စိန့် ကို အရိယာနဲ့ တူမယ်လို့ ပြောတဲ့အတွက် စိန့်အထက်က Jesus Christ ကို ဗုဒ္ဓနဲ့တူမယ်လို့ တွေးတာဖြစ်ပါလိမ့်မယ်။ Kai အနေနဲ့ ဗုဒ္ဓ နဲ့ ပစ္စေကဗုဒ္ဓ သတ်မှတ်ချက်ကို သိမယ်ဆိုရင် Jesus နဲ့ ဗုဒ္ဓ ဟာ ဘယ်လိုမှ မတူဘူးဆိုတာ သိပါလိမ့်မယ်။
      ဗုဒ္ဓဟာ သင်ကြားပြသပေးမဲ့ဆရာမရှိဘဲ မိမ်ိကိုယ်တိုင် ဉာဏ်တော်သုံးပါးကို သိမြင်ပြီး ဗုဒ္ဗအဖြစ်ကို ရောက်ခဲ့တာဖြစ်ပါတယ်။ Jesus မှာ သင်ကြားပြသပေးတဲ့ ထာဝရဘုရားသခင်ရှိပါတယ်။

      Kai က ခရစ်ယာန်ဘာသာဝင်တွေဟာ ဗုဒ္ဗဘာသာဝင်တွေထက်များတယ်လို့ ပြောပါတယ်။
      မှန်ပါတယ်။ ဘာလို့လဲဆိုတော့

      ကမာ္ဘပေါ်မှာရှိတဲ့ အဓိက ဘာသာကြီး(၄)မျိုးထဲမှာ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ အစ္စလာမ်ဘာသာတွေမှာ အဓိကအကျဆုံး အခြေခံအချက်မှာ တူကြပါတယ်။ အဲဒါက ငါ၊ အသက်ဝိဉာဉ်(Spirit) ၊ လိပ်ပြာကောင် (Soul) အစရှိသဖြင့် ခေါ်ဝေါ်လက်ခံကြပါတယ်။ ငါ၊ ငါ့ကိုယ်၊ ငါပိုင် ဆိုတဲ့ အတ္တအယူဝါဒဖြစ်ပါတယ်။ (အတ္တဆိုတာမှာ selfish ကို ပြောတာမဟုတ်ပါဘူး)

      ဗုဒ္ဓရဲ့အယူကတော့ အကြင်ခန္ဓာငါးပါးရှိသည်။ ထိုခန္ဓာငါးပါးသည် ဖြစ်ပြီး ပျက်သည် ဆိုတဲ့ အယူကို ယူပါတယ်။ ငါ၊ သူတစ်ပါး၊ ယောက်ကျား၊ မိန်းမ၊ သတ္တဝါ မဟုတ်တဲ့ အနတ္တအယူဖြစ်ပါတယ်။

      ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဟာ God မဟုတ်ပါဘူး။ လမ်းပြသူပါ။ လမ်းသုံးလမ်းကို ပြခဲ့ပါတယ်။ ကာမဂုဏ်ချမ်းသာကိုခံစားတဲ့ အစွန်းတစ်လမ်း၊ ခန္ဓာကို ညှင်းပန်းနှိပ်စက်ပြီး ကျင့်တဲ့ အစွန်းတစ်လမ်း နဲ့ ဒီအစွန်းနှစ်လမ်းမှ လွတ်ကင်းတဲ့ အလယ်အလတ်လမ်းဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်က ဘဝသစ်မဖြစ်စေဖို့ ဘဲဖြစ်ပါတယ်။ လူတိုင်းသိနေတဲ့ နိဗ္ဗာန်ပါ။ ဘဝသစ်မဖြစ်အောင် ဒါနဆိုတဲ့ ပေးကမ်းစွန့်ကြဲခြင်း၊ သီလဆိုတဲ့ ကိုယ်ကျင့်တရားထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဘာဝနာဆိုတဲ့ သမထဘာဝနာ အားထုတ်ခြင်းတို့နဲ့ မရနိုင်ပါဘူး။ ဒါန၊ သီလ၊ သမထဘာဝနာ သုံးပါးဟာ သူတော်ကောင်းတို့ချီးမွမ်းအပ်တဲ့တရားများဖြစ်ပေမဲ့ ဇာတိအသစ်ဖြစ်စေတဲ့ တရားများသာဖြစ်ပါတယ်။

      ဗုဒ္ဓဘာသာမှာ ဆုချခြင်း၊ ချီးမြှောက်ခြင်း၊ ဒဏ်ခတ်ခြင်း စသည်တို့ လုံးဝမရှိပါဘူး။ ဗုဒ္ဓဟာ လမ်းသုံးလမ်းကို ပြခဲ့ပြီး ဒီလမ်းတွေ ရဲ့ အကျိုး အပြစ်တွေကို ပြောပြခဲ့ပါတယ်။ ဘယ်လမ်းကိုဘဲ မဖြစ်မနေ လျှောက်ရမယ် (MUST) လို့ မပြောပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရမယ် ဆိုတဲ့ ဘာသာဖြစ်တဲ့အတွက် ဘဝတဏှာကြီးတဲ့ လူသားတွေအတွက် ဝိပဿနာအားထုတ်ရမှာထက် နေ့ နဲ့ ည ဆိုတဲ့ ကြွက်ဖြူ ကြွက်မဲ ၂ကောင်ကိုက်နေတဲ့ သစ်ကိုင်းပေါ်မှာ ထိုင်ရင်း အောက်က သေမင်းဆိုတဲ့ နဂါးပါးစပ်ဟပြီး စောင့်နေတာတွေကို ဂရုမစိုက်နိုင်ဘဲ သစ်ကိုင်းပေါ်က ပျားရည်စက်ကလေးတွေကို လျက်ချင်ကြတာ သဘာဝတရားပါဘဲ။

      ဒါ့ကြောင့်
      တိရဏပရိဉာဆိုတဲ့ ဓမ္မဿဝနာ အကျိုးရှိအောင်တရားနာခြင်း၊ အကျိုးရှိအောင် စာဖတ်ခြင်း၊ လေ့လာမှတ်သားခြင်း တို့နဲ့ ခန္ဓာဖြစ်စဉ်ကိုသိနားလည်အောင် ပထမလုပ်ရပါတယ်။
      ေနောက် တိရဏပရိဉာဆိုတဲ့ ခန္ဓာဖြစ်စဉ်ကို ဉာဏ်နဲ့မြင်အောင် ကျင့်ကြံအားထုတ်ရပါတယ်။
      ေ နောက်ဆုံးမှာ ပဟာနပရိဉာဆိုတဲ့ အားထုတ်လို့ရလာတဲ့ မဂ်ဉာဏ်နဲ့ အရိယာအဆင့်အလိုက် ကိလေသာတရားတွေကို ပယ်ရပါတယ်။

      ဒီလို လေ့လာ၊ ကျင့်ကြံ၊ အားထုတ်မှ ရမယ်ဆိုတာထက် ကိုယ်ကျင့်တရားထိန်း၊ ဘာသာရေးအရ ပြုဖွယ်ရှိတာတွေ နိစ္စဓူဝလုပ်၊ ကာမဂုဏ်ချမ်းသာခံစားရင်းနဲ့ ဘုရားသခင်နဲ့ တွေ့နိုင်မယ်ဆိုတဲ့ဘာသာတရားတွေကို လူတွေပိုပြီး နှစ်သက်လက်ခံကြတာ သဘာဝတရားပါဘဲ။

      ဘာသာတရားယုံကြည်မှုဆိုတာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာမှာရှိပါတယ်။
      မိမိတို့ နှစ်သက်တဲ့ မြတ်နိုးတဲ့ ယုံကြည်တဲ့ ဘာသာကို လွတ်လွတ်လပ်လပ် ယုံကြည်နိုင်၊ ပြောဆိုနိုင်ကြပါတယ်။

      ဒါပေမဲ့ အခြေခံခြင်းမတူတဲ့ ဘာသာတရားတွေကိုတော့ မနှိုင်းယှဉ်သင့်ဘူလို့ထင်ပါတယ်။

      ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။ ကိုယ်လုပ်တာ ကိုယ်ရကြပါလိမ့်မယ်။

      • padonmar

        December 25, 2013 at 8:18 pm

        ဘရာကြော်ပါ ခေါင်၊ခေါင်ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်ပါတယ်။ကြင်နာတတ်တဲ့နှလုံးသားရှိကြရင် ဘာသာအမည်တွေဟာ အရေးမပါတော့ပါဘူး။
        …………………
        Bravo ပါ၊ Aye Lwin Oo
        ခုလို ချက်ကျလက်ကျ ဆွေးနွေးပေးနိုင်တဲ့ အတွက် လေးစားပါတယ်။အခုတလော သဂျီးတယောက် ရွာငြိမ်နေလို့ ဆွနေတယ်။
        လူသုံများတာ တခုတည်းနဲ့ ပစ္စည်းအရည်အသွေးကောင်းလို့ ပြောမရသလို
        နောက်လိုက်အရေအတွက်ကို ကြည့်ပြီး ဒီဘာသာကောင်းတယ်လို့ ပြောမရတာ သိသိကြီးနဲ့ ဆွပေးနှိုက်ယူလုပ်နေပါတယ်။
        မီးဒုတ်ပါဗျို့။

        • ကျော်စွာခေါင်

          December 26, 2013 at 2:44 am

          မမမာ
          ကျေးဇူးပါ…


          ရေးတာက ကျနော်..
          တွေးခိုင်းတာက သူကြီး…
          မမမာ သိသားနဲ ့……။

      • ကျော်စွာခေါင်

        December 26, 2013 at 2:41 am

        ကိုအေးလွင်ဦး
        ကျနော့်ပို ့စ်အတွက် အခုလို မှတ်သားစရာကောင်းတဲ့ တန်ဘို းရှိတဲ့ ကွန်မန် ့အတွက် ကျေးဇူးအထူးတင်ပါတယ်..။
        တစ်ကယ်ကို ဗဟုသုတရပါတယ်ဗျာ…။
        သူကြီးခိုင်အနေနဲ ့ကလည်း သူတွေးမိတဲ့ထောင့်က ပြောတယ်ဆိုပေမယ့် ..ဒါကို ..ကိုအေးလွင်က သေချာလေးရှင်းလင်းထားတော့ ကျနော် ကျေးဇူးတင်ပါတယ်..။
        တခါတလေ ကျနော်တို ့တောင် လည်..လည် သွားခဲ့ဘူးပါတယ်..
        ဒါပေမယ့် သေချာနှိုင်းယှဉ်တွေးတောမှ ကွက်ကွက်ကွင်းကွင်း သိမြင်လာရတာခဲ့တာပါ..။
        ကျေးဇူးပါ…ကိုအေးလွင်ဦး။

