စာပိုဒ် (၁)

Hip Hop ဆိုတဲ့ ကောင်လေးက TB ဖြစ်လို့ သေသွားပြီး သူတအားချစ်တဲ့ကောင်မလေးနဲ့ သေကွဲကွဲသွားလေသတဲ့….အားလုံးကတော့ စိတ်မကောင်းတဲ့ comment တွေရေးကြတာပေါ့….အဲ့ဒီအထဲက ကောမန့်လေးတစ်ခု သဘောကျလို့…

(((ဟာဗျာ ကြားရတာစိတ်မကောင်းဘူးဗျာ ဒါဆို သူမြန်မာဘော ရှုံးတာမသိလိုက်ဘူးပေါ့ အရှုံးထဲက အမြတ်ပါပဲဗျာ)))

ဘာဘာ ဘာမှလဲ ဆိုင်ဝူး….ပြုံးတောင် ပြုံးမိလိုက်သေး….

 

………………………………………………………………………………………………………………………………………………………………………..

စာပိုဒ် (၂)

မြန်မာတွေ လက်မှတ်တိုးရ…တန်းစီရ…ငွေကုန်ကြေးကျတွေများရ…ဒေါသထွက်ရတဲ့ ဒုက္ခတွေ ဝေးသွားတာပေါ့လေ….. (အကောင်းမြင်တတ်သူ)

ခွေးသားတွေ တခါထဲ မြေမျိုပြီး သေသွားရမှာ… (အဆိုးမြင်တတ်သူ)

ဟီး…မြန်မာအသင်း ရှုံးသွားပြီ….ရွှတ် (မျက်ရည်လွယ်သူ)

ကိုယ့်ကောင်တွေကိုက အသုံးမကျတာပါဗျာ…. (အရှိတရား မြင်တတ်သူ)

နံပတ် 7…ပတ်ဆောင်ဟွာ…ဗီယက်နမ်ဒိုင်…. ကြောင့် (ရမယ်ရှာတတ်သောသူ)

ဒိုင်တွေကော….တခြားကစားသမားတွေကော ရိုက်သတ်ပစ်…(မျက်ကန်းမျိုးချစ်)

ဒေါ်စုကြောင့် ရှုံးရတာ….သူနိုင်ငံခြားချည်းပဲ သွားနေလို့…. (လော်ဘီ ခွေးတစ်အုပ်)

ကြက်ဆူပင် စိုက်လိုက်လို့ ဘောသမားတွေ ဦးနှောက်မရှိတော့တာပါ… ယတြာ ချေရပါမယ်… (ဘိုးတော်)

ဗမာရှောင် အိုတောင် မဆင်းရဲတဲ့…. (ဘော့လုံးပွဲ နိုင်သောသူ)

………………
……………….
……………..
နောက်ဆုံး….

ကျွန်တော် အရင်တုန်းက ပိုစ့်တစ်ခု ရေးဖူးပါတယ်….
မြန်မာအသင်းက တစ်နိုင်ငံလုံး ချမ်းသာအောင် လုပ်ပေးနေတာပါလို့….တချက်ထဲ လိုက်နာရမှာ…သူ့ကိုသာ ရှောင်ပြီးလောင်း…တဲ့…

……………………………………………………………………………………………………………………………………………………………………..

စာပိုဒ်(၃)

တားတား မတိလို့ မေးပါရစေနော်…

ဆီးဂိမ်းမှာ တအားလူပြောများတဲ့ စကားတစ်ခွန်းရှိတယ်…နှစ်ပေါင်း လေးဆယ်ကျော်ကြာမှ ပြန်လည်ကျင်းပသည့်ပွဲ ဆိုတာ ခဏခဏ ပြောကြတယ်…တားတားတို့ နိုင်ငံက အဲ့ဒီ နှစ်လေးဆယ်ကျော် ဘာလို့ ဒီလောက်ပျော်စရာကောင်းတဲ့ ပွဲကြီးကို မလုပ်တာလဲဟင်…

တားတားက နည်းနည်းခပ်ပိန်းပိန်းမို့လို့ မတိလို့မေးတာနော်…

……………………………………………………………………………………………………………………………………………………………………..

စာပိုဒ် (၄)

စစ်ရေးအမြင်ရှိစရာ လိုသလား မလိုသလားတော့ မသိ…
စီးပွားရေးအမြင်တော့ သေချာပေါက်ရှိစရာလိုပါတယ်…
ဒီလို ပွဲကြီးကိုလုပ်တဲ့ အိမ်ရှင်ဆိုတာ ငွေသောက်သောက်လဲ ကုန်ပါတယ်…
ဘယ်လိုပြန်ရအောင်ရှာကြမလဲ စဉ်းစားကြရပါတယ်…

((ခေါင်းဆောင်တွေကလည်ပါတယ်…ချက်ဆိုနားခွက်က မီးတောက်ပြီးသား…
အားကစားသမားတွေထားဖို့ဆိုပြီး အထပ်မြင့်ကွန်ဒိုကြီးတွေ ဆောက်လိုက်တယ်တဲ့…
ပွဲကာလအတွင်းမှာ အားကစားသမားတွေကို ထားလိုက်တယ်တဲ့…
ခြင်မကိုက်ပဲ အဆင့်အတန်းမြင့်မြင့် နေရတော့ နိုင်ငံဂုဏ်တက်တာပေါ့…
အားကစားပွဲလဲ ပြီးရော အဲ့ဒီ ကွန်ဒိုတွေ ရောင်းစားလိုက်တယ်….တဲ့…
အားကစားရွာ ဆောက်တာမကုန်တဲ့အပြင် ကွန်ဒိုတိုက်ခန်းတွေပြန်ရောင်းရတဲ့အတွက် မရှုံးတဲ့အပြင် မြတ်တောင် မြတ်သေးတယ်တဲ့…တိုင်းပြည်က…))

သူများတိုင်းပြည်မှာ ပြောပါတယ်…အဲ့လိုလုပ်ကြတယ်လို့ ကြားဖူးတာပါ…

တို့တိုင်းပြည်ကော ဘယ်လိုလုပ်ကြလဲ ဟင်င်င်င်င်….

………………………………………………………………………………………………………………………………………………………………………sea game

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...