နှစ်ကူးဆန္ဒ သုညတ 2014

ရှင်တော်ဘုရား

သုညတရား

အဆုံးစွန်

နားလည်ရပါလို၏။

ဘဝဘုန်းရိပ်

ဇမ္ဗူထိပ်

သုညတိတ်ဆိတ်

နေရပါလို၏။

ဖြစ်လေရာဘဝ

သုညတ

ရုပ်နာမ်ထပ်တူ

ကျရပါလို၏။

မရှိပညတ်

ရှိပရမတ်

ယှဉ်ဆက်မပြတ်

တရစပ်ဖြစ်ရပါလို၏။

နှစ်ကူးချိန်ခါ

မင်္ဂလာ

သုညသံသာ

ကြားရပါလို၏။

မလိုမှရ

ထိုသုည

စိတ်အင်ဆန္ဒ

ပြည့်ဝရပါလို၏။

ဇီးရိုးသုည အကုန်ရ..
ယဉ်သုည ကြင်စုံရ..

 

5 comments

  • alinsett

    January 1, 2014 at 11:52 am

    ကဗျာတွေ…ဆန်လိုက်တာ…အုကျောင်ရယ်…

    :kwi:

  • Wow

    January 2, 2014 at 8:56 am

    ကြောင်တစ်ရာရသွားဘီ.. :mrgreen:
    ဟက်ပီးနယူးယား ပါကြောင်…

  • မဟာရာဇာ အံစာတုံး

    January 2, 2014 at 9:32 am

    နယူးရီးယားပါ ဥကြောင်
    သုည ဆိုမှ
    သုည ဆိုတာ သူ့နေရာနဲ့သူမှဗျ ..

Leave a Reply