အံ့ဖွယ်လေးချက် သူခိုးနှက် Shoplifting

ဒီစာဖတ်နေတဲ့ အချိန်သုံးမိနစ် အတွင်းမှာ ယူအက်စ် လက်လီအရောင်းဆိုင်များမှနေ ပစ္စည်းအမျိုးအမယ်ပေါင်း ၁၅၀၀၊ ပမာဏအားဖြင့် အကြမ်းဖျဉ်း ဒေါ်လာနှစ်သိန်းဖိုး အခိုးခံနေရသည်။

သချာင်္ဂဏန်းချ တွက်လိုက်လျင် အလစ်သုတ်မှု နှစ်သောင်းငါးထောင် နာရီတိုင်း ဖြစ်ပွားနေပြီး နေ့စဉ်ဆိုပါက ငါးသိန်း ထက်မက ရှိပေမည်။

အဲလိုမြင်တတ်ရင် ကိုယ့်ဆိုင် အလစ်သုတ်ခံရခြင်းမှ ကာကွယ်ဖို့ လိုအပ်နေပုံအား ရှင်းလင်းစွာ သိနိုင်သည်၊ အထူးသဖြင့် ယခုလို နှစ်ကုန်ဈေးရောင်းရာသီ လူရှုပ်ချိန်တွင် ဖြစ်သည်။

အလစ်သုတ်မှု ပြသနာဟာ ရှုပ်ထွေးပွေလီတာမို့ ရာဇဝတ်မှုမြောက် ပြစ်မှုဖြစ်ပေမဲ့ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း နယူးယောက်အခြေစိုက် ConvergEx Group ဈေးကွက်ဗျူဟာ အရာရှိချုပ် နစ်ကိုလတ် မှဆိုသည်။

(၁) အသက်ကြီးလေ ပိုခိုးလေ

လွန်ခဲ့သောငါးနှစ်အတွင်း လူဆယ်သန်း အလစ်သုတ်မှုဖြင့် အဖမ်းခံရသည်။ အရွယ်ရောက်ပြီးသူ ၇၅%၊ ဆယ်ကျော်သက် ၂၅% ဖြစ်ကာ ကျား၊မ လိင်အချိုးအစားမှာ အတူတူဖြစ်သည်။ ကိုလတ်က ၎င်းအနေဖြင့် အဆိုပါ ရာဇဝတ်မှုနှင့် စီးပွားရေး ခိုင်လုံသော ဆက်နွယ်မှု သိရှိရန် ၂၀၀၈ခုနှစ် စီးပွားကပ်ဆိုက်ချိန်မှစ၍ အသေးစား ခိုးမှုများ မြင့်တက်လာမလာ စီမံချက်ချ လေ့လာဆန်းစစ်ခဲ့သည်။ တွေ့ရှိချက်အရ လွန်ခဲ့သော ငါးနှစ်အတွင်း အပြင်လူ အလစ်သုတ်မှု ၉၀% ကြောက်မက်ဖွယ် ဖောင်းပွလာသော်လည်း အတွင်းလူ (သို့) ဆိုင်ဝန်ထမ်း ခိုးမှုမှာ နှစ်စဉ် လေးရာခိုင်နှုန်း သာမန်တိုးပွားလျက် အမှုပေါင်း ၇၁ ဝ၀ဝ ရှိသည်။