      • Wow

        December 26, 2013 at 10:21 am

        ဘရာကျော်ပါ.. ကိုအေးလွင်ဦး…
        ရှင်းရှင်းလင်းလင်း ယှဉ်ပြ ပြောပြသွားတာကို လေးစားမိပါတယ်…
        ဘယ့်နှယ့် ရှိစ ဒဂျီး.. :mrgreen:

      • ဦးကြောင်ကြီး

        December 26, 2013 at 12:27 pm

        ကုန်းဘောင်ခေတ်မှာလား မသိဘူး.. ဘုန်းကြီးကျောင်းသားနဲ့ လူကပ်တယောက် သာသနာ ငါးထောင် ဟုတ်လား မဟုတ်လား ငြင်းခုံရန်ဖြစ်ရင်း ဘုန်းကြီးဆီရောက်သွားတော့ ဆရာတော်က သူ့တပည့်ဘုန်းကြီးကျောင်းသားကို ဆော်ပလော်တီးတယ်။ ကျောင်းသားက သူမမှန်လို့လားမေးတော့ လူကောင်းဆို အရူးနဲ့ ဖက်ပြိုင်မဖြစ်ရဘူး၊ ဒါကြောင့်နင့်ကို နောင် အရူးနဲ့ ရန်မဖြစ်အောင် ရိုက်တာလို့ ပြောကြောင်း ဖတ်ဖူးတယ်။ အခုလည်း မာမွတ်လျှာပွတ်နဲ့ ဖက်ပြိုင်ဖြစ်သူ နောင်ဂျီးကိုဗဲ အပြစ်တင်ဂျင်ဒေါ့သာဗဲ…

        • Aye Lwin Oo

          December 26, 2013 at 4:04 pm

          ရွာထဲ သန်းခေါင်စာရင်းပြောင်းဖို့ အခုမှ ပုံစံ၁ဝ ထုတ်မလို့လုပ်တုံး ဆိုတော့
          မှားမိပါတယ်။ ငယ်သူမို့ မသိပါ။
          နာနာလေးရိုက်ပြီး အဆုံးထိ မ လိုက်ပါဗျာ . . . .

        • San Hla Gyi

          December 26, 2013 at 9:37 pm

          ဟုတ်တယ်ဗျ ကျနော်လည်း ကိုကြောင်ကြီး ပြောတာ ရေရေလည်လည် ထောက်ခံတယ်။ အမှန်တော့ ကိုအေးလွင်ဦးရဲ့ ကွန်မန့်ဟာ တော်တော်ကောင်းတာ အမှန်ပါပဲ။ ဒါပေမယ့် သဂျီးကို အဲဒီလို သွားရှင်းပြနေတာ ကျနော် တော်တော် အံ့ဩမိတယ်။ ကျောက်ခဲကို အရေညှစ်တယ် ဆိုတာများ ဖြစ်နေမလား မသိဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သဂျီးက ဒီလို လေကုန်ခံပြီး ရှင်းပြတာထက် သူမဟုတ်တာ လုပ်တာလေးတွေကို ပြောပြီး တီးပေးမှ သူက ကြိုက်တာ။
          ပြောရတာ အားတော့ နာနာပဲဗျ။ ဒါပေမယ့် ပြောရဦးမယ်။
          ကဲ စာဖတ်သူ မိတ်ဆွေတို့ရေ သဂျီးဦးခိုင်ရဲ့ အပေါ်က ကွန်မန့်ကလေးကို နောက်တခေါက် ထပ်ဖတ်ကြည့်လိုက်ကြပါ။ ဖတ်ပြီးပြီ ဆိုရင် ခင်ဗျားတို့ စာရွက်ရဲ့ ညာဘက်ထောင့်က စည်းကမ်းချက် စာကလေးကို ပြန်ဖတ်ကြည့်လိုက်ပါ။ သဂျီးကိုယ်တိုင် ရေးထားတာပါ။ စည်းကမ်းချက် ၆ က “လူမျိုးရေး ဘာသာရေး အသားအရောင် ခွဲခြားမုန်းတီးမှု ဖြစ်စေသော စာများမတင်ရ” တဲ့။ သူက အဲဒီစည်းကမ်းကလေးကို အနက်ရောင်တောင် ချယ်ထားလိုက်ပါသေးတယ်။ ပြီးရင်တော့ သူပြောတဲ့ ကွန်မန့်ကလေးကို ထပ်သာ ဖတ်ကြည့်ပါတော့။ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာဝင်တွေ ရန်ဖြစ်ရမယ့် သဘောပါပဲ။ မူရင်း ဆောင်းပါးရှင်လည်း ဒီသဘောမျိုးကို သူ့ဆောင်းပါးမှာ အရိပ်အမြွက်တောင် မရေးပဲနဲ့ ဒီလို ကွန်မန့်မျိုး လာရေးတာ တော်တော် အံ့ညြမိပါတယ်။
          အဲဒီလို သူထုတ်တဲ့ စည်းကမ်းကို သူတိတိကျကျ လိုက်နာတဲ့ သဂျီးပါ။ ပြီးရင် သူကပဲ ရွာသူရွာသားတွေကို စည်းကမ်းလိုက်နာဖို့ ဦးအောင် ပြောတတ်ပါတယ်။ အံ့ဖွယ်သုတပါပဲ။

      • kai

        December 26, 2013 at 4:02 pm

        စာပြန်တာလေးအတွက်.. ကျေးဇူးပါ…။
        ဆိုတော့… “စိန့်”အဓိပ္ပါယ်ဖွင့်ချက်တချို့ကို.. ဝိကီကဆွဲထုတ်ခဲ့တယ်..။
        အချေအတင်ဆွေးနွေးပြောချင်မိပါရဲ့..
        ဒါပေမယ့်… ဘာသာတရားကိုးကွယ်မှုတွေကို.. လွှတ်ချပြီးမှဆက်ပြောလို့ရမယ်လို့… ထင်မိတာပါပဲ..။
        အနည်းဆုံးတော့.. ကိုယ်ဟာလေးကမှမှန်တယ်ကောင်းတယ်ဆိုတာလေး.. လွှတ်ချရမယ်ထင်မိတယ်… :mrgreen:

        စကားအတင်းစပ်…
        ခရစ်စမတ်အထိမ်းအမှတ်နဲ့.. တီဗီချာနယ်တွေမှာ.. ဂျီးဇက်ခရိုက်စအကြောင်းတွေချည်းပြနေတာမှ.. စီအန်အန်က.. After Jesus ကအင်မတန်စိတ်ဝင်စားစရာကောင်းတယ်..။
        သမိုင်းတလျှောက်ဘာသာရေးနဲ့..နိုင်ငံရေးကစားသွားတာလေးတွေပါမြင်ရတယ်..။
        မြန်မာပြည်မှာရှိတဲ့.. ထေရဝါဒကို.. ချိန်ထိုးကြည့်မိပါရဲ့..။ :kwi:

        A saint is one who has been recognized for having an exceptional degree of holiness, sanctity, and virtue. While the English term “saint” originated in Christianity, historians of religion now use the term “in a more general way to refer to the state of special holiness that many religions attribute to certain people,”[1] with the Jewish Tzadik, the Islamic wali, the Hindu rishi or guru, and the Buddhist arhat or bodhisattva also referred to as saints. Depending on the religion, saints are recognized either through official church recognition or by popular acclaim (see Folk saints).[1][2]

        In Christianity, “saint” has a wide variety of meanings, depending on its usage and the denomination. The original Christian usage referred to any believer who is “in Christ” and in whom Christ dwells, whether in heaven or in earth.[3] In Orthodox and Catholic teachings, all Christians in heaven are considered to be saints, but some are considered to be worthy of higher honor, emulation, or veneration, with official church recognition given to some saints through canonization or glorification.[4][5]

        • ကျော်စွာခေါင်

          December 26, 2013 at 7:45 pm

          သူကြီး ခိုင်
          ကျနော် အလေးအနက်တစ်ခု ပြောချင်တယ်ဗျ..
          ကျနော်ရေးတာဘဲဖြစ်ဖြစ်…သူတစ်ပါးရေးတဲ့ပို ့စ်ဘဲ ဖြစ်ဖြစ် ပို ့စ်မှာပါတဲ့ အကြောင်းအရာတစ်ခုလေးလောက်
          အတွက်ဘဲဖြစ်ဖြစ် ..စာတစ်ကြောင်းလောက်အတွက်ဘဲ ဖြစ်ဖြစ် ကိုခိုင်က သေသေချာချာကို စာပေ အထောက်အထားနဲ ့ ချပြ ရှင်းပြတတ်တယ်..
          ဘယ်အကြောင်းအရာမျိုးအတွက်မဆိုပါ…ကျနော် မန်းဂေဇက် အဖွဲ့ဝင် မဖြစ်ခင်ကတည်းက ခိုင်ဆိုတာ သူကြီးမှန်း မသိခင်ကတည်းကပါ..။ တော်တော်လေး သတိထားမိတယ်..။
          သူကြီးဆိုတဲ့ ရာထူးနဲ ့ ဒီလိုလုပ်ပေးတာ စာပေအမြင်နဲ ့ကြည့်ရင် တော်တော့်ကို ကောင်းတာပါ..။
          တစ်ကယ်လို ့ သူကြီးက အယ်ဒီတာချုုပ် (သို ့) စာတည်းချုပ် တစ်ယောက်ဆိုရင် ( သူကြီးက မန်းဂေဇက်မှာ
          ဘာရာထူးလဲ ကျနော် မသိပါ) တာဝန်ကျေပါတယ်..။
          လုပ်လည်းလုပ်သင့်တယ်…
          တစ်ခုဘဲ
          သူကြီးနဲ ့အယ်ဒီတာကို ခွဲပြီး မကြည့်လိုက်ရင် သူကြီးက အကုန်ဂွတိုက်ရေးနေတယ်လို ့ ထင်ကုန်ကြရော…
          ထင်နိုင်တာလေးကို ပြောတာနော်…။
          သူကြီးမှာ သိပ်အားကောင်းတဲ့ လေ့လာမှု ဗဟုသုတရှိတယ်..
          ဆန်းစစ်နိုင်တဲ့ ဉာဏ်ရှိပါတယ်..။
          ဒါပေမယ့် တစ်ချို ့ကိစ္စတွေမှာက အမြင်မတူကြဘူး သူကြီးရဲ ့….
          ကျနော်က ဒီပို ့စ်လေးကို ရိုးရိုးလေး သတိထားပြီးရေးလိုက်တာပါ…
          သတိတော့ထားရတယ်…
          ဘာသာရေး အကြောင်းနဲ ့နွယ်နေလို ့ပါ..
          သူကြီး အမြင်နဲ ့အယူအဆကို ဆက်ရေးနိုင်ပါတယ်..
          ကျနော့် ပို ့စ် အတွက်နဲ ့အတင်းကြီး အမုန်းခံကြီး မဖြစ်ပါစေနဲ ့.. အားနာလို ့ပါ..။
          အမြင်တွေ မတူကြဘူး…..
          အချိန်အခါအရ အမြင်တွေ ပြောင်းလဲနေကြတယ်..
          လူဆိုတာ အမှန်စစ်စစ်ကို မတွေ ့သေးခင်ထိတော့ ကိုယ်ဆုပ်ကိုင်ထားတဲ့အရာကို အစစ်ထင်တတတ်ကြပါတယ်..။
          ပြောချင်တာကတော့ ကျေးဇူးတင်ပါတယ်…
          ဘာဘဲဖြစ်ဖြစ် တာဝန်ကျေပါတယ်..
          ဆုံလည်းဆုံချင်ပါသေးတယ်။။ ဆိုတဲ့အကြောင်း………။

