မြန်တျန့်ဂေဇက်

အဆွေမြတ်

ရေနက်နက်က

ငါးဂျီးဒကောင်..

နေအတက်

လေသလှပ်မှာ

မနေဒတ်တော့

ဂွေခတ်…

ရွှေကလပ်နဲ့

ဦးဒေါ်တင်

မြေတခွင်မှာ

ဇမ္ဗူရှား….

ပေါက်ဖော်ဂျီးရဲ့

နှလုံးသဲပွတ်

ကူမြူနစ်ကေဒါ

ပဉ္စမံလက်ရုံး..

အိုအိုင်စီ၏

အငှားဗစပ်

၇၈၆ မော်လဝီ

ဆလံမာရေးကွမ်း..

စီအိုင်အေ

နားမျက်စိ

တလဒေါ်လှ

သောင်းချီစား..

ဘယ်သူရှုပ်ရှုပ်

ဒို့မပြုတ်

စစ်အစိုးရ

ကြိုးဆွဲရုပ်…

ဘာသာရေးကို

မယုံကြည်

မိုးဗြားဘယ်ဆီ

ငရဲပြည်..

နေ့စဉ်တရား

ဆိတ်မှာပွား

ကိုဘေးနွားကင်

များများစား..

နေဝင်ဆုံးသတ်

နိဂုံးတည်

အပါယ်လေးဗုံ

သွားရမည်။။။။။

ကဗျာအမျိုးအစား – သံဝေဂ တေးထပ်

ကဗျာရေးဖွဲ့သူ    – အမည်မတိ ခေတ်စာဆို

ကဗျာ စကားပြေ 

အမြတ်ကြီးစား ခြစ်သူငယ်ချင်း မြန်တျန့်ဂေဇက် အတင်းစာသည် ပင်လယ်ရေအောက် ဟိုးအနက်ကြီးထဲတွင် ကူးခတ်သွားလာနေသော ငါးပြိတ္တကြီးဒဂေါင် ဖြစ်ပါဗေသည်။

သူရိန်နေမင်း ထွက်ပြူလာစ မြစ်လေတဖြူးဖြူး တိုက်ခတ်စဉ် အနေအထိုင်မတတ် ဆိတ်စေရာ ကိလေသာမီး ထိန်ထိန်ငြီးလျက် ဂွေဒဂွေ ပစ်ခတ်ခဲ့သည်။

သပ္ပုရိသ သူတော်ကောင်းတို့ ရွှေကလပ်နှင့် ဆွမ်းတော်တင် မင်္ဂလာယူချိန် ရွှေနံနက်ခင်း အချိန်အခါဝယ် ထိုသို့ မသင့်မလျော် ပြုရဲသူမှာ သောင်းဒီပါထွန်း ဤဇမ္ဗူမြေပြင်တလွှားတွင် လွန်စွာမှ ရှားပါး ပါဗေမည်။

တရုတ်ပြည်မဂျီးမှ လေ့ကျင်သင်ကြား မွေးထုတ်ပေးလိုက်သည့် ဘုရားတရားမရှိ ကူမြူနစ်ကေဒါ၊ မဟုတ်မမှန် သတင်းဖြန့်သူ တန်ပြန်ထောက်လှမ်းရေး ဗေလော..

အစ္စလာမ်အဖွဲ့ချုပ်ကိုယ်စား ဝါဒဖြန့်နေသူ၊ ဟန်ဆောင်မျက်နှာဖုံးတပ် အစွန်းရောက် ၇၈၆ဘာသာရေးဆရာ ဗေလော…

စီအိုင်အေမှ လစဉ်ဒေါ်လာ သောင်းချီယူကာ ပြည်တွင်းသတင်းများ ပေးပို့နေသည့် ပုဆိန်ရိုး ဗေလော….

ဘဘဂျီး မရှိဒေါ့၍ ပြုတ်သူပြုတ် ကုပ်သူကုပ် အဘလေးများစွာ ပလုပ်တုပ်ချိန်ဝယ် ဆောင်းဒွင်း အဲယားကွန်းဖွင့် ပန်ကာလေခံ ရေခဲတုံးပေါ် ယပ်ခတ် ထိုင်နေနိုင်ဂျင်းမှာ စစ်တဗိုင်းအစိုးမရ အတွင်းလူ ဖြစ်နေ၍ ဗေလော…..

၃၁ဘုံ သံသရာ မယုံကြည် ရုပ်ဝါဒီသက်သက် ဖက်တွယ်လျက် မိုဗြားဝါဒ အကာကွယ်ဖြင့် ဘာသာရေးအား ပျက်ရယ်ပြု စော်ကာနေဂျင်းမှာ ငရဲသွားရမည် မသိသောကြောင့် ဗေလော……

အရှင်လတ်လတ် မီးကင်ထားသော ကိုဘေးနွားသားအား လူအများစားရေး နေ့စဉ်အားထုတ် အပတ်တကုတ် ကြိုးပမ်းနေသည့် ဘယ်ဒူတေတေ ငတေမာရင်ပီးရော ငါ့ဒဗို့ ဒဂိုဂေါင်းသမား ဗေလော…….

မည်သို့ ဆိုစေဂါမူ နေသူရိန်နတ်မင်းဂျီး ယုဂန္ဒာတောင်စွယ်မှ အနားယူ အိပ်စက်သွားချိန် အလင်းပျောက်ဆုံး လောကဓာတ် တခုလုံး အမှောင်ဖုံးသွားသလို မြန်တျန့်ဂေဇက် အယ်ဒက်တာဂျုပ် မာမွတ် လျှာပွတ် နှာထွတ် အာစွပ် ညာခွတ် ကြာရွတ် မူလာ သူဇာ ဖြူပြာ အူနာ ထူပါ ယူဇနာ ခိုင်မ်၏ အဆုံးသတ် သွားရာလမ်းဂါး ငရဲ၊ တိရာစ္ဆာန်၊ အသူရကာယ်၊ ပြိတ္တာ ဆိုအပ်သော ဖိုးအင်ဝမ်း ငရဲပြည်သာ ဖြစ်ပေဒေါ့သည်။။။။

သဂျီးဦးခိုမ် နယုရီးယား ကျင်းပနေဗုံ

သဂျီးဦးခိုမ် နယုရီးယား ကျင်းပနေဗုံ


ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 647 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး