နေတိုးခမျာ သနားစရာ…..ဟီဟိ

cobraAugust 7, 20101min863

> > အရုဏ်ဦးမှာ ဖူးသည့်ကြာ” ၌ ပါဝင်သူများကို အင်္ဂလန်တွင် ဆန္ဒပြ
> > <http://www.irrawaddy.org/bur/index.php/news/1-news/3755-2010-08-03-07...>
> >  အင်္ဂလန်နိုင်ငံတွင် ရောက်ရှိ နေသော မြန်မာနိုင်ငံမှ နာမည်ကြီး ရုပ်ရှင်
> > သရုပ်ဆောင် နေတိုးနှင့် အဖွဲ ့ကို လန်ဒန်နှင့် မန်ချက်စတာမြို့များရှိ
> > မြန်မာများက ပြင်းထန်စွာကန့်ကွက် ် ဆန္ဒပြကြကြောင်း သိရသည်။
>
> > [image: ENG-demostration]
>
> > “အရုဏ်ဦးမှာ ဖူးသည့်ကြာ”ရုပ်ရှင်နှင့် ပါဝင်သူများကို ဆန္ဒပြနေကြသည့်
> > လန်ဒန်ရောက်မြန်မာများ(ဓာတ်ပုံ – ဧရာဝတီ)
>
> > စစ်အစိုးရ၏ ဝါဒဖြန့်ချိရေး ရုပ်ရှင်ကားတကားဖြစ်သော “အရုဏ်ဦးမှာ ဖူးသည့်ကြာ”
> > ရုပ်ရှင်ကားတွင် ပါဝင် သရုပ် ဆောင်ထားသည့် နေတိုးနှင့် မိုးယုစံတို့ ယမန်နေ့
> > နေ့လယ် ၁ နာရီခန့်က လန်ဒန်မြို့မှ မန်ချက်စတာမြို့သို့ မီးရထား ဖြင့်
> > ရောက်ရှိလာချိန်၌ ဘူတာမှစောင့်၍ ဆန္ဒပြကြခြင်းဖြစ်သည်ဟု ဆန္ဒပြ ဦးဆောင်သူ တဦးက
> > ဧရာဝတီသို့ ပြော သည်။
>
> > “သူတို့အုပ်စု ဘူတာကအထွက်မှာ အနီးကပ်ပဲ ကြွေးကြော်သံတွေဟစ်ပြီး
> > ဆန္ဒပြနိုင်ခဲ့တယ်။ အရုဏ်ဦးမှာ ဖူးသည့် ကြာ မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို
> > ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အော်ကြတယ်။ ကျနော်တို့က ဒေါ်အောင် ဆန်း
> > စုကြည်ပုံတွေကိုကိုင်ပြီး ဆန္ဒပြကြတာဆိုတော့ အင်္ဂလိပ်တွေက ဒါကိုသိတယ်။
> > သတင်းထောက်တွေပါ ရောက် လာတယ်။ နေတိုးနဲ့ ထွန်းထွန်းဆိုတာ တက္ကစီပေါ်ပြေးတက်
> > သွားတယ်”ဟု ဆန္ဒပြ ဦးဆောင်သူ ကိုဌေးကို က ဆို သည်။
>
> > မန်ချက်စတာမြို့ဆန္ဒပြပွဲတွင် မြန်မာ ၅ ဦးသာ ပါရှိသော်လည်း နေတိုးနှင့် အဖွဲ
> > ့သွားလေရာတွင် ဆန္ဒပြကြကြောင်း၊ဇူလိုင်လ ၃၁ ရက်နေ့ ည ဦးပိုင်းကလည်း
> > နေတိုးနှင့်အဖွဲ ့ကို အင်္ဂလန်ရောက် မြန်မာကျောင်းသား ၇ဝ ခန့်က ဝိုင်းဝန်း
> > ဆန္ဒပြခဲ့ကြကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
>
> > “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင် ကားသည် သမိုင်း အချက်အလက်မှန်များကို
> > ထိန်ချန်ရိုက်ကူးထားသော ကြောင့် အဆိုပါ ရုပ်ရှင်ကားတွင် ပါဝင်သည့်
> > သရုပ်ဆောင်များကို ပြည်သူက လက်မခံကြောင်း သိစေရန် ယခုကဲ့သို့ ဆန္ဒပြ
> > ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်သည့် မမိုးမိုးခင်ကလည်း
> > ပြောသည်။
>