        • Aye Lwin Oo

          December 26, 2013 at 9:00 pm

          ှမလွှတ်ခင်ကတဲက ချထားပြီးသားပါ Kai.

          ှOfficial Recognized Saint နဲ့ Folk saints or popular saints တို့ရဲ့အကြောင်းကို သိခွင့်ရတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်။

          အချေအတင် ဆွေးနွေးချင်တယ်ဆိုလို့ သူတစ်ပါးအပေါ်တင်ပြီးတော့လဲ မဆွေးနွေးလိုပါဘူး။ မိမိဖက်ကလဲ ချေပပြီး မဆွေးနွေးချင်ပါဘူး။

          မိလိန္ဒပဥှာမှာ ရှင်နာဂသိန်ကနေ မိလိန္ဒမင်းကြီးကို ပညာရှိသူတော်ကောင်းတို့လို ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးပါ့မယ် လို့ ပြောခဲ့တဲ့အတိုင်း

          ပညာရှိရှိ၊ မရှိရှိ . . . သူတော်ကောင်းတွေလို သူတစ်ပါးသိတာတွေက မိမိအတွက် မှတ်သားစရာဖြစ်စေ၊ မိမိသိတာတွေလဲ သူတစ်ပါးအတွက် မှတ်သားစရာဖြစ်စေ ဆိုတဲ့ စေတနာရယ်၊ မေတ္တာရယ် ကို အခြေခံပြီး ဆွေးနွေးကြမယ်ဆိုရင်တော့ သိသလောက်၊ မှတ်မိသလောက် ပြောပြချင်ပါတယ်။

          Kai က ကျွန်တော်ပြောတာ အကုန်သဘောမပေါက်ဘူးလို့ထင်ပါတယ်။ ကျွန်တော်ရှင်းပြတာ မရှင်းမလင်းဖြစ်သလိုဘဲ။

          ဗုဒ္ဓဘာသာမှာ ဘယ်သူဟာ အရိယာလဲဆိုတာ ဘယ်သူမှ မသတ်မှတ်ပါဘူး။ ကိုယ့်ဘာသာ ကျင့်ကြံရင်း မဂ်ဆိုက်၊ ဖိုလ်ဆိုက်ဖြစ်တာ ကိုယ် ကိုယ်တိုင်ဘဲသိတာပါ။ ငါ အရိယာဖြစ်ပြီ၊ ဘယ်အဆင့်ရောက်ပြီ လို့လဲ ဘယ်သူမှ ထုတ်မပြောခဲ့ကြပါဘူး Saint ကိုတော့ Church ကနေ သတ်မှတ်ပေးတာတွေ့ရပါတယ်။
          ှာ
          Kai ဆွဲထုတ်ပြတဲ့ Wiki မှာ Saint ဟာ Arhat (အရဟတ္တမဂ်၊ ရဟန္တာ) ဒါမှမဟုတ် bodhisattvaဗောဓိသတ္တ(ဘုရားအလောာင်း၊ မဟာယာနအယူအဆ) နဲ့ တူညီနိုင်တယ်လို့ တွေ့ရပါတယ်။ ဘယ်သူတွေက သတ်မှတ်ခဲ့တာလဲ၊ Kai သိရင် မှတ်သားရအောင် ပြောပြပါလား။ Request ပါ။

          ခရစ်တော်အရင် ပေါ်ခဲ့တဲ့ ဗုဒ္ဓက ငါ ပရိနိဗ္ဗာန်ပြုပြီး နှစ်ငါးရာလောက်နေရင် Jesus Christ ဆိုတဲ့ ခရစ်တော် ပေါ်လာမယ်။ သူ့အဆုံးအမတွေကို လိုက်နာပြီး ကျင့်ကြံအားထုတ်ကြလို့ Saint အဖြစ် သတ်မှတ်ခံကြရတဲ့ သူတော်စင်တွေဟာ ငါဘုရားသာသနာမှာရှိတဲ့ ရဟန္တာတွေ၊ (ဘုရားအလောင်း ဗောဓိသတ္တတွေ) နဲ့တူမယ် လို့ တခါမှ မပြောခဲ့ဘူး ထင်ပါတယ်။ ပြောပြခဲ့ဘူးရင်လဲ ထောက်ပြပါ။

          ခရစ်တော်ကလဲ ငါ့ရဲ့အဆုံးအမကို လိုက်နာပြီး Saint သတ်မှတ်ခံရတဲ့ သူတော်စင်တွေဟာ ငါ့အရင် ပေါ်ခဲ့တဲ့ ဟိန္ဒူဂုရုတွေ၊ ဗုဒ္ဓဘာသာရဟန္တာတွေနဲ့ တူတယ် လို့များ ပြောခဲ့သလား ကျွန်တော်မသိပါ။ ပြောသံတော့ တစ်ခါမှ မကြားမိတာ အမှန်ပါ။

          ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့တဲ့ ဗုဒ္ဓ နဲ့ ခရစ်ယာန်ဘာသာကို တည်ထောင်ခဲ့တဲ့ Jesus တို့က ပြောတာမဟုတ်ဘဲ တခြားသူတွေက ပြောတာဆိုရင်တော့ ကျွန်တော့်အနေနဲ့ ဒါကို အနုမာနမှန်းဆချက် (Hypothesis) လို့ဘဲ ပြောပါမယ်။ Hypothesis ဟာ Proven Truth မဟုတ်ဘူးဆိုတာ Kai သိပါတယ်။

          နောက်တစ်ခု ပြောချင်ပါတယ်။

          ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာဟာ ပင်လယ်ရေငံနဲ့ အင်းအိုင်မြစ်ချောင်းက ရေချိုလိုပါဘဲ။ ရေချင်းတူပေမဲ့ ဖွဲ့စည်းပုံချင်းမတူကြပါဘူး။ ရေငံနဲ့ ရေချိုကို ဂုဏ်သတ္တိချင်း (boiling point, freezing point, specific gravity etc) ဘာက ဘာနဲ့ တူသလောက်ရှိမယ်လို့ပြောလို့မရပါဘူး။ အရေးကြီးတာက ရေငံကငါးဟာ ရေငံမှာပျော်ဖို့နဲ့ ရေချိုကငါးဟာ ရေချိုမှာေပျော်ဖို့ပါဘဲ။

          အတ္တ နဲ့ အနတ္တ ဆိုတဲ့ ဘယ်လိုမှမတူတဲ့ အခြေခံခြင်းကွဲပြားနေတဲ့ ဘာသာ၂ခုဟာ အဆုံးအမနဲ့ ကျင့်ကြံ အားထုတ်တဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်ချင်းလဲ ဘယ်လိုမှ မတူပါဘူး။ ရရှိကြတဲ့ လွတ်မြောက်ပုံချင်းလဲ လုံးဝမတူပါဘူး။ ကျွန်တော်ရှင်းပြခဲ့တာက ဘယ်လိုမှ မတူတာကို ဘယ်ဟာနဲ့ ဘယ်ဟာက တူမယ် လို့ ပြောတာထက် ခရစ်ယာန်ဘာသာဝင်တွေက ခရစ်တော်ရဲ့အဆုံးအမနဲ့ ထာဝရဘုရားသခင်ရဲ့ကောင်းချီး ဂရုဏာအောက်မှာ ကျေနပ်ပျော်ရွှင်ပြီး ဘုရားသခင်ရဲ့အိမ်တော် Heaven ကိုရောက်အောင် အားထုတ်ကြဖို့လိုသလို ဗုဒ္ဓဘာသာဝင်တွေကလည်း ဗုဒ္ဓရဲ့ အလယ်အလတ်လမ်းအတိုင်း သံသရာမှ လွတ်မြောက်ရာကို မျက်မှောက်ပြုဖို့ အားထုတ်ကြဖို့ပါဘဲ ဆိုတဲ့ ဦးတည်ချက်ပါ။

          Personal ခံစားချက်ပါ Kai ။

          ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။ ကိုယ်လုပ်တာ ကိုယ်ရကြပါလိမ့်မယ်။

    • ကျော်စွာခေါင်

      December 26, 2013 at 2:34 am

      သူဂျီး
      ကွန်မန် ့အတွက်ကျေးဇူးပါ..
      ဒါပေမယ့် သူကြီးစဉ်းစားမိသလိုတော့ အကုန်လုံးမဟုတ်သေးဘူးသူကြီး..
      ….

      ဒါပေမယ့်ပေါ့လေ..အခုပို ့စ်လေးက စကားတစ်ခွန်းနည်းနည်းလေးတိမ်းတာနဲ ့…သတိထားရလိမ့်မယ်..။

  • လုံမလေးမွန်မွန်

    December 25, 2013 at 3:42 pm

    ဇာတ်လမ်းတွေထဲမှာပဲ တွေ့ဖူးတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝကို ဦးခေါင်ဆီမှာ တွေ့ရတယ်..
    ဒီလိုအောင်မြင်အောင် ကြိုးစားခဲ့တာကိုလည်း အားကျမိတယ်..

  • surmi

    December 25, 2013 at 9:04 pm

    ထပ်ဆင့်ဗရာဗိုပါခင်ဗျ
    ဦးခေါင်ရော ကိုအေးလွင်ဦးကိုပါ အထူးလေးစားမိပါကြောင်း..
    ဦးခေါာင်ပြောချင်တာကိုသဘောပေါက်သလို
    ဆွေးနွေးချင်စိတ်များလည်းဖြစ်မပာကြောင်း….

    • ကျော်စွာခေါင်

      December 26, 2013 at 2:53 am

      ကိုဆာ
      ပြန်လာလည်ရင် လာတွေ ့မယ်..မပူနဲ ့..
      စိတ်ထဲကတော့ ခင်ပြီးသားပါ..လူချင်းသာ မတွေ ့ဘူးကြတာလေ…။
      ဆုံတဲ့အခါ စကားတွေ ပြောကြတာပေါ့..။

  • Aye Lwin Oo

    December 25, 2013 at 11:08 pm

    ကိုခေါင်ရေ

    ကိုယ့်ရဲ ့ ကိုးကွယ်ရာ ဘုရားရှင်ကို နှလုံးသားဖြင့် ချစ်နိုင်ကြပါစေ . . .
    ကိုယ့်ရဲ ့ ကိုးကွယ်ရာ ဘုရားရှင်ကို နှလုံးသားဖြင့် မြင်တွေ ့နိုင်ကြပါစေ…

    . . . . . ဆိုတဲ့ စကားစု၂ခု အတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်။

    ကိုခေါင်လဲ ဘုရားသခင်ရဲ့ အဆုံးအမနဲ့ ဂရုဏာတော်ကို အစဉ်အမြဲ နှလုံးသားနဲ့ ခံစားနိုင်ပါစေ။

    • ကျော်စွာခေါင်

      December 26, 2013 at 2:48 am

      ကိုအေးလွင်ဦးရေ
      အဲဒီစကားလေး ၂ ခုက တစ်ကယ့် စေတနာစိတ်လေးနဲ ့ ရေးခဲ့တာပါ…
      ကျနော်လည်း ဗုဒ္ဓရှင်တော် အဆုံးအမ ဂရုဏာနဲ ့ အေးချမ်းနေခဲ့တာကြာလှပေါ့…
      ဆုတောင်းပေးမှုအတွက် ကျေးဇူးပါ..။

  • ဝင့်ပြုံးမြင့်

    December 25, 2013 at 11:58 pm

    ပန်းချီလက်ရာ ကောင်းလိုက်တာတော်။
    ကိုခေါင်ဆီမှာ ပန်းချီသင်တန်း လာတက်ချင်စိတ်ပေါက်တယ်။

    ကိုအေးလွင်ဦး ရွာထဲရောက်လာတာ ကြိုဆိုပါတယ်။ ရွာက ခုတလော မန့်တဲ့လူနည်းနေလို့ ပျင်းစရာကြီး။
    ဘာသာတရားနဲ့ လူမှုရေးတွဲလိုက်မှ မှားသွားတာလို့ မထင်ဘူးလား။ ဘာသာတရားမှာ ဗုဒ္ဓဘာသာ ပိုအနှစ်သာရ ရှိပေမယ့် ဥပမာ ဗုဒ္ဓဘာသာသီလရှင်နဲ့ ကက်သလစ်သီလရှင် ယှဉ်ကြည့်လိုက်ရင် ဘယ်လိုနေမလဲ။

  • ကျော်စွာခေါင်

    December 26, 2013 at 2:51 am

    မျှစ်ကြော်..
    တွေ ့ဆုံတဲ့အခါ ပန်းချီသင်ပေးမယ်…

    ….
    ဟို မျှစ်ကြော်ပြောတဲ့ သီလရှင်…
    ကျနော်လည်းတွေးဘူးတယ်..
    ဒါပေမယ့် ကွာတာက နောက်ကပံ့ပိုးမှုခြင်းမတူဘူး…
    လူကြားသူကြား နေထိုင်သွားလာပုံကြောင့် ယှဉ်တွေးမိဘူးတယ်..မျှစ်ကြော်..။
    ကျေးဇူး..။

    • လုံမလေးမွန်မွန်

      December 26, 2013 at 10:51 am

      သီလရှင်..သီလရှင်..
      အဲဒီသီလရှင်အကြောင်း ခေါင်းထဲရောက်နေတာကြာပြီ…
      ကိုယ့်ဇာတ်ကို မနိုင်သေးလို့… ငြိမ်နေတာ..
      ရေးပေးတဲ့သူရှိရင် ကောင်းမယ်..

  • KZ

    December 26, 2013 at 8:44 am

    အဖိုး က သူ့သားသမီး ၅ ယောက်ကို ဆူတာ သွားသတိရတယ်။
    “နင့်တို့ဟာက ငါတို့ ဗုဒ္ဓဘာသာရဲ့ မေတ္တာ၊ မုဒိတာ၊ မေတ္တာ ၊ဂရုဏာ ၊ဥပေက္ခာ စတဲ့ ဗြဟ္မာစို တရား (၄) ပါးလည်း မရှိ”
    “နင်တို့ အမေ ခရစ်ယာန်ဘာသာရဲ့ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတရားလည်း မရှိ”
    “ရေ လက်ကြားးးး၊ လူ ကပြားတွေ” တွေတဲ့။
    ဟိ။ :mrgreenn:
    သူ ပြောလို့ မနိုင်တိုင်း ဆူတာ။
    ဟုတ်လည်း ဟုတ်တယ်။
    ၅ ယောက်လုံး အကျင့်စရိုက်တွေသာမတူတယ်။
    ဒေါသကြီးပြီး သည်းမခံတတ်တာ လက်စားချေတတ်တာတွေက တူတူပဲ။
    😀

    ဟိုလေ သာမီး ကတော့ အဲလိုဟုတ်ဘူးနော် ခေါင်။
    မျိုးရိုးမလိုက်ပါဘူးးး :mrgreenn:

    • ကျော်စွာခေါင်

      December 26, 2013 at 7:49 pm

      ကေ..
      သိပါတယ်…
      ကေ က “ရေလက်ကြား…မှာ နေတာမှ မဟုတ်တာ….. ကျွန်းမှာနေတာ ……ဟုတ်တယ်ဟုတ် း)
      ….
      ….
      ….
      ပျော်စရာ ခရစ်စမတ်လေးပါ…ဒေါင်းပျိုကေ…။

  • မဟာရာဇာ အံစာတုံး

    December 26, 2013 at 9:28 am

    ၂၉ နှစ်မှာ
    ညက်ဝါးထင်ထင် တွေ့ဂဲ့ဒယ်ဆိုတာကို
    ရမ်းရမ်းဆိတ်ဝင်စားတွားဒယ်
    ပျံလာယင် ဒီအကျောင်း ပျောပျဘာအုံးခည ..

  • sorrow weaver

    December 26, 2013 at 9:49 am

    ကြာတော့ ကိုမင်းသားပို့စ်မှာလာမန့်ရမှာတောင်လန့်လာတယ်… မြင်းထိန်းငတာလိုများဖြစ်နေမလားမသိ….
    လူဆိုတာ ပညာအဆင့်အတန်းမတူရင် ရှိန်လာတာမျိုးကလား …..ကျော်များကြီး ကြိုးစားဖို့လိုပါသေးတယ်.. ။ ကိုမင်းသား ရှိနေတာ လူငယ်တွေအတွက် အတုယူစရာဖြစ်ပါတယ် ။

    • ကျော်စွာခေါင်

      December 26, 2013 at 8:31 pm

      ညီလေး ဆောရိုး
      အချင်းချင်း တစိမ်းဆန်တာတွေ မပြောရဘူးလေ…။
      အမှန်ဆို စတွေးတုန်းက “ပြောရဦးမယ် ဆောရိုးရေ ”ဆိုပြီး ရေးဘို ့ စဉ်းစားတာ…နောက်…အဲလို ဆိုရင်
      တစ်ဦးတစ်ယောက်ထဲကို ရည်ရွယ်သလို ဖြစ်နေမယ်ထင်တယ်လို ့ တွေ းပြီး…
      ဒီပုံစံနဲ ့ဘဲ ရေးဖြစ်သွားတာပါ…
      အတွေ ့အကြုံဆိုတာ ရပ်တည်ရတဲ ့ဘဝ၊ ဖြတ်သန်းလာတဲ့ အသက်အရွယ်ကြောင့်ပါ။
      ဒါပေမယ့် အကို ့ရင်ထဲက စေတနာက ခရစ်စမတ်မှာ ပို ့စ်တခုရေးချင်တယ်..
      ခရစ်ယာန်ဘာသာဝင်တွေကို ယခုချစ်နိုင်တာထက် ခရစ်တော်ကို ပိုချစ်စေချင်တယ်…။
      အကိုတွေ ့တာလေ….
      တစ်ချို ့က နုတ်ခမ်းဖျားလေးနဲ ့ဘဲ ချစ်နေကြတယ်..
      ဂစ်တာလေးတီးပြိး ချစ်ချင်ယောင်ဆောင်နေကြတယ်..
      ဘုရားကျောင်းတွေက ဖိတ်ရင် အကို သွားတယ်…
      မျက်လုံးတွေ ဆောရိုး….မျက်လုံးတွေ..
      ဘုရားကျောင်းထဲက မျက်လုံးတွေ…
      ကော်ဖီခွက်ပေါ်က မျက်လုံး…ကိတ်မုန် ့ပန်းကန်မှာ ဝဲနေတဲ ့မျက်လုံး…
      မျက်လုံးပေါင်းများစွာ…..
      ကားစင်ပေါ်မှာ ရက်ရက်စက်စက် သတ်ခံလိုက်ရတဲ့ ယေရှုအတွက် ဂရုဏာမျက်လုံး အကို ရှာမတွေ ့ဘူး…
      သူများကို အပြစ်ပြောတာမဟုတ်ဘူး….
      ခရစ်တော်က လူသားရဲ ့အမှားတွေ အတွက် အပြစ်ခံပေးတာ ..တို ့က အေးဆေးဘဲ..
      လို ့ တွေးတတ်သူတွေကို အကို တော်တော် စိတ်ဆိုးမိတယ်..။
      ဒါကြောင့်..
      ကိုယ့်ရဲ ့ ကိုးကွယ်ရာကို နှလုံးသားနဲ ့ ချစ်စေချင်တယ်..
      နှလုံးသားနဲ ့ မြင်စေချင်တယ်…
      ဒါလေးပါဘဲ ဆောရိုး ရယ်..
      အကို ့မှာ မြင်း မရှိပါဘူး ဆောရိုးရယ်…
      ဥရောပမှာ မြင်းက ကားထက်ဈေးကြီးတယ်..။
      ….
      ….
      ကောင်းမြတ်သော ခရစ်စမတ်ဖြစ်ပါစေသော်ဝ်

