ချစ်သူ၏သမီး မဟုတ်ပါ. . .

alinsettDecember 26, 20133min19317

01

 

 

 

 

 

 

 

 

 

 

 

 

 

 

တကယ်တော့ ဆယ်နှစ်တိတ်ိကြာခဲ့ပြီးမှ ပြန်သတိရနေတာ….

မဖြစ်သင့်တော့ပါ။

 

မေ့ပျောက်သွားသင့်ပြီမှန်း သ်ိသော်လည်း မေ့မရနိုင်ပဲ ပြန်ပြန် သတိရနေတာ. . . .

တကယ့်ကို မဖြစ်သင့်တော့တဲ့ကိစ္စ မဟုတ်လား ။

 

အဲဒီ မိန်းမနဲ့ . . . .

အဲဒီ အဖြစ်အပျက်ဇာတ်လမ်းဟာ

အစကတည်းက ရှိကို မရှိခဲ့တာလို ့ ယုံကြည်ပြီး. . . .

ပြန်မတွေးပဲနေနိုင်ဖို ့ . . . . .

ကြိုးစားနေရင်းနဲ့ကိုပဲ . . . . . . .

အဲဒီမိန်းမနဲ့ ဖြစ်ခဲ့သမျှတွေကို

ပြန် ပြန် သတိတရတွေးနေမိတာပါပဲ။

 

ခက်တယ် ။

 

***********************************

 

လွန်ခဲ့တဲ့ ဆယ်နှစ်က

အချစ်လို ့အမည်တပ်ရမယ့် . . . . . .

ဇာတ်လမ်း တစ်ပုဒ်ထဲက မင်းသားဟာ. . . ကျွန်တော်ပေါ့။

 

ဒါဖြင့် မင်းသမီးက သီတာ ပေါ့လေ။

 

အေးလေ . . .ကျွန်တော်ဆိုတဲ့ကောင်ကလည်း မိန်းမဆိုလို ့အဲဒီတစ်ယောက်နဲ့ပဲ ပက်သက်ဆက်နွယ်ခဲ့ဖူးတာကိုး။

 

ကျွန်တော်

ချစ်တယ်လို ့ပြောခဲ့ဖူးတာဆိုလို့လည်း

အဲဒီ တစ်ယောက်ပဲ ရှိခဲ့တာ ။

 

ယောကျာ်းတစ်ယောက်ဟာ မိန်းမတစ်ယောက်ထဲ ပက်သက်ခဲ့ပြီး ချစ်မြတ်နိုးခဲ့ပြီး မှ . . . . . . .

အဲဒီ မိန်းမပေးတဲ့ ဒဏ်ရာတွေကို ရခဲ့ပြီးမှတော့ . . . . .

နောက်ထပ်လည်း အချစ်ဆ်ိုတာကို မကြုံချင်တော့တာ. . . . .

ဖြစ်သင့်သည် ။

 

အသက် ၃၆ နှစ်အရွယ် လူပျိုကြီး ဟု စနောက်ခေါ်ဝေါ်ကြတာကိုလည်း အနည်းငယ်စိတ်ကသိကအောက်ဖြစ်ရုံ နဲ့ လက်ခံ ထားလိုက်နိုင်ပြီ ။

 

အရာရာ ပြီးဆုံးသွားပြီ ဟု လက်ခံလိုက်ရသည်ဖြစ်စေ . . .

ဇာတ်လမ်းဆိုတာ အစက ပြန်စလည်းရတာပဲ ဟု ယူဆထားသည်ဖြစ်စေ. . .

ဤအခြေအနေအတိုင်း တွန့်ဆုတ်တွေဝေရင်း တကယ့်ကိုပဲ အရာရာ ပြီးဆုံးတော့မှာမဟုတ်လား ။

 

အခုလို အခြေအနေနဲ့ အချိန်ကာလဆယ်စုတစ်ခု လွန်မြောက်ပြီးခါမှ အချစ်ဟောင်းအကြောင်း . . .

တွေးတော လွမ်းမော မနေသင့်တော့ဘူး။

 

ဒါပေမယ့် . . .

မနေ့ကစပြီး ထူးထူးခြားခြား

အဲဒီ အချစ်ဟောင်းကို သွေးရူးသွေးတန်း သတိရလွမ်းဆွတ်သွားတာ ။

 

အချစ်ဟောင်းနဲ ့ သိပ်တူလွန်းတဲ့ မင်းသမီးလေးတစ်ယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ မြန်မာ ဇာတ်ကားတစ်ကားကို ကြည့်မိတာက စတာပဲ ။

 

အဲဒီတက်သစ်စမင်းသမီးလေးဟာ

ကျွန်တော့်ရဲ့ သီတာနဲ့အတော်တူတာပဲ ။

 

အသက်ငယ်ငယ် . . . ဆယ်ကျော်သက်လေးမို ့လို့သာပေါ့ ။

 

အသက် ၃၅ နှစ်အရွယ် မိန်းမတစ်ယောက်သာ ဆိုရင်

အဲဒါသီတာ ပဲ. .လို ့ထင်ရလောက်တယ် ။

 

အေးလေ . . .

လူတူမရှား နာမည်တူမရှားဘူး တဲ့။

လူသားတွေထဲမှာ ရုပ်ရည်ချင်း တူလွန်းတဲ့သူတွေလည်း ရှိနိုင်တာပဲ ။

ဒါ မဆန်းပါဘူး ။

 

ဆန်းတာက ကိုယ့်စိတ် ။

 

အဲဒီကောင်မလေးကို မြင်လိုက်ရချိန်ကစပြီး

မေ့ထားခဲ့တဲ့ နှလုံးသားရဲ့ဝေဒနာတွေ အစကပြန် နာသွားသလိုပါပဲ ။

 

ဒီမင်းသမီးသစ်လေးက ဘာလို့များ အဲသလောက်တူနေရတာလဲကွယ် ။

 

ကျွန်တော့်ရဲ ့သီတာ ကလည်း ဟောဒီမင်းသမီးလေးလို မျက်လုံးဝိုင်းလေးနဲ ့. . . .

ဟောဒီမင်းသမီးလေးလို နှုတ်ခမ်းပန်းသွေးရောင်ကလေးနဲ ့. . .

ဟောဒီမင်းသမီးလေးလို အပြုံးအေးအေးလေးနဲ ့. . . .

ဟောဒီမင်းသမီးလေးလို မြန်မာဆန်တဲ့အလှကလေးနဲ ့ပါ. . .။

 

သီတာ . . . .။

ကျွန်တော် ချစ်မြတ်တွယ်တာခဲ့ရပါသော သီတာ . . . .

 

လူငယ်ဘဝ အိပ်မက်ထဲမှာ အခါခါ လက်ထပ်ပေါင်းသင်းခဲ့ရပါသော ပန်းကလေးတစ်ပွင့် . . . . ။

 

လက်တွေ ့ဘဝမှာ . . . .

လက်တွေ ့ကျကျ လမ်းခွဲလို ့ ဝေးကွာခဲ့ရပါသော ပန်းကလေးရယ်. . . .

 

လွမ်း တယ် ။

 

************************

 

ပန်းကလေးနဲ ့လမ်းခွဲပြီး နောက်ပိုင်းမှာ

ယောကျာ်းတစ်ယောက်ရဲ ့မာနနဲ ့ ခပ်ကြမ်းကြမ်း ကဗျာတွေကို ဝတ်ဆင်ပြီး

အနုပညာလမ်းကိုပဲ ကျွန်တော်ဆက်လျှောက်ခဲ့တယ် ။

 

စီးပွါးရေးဆန်တဲ ့ နှလုံးသားတွေ မခံစားတတ်ပါဘူး ဆိုတဲ့ အနုပညာကိုပဲ လူမွဲမာန နဲ ့အလံထူပြနေခဲ့တယ် ။

 

အခုလို ပြန် လွမ်းမိလိမ့်ဦးမယ်လို ့တော့ ကြို မတွေးမိပါဘူး ။

 

မလွမ်းတော့ဘူး. . .

မဆွေးတော့ဘူး. . . . ဆိုပေမယ့် . . . . .

လွမ်းလောက်စရာနဲ့ ကြုံကြိုက်တိုင်း နင့်နင့်သီးသီး လွမ်းတတ်မြဲ။

 

တကယ်တော့ သူမနှင့်ကျွန်တော် . . . .

ချစ်ခင်တွယ်တာခဲ့ခြင်းသည် . . .

စကားပြေ စကားပြော ရောနှောနေသော ဝတ္ထုတစ်ပုဒ်လိုသာ ဖြစ်သည် ။

 

ဆက်ရေးလို့ မရတော့သော ဝတ္ထုတစ်ပုဒ်လိုလည်း ဖြစ်နေသည် ။

 

သို့သော် သူမကို ကျွန်တော် လွမ်းဆွတ်သတိရသွားခြင်းကတော့ . . .