> > “အခု ဒီလန်ဒန်ကို ရောက်နေတဲ့ မင်းသား မင်းသမီးတွေ အဆိုတော်တွေထဲမှာ
> > အဲဒီကားမှာပါတဲ့ သူ နှစ်ယောက် ပါ တယ်။ နေတိုးနဲ့ မိုးယုစံပါ။ ဒီကားထဲမှာ
> > ဦးသန့်လို ကမ္ဘာနဲ ့ချီတဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးကို သေးသိမ်အောင် ပြောဆို ထားတာ
> > ပါသလို ကျောင်းသားသမိုင်းမှာ အရေးပါတဲ့ ဆဲဗင်း ဂျူလိုင် အရေးအခင်းကိစ္စကို
> > သေးသိမ်အောင် ပြောဆို သရုပ်ဆောင်ပြတာဟာ မသင့်လျော်ပါဘူး။ ဒီရုပ်ရှင်ကားနဲ့
> > ကျမတို့ မျိုးဆက်သစ် မောင်ငယ် ညီမငယ်တွေ ပြည်သူ လူထုတွေကို သတင်းမှားတွေကို
> > ပေးရာမှာပါဝင်ကြတဲ့ မင်းသားမင်းသမီးတွေကို ဆန္ဒပြကြတာ။ ပြည်တွင်းမှာ လုပ်ချင်
> > ပေမယ့် လုပ်ခွင့်မရတဲ့ ကျောင်းသားလူငယ်တွေကိုယ်စား ကျမတို့က လုပ်ကြတာ”ဟု
> > ဆိုသည်။
>
> > နေတိုးနှင့်အဖွဲ ့ကို လန်ဒန်ရှိ မြန်မာသံရုံးမှ ကျောထောက်နောက်ခံပြုထားသော
> > မြန်မာအသင်း (ယူကေ)မှ ဖိတ်ကြား ကာ အငြိမ့်နှင့် စင်တင်ဂီတ ဖျော်ဖြေပွဲ
> > ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲသို့ မြန်မာ ပရိသတ် ၁၀ဝ ကျော် လာရောက် ကြည့်ရှု
> > ခဲ့ကြကြောင်း သိရသည်။
>
> > ဆန္ဒပြသူများက မြန်မာအနုပညာရှင်များနှင့်အတူ လာရောက်အားပေးသူများကိုပါ
> > ကြွေးကြော်သံများဖြင့် ကန့်ကွက် ခဲ့ကြကြောင်း ဆန္ဒပြရာတွင်ပါဝင်သော
> > ဘွဲ့လွန်ကျောင်းသား တဦးဖြစ်သည့် ကိုထက်ခေါင်လွင်က ပြောသည်။
>
> > “ကျနော်တို့က ပြည်သူ့ ဆန်စား ပေါ်လစီမင်းသား နွား နွား လို့ ဟစ်ကြွေးကြတယ်။
> > ပြီးတော့ ဒီစစ်အစိုးရပွဲကို လာ ရောက် အားပေးတဲ့လူတွေကိုလည်း စစ်အစိုးရအားပေးသူ
> > ငါတို့ ရန်သူ ငါတို့ ရန်သူ လို့ အော်လိုက်ကြတဲ့အချိန်မှာ ပွဲလာပရိသတ်တွေဟာ
> > ကျနော်တို့ဘက်ကို လှည့်တောင်မကြည့်ရဲကြတော့ဘူး။ တခါတည်း ခန်းမထဲကို ဝင်သွားကြ
> > တယ်”ဟု ၎င်းကဆိုသည်။
>
> > နေတိုးနှင့်အဖွဲ ့သည် ယနေ့တွင် လီဗာပူးလ်မြို့ကို သွားလည်မည်ဟုသိရပြီး
> > လီဗာပူးလ်အရောက်တွင်လည်း ဆန့် ကျင် ကန့်ကွက်ခြင်းခံရဦးမည်ဖြစ်ကြော
> > င်း ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်အောင်က ပြောသည်။
>
> > ဩဂုတ်လ ၂ ရက်နေ့က လန်ဒန်တွင် ပြုလုပ်သော ရခိုင်ယဉ်ကျေးမှု အခမ်းအနားပွဲသို့
> > နေတိုး သည် မူလက လာ ရောက်ရန် လက်ခံခဲ့သော်လည်း ထပ်မံ ဆန္ဒပြခံရမည်ကို စိုးရိမ်၍
> > လာရောက်ခဲ့ခြင်းမရှိကြောင်း၊ နေတိုးသည် ရခိုင် ပြည်နယ် မာန်အောင်မြို့ဇာတိ
> > ရခိုင်လူမျိုး ဖြစ်သောကြောင့် အင်္ဂလန်ရောက် ရခိုင်များက ဖိတ်ကြားထားကြောင်းသိရသည်။
>