  • ဦးကြောင်ကြီး

    December 26, 2013 at 12:35 pm

    ဆရာခေါင်က နှလုံးသားရှိလျင် ဘုရားရှင်ကို တွေ့နိုင်တယ် ပြောတော့ ပိုထူးအောင် နည်းနည်းပိုကွန့် ပါရစေ။ ဘုရားကို နှလုံးသား မရှိတဲ့အခါ မြင်တွေ့ယုံမက ခံစားသိမြင် နားလည်နိုင်ပါလိမ့်မည်။ နှလုံးသား ရှိနေသ၍ ကိုယ့်မှာရှိတဲ့ ညဏ်တထွာတမိုက် သီလသမာဓိ တပိုင်းတစနဲ့ ပုံဖော်ပူဇော်နေတာမို့ အစစ်ကို တွေ့နိုင်ခဲတယ်။ နှလုံးသားမရှိတော့မှ (နှလုံး အစစ်ပဲဖြစ်ဖြစ် စက်ပဲဖြစ်ဖြစ် မရှိလျင် သေပြီမို့၊ မသေဘူး အသက်လျင်လျက်ပဲဆိုလျင် အဲဒီလူသည် နှလုံးသား မရှိလို့ ပြောလို့ရမယ်) ဖုံးအုပ်နေတဲ့ တိသလ္လာတွေ ကင်းပပြီး ဘုရားဂုဏ်တော်အစစ်ကို တွေ့နိုင်ကောင်းပါမည်။

  • Aye Lwin Oo

    December 26, 2013 at 2:36 pm

    သီလရှင်အကြောင်း တွေးမိသလောက်လေး ပြောပြချင်ပါတယ်။

    သီလရှင်(၄)မျိုးရှိတယ်လို့ မှတ်သားဘူးပါတယ်။ ဆရာတော်ကြီးတစ်ပါးကပြောတာပါ။ အသက်ကြီးသွားလို့မှတ်ဉာဏ်မကောင်း တော့ဘူးဆိုတော့ ဘွဲ့နံမည်မပြောနိုင်တာပါ နော်။

    ၁။ သီလရှင်ကျောင်းတစ်ကျောင်းကနေ တစ်ကျောင်း၊ ချောင်တစ်ချောင်ကနေ တစ်ချောင် လျှောက်လည်ပြီး အလေလိုက်နေတဲ့ သီလရှင် က မယ်သီလေ တဲ့။
    ၂။ ဆွမ်းခံကြွတဲ့အခါ လောဘကြီးလို့ သူများထက်ဦးအောင် ရှေ့ဆုံးက ပြာယာ ပြာယာ နဲ့ အတင်း အလှုခံတတ်တဲ့ သီလရှင်ကို တော့ မယ်သီလော တဲ့။
    ၃။ ကျောင်းမှာဘဲနေနေ၊ ဘယ်နေရာသွားသွား အနားရှိသမျှ လူယောက်ကျား၊ လူမိန်းမ၊ သီလရှင်တကာတို့နဲ့ ကက်ကက်လန် ရန်ဖြစ်တတ်တဲ့၊ အားလုံးအော့ကြောလန်တဲ့ မယ်သီလန် တဲ့။
    ၄။ ဆွမ်းခံလို့ရတတ်သမျှကို သံဃာတော်များနဲ့ အတူနေ သီလရှင်များကို တတ်နိုင်သမျှ လှု၊ သီလကို အမြဲတန်း ခိုင်ခိုင်မာမာ ဆောက်တည်၊ စာသင် စာချ အလုပ်ကို စွမ်းသမျှလုပ်၊ ရဟန်းရှင်လူ အားလုံးတို့ကို မေတ္တာနဲ့ ဆက်ဆံတတ်တဲ့ မယ်သီလှ တဲ့။

    ရွာသူ၊ ရွာသားတွေလဲ ဒီသီလရှင် (၄)မျိုးလုံးကို တွေ့ဘူးကြမှာပါ။

    သီလရှင်တွေဟာ ဗုဒ္ဓသာသနာမှာ သီလစောင့်ထိန်းပြီး သာသနာကို စွမ်းနိုင်သမျှစောင့်ရှောက်နေတဲ့ အမျိုးသမီးများဖြစ်ပါတယ်။
    အရင်တုံးက ရှိခဲ့ဘူးတဲ့ အမျိုးသား ဖိုးသူတော်များနဲ့ အတူတူပါဘဲ။ ကိုရင်အဆင့်မဟုတ်ပါဘူး။

    သီလရှင်(၄)မျိုးမှာ သာသနာကို အမှန်တကယ်စောင့်ရှောက်နေကြတဲ့ မယ်သီလှရှင်တွေလဲ အများကြီးရှိကြပါတယ်။ ကုသိုလ် ဖြစ်ကြောင်း(ပုညကိရိယာဝတ္ထု)၁ဝပါးထဲမှာ အပစာယန ဆိုတဲ့ မိမိထက် အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးသူတို့ကို (မျှော်လင့်ချက် မထားဘဲ) ခရီးဦးကြိုဆိုခြင်း၊ အလေးအမြတ်ပြုခြင်း၊ အမြတ်တနိုးပူဇော်ခြင်း ဆိုတာ တစ်ပါးအပါအဝင်ဖြစ်ပါတယ်။
    ကျွန်တော်တို့ လူသာမာန်ပုထုဇဉ်တွေအနေနဲ့ ငါးပါးသီလကိုတောင် လုံအောင်ထိန်းဖို့ဆိုတာ အင်မတန်ကို ခက်ခဲလွန်းလှ ပါတယ်လို့ ပြောရမလိုဖြစ်နေပါတယ်။ စာသင်စာချ ဆိုတဲ့ ပရိယတ္တိသာသနာကို စောင့်ရှောက်ခြင်း၊ သာသနာ့ဝေယျာဝေစ္စ ဆောင်ရွက်ခြင်း စတဲ့ အလုပ်တွေ လုပ်နေကြတဲ့ မယ်သီလရှင်များကိုတော့ အလေးအမြတ်ပြုသင့်တယ်လို့ ထင်မိပါတယ်။

    အသက်ကြီးရင် လေရှည်တယ်ဆိုတာ ဟုတ်မလားမသိဘူး။ အစလေးတစ်ခုတွေ့မိရင် တွေးမိသမျှ ပြောချင်လာတယ်။ ဗျစ်ဗျစ် တောက်တောက် တော့မဟုတ်လောက်ပါဘူး နော်။

    ဒါနဆိုတဲ့ စွန့်ကြဲမှုလုပ်ဖို့ အလှုခံပုဂ္ဂိုလ်လိုပါတယ်။ အလှုခံပုဂ္ဂိုလ် ၁၄ မျိုးရှိပါတယ်။ အလှုခံတစ်ကျိပ်လေး ခွေးတောင်ပါသေး ဆိုတဲ့ စာချိုးလေးတွေ့ဘူးပါတယ်။ အလှုခံပုဂ္ဂိုလ်ဟာ အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ်၊ စင်ကြယ်သည်ဖြစ်ဖြစ်၊ မစင်ကြယ်သည် ဖြစ်ဖြစ် သူ့ရဲ့ကုသိုလ်၊ အကုသိုလ်ဖြစ်ပါတယ်။ အလှုခံပုဂ္ဂိုလ်ကိုတွေ့ရလို့ လှုချင်စိတ်ပေါ်လာလို့ လှုလိုက်ရင် ကိုယ့်ရဲ့ကုသိုလ်၊ မကြည်ညိုစရာတွေ့လို့ မဲ့လိုက်မိရင်လည်း ကိုယ့်ရဲ့အကုသိုလ်ပါဘဲ။

    တစ်ခုတော့ပြောပြချင်ပါတယ် (ဘယ်နှစ်ခုပြောပြီးသွားပလဲမသိဘူးနော်)
    သူများကိုကြည့်တာ အကုသိုလ်က အများဆုံးဖြစ်ပါတယ်။ လှတာမြင်ရင်လိုချင်တယ်(လောဘ)၊ မဲမဲညစ်ညစ် ရုပ်ဆိုးဆိုးကြီး တွေ့ရင် မကြိုက်ဘူး(ဒေါသ)၊ ကိုယ်နဲ့ပြေပြေလည်လည်မဖြစ်ရင် ကိုယ့်ထမင်းကိုယ်ရှာစားတာ၊ ဘယ်သူ့ဂရုစိုက်ရမလဲဆိုတဲ့(မာန)၊ ကိုယ့်အိမ်ဘေးက သိန်း၅ဝလောက် ၃လုံးပေါက်တယ်ဆိုရင် ကျလိ ကျလိ နဲ့ မနာလို(အိပ်သာ ကို ပါဌ်ဆင့်ရေးမရဘူး ဖြစ်နေလို့၊ ဆောရီး)၊ မန္တလေးမှာ သံဃာတော်များတန်းစီဆွမ်းခံကြွတာကို မြင်ရတဲ့အခါကြတော့ ကြည်နူး(ပီတိ) အစရှိသဖြင့် ခံစားရသမျှအားလုံးနီးပါးဟာ အကုသိုလ်တွေချည်းများပါတယ်။
    ဒါ့ကြောင်းဖြစ်နိုင်သရွေ့ . . . မယ်သီတွေ လေလေ၊ လောလော၊ လန်လန် သူတို့ကို မကြည့်ဘဲ ကိုယ့်စိတ်ကို ကိုယ်ကြည့်တာ သာ အကောင်းဆုံးပါဘဲ။

    ကိုယ်ကြိုက်တာကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရကြပါလိမ့်မယ်။

    • kai

      December 26, 2013 at 4:12 pm

      သီလရှင်အစ”မယ်ကင်း”ကတဲ့..
      ပြောရရင်… မိန်းမတွေကို.. နှိမ်ချတဲ့.. ကွန်ဆာဗေးတစ်စိတ်ဓါတ်က.. အဲဒီမှာလာပေါ်တယ်ထင်မိတာပဲ..။
      ဘယ်နှယ်..
      .. ဂေါတမဗုဒ္ဓခွင့်ပြုတော်မူထားတာကို… ဗမာဘုန်းဘုန်းတွေက.. ငြင်းပယ်ရတယ်လို့ပေါ့နော..။

