ပေါက်တတ်ကရလဲ တွေးမိပါရဲ့…ပေါက်တတ်ကရတွေလဲ ရေးမိပါရဲ့…

johnnydeerDecember 25, 20131min19714

ပေါက်တတ်ကရလဲ တွေးမိပါရဲ့…ပေါက်တတ်ကရတေွလဲ ရေးမိပါရဲ့…

(၁) သမ္မတကြီး ဂျပန်မှာ ရထားစီးပြီး အဆင်သင့်စားနိုင်တဲ့ထမင်းဘူးလေး ထိုင်စားနေတာ တွေ့တော့…

((ဪ…သမ္မတကြီး ဂျပန်က ရထားမစီးရဘူး…အထက်ပိုင်း မြစ်ကြီးနား သွားတဲ့ ရထားစီးရမှာ…အဲ့ဒီထမင်းဘူး ချစားနိုင်ဖို့နေနေသာသာ…ေအာက် ချလိုက်တာနဲ့ တခါထဲ မြောက်တက်သွားလိုက်မှာ နဖူးပြောင်ပြောင်ကြီးပေါ်တောင် ကျော်သွားလောက်တယ်))

အဲ့လို တွေးမိပါရဲ့…အထက်ပိုင်းရထား ခုန်ချက်…မြင်းပြိုင်ပွဲ မြင်းစီးတာရဲ့ အဆတစ်ရာတောင် သာဦးမယ်…

(၂) သမ္မတကြီး လည်ဆွဲပြားကြီးဆွဲပြီး ဖွင့်ပွဲတက်တော့လဲ ပေါက်ကရ စဉ်းစားမိပြန်ရော…

((အဝင်မှာ စစ်ဆေးတဲ့သူက လည်ဆွဲပြားထဲက ပုံနဲ့ ဝင်လာတဲ့သူနဲ့ တူမတူ…အယောင်ဆောင်လာတား...အစစ်လား…ဘာတွေပါလာသလဲ…ဆိုတာကို တီ တီ တီ တီ မြည်တာကြီးနဲ့ ဟိုဆွဲ ဒီဆွဲ ဆွဲပြီး စစ်ရဲပါ့မလားလို့…))

မစစ်ရဲမယ့် အတူတူတော့ ဘာလို့ ဆွဲနေတော့မှာလဲ လို့…ဟုတ်ဖူးလား…

(၃) ဖွင့်ပွဲမှာ ပုဆိုးလှလှကြီးတွေ ဆင်တူ ဝတ်ထားတာတွေ့တော့လဲ စဉ်းစားမိပြန်ရော…

((ဒီ ဒုသမ္မတ …ဝန်ကြီးအဆင့်ကတော့ သူ့သဘော သူ့ဆန္ဒနဲ့တော့ ဝတ်ချင်ရှာမှာ မဟုတ်ဘူး…ဝတ်ကို ဝတ်ရမယ်လို့ အမိ်န့်တော် ချမှတ်လို့သာ သူ့ခမျာ ဝတ်ရရှာတာ…ဘယ်လို အမိန့်တော် ပို့သလဲမသိဘူး…အဖွင့်ပွဲတွင် အပေါ် အဖြူရောင်…အောက် ချိတ်အပွင့်အခက်ကြီးကြီး လိမ္မော်ရောင် မဖြစ်မနေ ဝတ်ဆင်ပါရန် လို့များ ဖုန်းနဲ့ဆက်အမိန့်ပေးသလား...စာနဲ့ပဲ အကြောင်းကြားသလား မသိဘူးနော်…တကယ်ကြီးများသာဆို အဲ့စာကြီးက ရီစရာကြီး))

အဲ့ကလို အမိန့်ပေးတယ်ဆိုရင်လဲ ပြုပြင်လိုတဲ့ တိုင်းပြည်အုပ်ချုပ် ခေါင်းဆောင်လုပ်သူတွေပဲ… ကိုယ်မှန်တယ် ထင်ရင်…မဝတ်ချင်ကြရင်…ကိုယ် မဝတ်နိုင်ကြောင်းလောက်တော့ ပြန်ပြောရဲရမှာပေါ့နော့… ဆွဲချွတ်ပြီး ဝတ်ပေးလို့ရတာမှ မဟုတ်တာ…

ဟီး…ဟီး…တော်ပြီ…တော်ပြီ…ရှေ့ဆက် ဒီလို ပေါက်တတ်ကရတွေ ကျပ်ကျပ်တွေး…ပေါက်ကရနေရာမှာ ပေါက်တတ်ကရ ဆန်လုံးတီးလေးနဲ့ ပေါက်တတ်ကရ ငါးပိထောင်းလေးနဲ့…စားပြီး ပေါက်ကရ ဒန်အိုးစုတ်စုတ်လေးထဲ ကျွန်တော်ကို Wai Lu အီ အီးပါနေရဦးမယ်…သမီးနဲ့သားက ငယ်သေးတယ်နော့…တော်ပြီနော်…မိတ်ဆွေတို့လဲ ဒီလို ပေါက်တတ်ကရရေးထားတဲ့ စာတွေ မဖတ်မိကြစေနဲ့နော်…sea