(ခ) သူခိုးဖမ်းပွဲ မရိုးဆန်းဆဲ

စီးပွားပျက်ကပ် မဆိုင်ခင် လူခြောက်သိန်း အလစ်သုတ်မှုဖြင့် နှစ်စဉ် အဖမ်းခံရသော်လည်း ပြီးခဲ့သောနှစ်တွင် အဆိုပါ ပြစ်မှုပေါင်း တသန်းကျော်သွားသည်။ နှိုင်းယှဉ်ကြည့်လျင် အချိန်ကာလတူအတွင်း အဖမ်းခံရသော ဆိုင်ဝန်ထမ်းနှုန်းမှာ လေးရာခိုင်နှုန်းမျှသာ မြင့်တက်ခဲ့သည်။ အပြင်လူခိုးသော ပစ္စည်းတန်ဖိုးမှာ ပျမ်းမျှ ၁၂၉ဒေါ်လာ ဖြစ်၍ အတွင်းလူကြံလျင် ဒေါ်လာ ၇၀ဝကျော်ဖိုးအထိ ဆုံးရှုံးတတ်ကြောင်းကိုတော့ သတိပြုရန်လိုသည်။

(ဂ) ပုလိပ်အီးပေါက် သူခိုးမကြောက်

ဆိုင်ရှင်နှင့် အလစ်သုတ်သမားများ၏ ဖြေကြားချက်တွင် ထိုရာဇဝတ်ပြစ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေယုံမျှမက အမြတ်အစွန်း အလွန်ကြီးမားကြောင်းလည်း တွေ့ရှိရသည်။ အလစ်သမား ၃%သာ သူတို့ကိုယ်သူ ပရော်ဖက်ရှင်နယ် သူခိုးအဖြစ် ခံယူသည် (ပြန်လည်ရောင်းချရန် ခိုးယူခြင်း)။ အလစ်သုတ်သူများ ဝန်ခံချက်အရ ၎င်းတို့ အဖမ်းမခံရချိန်အထိ ပျှမ်းမျှ ၄၈ကြိမ် ခိုးယူပြီးဖြစ်သည်။ ခိုးယူမှုနှင့် ဖမ်းဆီးရရှိမှု အချိုးအစားအား လျော့လျော့ပေါ့ပေါ့ တွက်လျင်ပင် ၃ဝ း ၁ ရှိနိုင်ကြောင်း ကျွမ်းကျင်သူများ ခန့်မှန်းသည်။

(ဃ) သူခိုးလား လူရိုးလား

ပိုက်ဆံပေးဝယ်သူကို အရှင်သခင်လို လက်လီအရောင်းဆိုင်များ ဆက်ဆံဖို့လိုပေမဲ့ လူစည်ကားရာ ဈေးဝယ်အများဆုံး စတိုးဆိုင်များဟာလည်း အလစ်သုတ်သမားများဒဏ် အခံရဆုံး ဖြစ်လို့နေသည်။ ကုန်ပစ္စည်းများအား သူ့အထပ်နှင့်သူ စနစ်တကျ စီစဉ်ထားသော နေရာများတွင် အလစ်သုတ်မှု အနည်းငယ်ပို၍ပင်များကြောင်း တွေ့ရသည်။ (ခိုးရတာ မျက်စိ မမှောက်လို့ နေပါမယ်၊ စဂါးချပ်။) ဆိုင်အလစ်သုတ်သမား ဖမ်းဆီးရမှု နှစ်ဆနီးပါး တိုးလာခြင်းအား စီးပွားရေးကြောင့်ဟု ကောက်ချက်ချလျင် မှားယွင်းသည်။ ခေတ်မှီထောက်လှမ်းရေး ကိရိယာ၊ နည်းပညာများတွင် တစိတ်တပိုင်း တာဝန်ရှိပြီး လူမှုရေးနှင့် စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းကဲ့သို့ စိတ်ပိုင်းခံစားချက်များနှင့်လည်း သက်ဆိုင်သည်။

ကြောင်သခိုး မှောင်တန်ခိုး ရောင်သဖြိုး ချောင်မတိုး..
ကြောင်သခိုး မှောင်တန်ခိုး ရောင်သဖြိုး ချောင်မတိုး..

 

ဘာသာပြန် ရည်ညွှန်း။ http://finance.yahoo.com/blogs/breakout/what-a-steal–4-surprising-facts-about-shoplifting-200730525.html

Facts About Shoplifting

By Matt Nesto | Breakout

In the three minutes it takes to read this column, 1,500 items worth roughly $200,000 will have been stolen from the shelves of U.S. retailers. 