      သီရိလင်္ကာမှာတော့.. ရဟန်းမိန်းမ(ဘိက္ခူနီမ) ဖြစ်ခွင့်..ရပ်တည်ခွင့်ပြုကြောင်း…

      “ နှုတ်သီးရယ်စွာ၊ ( ပုတ်) ကြီး အာတာတာ နှင့် ဖာမယ်သီလ ၊
      အကျင့်ရယ်တန် မသင့်တာ အမြင်သန်လို ့၊ နင့် အကြံ ဝသီဆိုးတယ်၊
      ( ယိုး ) လိုက်ချင်လှ ”
      (ဗန်းမော်ဆရာတော်)

      • surmi

        December 26, 2013 at 4:21 pm

        ့သီရိလင်္ကာ ရဟန်​းအမျိုးသမီး​တွေအ​ကြောင်​းရှင်​းပါဦးသဂျီး
        ပွဲ​တောင်​းပါတယ်​ :kwi:

        • kai

          December 26, 2013 at 4:28 pm

          အမှတ်မမှားရင်.. သီရိလင်္ကာမှာ.. ဘိက္ခုနီလုပ်နေတဲ့.. ဗမာတယောက်က.. မြန်မာပြည်မှာ..ဗုဒ္ဓဘာသာညီလာခံ လာတက်တာ.. မဟနထောင်တာနဲ့.. (အဲဒီခေတ်ကစစ်အစိုးရက) ဖမ်းထောင်ချပစ်သဗျ…
          အဲဒီရဟန်းမရဲ့အကိုက.. စစ်တပ်ကဗိုလ်မှုးကြီးဖြစ်နေလို့.. ခဏပဲချပြီး.. ပြည်နှင်ဒဏ်ပေးလိုက်တယ်မှတ်ဖူးတယ်…

          ၂၀၀ရလောက်လို့.. ထင်တာပဲ..
          သတိထားမိသူများ.. အသေးစိတ်ရေးကြလေကုန်…။

      • ကျော်စွာခေါင်

        December 26, 2013 at 8:43 pm

        ကိုခိုင်
        သီလရှင် တစ်ချို ့က ဝမ်းရေးနဲ ့နေထိုင်ရပ်တည်မှုက ခက်ခဲပါတယ်..တစ်ချို ့က လောဘစိတ်ကပိုနေတော့ အနေအထိုင်က လေးစားစရာ မဖြစ်ပါဘူး.. အဲဒီမှာ အားလုံး သော သိလရှင်တွေပါ ထိခိုက်တာပါဘဲ..။
        သီလရှင်မို ့ဆိုတဲ့ အမြင်နဲ ့ခွဲခြား နှိမ့်ချတာကိုတော့ ကျနော် မကြိုက်ပါဘူး…။
        ခရစ်ယာန် သီလရှင်လေးတွေကျတော့ စားစရာ နေစရာ ပညာရေး ပူပင်စရာမလိုပါဘူး…။
        အဲဒီ အခြေခံ အချက် ကွာဟမှုက လူအမြင်မှာ ကြီးမားတဲ့ အမြင်ကွာဟမှု ဖြစ်နေတာပေါ့..။
        စကားအတင်းစပ်….
        တောင်ပေါ် တောရ ကျောင်းလေးမှာ…ကျနော်နဲ ့ခင်တဲ့ သီလရှင်က စေတီဘုရားတည်တော့…
        တောင်လယ် တောရကျောင်းက ကျောင်းထိုင်ကိုယ်တော်က ဒေါသတွေဖြစ်ပြီး အမနာပ ပြောတာကြားရတော့
        ကိုယ့်မှာ ပြုံးရခက်ခက်.. မနေနိုင်လို ့…
        “ ကိုယ်တော်ကလည်း….ကိုယ်လည်းသူ ့လို လုပ်နိုင်အောင် ကြိုးစားပေါ့” လို ့ပြောတော့…
        “ ဒကာကြီးက သီလရှင်လူလား…. ကျုပ်လူလား ” တဲ့..။
        ကဲ….
        သူကြီးပြောတဲ့ ကွန်ဆာဗေးတစ်ကြီးက တောရကျောင်းမှာတောင် မလွတ်ဘူး..။

      • လုံမလေးမွန်မွန်

        December 27, 2013 at 6:15 pm

        ပေါက်ကရတွေးမိတာကို ဆက်ရရင်… သာသနာမှာတောင် မိန်းကလေးက အနှိမ်ခံရသလားလို့…
        ဒီနေ့မှ သာသနာ့ဘောင်ကိုဝင်သော ကိုရင်ဖြစ်ပါစေ..ဘိက္ခူနီက ကန်တော့ရတယ် ဆိုတာလေ..

        နည်းနည်းတော့ကြာပြီ… အိမ်နားက မုန့်ဆိုင်မှာ မုန့်ဝင်ဝယ်တော့… ကိုယ်က ဒီဘက်မှာ မုန့်ကြည့်နေတာ… သတိမထားမိဘူး..ဆိုင်ရှင်က ပြောတယ်..
        “တွေ့လား… တစ်ဆယ်တန်ကိုမြင်တော့ ချက်ချင်းကို ထွက်သွားတော့တာပဲ” တဲ့..

        ဆိုင်ရှင်သမီးက ပြောတယ်..
        “ဒါ သီလရှင် အလှူခံချိန်မှမဟုတ်တာ… အလှူကျလာခံတယ်..တစ်ဆယ်တန်ကိုမြင်တော့ကျ ထွက်သွားတယ်” တဲ့..

        သူတို့အသံတွေကြားတော့မှ အာရုံစိုက်မိတယ်…ရင်ထဲမှာ တကယ်မကောင်းဘူး… တစ်ဆယ်တန်ဆိုတာ သကြားလုံးတစ်လုံးတောင် ဝယ်စားလို့မရပါဘူး.. မလှူချင်ရင် ကန်တော့ဆွမ်းပါလို့ ငြင်းလို့ရပါတယ်..အခုက တစ်ဆယ်တန်တဲ့…

        သာသနာကို ခုတုံးလုပ်တာ သီလရှင်မှ မဟုတ်ပါဘူး… ရဟန်းတုတွေလည်း အများကြီးပါပဲ.. ဒီထဲကမှ သီလရှင်အစစ်တွေတောင် အနှိမ်ခံရတယ်..အမေက ပြောဖူးတယ်… လောကီကို စိတ်ကုန်လို့ သီလရှင်ဝတ်ရင်တောင် ငြိမ်းအေးမယ် မထင်နဲ့တဲ့… ဘာကွာတာလဲ.. “ဘုန်း” လား.. ဘာလဲ… နားမလည်ဘူး… သာသနာ့ဘောင်မှာတောင် မိန်းကလေးက အနှိမ်ခံပဲလား..

        (အယူတိမ်းနေရင်လည်း လမ်းပြပေးကြပါ..စိတ်ထဲမှာ တကယ်ကို မကောင်းလို့ပါ..)

    • ကျော်စွာခေါင်

      December 26, 2013 at 9:32 pm

      ကျေးဇူးတင်တယ်လို ့ဘဲ ထပ်ပြောရဦးမှာပါ ကိုအေးလွင်ဦး
      တစ်ခု ပြောရင် တစ်ခု မှတ်သားရပါတယ်..
      တစ်ခု မက ပိုပြီး ပြောရင် ပိုပြီး မှတ်သားရပါတယ်..
      ဗဟုသုတလဲရသလို အသိပညာလဲ ပိုတိုးပါတယ်..။

      သူကြီးရော ကိုအေးလွင်ဦးရော… ၂ယောက်လုံးကို အထူးကျေးဇူးတင်ရပါတယ်..။

      • Aye Lwin Oo

        December 26, 2013 at 10:41 pm

        ကိုခေါင်ခင်ဗျား

        kai ကို reply လုပ်နေတဲ့အချိန်မှာ ကိုခေါင်နဲ့ (ကို) San Hla Gyi တို့ရဲ့ Comment တက်လာတာ မတွေ့လိုက်မိပါဘူး။ Submit လုပ်ပြီးမှ တွေ့လိုက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ အပေါ်မှာ ဆရာကြောင်က သတိပေးထားတာလဲ ရှိပါသေးတယ်။

        ကိုခေါင်ရေ

        အရိပ်အကဲပြလို့မှ သဘောမပေါက်ခဲ့တဲ့ ကိုယ့်ကိုယ် ကိုအတွက် ရှက်မိပါတယ်။
        အလိုက်ကန်းဆိုးမသိမိခဲ့တဲ့အတွက်လည်း ရင်နဲ့တောင်းပန်ပါတယ်။