ဇာတ်နာသော ဝတ္ထုတစ်ပုဒ်လို မျက်ရည်ဝဲချင်စရာ ကောင်းပါသည် ။

 

အချစ် အကြောင်းကို ကဗျာတွေ မရေးတော့သူ. . . .

အချစ်ဆိုတာကို ကိုယ်နဲ့မဆိုင်တော့သလို ဘဝထဲက ထုတ်ပယ်ထားခဲ့သူ. . . .

အချစ်ကို ကိုးကွယ်၍ ဘဝအခြေမလှဖြစ်နေရသူ လူငယ်တွေကို အချစ်မကောင်းကြောင်း ပြော ပြောနေခဲ့သူ. . . .

 

အခုတော့ ကျွန်တော်ကိုယ်တိုင်က အချစ်ကို ပြန်မက်မောမိနေပါလား . . .

 

ဒါမဖြစ်သင့်တော့ဘူး ။

 

ဟင့်အင်း ဒါပေမယ့် ဘဝမှာ မိန်းမတစ်ယောက်နဲ့ အတူ ပျော်ရွှင်ကျေနပ်ဖွယ်ရာ အချိန်လေးတွေလည်း ရှိဦးမှ ပေါ့ ။

 

သူမနဲ့ ချစ်ခဲ့ကြစဉ်တုန်းက ဘယ်လောက် ရင်ခုန် ပျော်မြူးခဲ့ရသလဲ ။

သူမရဲ့ အပြုအစု အယုအယတွေနဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဖြစ်တည်မှုက အဓိပ္ပာယ် ပို ရှိနေခဲ့တယ် ။

 

သူမ ရဲ့ နှ ုတ်ခမ်း လှလှကလေးကို လွမ်းလိုက်တာ ကွယ်. . . . .

 

ပြီးတော့ သူမနဲ့ အတူ ရှိနေခဲ့ဖူးတဲ့တစ်ညနေ. . . .

 

အဲဒီ ညနေဟာ ဟောဒီလူ အတွက် တစ်သက်တာ မေ့ပစ်မရသော ညနေ ။

 

သာမန် ညနေခင်းတစ်ခုမှ မဟုတ်ပဲလေ ။

 

အဲဒီညနေမျိုး ပြန်လိုချင်တာလားးး

 

မဟုတ်ဘူးးးး

 

အဲဒီ ညနေမျိုးကို ဖြစ်စေသော သူမကို ပြန်လိုချင်တာ. . . .

 

အားး

 

ဒါလည်း မဟုတ်သေးပါဘူး. . .

 

မိန်းမတစ်ယောက်ကို ယောကျာ်းတစ်ယောက်က

ချစ်တယ်လို့ အကြောင်းပြပြီးလိုအပ်တာဟာ. . . .

အိပ်ရာပေါ်က ကိစ္စတစ်ခုတည်းမှ မဟုတ်တာ. . . .

 

ယောကျာ်းတွေ အတ္တများကြီးလွန်းနေပြီလား. . . .

 

သိပ်တော်တဲ့ယောက်ျားတစ်ယောက်ရဲ့

နောက်ကွယ်မှာ

ဇနီးကောင်းရှိတယ်. . .တဲ့ ။

 

ကျွန်တော် သိပ်တော်ချင်လို့ပါ ။

 

ဇနီးကောင်းတစ်ယောက် နောက်ကွယ်ကနေ ပါရမီဖြည့်ပေးမှ သိပ်တော်တဲ့ ယောကျာ်းဘဝကို ရောက်မှာလား လို့တော့ မမေးစေချင်ဘူးပေါ့ ။

 

မိန်းမတစ်ယောက်ကို လိုအပ်ခြင်းရဲ့ အကြောင်းပြချက်ကို ခိုင်ခိုင်လုံလုံပြနိုင်မယ့် စကား ရှာမရသေးဘူးလေ ။

 

ကိုယ့်အစွမ်းအဆကို ယုံကြည်သူတစ်ယောက်အနေနဲ့ ကိုယ့်သမိုင်းကြောင်းကောင်းဖို့ ကိုယ်တိုင်အားထုတ်ဖန်တီးနိုင်ပါတယ် ။

 

ဘေးက ဒါမှမဟုတ် . . .