14 comments

  • alinsett

    December 25, 2013 at 1:09 pm

    အဟီး
    ဖတ်လိုက်ပြီ

    ပေါက်တတ်ကရ ဝင်ပြောမလို့ပဲ
    ဒါဘေမယ့်

    ပြောဓေါ့ဗာဗူးး

    😆

  • TNA

    December 25, 2013 at 3:35 pm

    ထမင်းဗူးကမြောက်တက်သွားရုံပဲလား ဘေးတိုက်များကောမခုန်ဘူးလားငင်။ ရထားစီးရင်း ပါးစပ်နဲ့ဇွန်းတပ်မိရင် သမဒဂျီးအတော်ကံကောင်းတယ်ရွေးကောက်ပွဲထပ်ဝင်သင့်တယ်လို့ပြောရမယ်ထင့် :mrgreen:

  • kai

    December 25, 2013 at 5:48 pm

    သမ္မတကို.. ဆွဲပြားဆွဲပေးလိုက်သူရဲ့.. ဦးနှောက်တော်တော်သိမ်တယ်ဖြစ်ရမယ်..
    ဘယ်နှယ်… နော.. :kwi:

  • johnnydeer

    December 25, 2013 at 10:14 pm

    ဟုတ်ပါ့…ဆရာသမားတို့ရယ်…အခုတလော ပေါက်တတ်ကရတွေချည်းတွေးမိနေတော့တာပါပဲ…အဲ့ဒီ ချိတ်လုံချည် လိမ္မော်ရောင် ကြီးမြင်ရတိုင်းပိုပြီး စိတ်ထဲ ကလိကလိဖြစ်ဖြစ်လာတယ်ဗျို့…

  • padonmar

    December 25, 2013 at 11:06 pm

    မြည်းတကောင်နဲ့ သားအဖနှစ်ယောက်လိုဖြစ်နေတယ်။
    အခုမှ သူတို့ကလည်း လော်ဘီတွေလုပ်ချင်တော့ ပြောစရာကြီးတွေကို ဖြစ်လို့။
    လိမ္မော်ရောင် ချိတ်ကြီးကတော့ ဝတ်ချင်စိတ်ကို ပေါက်လာရော။

  • ဝင့်ပြုံးမြင့်

    December 25, 2013 at 11:45 pm

    အဲဒီ ပေါက်တတ်ကရ ဆိုတာတွေကိုပဲ မှတ်မိနေတာ။ အရင်က ရေးခဲ့ဖူးတာတွေထဲ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်တဲ့ဇနီးသည်ရဲ့ သဘောထားအကြောင်း မှတ်မိနေတယ်။ ကျုပ်ယောက်ျားဆိုပြီး ပိုင်ပိုင်နိုင်နိုင် ခါးကိုဖက်ပြီး မဏ္ဍပ်တိုင်တက်တဲ့ မိန်းမတွေအကြောင်းလေ။ ပြီးတော့ မင်နျူ ယယ် နဲ့အော်တိုဂီယာကို မယားကြီး မယားငယ်ဆိုပြီး ရေးတာလေ။ အဲလို ပေါက်တတ်ကရတွေကို မှတ်မိနေရော။ အဲဒါတွေဖတ်တုန်းက လော့အင်ဝင်မရလို့ ကွန်မင့်မပေးတာပါ။ ပေးမယ်ဆိုရင် မျှစ်ကြော်လည်း အိမ်ကွင်းမကြိုက်ဘူး။ အဝေးကွင်းပဲကြိုက်တယ်။ ဂီယာနဲ့ပတ်သက်တာကို ပြောပါတယ်။
    အ ခုလည်း ဂါဝန် လိမ္မော်ရောင်ကြီးတွေအကြောင်း မှတ်မိနေတော့မှာ။

  • johnnydeer

    December 26, 2013 at 7:59 am

    ဟုတ်ပါ့…ကိုယ့်ကိုကိုယ်တောင် သတိထားမိတယ်…ရေးလိုက်ပြီဆို ဒီ ရွဲ့တဲ့တဲ့ ခနဲ့တဲ့တဲ့ စာတွေချည်း ဘာလို့ရေးမိမှန်းကို မသိတော့ပါဘူး…ကျွန်တော်စ ရေးကတည်းက အကြောင်းတွေ အမှတ်တရ သတိတရရှိနေတဲ့အတွက်လဲ မ ဝင့်ပြုံးမြင့်ကို ကျေးဇူးအထူးပါခင်ဗျား…