        Kai ကလဲ လွှတ်ချလိုက်ပါလို့ ပြောပါတယ်။

        လွှတ်ချလိုက်ပါတယ် ကိုခေါင်။ လုံးဝလွှတ်ချလိုက်ပါတယ်။

        သင်ခန်းစာတစ်ခုအတွက် ကျေးဇူးတင်ပါတယ်။

        • ကျော်စွာခေါင်

          December 27, 2013 at 12:05 am

          ကိုအေးလွင်ဦးရေ
          အခု ကွန်မန် ့ကို ဖတ်ရမှ ကျနော် တစ်ကယ် စိတ်မကောင်းဖြစ်ရတာပါ..။
          ရှက်စရာ မလိုသလို လွှတ်ချစရာလဲ မလိုပါဘူးလေ..။
          အယူအဆ မတူတာတစ်ခုကို ငြင်းရင်း…ပြောရင်း
          ကိုယ်ယူဆထားတဲ့ အမှန်တရားတခုကို လွယ်ကူစွာ လွှတ်ချမယ်ဆိုရင်..
          ကျနော် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူ ဖြစ်လာမှာ မဟုတ်ဘူး အကိုရဲ ့..။
          သူကြီးနဲ ့အကိုနဲ ့က ကျနော့်ပို ့စ်နဲ ့ပါတ်သက်ပြီးမှ အယူအဆ တစ်ခုကို ပြောကြရေးကြတာ..ဆိုတော့
          သူနဲ ့အယူအဆ မတူပေမယ့် ကျနော့်အတွက်က မှတ်သားစရာတွေ…
          ကျနော့်နည်းတူ…လေ့လာချင်တဲ့ လူငယ်တွေ အတွက် မှတ်သားစရာတွေပါ..။
          အကို ့စိတ်ထဲမှာ အနှောက်အယှက်ဖြစ်သွားရင် ကျနော်က တောင်းပန်ပါတယ်..။
          သူကြီးနဲ ့ကျနော်က မရင်းနှီးပေမယ့် သူက ဒီလိုဘဲ…
          ကိုစံလှကြီးတို ့နဲ ့မှ သူက ပြောမနာ ဆိုမနာဗျ..
          ကိုအေးလွင်ဦးက အသစ်တယောက်အနေနဲ ့ ခုမှ ဝင်လာကာဘဲ ရှိသေး …စိတ်မကောင်းစရာ ဖြစ်သါားရင် ကျနော်က ကြားကနေ တောင်းပန်ပါတယ်..။
          ….. နောက်လဲ လာပါ..မျှဝေပေးပါ..။
          ဖိတ်ခေါ်ပါတယ်..။
          ဘာကိုမှ သင်ခန်းစာ ရလိုက်တယ်လို ့ မတွေးပါနဲ ့..
          ဘာကိုမှ လွှတ်မချပါနဲ ့…။ ရှက်စရာလဲ မလိုပါဘူး…။
          ကျနော့် မိသားစုနဲ ့ကခုထိ ကျနော် ငြင်းခုန်နေတုန်းပါဘဲ…
          ကျနော့် အဖေက ကျောင်းက ဂေါပက လူကြီး…
          ကျနော့်ညီက ဘာသာရေးဆရာ….
          ဘယ်လောက်ဘဲ ငြင်းငြင်း ကျနော်က လွှတ်မချဘူး…။
          သူကြီး လွှတ်ချ ခိုင်းလို ့သာ လွှတ်ချရမယ်ဆိုရင်တော့
          ဒီဆိုက်မှာ ရေးနေတဲ့လူတွေ…ကုန်းကောက်စရာတောင် မရှိဖြစ်နေကြမှာ….။
          ကျေးဇူးနော်..
          နောက်အမြဲလာပါ…
          ကျနော့်ကိုဘဲ သွန်သင် ပြောပြပေးပါ..။

          ခင်မင်လျှက်
          ကျော်စွာခေါင်

        • kai

          December 27, 2013 at 3:39 am

          ကိုရင်ခေါင်ရေ..
          ကျုပ်က.. ပုံနှိပ်သတင်းစာမှာ.. စာတည်းချုပ်လုပ်ပါတယ်.. :mrgreen:
          ဒီထဲဝင်ပြီး ရှုပ်သလိုဖြစ်နေရင်တောင်းပန်ပါတယ်..။
          ကျုပ်ရေးတာတွေက.. ဘာသာ၂ခုကြားထိပါးရိပါးတွေမပါပဲ.. အချက်အလက်ကိုယူပြီး တိုက်ဆိုင်ပြနေတာလို့.. စိတ်ရင်းရှိကြောင်း… အာမခံပါတယ်..။
          တချိန်ချိန်မယ်… ရေချိန်ညှိကြတဲ့အခါ… အရေးပါလာနိုင်ပါတယ်..။
          ==
          ကိုရင်အေး(လွင်ဦး)ရေ…
          ဒုက္ခပါပဲ… ဘာတွေတကယ်လွှတ်ချမလို့လဲ…
          ကျုပ်ရေးဖူးတာလေးရှိတယ်ဗျ…။
          ငြင်းခုန်ခြင်းအနုပညာတဲ့…။

          ဆိုတော့… အနုပညာမြောက်ရင်…
          ဖတ်သူတွေအကျိုးများပါတယ်..။

          ထပ်ကွန့်ဆွေးနွေးလိုက်ရရင်.. လူသားမှာ.. အရိယာဆိုတာမျိုးဖြစ်တည်မှုက.. ဗုဒ္ဓဘာသာကသတ်မှတ်ထားတာမှမဟုတ်တာနော..
          ဗုဒ္ဓပွင့်ပွင့်..မပွင့်ပွင့်ရှိ(ရ)တယ်ဗျ..။
          လူုသားကို … .. အဆင့်တွေခွဲရင်.. ” သောတာပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓာ၊ ဗုဒ္ဓ ” တွေက.. လူသားတိုင်းမှာဖြစ်ခွင့်ရှိပါတယ်..
          ဖြစ်လည်းဖြစ်ပါတယ်..

          အဲဒါလေးပြောရင်း…
          ပိုစိတ်ဝင်စားမယ်ဆို.. ကိုယ်တိုင်ပို့စ်တခုတင်စေလိုကြောင်းနဲ့..အဲဒီမှာ.. ဆက်ဆွေးနွေးလို… :mrgreen:

  • TNA

    December 26, 2013 at 10:12 pm

    ဆြာခေါင်က စွယ်စုံလို့ပြောရမလား ဘက်စုံလို့ပြောရမလား ပါရမီရှင်လို့ပြောရမလား အောင်မယ်လေး လန့်တောင်လာပြီ။ သာမန်တော့ဟုတ်ဖူးထင်ဘာ့ 😀 အပြင်မှာတွေ့ဖူးချင်လိုက်တာ

    • ကျော်စွာခေါင်

      December 27, 2013 at 12:10 am

      မနုအေး
      မမြှောက်နဲ ့…..။
      အပြင်မှာ တွေ ့ဖူးချင်ရင် ရွှေပုပ္ပါးသွေးဆေးဆောင်ထားနော်…
      အနော်က ကြောင်းစရာဂျီး….. ဟီးဟီး။ လန် ့မှာတော့ သေချာတယ်… လူချောတွေ ့ဘူလား ။

      • TNA

        December 27, 2013 at 5:00 pm

        နာမည်ကြီးမင်းသားပဲဟာ ချောမှာတော့အသေချာပဲ တွေ့ဖူးချင်ဘာတယ်။

  • ကျော်စွာခေါင်

    December 27, 2013 at 4:50 am

    သူကြီးရေ
    ဟိုအပေါ်ကွန်မန် ့တွေမှာ ဆက်ရေးလို ့မရလို ့ ဒီမှာဘဲ ရေးလိုက်ပါတယ်..
    သူကြီးက စာတည်းချုပ်ကိုး……။ ထင်တော့ ထင်သားဘဲ..။
    ကျနော်က တော့ သူကြီးဝင်ရှုပ်တယ်လို ့ မထင်ဘူးဗျ…
    သူကြီးမြင်တဲ့ ထောင့်ကနေ ထောက်ပြပေးတယ်..လိုအပ်ရင် လင့်ခ်ပါ ချိတ်ထားပေးတယ်..
    ဒါကောင်းတဲ့..ပံ့ပိုးမှုပါ..
    စာတည်းချုပ်လုပ်ရမယ့် တာဝန်ပါ..။
    ငြင်းခုန်ခြင်း အနုပညာကိုလည်း လက်ခံပါတယ်..။
    ……..
    ……..
    ……..
    အမျိုးမျိုးတော့ ကွဲပြားကြတာပေါ့လေ…။

  • ဦးကျောက်ခဲ

    December 27, 2013 at 12:51 pm

    ဆြာခေါင်ရေ အကြောင်းသိချင်းပေမည့် မန့်ရမှာ လက်တောင်မရဲဘူး…
    စွယ်စုံ ဆြာခေါင်ဆိုတာ ကျောက်စ်နဲ့ သိတယ်လို့ ပြောရတာ ဂုဏ်ရှိသဗျာ…
    နောက်ပြီး အပေါ်က ဆြာတွေ ချေချက်ကလည်း ရှင်းကနဲပဲ…
    ဗရာဗိုပါဗျို့…
    😀

  • nozomi

    December 27, 2013 at 3:54 pm

    ကိုခေါင့် ရဲ့ ပို့စ် ရော ပန်းချီ ကားလေးရော
    အောက်က ကွန်မန့်တွေရော
    ဖတ်ရှု မှတ်သားစရာ အပြည့်နဲ့ မို့ တကယ်သဘောကျမိတယ်

    ဒီ ကာလ
    ငယ်ငယ်က ကရင်မသူငယ်ချင်းလေးတောင် သတိရမိတယ်

  • Mr. MarGa

    December 27, 2013 at 4:25 pm

    ပထမ ဒက်ဒီခေါင့် ဇာတ်လမ်းကိုဖတ်
    ဆက် ဆင်းလာတော့ သဂျီးနဲ့ ကိုအေးလွင်ဦးနဲ့ ကွန်မန့်တွေကို ဆက်ဖတ်
    အဲဒီမှာ ဦးစံလှကြီးပါ ပါလာတော့ ပွဲက ထပ် မြိုင်သွားရော
    အချုပ်မှာ အားလုံးပေါင်းကြည့်လိုက်တော့
    အယ်….ငါ ဗဟုသုတ အတော်ရသွားသဟ

    ဖားသဂျိုးးးးးးးး

  • koyinmaung

    December 27, 2013 at 8:15 pm

    ကိုကျော်စွာခေါင်ရဲ့ပို့စ်ကိုဖတ်ပြီး သဂျီးနဲ့ ကိုအေးလွင်ဦးတို့ကော်မန်းတွေဖတ်ရတာ
    အရမ်းကောင်း ဗဟုသုတလဲရပါတယ် ချက်နဲ့လက်နဲ့ ဒါကြောင့် သခင်ယေရူးနဲ့ပါတ်သက်ပြီး
    ကျနော်ဖတ်ခဲ့ဘူးတဲ့သခင်ယေရူအကြောင်းလေးဝင်ပြောပါရစေဗျာ…….
    သခင်ယေရူးကို တချိန်ကဗုဒ္ဓဘာသာ ရဟန္တာတစ်ပါရယ်လို့ယူဆခဲ့သလို..အစ္စလာမ်ဘာသာကလဲ
    တမန်တော်အီဆာရယ်လို့သတ်မှတ်ခဲ့ကြတာပါ…
    တကယ်တော့ ဓမ္မဟောင်းကျမ်းစာကိုခရစ်ယန် ရောအစ္စလာမ်ဘာသာနှစ်ခုစလုံးကလက်ခံထားတဲ့
    ကျမ်းစာပါ ဒီကျမ်းစာကိုကြည့်ယင် ကလက်စားချေတဲ့တရားကိုအချေခံထားတဲ့ကျမ်းပါ..
    ကိုယ့်မျက်လုံးတလုံးကိုဖျက်ဆီးခဲ့ယင် သူမျက်လုံးတလုံပြန်ဖျက်ဆီးနိုင်တယ်လို့ဆိုထားတာပါ..
    ဒါပေမဲ့ခရစ်တော်ပေါ်လာတဲ့အခါ သည်ညီခံချင်းတရားကိုဟောလာခဲ့ပါတယ်
    ဒါကြောင့်ခရစ်တော်ရဲ့တရာတွေဟာရန်ကိုရန်ချင်မတုံ့ပြန်ရဘူးဆိုတဲ့ ဗုဒ္ဓရဲ့တရားတွေနဲ့တူညီလာတာကြောင့် သခင်ယေရူကို ဗုဒ္ဓရဲ့အဆုံးအမကိုခံယူဘူးတဲ့
    ရဟန်းတပါရယ်လို့ယူဆဘူးကြပါတယ်..
    အစ္စလာမ်ဘာကျတော့ သခင်ယေရူကို သူတို့ရဲ့တမန်တော်အီဆာရယ်လို့လက်ခံထားပါတယ်
    သခင်ယေရူ လက်ဝါးကပ်တိုင်မှာကပ်အသတ်ခံရမဲ့အချိန်မှာ ဘုရားသခင်ကလူစားလည်းပြီး
    ခေါ်ယူသွားတယ်လို့ဆိုထားပါတယ် နောက် အိန္ဒိယာပြည်နယ်ကက်ရှမီယာပြည်နယ်မှာ
    အသက်တရာ့နှစ်ဆယ်နေသွားတယ်လို့ဆိုထားပါတယ် တမန်တော်အီဆာရဲ့အုပ်ဂူဟာခုချိန်
    ထိရှိနေတယ်လို့ဆိုထားပါတယ်..
    ဒါကြောင့်လဲ သခင်ယေရူဟာ ကိုယ့်ဘာသာနဲ့မဆိုင်ပေမဲ့စိတ်ဝင်စားခဲ့တာတော့အမှတ်ပါဘဲ……..