နောက်ကွယ်က. . . . . .

ဇနီးကောင်းတစ်ယောက် ရှိနေရင် ပိုများပြည့်စုံလေမလားလို့ . . . . . .

 

————————-

 

သူမ . . .

အခုအချိန်ဆို ဘာများ လုပ်နေပါလိမ့်. . . .

 

ဟို သရုပ်ဆောင်မင်းသမီးငယ်လေးလို ချောမောလှပနေမှာတော့ ့မဟုတ်လောက်တော့ဘူး။

 

ဒါပေမယ့် ရင့်ကျက်တည်ငြိမ်တဲ့အလှနဲ့ မိန်းမတစ်ယောက်ပီပီသသ လှနေဦးမှာပါပဲလေ ။

 

သူမမှာ . . . .အိမ်ထောင်ဦးစီးတစ်ယောက်ယောက်များ ရှိနေပြီလားးးး

သားသမီးတွေများ ရှိနေပြီလားးးး

 

ရှိနေနိုင်တာပေါ့ ။

 

ဒါပေမယ့် သူမနဲ့ ကျွန်တော့်ရဲ့ ပက်သက်ဆက်နွယ်မှုဟာ. . . .

မေးထူးခေါ်ပြောတော့ ပြန်လုပ်သင့်တယ်ထင်ပါရဲ့ ။

 

သူမရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက် (ဖြစ်ခဲ့ဖူးသူ )

တစ်ယောက်အနေနဲ့. . . .ဖြစ်ဖြစ် . . . .

အဆင်ပြေလား. . . .ဆိုတာမျိုး. . . .

နေကောင်းလားး မတွေ့တာကြာပြီနော်. . .ဆိုတာမျိုး . . . .

မေးသင့် ပြောသင့်တယ်ထင်ပါရဲ့ ။

 

အခုလို အဆက်အသွယ်ပြတ်တောက်နေပြီး ဘဝခြားသလို နေ နေတာတော့ မကောင်းပါဘူး ။

 

သူမဆီ ဖုန်းဆက်ဦးမှ. . . . .

 

နေစမ်းပါဦးးးး

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်တော်က သူမရဲ့ ဖုန်းနံပါတ်ကို အလွတ်ရခဲ့ဖူးတယ် ။

 

အခု မှတ်မိသေးလားးးး

 

မှတ်စုစာအုပ်အဟောင်းတွေထဲ ပြန် လှန်လှောရမှာလားးး

 

ဟင့်အင်းးးး

 

မှတ်ဉာဏ်ထဲ ပေါ်လာရင် ဆက်မယ်. . .

ပေါ်မလာတော့ဘူးဆိုရင် မဆက်တော့ဘူးးး

 

ကဲ စဉ်းစားစမ်းးးး

 

သိပ်ချစ်ခဲ့ဖူးတဲ့

မိန်းမတစ်ယောက်ရဲ ့ဖုန်းနံပါတ်. . . . . .

 

—————————

 

ကျွန်တော့် မှတ်ဉာဏ်တွေ . . .

ကောင်းနေသေးတယ်ပဲ ဆိုရမလားးးး

 

ဆယ်မိနစ်လောက် စဉ်းစားလိုက်သောအခါ. . . .

ဟိုတုန်းက ဖုန်းနံပါတ်တစ်ခုကို အလွတ်ရွတ်ဆိုနိုင်သွားသည် ။

 

ကျွန်တော်. . . .

သူမ၏ ဖုန်းနံပါတ်တွေကို နှိပ်ရင်းး ရင်တဒိုင်းဒိုင်း ခုန်နေမိသည်။

 

ဘုရားး ဘုရားးး

ငါ ဘာဖြစ်တာပါလိမ့်. . .

 

ဒါဟာ မဖြစ်သင့်ဘူး . . . . လို ့ အတင်းအကျပ် တွေးစမ်းးးး

 

သာမန် ရင်းနှီးမှုနဲ့ . . . . . .

သာမန်အမျိုးသမီးမိတ်ဆွေတစ်ယောက်ဆီသာမန်နှုတ်ဆက်စကားပြောသလိုပဲ

တွေးစမ်းးးး

 

ဆယ်ကျော်သက် လူပျိုပေါက်ကလေးလို စည်းလွတ်ဘောင်လွတ်

ရင်ခုန်မနေစမ်းနဲ့ . . . .

 

ဒါနဲ့. . . . .