  • KZ

    December 26, 2013 at 8:36 am

    ယောက်ျားနဲ့ မိန်းမ ထမိန်ဆင် အတူတူဝတ်ကြတဲ့ အလေ့အထကို ကျွန်တော်ထောက်ခံပါတယ်။
    ယောက်ျားတွေအတွက် ပုဆိုးရယ်လို့ သီးသန့်ဝယ်စရာမလိုတော့ပါ။
    ကျွန်တော်က သည်နေ့ ထမိန်တစ်ထည်ဝတ်၊ ကျွန်တော့်မိန်းမက တခြားထမိန်တစ်ထည်ကိုဝတ်။ နောက်နေ့ကျ မနေ့က ကျွန်တော့်မိန်းမဝတ်ထားတဲ့ အဆင်ကို ကျွန်တော်က ပြန်ဝတ်၊ ကျွန်တော်မိန်းမကလဲ ကျွန်တော်ဝတ်ထားတာကို ပြန်ဝတ်။
    လူတွေကမေးရင် ကျွန်တော်တို့က ဆင်တူချုပ်ထားတာ၊ ဝတ်တဲ့နေ့ မတိုက်ဆိုင်လို့ဗျလို့ ဖြေလိုက်မယ်။ အဲလိုသာ ၁၅ရက်လှည့်ဝတ်လိုက်ရင် တစ်လလုံးမှ လင်မယားနှစ်ယောက်ပေါင်း ထမိန်နှစ်ထည်ပဲလိုတော့မယ်။
    ဘယ်လောက်တွက်ချေကိုက်သလဲ ကြည့်စမ်း။

    JL Tkg
    ~~~~~~~~~~~~~

    😀

  • မင်း ခန့် ကျော်

    December 26, 2013 at 9:11 am

    ကျတော်ကတော့ သတင်းကြည့်တိုင်း

    ဦးသိန်းစိန် တို့ လင်မယား တွဲမြင်ရတိုင်း

    အိမ်သူကိုအမြဲမေးလေ့ရှိတယ်။မေးလိုက်တိုင်း မျက်စောင်း

    အထိုးခံရတယ်။ ဘာမေးမေးမိသလဲဆိုတော့

    ” ဟယ်…………ဒီလင်မယား မုန့်ဟင်းခါးဆိုင် ဖွင့်စားမယ်ဆို

    မဖွင့်သေးဘူးလား”

    :mrgreen:

  • မဟာရာဇာ အံစာတုံး

    December 26, 2013 at 9:42 am

    သမဒဂျီးကို ဆွဲဗျား ဆွဲခိုင်းလိုက်တော့
    သမဒဂျီးလည်း ဒန်းဒူရီဒူပါပဲဆိုတာကို ပြသလိုက်ဒါဘာဘဲ …
    ဒါက အဲ့ဒီ ဆွဲပြားဆွဲစေသူတွေရဲ့ အကြံ …

    ဘေးကနေ ကျိလိုက်တော့ ….
    အတော် ပိန်းတဲ့လူတွေလို့ မြင်ကြပြန်ရော …

    သူ့ဟာနဲ့သူတော့ ဟုတ်နေဂျဒါဘာဘဲ …

  • surmi

    December 26, 2013 at 9:48 am

    ဆက်​​ရေး..ဆက်​​ရေး…
    အား​ပေးသူ​နောက်​တစ်​​ယောက်​ရှိ​ကြောင်​းလာ​ပြောတာ 🙂
    ထမင်​းစားဖိတ်​​တော့လည်​း အတူတူသွားကြတာ​ပေါ့..

  • Wow

    December 26, 2013 at 10:38 am

    စိတ်ချ.. ဒါမိုးပေါက်ကရရေးထားတာ ဘယ်တော့မှ မဖတ်ဝူး… :mrgreen:

  • လုံမလေးမွန်မွန်

    December 26, 2013 at 1:44 pm

    အနော့်မှာလည်း ပေါက်ကရတွေးထားတာတွေ အားဂျီး..
    ပြောလိုက်ရင် ရိုက်ခံရမစိုးလို့.. 🙂

    သမ္မတကြီးက ဆွဲကြိုးဆွဲပြီး ဟိုနှစ်ယောက်က မဆွဲထားတာတွေ တက်လာတော့..သူတို့နှစ်ယောက်ရဲ့ ကြိုးက သမ္မတစုံတွဲဆီရောက်နေတယ်လို့ သတင်းထွက်နေတယ်လို့ ….. ပြောမိတော့
    အနော့်လူကြီးက ဘာပြန်ပြောလဲသိလား..သမ္မတအတွက်ဆိုတာ သီးသန့်ကိုလုပ်ပေးထားရမှာတဲ့… ဒီသတင်းက အဓိပ္ပာယ်မရှိဘူးတဲ့..

    မသိတော့ဘူး.. :mrgreen:

  • Mr. MarGa

    December 26, 2013 at 5:39 pm

    မျက်စိထဲကို ကို့လို့ကန့်လန့်ဖြစ်နေမှတော့
    ပြောမိတာပေါ့နော
    အဲလိုကျတော့
    ပြောသူအပြစ်လား
    လုပ်သူအပြစ်လား
    ဘာပဲဖြစ်ဖြစ်ပေါ့
    ပေါက်တတ်ကရ တွေးမိ ရေးမိတဲ့ ပို့စ်မှာ ပေါက်တတ်ကရ ဝင်ပြောခဲ့တယ်လို့သာ မှတ်ပေတော့ဗျာ

Leave a Reply