    • ကျော်စွာခေါင်

      December 28, 2013 at 1:28 am

      ကိုရင်မောင်
      ဟောဒီ ၂၀၁၃ ရဲ ့ခရစ်စမတ် ပို ့စ်တစ်ခုဟာ အမှတ်တယပို ့စ် အဖြစ် မန်းဂေဇက်နဲ ့ကျနော့်ရင်ထဲမှာ အမြဲတမ်းသတိယနေမှာပါ ကိုရင်မောင်…
      အခု ကိုရင်မောင်ရဲ ့ ကွန်မန် ့လေးက ကျနော်စိတ်နဲ ့ထပ်တူနီးပါးပါဘဲ…။ ပို ့စ်အတွက်လည်း ပိုပြီး အထောက်အကူပြုပါတယ်…။
      ထာဝရဘုရားကို ပူဇော်ပသတဲ့အခါ..သစ်သီးနဲ ့ပူဇော်တဲ ့သား နဲ ့ သိုးကိုသတ်ပြီး ပူဇော်တဲ ့၂ယောက်အနက်…
      “အသွေးအသားနဲ ့ပူဇော်တဲ ့သားကို ငါပိုပြီး ချစ်မြတ်နိုးတယ် ” ဆိုတဲ့ စကားလေးတစ်ခွန်းဟာ…
      ကြီးမားတဲ ့ လမ်းကြောင်း၂ခု အဖြစ် ကွဲထွက်ခဲ့တယ်လို ့ ကျနော်မြင်ခဲ့ရတယ်..။
      တစ်ခု သတိထားမိတာက ကျမ်းဟောင်းဘဲ…ကျနော့်စိတ်က လက်မခံနိုင်ဘူးဖြစ်ခဲ့တယ်..ကိုရင်မောင်..
      ကျမ်းသစ်မှာတော့ ဗုဒ္ဓတရားတော် ရဲ ့၅ပါးသီလကို သွားတွေ ့ရတယ်..
      ဒီလိုတွေဟောခဲ့တာကို ကြမ်းတမ်းသော ရှေးရိုးစွဲတွေက ကျမ်းဟောင်းနဲ ့မတူတဲ့အတွက်……
      ယေရူခရစ်တော်…လက်ဝါးကားစင်ပေါ် တက်ခဲ့ရတဲ့အကြောင်းတွေထဲက တစ်ခုပါဘဲ…။
      ကျနော် သူ ့ကို လေးစားတယ် ချစ်တယ် ဆိုတာ လူတွေ လိမ်မာဘို ့ ဟောကြားရင်း အသတ်ခံလိုက်ရတဲ့ အတွက်လဲပါတယ်..။
      လောက လူသားတွေ…ရက်စက်မှုက …..အံ့မခန်းပါဘဲ..
      ကျမ်းဟောင်းကို လက်ခံဆဲဖြစ်တဲ့ လူတစ်ချို ့က ယေရှုကိုတောင် လက်မခံဘဲ ဟာသ လုပ်ပြောနေတာတွေ ့တော့ ကျနော်
      အသားဆတ်ဆတ်တုန်အောင် ဒေါသ ဖြစ်ခဲ့ရပါတယ်..

      ဘယ်သူတွေ ဘာဘဲ ပြောပြောလေ…
      ဟောဒီပို ့စ်ကို တစ်ဖက်တစ်လမ်းက အားပေးဖတ်ရှုသူတွေ စိတ်ထဲမှာ ဘာသာမတူပေမယ့် ယေရှုခရစ်တော် အပေါ်မှာ
      အဆိုးမမြင်ဘဲ သူတော်ကောင်းတစ်ယောက် သူတော်စင် တစ်ပါးအဖြစ် နားလည်ခံစားပေးနေတာကိုက…
      မန်းဂေဇက်ရဲ ့ နှလုံးသား လို ့ ခံစားနားလည်မိတဲ့ ကျနော်…
      ဒီပို ့စ်လေး ရေးရကျိုးနပ်ပါတယ်…ကိုရင်မောင်…။

      ခင်မင်လေးစားလျှက်
      ကျော်စွာခေါင်

  • Foreign Resident

    December 28, 2013 at 5:59 am

    ကိုခေါင် ရဲ့ ပိုစ့် လဲကောင်း ၊
    အပြန်အလှန် ငြင်းခုံကြတဲ့ Comment တွေလဲ ကောင်းပါတယ် ။

    kai says:
    ” စိန့်.. သူတော်စင်တွေအဆင့်က… ဗုဒ္ဓဘာသာရဲ့.. အရိယာနဲ့တူမယ် ”

    သူကြီး ဆိုလိုတဲ့သဘောက ဟိုဘက်တပ် ဒီဘက်တပ် ရဲ့ ၊
    ရာထူး တူ ချင်း ညှိတဲ့ သဘောမျိုး ပြောသွားတာပါ ။

    ဦးကြောင်ကြီး says:
    ” မာမွတ်လျှာပွတ် နဲ့ ဖက်ပြိုင်ဖြစ်သူ နောင်ဂျီးကိုဗဲ အပြစ်တင်ဂျင်ဒေါ့သာဗဲ ”

    တစ်ခုဘဲ ပြောချင်တာက ၊ ကို Aye Lwin Oo ရေ ။
    ဦးကြောင် က သူကြီး Kai ကို အဲလိုဘဲ ၂ ပြားမတန်အောင် ပြောနေ နောက်နေကျဗျ ။
    ဦးကြောင် ပြောတာ / နောက်တာ တွေကို အတည် မယူနှင့်ဗျ ။

  • ဆြာခေါင်ကိုတော့လေးစားပြီးရင်းလေးစားမိတယ်။
    ကျွန်မလည်း ဒီစာလေးကိုဖတ်ပြီးဆြာခေါင့်လက်ရာ ယေရှုပုံတော်ကိုမြင်လိုက်ရတ ာစိတ်နှလုံးချမ်းမြေ့စေတယ်။
    ှကိုယ့်ဘုရားရှင်ရဲ့မျက်နှာတော်၊သူများဘုရားရဲ့မျက်နှာတော်ရယ်လို့ခွဲခြားမြင်ခြင်းထက် အေးချမ်းမှုကိုပေးတဲ့မျက်နှာတော်တစ်ခုအဖြစ်မြင်ယောင်မိတယ်။

    အိမ်က သမီးနဲ့သားကို ကရင်မူကြိုမှာထားတော့ နေ့တိုင်းလိုလိုမောင်နှမနှစ်ယောက် သီချင်းဆိုတိုင်း ကိုယ်တော်ချင်းထပ်နေတယ်။
    ဖေဖေက ငယ်တုန်း သူတို့ဆိုချင်ရာဆိုပါစေ။ကိုယ့်ဘာသာ သာမမေ့စေနဲ့ဆိုတာနဲ့လွှတ်ပေးထားလိုက်တယ်။သူများမိဘတွေကတော့ အဲလိုသီချင်းတွေပါထည့်သင်လို့ဆိုပြီး ဘာသာရေးမာနကြောင့် စိတ်ရှည်သီးခံပြီး သေသေချာချာသင်ကြားပို့ချတဲ့ကရင်မူကြိုမှာ မထားပဲ။စိတ်မရှည် ညည်းညူတဲ့မြန်မာမူကြိုတွေမှာထားကြတယ်။
    ကိုယ့်ခံယူချက်နဲ့ကိုယ်တွေပေါ့လေ။

  • ဦးဦးပါလေရာ

    December 29, 2013 at 7:37 pm

    အခုမှအချိန်နဲနဲရလို့ ဒီပိုစ့်ကောင်းလေးကိုဖတ်ဖြစ်တယ်…
    ကျေးဇူးတင်စရာကောင်းတဲ့ ပိုစ့်လေးပါပဲ….။

    ကျုပ်ကတော့ တစ်ခုခုကိုစဉ်းစားရင်
    အကျိုး (ကောင်းကျိုး) ကို ရှေ့တန်းတင်စဉ်းစားလေ့ရှိသမို့
    ဘာသာကြီးလေးရပ်လုံးထဲက လူတွေကို ကောင်းကျိုးရှိစေတဲ့ အချက်တွေအပေါ်မှာ လေးစားပါတယ်။

    အဲသလိုပဲ…
    လူတွေကို ကောင်းကျိုးမရှိစေတဲ့ ဆိုးကျိုးဖြစ်စေတဲ့ အချက်တွေရှိခဲ့ရင်
    မည်သည့်ဘာသာထဲက အချက်ဖြစ်သည်ဖြစ်စေ
    ရဲရဲတင်းတင်း ကန့်ကွက်ရှုတ်ချပါတယ်…။

    လူသားက ဘာသာတရားအကျိုးအတွက်မဟုတ်
    ဘာသာတရားကသာ လူသားအကျိုးအတွက် ဖြစ်စေသင့်တယ်…။

    (ဂွစကားတော့ ပြောမိပြီ ။ ရွာထဲဝင်ဝင်ချင်း အဆဲခံရတော့မှာပဲ။ )

Leave a Reply