Add that up and it works out to be about 25-thousand shoplifting incidents each hour, or more than 500-thousand each and every day.

With numbers like that, it’s easy to see why taking part in, and protecting your business from, shoplifting is such a huge problem —  especially this time of year when the stores are extra crowded.

But according to Nick Colas, the chief market strategist at ConvergEx Group, a global brokerage company based in New York, shoplifting is a crime that’s as prevalent as it is perplexing

1)   Age Matters More Than Gender

“Over the last five years, ten million people have been caught shoplifting,” Colas says in the attached video.  “They’re about 75% adults, 25% juveniles,  and they’re equally split between men and women.”

Colas says he initially started his data analysis project to see if the rate of theft had gone up or down since the great recession of 2008, as he was hoping to discover a conclusive link between this type of crime and the overall economy.

What he found was that apprehension for shoplifting by individuals has soared, by 90 percent in the past 5 years, while the number of so-called “inside jobs,” or thefts by employees, has remained fairly stable, growing just four percent to 71,000.

2) Apprehension is Way Up

“Before the great recession, you had about 600,000 people apprehended for shoplifting each year.  Last year, it was over a million.“     

By comparison, Colas says, during that same period of time, the rate of employee apprehension rose just 4 percent. It’s important to note, Colas says, that the average value of merchandise stolen by individuals is currently $129, but over $700 when it’s an inside job.

3)  But Getting Caught is Way Down

Whether you ask retailers or the actual shoplifters themselves, it’s clear that this is a crime that is not only widespread, but is also quite lucrative. Even though Colas says only three percent of shoplifters claim to be so-called professionals (that is stealing stuff only to re-sell it), those that do get caught say they have shoplifted an average of 48 other times when they didn’t get caught.

He says the industry uses slightly less gloomy theft-to-apprehension figures, but even then it’s about a 30-to-1 ratio.

4) Thieves As Consumers?

Of course, paying customers are what it’s all about in the retail business, but Colas says the busiest stores with the most sought after merchandise are also the ones that suffer the most at the hands of shoplifters.

“If you have done your floor-set correctly and have the right assortment at the right time,” he says, “you’ll see a little more theft as well.”

Colas says it is misleading to assume that shoplifting apprehensions have nearly doubled because the economy is still weak.  He says issues like better surveillance and tagging technology are at least partly responsible, but points out that societal and psychological conditions like stress and depression also play a role.

10 comments

  • မင်း ခန့် ကျော်

    January 10, 2014 at 11:46 am

    ယူအက်မှာပြည်သူဘက်ကခိုးတာထင်ပေါ်တယ်။

    မြန်မာမှာတော့ အစိုးရခိုးတာထင်ပေါ်တယ်။

    အဲလိုမျိုးသာ ပြောလိုက်ချင်တယ်။

    မပြောရဲလို့ :mrgreen:

  • KZ

    January 10, 2014 at 12:04 pm

    ဟယ်။
    အမြတ်အစွန်းကြီးမားတယ်ဆိုပဲ။
    အလုပ်သစ် အနေနဲ့ အလစ်သုပ်စားရင် ကောင်းမားးးး

    :mrgreen:

    • TNA

      January 11, 2014 at 11:29 am

      ချွေးမွလေး အလုပ်သစ်လုပ်ရင် ဟောဒီယောက်ခမွကိုခေါ်ပါအေ။ အတော်ကိုက်မယ်ထင့် :kwi:

  • Paing Lay

    January 10, 2014 at 3:14 pm

    အနော်ယဲ အားကျမခံ ဖားရိုက် ရရင်ကောင်းမားးးးးးးးးး :mrgreen:

  • မဟာရာဇာ အံစာတုံး

    January 10, 2014 at 3:30 pm

    ဒီဂလို …
    သခိုးရန်တွေက ကာကွယ်နိုင်အောင်
    ကျုပ်တို့ ရွာဦးကျောင်းဆရာတော်ရဲ့
    သခိုးဖမ်း အင်းဂျက်တွေကို မူပိုင်တင်သွင်းပီး
    ရောင်းစားရရင် ကောင်းမလားဘဲ …

    • kai

      January 11, 2014 at 5:16 pm

      ကိုရင်ရေးမှ..ပြောစရာလေးပေါ်လာလို့..
      သူခိုးဖမ်းတာတို့.. ပစ္စည်းပျောက်ရှာတို့အတွက်.. အင်းအိုင်စမတွေများတကယ်ရှိရင်..
      မီလီယံဘစ်ဇနက်ပဲလေ…။
      ရွာဦးကျောင်း.. ရွေတုံးနဲ့ဆောက်ထားလို့ရတယ်…။

      မြန်မာတွေသေသေချာချာ သုတေသနလုပ်ဖို့.. နည်းလမ်းပညာထုတ်ပြဖို့ကောင်းတယ်..
      တကယ်ဆိုရင်ပေါ့လေ…။

      စကားအတင်းစပ်..
      ကိုရင်ကြောင်တကောင်..အဲ..တယောက်များ.. စာနဲ့ပါတ်သက်တဲ့.. ကြောင်ပုံတွေဘယ်လိုရှာတယ်မသိ..
      ခိုးတာ..တော်ချက်..။ :mrgreen:

      • ဦးကြောင်ကြီး

        January 12, 2014 at 3:21 am

        သဂျီးသိဖို့ အဲလို အင်းအိုင်လက်ဖွဲ့ အစောင့်ဆိုတာ ဆိုင်ရာနတ်၊ဘီလူးတွေ ပံ့ပိုးမှုလိုတယ်။ သူတို့မှာလည်း ကွန်ပြူ တာလိုပဲ လုပ်ပေးနိုင်စွမ်း အကန့်အသတ်ရှိတယ်။ စက်မဟုတ်တော့ အသုံးကျတယ်ဆိုပြီး သိန်းသောင်းချီ ထုတ်ထားခိုင်းစားလို့မရဘူး။ လူများများသုံးလေ ရဖို့ပိုခက်လေ၊ ဒါမှမဟုတ် စွမ်းဆောင်ရည်ကျလေပဲ။ သဂျီးသာ သမီးတော် သံစဉ်ခိုင်လေးကို ဂရုစိုက်စောင့်ရှောက်ပါ၊ ကြောင်ဆိုတာ ငါးကြော်သော လူသော နားမလည်ဘူး၊ ကြိုက်လျင် ချီသွားမှာပဲ… ဒက်ကလုပ် ဒက်ကလုပ်…

      • Ma Ma

        January 12, 2014 at 9:27 pm

        စကားအတင်းစပ်..
        ကိုရင်ကြောင်တကောင်..အဲ..တယောက်များ.. စာနဲ့ပါတ်သက်တဲ့.. ကြောင်ပုံတွေဘယ်လိုရှာတယ်မသိ..
        ဆိုတာကို ထောက်ခံပါတယ်။

        ဒါပေမယ့် သေသေချာချာဖတ်။
        အောက်ဆုံးစာကြောင်းမပါဘူးနော်။ :mrgreen:

  • ဟိုတလောက ကွန်ပူတာဆိုင်မှာ မိသားစုလို်က်ခိုးသွားတာ ဦးကြောင်မိန်းမနဲ့ကလေးတွေလားဟင်
    🙄
    😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 11, 2014 at 8:24 pm

    . ပြောလို့ပြောတာ
    . ခိုးတယ်ဆိုတာ နာမည်သာမကောင်းတာ
    . ရသမျှက အသတင် ကိုယ့်အတွက်ချီးဘဲ

Leave a Reply