အမေ့အတွက်

DEPARKO DEPARKODecember 26, 20131min790

အမေ
လှိုင်းကကြမ်းကြမ်း လေရမ်းရမ်းမှာ
တိုင်းပြည်တာဝန်ထမ်း
မရွံ့စတမ်းထမ်းဆောင်အမေ့သားမောင်တစ်ယောက်
ဒီကောင်းကင်ပြာအောက်မှာ
ခရီးတစ်ထောက်နား
သင်တန်းသားတွေကိုစာပြလို့
နည်းပြဖြစ်နေခဲ့ပါပြီအမေ။
တချိန်က ပင်လယ်ပြင်ခရီးထွက်ရတိုင်း
မှုန်မှိုင်းတဲ့မျက်နှာ
ပုဝါစနဲ့မျက်ရည်သုတ်
ဘုရားရှေ့ငုတ်တုတ်လေးထိုင်
သစ္စာတိုင်တည်လို့ဆုတောင်း
အမေ့မေတ္တာရေလောင်းခဲ့ရလို့
သင်္ဘောမီးလောင်လဲဘေးမဖြစ်
မုန်တိုင်းနဲ့ စစ်ဖြစ်ခဲ့လည်း
သစ္စာရဲ့တန်ခိုးနဲ့ အသက်ရှင်
ပင်လယ်ပြင်ကိုစိုးမိုး
ကွက်စိပ်ထိုးခဲ့ဘူးပါရဲ့။
ရောဂါဗယထူပြော
ငှက်ဖျားတောမှာအသက်ရှင်
ချမ်းတုန်နေရင်ဆေးတိုက်
အမေ့ဆေးတသိုက်ကြောင့်
ငှက်ဖျားဘယ်ဆီပြေး
အသက်နဲ့ဝေးခဲ့ရတယ်။
ယူနီဖောင်းလေးကိုင်ကြည့်
ပီတိမျက်နှာနဲ့အမေ
ရာထူးတိုးလေတိုင်း
မျက်လုံးဝိုင်းကြီးနဲ့
နေတဲ့အရပ်ဘေးမတွေ့
ဘယာမတွေ့ရအောင်ဆုတောင်း
ဘုရားရှင်တောင် နားတွေညောင်းလောက်ရဲ့။
အခုတော့ ဆုတောင်းပေးမည့်အမေ
သံသအရှည်ကြီးခရီးထွက်
စိတ်မပျက်ရအောင်
အမေပေးတဲ့အမွေ
သားမောင်ဆက်ယူလေသမို့
ပီတိကိုစား အင်အားဖြစ်ရအောင်
အမေမွေးတဲ့သား အမေ့သား
အမေ့စကားနားထောင်
တမလွန်မှာပျော်အောင်နေဘို့
ရေတပ်သားလေးတွေမွေးထုတ်
နည်းပြလုပ်နေပြီမို့
အမေ့မျိုးဆက်ကပေါက်ဖွား
အမျိုးကိုစောင့်
ပြည်ကိုစောင့်ရှောက်မဲ့ရေတပ်သား
အများကြီးပွားလာပြီမို့
တမလွန်ကအမေ
အေးချမ်းစွာနားနေပါတော့အမေ။
{ တပ်မတော်ရေမွေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် ရေတပ်သားလေးကျွန်တော့်ကိုချစ်တဲ့ အမေ့အတွက် ၆ နှစ်မြောက်လွမ်းဆွတ်တမ်းတခြင်း }
IMG_20130305_093948