3 comments

  • char too lan

    August 7, 2010 at 7:51 am

    “ပြည်သူ့ ဆန်စား ပေါ်လစီမင်းသား နွား နွား ” ကောင်းတယ်
    ဘယ်သူ ့ဘက်မှပါလို ့တော့မဟုတ်ဘူး အလွန်အကျွံအမွှန်းတင်ထားတဲ့
    ပေါ်လစီကားတွေဆို အမြင်ကပ်တယ်
    ပြည်လုံးကျွတ်ကြီးပွားချမ်းသာနေတဲ့ နိုင်ငံမဟုတ်မှန်း
    သူတို ့သာမသိတာ ကမာ္ဘကသိတယ်။
    ရိုက်ထားလိုက်တာ ကောင်းတာတွေချည်းပဲ အဲဒါကြောင့်လဲ
    http://freedomnewsgroup.com/2010/07/06/%E1%80%94%E1%80%AC%E1%80%99%E1%80%8A%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9-%E1%80%9E%E1%80%9B%E1%80%AF%E1%80%95%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%80%BA/#more-10791 အဲလိုတွေဖြစ်ကြတာ ဆိုးရွားလွန်းတယ်ဗျာ

  • narziparty2009

    August 7, 2010 at 10:38 am

    ကောင်းပါတယ်ဗျာဖြစ်နိုင်ရင်သတ်တောင်ပစ်ရမှာအရင်အင်္ဂလိပ်ခေတ်ကအလိုတော်ကျတွေဆိုမပြောတော.ပါဘူးအခုဟာကကိုယ်ကတောင်ဝိုင်းပြီရှုတ်ချရမှာကိုပို်က်ဆံရတာနဲ.အလိုကျလိုက်လုပ်နေတယ်ပြည်သူပေးတဲ.ထမင်းစားနေပြီးသူ.အဖေတွေဘက်ကလိုက်နေပေးတဲ.ခွေးမျိုးတွေ
    ဟိုမင်းသမီးကလည်းတော်တော်ဗိုလ်စာဖြစ်ချင်တယ်နဲ.တူတယ်ခွေးစာပဲဖြစ်မှာသေချာတယ်ဒီတိုင်းသာဆက်လုပ်နေသိလား

  • MandalayThar

    August 7, 2010 at 1:19 pm

    မအေဘေး ခွေးပြေး ဝက်ပြေး ပြေးရတာ ကောင်းတယ်။ ဒါမျိုးတွေ များများလုပ်ပေးမှ ဒီငဖားကောင်တွေ နည်းနည်းတွန့်သွားမှာ။ စောက်ရှက်မရှိ ဖားတဲ့ကောင်တွေ။ နောက် ဒါမျိုးတွေ ဆက်သာလုပ်ဒါမှ နောက်ကောင်တွေ လန့်လာမှာ။ အပြတ်အသတ် ရှုတ်ချသင့်တယ်။ သူများတွေကို မှန်သားပြင်ပေါ်မှာ ရှုတ်ချခဲ့တဲ့ကောင်တွေ သူတို့ကို အဲလိုလုပ်ပေးရမှာ။ နောက်တခါဆို ဖိနပ်တွေ၊ ဘဲဥပုတ်တွေ၊ ဘာတွေနဲ့ ကောက်ပေါက်ပစ် ဓါတ်ပုံတွေနဲ့ မှတ်တမ်းတင်။ ဒီနွားကောင်တွေကို….

Leave a Reply