 

သူမ . . . .

မထင်မှတ်ပဲ. . .

ကျွန်တော့် အသံကို ကြားရင် ဘယ်လိုများဖြစ်သွားမှာပါလိမ့်. . . .

 

ထိတ်ခနဲ အံ့ဩသွားလေမလားး

 

ဝမ်းသာ ဝမ်းနည်းနဲ့ . . . .

ခံစားချက် ပြင်းထန်သွားလေမလားးး

 

အရင်တုန်းက ချစ်သူဘဝ ပျော်ရွှင်ခဲ့ဖူးတာတွေကို . . . .

ဖျတ်ခနဲ ပြန်သတိရပြီး. . . . . . လွမ်းလွမ်းဆွတ်ဆွတ် ဖြစ်သွားလေမလားးးး

 

အင်းးးး

ကျွန်တော်. . . .

စိတ်ကူးယဉ်လွန်းနေပြီ ။

 

တကယ်တမ်းမှာတော့. . . .

ကျွန်တော့် အသံကို . . .

သူမ . . . .

မမှတ်မိတော့တာလည်း ဖြစ်နိုင်ပါသည် ။

 

ဒါမှမဟုတ်. . . . .

ဒီဖုန်းနံပါတ်ဟာ. . .

သူမရဲ့ ဖုန်းနံပါတ် မဟုတ်တော့ပဲ . . . .

တခြား သူစိမ်းတစ်ယောက် ရဲ ့ ”ဖုန်းမှားနေပါတယ် ” ဆိုတဲ့ အသံကိုပဲ ကြားရနိုင်ပါသေးသည် ။

 

02

 

 

 

 

 

 

 

 

___________________________________

 

လေးစားစွာဖြင့်. . . .

 

အလင်းဆက် ( Gazette )

 

___________________________________

 

 

ဤဝတ္ထုတိုကို မရေးမီ . . .

ကျွန်တော် ပြန်ဖတ်မိသော ဝတ္ထုအဟောင်းလေးတစ်ပုဒ်ရှိပါသည်။

 

ထို ဝတ္ထုအဟောင်းလေးကို..  ဖတ်မိပြီးမှ ဤဝတ္ထုတိုကို ချရေးဖြစ်ခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါသည် ။

 

သို့ရာတွင် ထိုဝတ္ထုထဲမှ

ဇာတ်လမ်း ဇာတ်ကောင် စကားလုံး တစ်စုံတစ်ရာကိုမျှ ကူးယူခြင်း မရှိ ပါ။

 

ဤဝတ္ထုထဲမှ ဇာတ်လမ်း ဇာတ်ကောင် စကားလုံး အချင်းအရာတို့မှာ . . .

ကျွန်တော် စိ်တ်ကူးယဉ် ဖန်တီးထားခြင်းသက်သက်သာ

ဖြစ်ပါသည် ။

 

ဤဝတ္ထထဲတွင် . . . .

ထိုဝတ္ထု၏ အငွေ့အသက် များ ရသည်ဆိုလျှင် . . . .

အဲဒါ . . . .

ရေးဟန် နှင့် စကားလုံးအစီးအမျော တူခြင်းသာ ဖြစ်ပါလိမ့်မည် ။

 

—————-

 

ဤဝတ္ထု မရေးမီ ကျွန်တော် ဖတ်ခဲ့သော ဝတ္ထုမှာ. . . . . . . . .

????????????????????????

????????????????????????

 

:kwi:

 

:kwi:

 

 

17 comments

    • alinsett

      December 26, 2013 at 4:23 pm

      မမနန်း
      သချင်းလေးနဲ့ ဒီဇာတ်နဲ့ လိုက် သား နော့

      🙂

      ပထမဆုံးကွန်မန့်ချီးမြင့်သူ မမနန်းအား
      အထူးကျေးဇူးတင်ရှိပါကြောင်းးးး

  • TNA

    December 26, 2013 at 4:32 pm

    အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ခံစားရပါတယ်။ တကယ့်ကို အပြင်လောကလူပျိုကြီးဘဝကိုခံစားသွားပါ တယ်။ အင်းရွာထဲကလူပျိုဂျီးဒွေကိုများဗြူးလိုက်သလားအေရယ် :mrgreen:

    • alinsett

      December 26, 2013 at 5:11 pm

      လူဗျိုကြီးတစ်ယောက်နေရာက ခံစားပြီး ရေးကြည့်တာပါ တီသဲ
      ဘယ်သူ့ကိုမှတော့ မဗျူးဖြစ်ဘူးရယ်
      :kwi:

  • Mr. MarGa

    December 26, 2013 at 4:49 pm

    ချစ်သူ၏ သမီး မဟုတ်ပါ
    ချစ်ရသူ၏ သမီး ဖြစ်ပါသည်။

    • alinsett

      December 26, 2013 at 5:16 pm

      ချစ်ရသူ၏ သမီးလည်း မဟုတ်ပါ
      ချစ်သူ၏သမီး လည်း မဟုတ်ပါ

      😆

  • kai

    December 26, 2013 at 5:06 pm

    ယောကျာ်းတယောက်ဟာ.. မိန်းမတယောက်က… လက်မထပ်ခိုင်းသ၍… လူပျိုလုပ်သင့်တယ်..။
    မိန်းမတယောက်ကတော့.. အသက်၂၅မရောက်ခင်မှာ.. ယောက်ျားတယောက်ကို.. လက်ထပ်ယူခိုင်းသင့်တယ်..

    ပုံ.. ကျုပ်။ :mrgreen:

    • alinsett

      December 26, 2013 at 5:14 pm

      ရလဲ့
      သဂျီးရဲ့ ဒဿနက
      တယ် ဟုတ်ပါလား

      🙂

    • ကျော်စွာခေါင်

      December 26, 2013 at 8:55 pm

      မိုက်တယ်ကွာ…ဟေးးဟေးးး
      ..

      ပုံ
      ကျုပ်…တဲ့။

  • ကျော်စွာခေါင်

    December 26, 2013 at 8:59 pm

    အလင်းဆက်ရေ..
    ကိုယ့်မျာတော့ မပီဝိုးဝါး မျက်နှာလေးကို မှတ်မိနေသေးတယ်..
    ဆိုးတာက သူ ့ကို ဘယ်လိုမှ ရှာမတွေ ့နိုင်တော့ဘူး…
    နေတာကလည်း အဝေးကြီးလေ….။
    ဖုန်းနံပါတ်ဆို ဝေလာဝေး….
    နီက ရန်ကုန်မှာ နေတာဆိုတော့ နီ ရှာပေးရမယ့် တာဝန်ရှိတယ်.. ဒါဗျဲ…။
    ….
    ….
    စာရေးထားတာ ကောင်းတယ်..။

    • alinsett

      December 27, 2013 at 8:24 am

      တိန်
      ဦးခေါင်ရည်ရဲ့ မပီဝိုးဝါးမျက်နှာလေးကို ရှာရမယ့်အရေးက မလွယ်ပါလားဗျ

      ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်နေပြီ။

      🙂
      :kwi:

  • KZ

    December 27, 2013 at 9:02 am

    ချစ်တူရဲ့ တမီး လို့ ဆိုလိုက်ရင် ဘယ်ဒူ့မြင်ယောင်ရမဲ မတိ။
    ချစ်တူတွေက မွေးတာ တမီးလေးတွေချည်းပဲ။
    ဟိ။
    တမီးလေးမွေးရင် ကိုယ့်နာမည်ပေးလိုက်ပါ။

    😀

  • Wow

    December 27, 2013 at 10:05 am

    မထူးပါဝူး ဝက်ရယ်.. ပတ်စာမရှိလို့ ဆူဆူညံညံအသံတွေပဲထွက်တဲ့ ဗုံနားပဲကပ်နေပေါ့… :mrgreen:

    • alinsett

      December 27, 2013 at 10:52 am

      ဗုံ ဆိုရင် ဆိုင်းဝိုင်းနားထောင် ဖြတ်မလျှောက်ဂျင်ဗူး

      :kwi:

      မိုးခေါင်လို့ တီးတဲ့ဗုံသံတော့ ကြိုက်တယ်

      🙂

  • sorrow weaver

    December 27, 2013 at 10:32 am

    နုချက်ကွာ …အာဟိ…

    • alinsett

      December 27, 2013 at 10:54 am

      နုပေမပေါ့
      နှလုံးသား နူးညံ့သိမ်မွေ ့သူ ဂျီး ရေးတာပဲ ဟာကို
      :kwi:

      ဖတ်ရှု ခံစားပေးသွားတဲ့အတွက် ကျေးဂျူးပါ ကချင်နုထွားကြီးရေ

      🙂

Leave a Reply