ပေါက်တတ်ကရလဲ တွေးမိပါရဲ့…ပေါက်တတ်ကရတွေလဲ ရေးမိပါရဲ့…

(၁) သမ္မတကြီး ဂျပန်မှာ ရထားစီးပြီး အဆင်သင့်စားနိုင်တဲ့ထမင်းဘူးလေး ထိုင်စားနေတာ တွေ့တော့…

((သြော်…သမ္မတကြီး ဂျပန်က ရထားမစီးရဘူး…အထက်ပိုင်း မြစ်ကြီးနား သွားတဲ့ ရထားစီးရမှာ…အဲ့ဒီထမင်းဘူး ချစားနိုင်ဖို့နေနေသာသာ…အောက် ချလိုက်တာနဲ့ တခါထဲ မြောက်တက်သွားလိုက်မှာ နဖူးပြောင်ပြောင်ကြီးပေါ်တောင် ကျော်သွားလောက်တယ်))

အဲ့လို တွေးမိပါရဲ့…အထက်ပိုင်းရထား ခုန်ချက်…မြင်းပြိုင်ပွဲ မြင်းစီးတာရဲ့ အဆတစ်ရာတောင် သာဦးမယ်…

(၂) သမ္မတကြီး လည်ဆွဲပြားကြီးဆွဲပြီး ဖွင့်ပွဲတက်တော့လဲ ပေါက်ကရ စဉ်းစားမိပြန်ရော…

((အ၀င်မှာ စစ်ဆေးတဲ့သူက လည်ဆွဲပြားထဲက ပုံနဲ့ ၀င်လာတဲ့သူနဲ့ တူမတူ…အယောင်ဆောင်လာတား...အစစ်လား…ဘာတွေပါလာသလဲ…ဆိုတာကို တီ တီ တီ တီ မြည်တာကြီးနဲ့ ဟိုဆွဲ ဒီဆွဲ ဆွဲပြီး စစ်ရဲပါ့မလားလို့…))

မစစ်ရဲမယ့် အတူတူတော့ ဘာလို့ ဆွဲနေတော့မှာလဲ လို့…ဟုတ်ဖူးလား…

(၃) ဖွင့်ပွဲမှာ ပုဆိုးလှလှကြီးတွေ ဆင်တူ ၀တ်ထားတာတွေ့တော့လဲ စဉ်းစားမိပြန်ရော…

((ဒီ ဒုသမ္မတ …၀န်ကြီးအဆင့်ကတော့ သူ့သဘော သူ့ဆန္ဒနဲ့တော့ ၀တ်ချင်ရှာမှာ မဟုတ်ဘူး…၀တ်ကို ၀တ်ရမယ်လို့ အမိန့်တော် ချမှတ်လို့သာ သူ့ခမျာ ၀တ်ရရှာတာ…ဘယ်လို အမိန့်တော် ပို့သလဲမသိဘူး…အဖွင့်ပွဲတွင် အပေါ် အဖြူရောင်…အောက် ချိတ်အပွင့်အခက်ကြီးကြီး လိမ္မော်ရောင် မဖြစ်မနေ ၀တ်ဆင်ပါရန် လို့များ ဖုန်းနဲ့ဆက်အမိန့်ပေးသလား...စာနဲ့ပဲ အကြောင်းကြားသလား မသိဘူးနော်…တကယ်ကြီးများသာဆို အဲ့စာကြီးက ရီစရာကြီး))

အဲ့ကလို အမိန့်ပေးတယ်ဆိုရင်လဲ ပြုပြင်လိုတဲ့ တိုင်းပြည်အုပ်ချုပ် ခေါင်းဆောင်လုပ်သူတွေပဲ… ကိုယ်မှန်တယ် ထင်ရင်…မ၀တ်ချင်ကြရင်…ကိုယ် မ၀တ်နိုင်ကြောင်းလောက်တော့ ပြန်ပြောရဲရမှာပေါ့နော့… ဆွဲချွတ်ပြီး ၀တ်ပေးလို့ရတာမှ မဟုတ်တာ…

ဟီး…ဟီး…တော်ပြီ…တော်ပြီ…ရှေ့ဆက် ဒီလို ပေါက်တတ်ကရတွေ ကျပ်ကျပ်တွေး…ပေါက်ကရနေရာမှာ ပေါက်တတ်ကရ ဆန်လုံးတီးလေးနဲ့ ပေါက်တတ်ကရ ငါးပိထောင်းလေးနဲ့…စားပြီး ပေါက်ကရ ဒန်အိုးစုတ်စုတ်လေးထဲ ကျွန်တော်ကို Wai Lu အီ အီးပါနေရဦးမယ်…သမီးနဲ့သားက ငယ်သေးတယ်နော့…တော်ပြီနော်…မိတ်ဆွေတို့လဲ ဒီလို ပေါက်တတ်ကရရေးထားတဲ့ စာတွေ မဖတ်မိကြစေနဲ့နော်…sea

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...