အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁ ( Introduction ) ။

Foreign ResidentDecember 27, 20139min27620

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၁ ( Introduction ) ။

 

ရွာသူားများ မင်္ဂလာပါဗျာ ။

 

အဘ မလဲ ၊ ပရိယေသန ဝမ်းစာ / စားဝတ်နေရေး အတွက် ၊

လိုက်နေရတဲ့ သင်္ဘော ပေါ်ကနေ ၊ အောက်တိုဘာ လကုန် လောက်မှာ ဆင်းခဲ့ပါတယ် ။

 

ဆင်းပြီး ၊ ဘယ်လောက်မှတောင် မကြာရပါဘူးကွယ် ။

( တစ်ပါတ်လောက်ဘဲလား ၊ ရန်ကုန်မှာ လွတ်လွတ်လပ်လပ် နေလိုက်ရပါတယ် ၊ အဟင့် )

 

အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင် မဟေသီက ၊ ရန်ကုန် အထိ ကို ကိုယ်တိုင် ပေါက်ချ လာတော်မူပြီး ၊

( မူလ ပိုင်ရှင် ဖြစ်တော်မူတာနှင့် အညီ ) ပြန်လည် သိမ်းဆည်းတော်မူ လိုက်တာ မို့လို့ ၊

အဘ မလည်း ၊ သူ နှင့် အတူ ဩဇီကို ၊ ကန့်လန့် ကန့်လန့် နှင့် ပြန်လိုက်လာခဲ့ရကာ ၊

နိုဝင်ဘာ လလယ် လောက်မှာ ၊ အဘ ဩဇီကို ပြန်ရောက်ပါတယ်ကွယ် ။

 

အင်း ၊ ဒီဇင်ဘာ လဆန်းလောက်မှာ ၊

နယူးဇီလန် Cruise စီးဖို့က စီစဉ် ထားပြီးသား ဆိုတော့ ကာ ၊

နိုဝင်ဘာ လလယ် ဩဇီ ကို ပြန်ရောက် တာနှင့် ၊

နယူးဇီလန် ဗီဇာ ကိစ္စ ကို စလုပ်ရတော့တာပေါ့လေ ။

 

အဘ တို့ စီးခဲ့တဲ့ Celebrity Solstice  ဆိုတဲ့ သင်္ဘောကြီး ရဲ့ အပေါ်က အမြင် ပါ ။

 

 

အဘ တို့ စီးခဲ့တဲ့ Celebrity Solstice  ဆိုတဲ့ သင်္ဘောကြီး ရဲ့ အပေါ်က အမြင် ပါ ။
အဘ တို့ စီးခဲ့တဲ့ Celebrity Solstice ဆိုတဲ့ သင်္ဘောကြီး ရဲ့ အပေါ်က အမြင် ပါ ။

 

စိတ် ပိန် ရပါပေတယ် ကွယ် ။ သင်္ဘော ပေါ်က ခုဘဲဆင်းလာတဲ့သူကို ၊

( နောက် တစ်လ လောက်နှင့် ) နောက် သင်္ဘော တစ်စီး အပေါ် ပြန်တက်ရဦးမယ် ။

 

သို့ပေမယ့်လည်း ၊ ၈ လ / ၉ လ လောက် ၊ နိုင်ငံရပ်ခြားမှာ လျှောက်သွား နေမိလေတော့ကာ ၊

ဒီတစ်ခါလေးတော့ ၊ အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင် မဟေသီ ရဲ့ စကားကို နားထောင်လိုက်ပါ့မယ်လေ ။

( ဟီ ဟိ ၊ တကယ်က နား မ ထောင်ဘဲလဲ ၊ မ နေရဲပါဘူး ။ တားတား ၊ ကြောက်ကြောက် )

 

ဟဲ ဟဲ ၊ ကြောက်ကြောက် ဆိုတာ ၊ ငါ တို့ ဦးကျောက် ကို စောင်းမြောင်း ပြောဆိုခြင်း မဟုတ်ရပါလေ ။

ဟဲ ဟဲ ၊ ငါ တို့ ဦးကျောက် ခမျာ လဲ ၊ သိပ်မကြာခင် ဦးကြောက် ဘဝ ကို ပြောင်းရတော့မှာ ဆိုတော့ ၊

သိပ်ပြီး စောင်းမြောင်း ပြောဆိုနေစရာလဲ မလိုတော့ပါဘူးလေ ၊ ဒဲ့ ဘဲ ။ ဟီ ဟိ ။

 

ဟီ ဟိ ၊ ဘေးတွေရောက်ကုန်ပြီ ၊ တော်ဦးမှ ။

ဇတ်လမ်း ပြန်ဆက်ရရင် ၊ ထုံးစံ အတိုင်း ပါဘဲ ၊ အဘ မှာလဲ ၊

နိုင်ငံတကာမှာ ၊ အလွန်တရာမှ ဂုဏ်သိက္ခာရှိပြီး ၊ မျက်နှာပန်းပွင့်တော်မူလှတဲ့ ၊

အနီရောင် မြန်မာ ( ရွှေ ) ပတ်စပို့တော်ကြီးကို ကိုင်ထားနေ ( ဆဲ ) ဆိုတော့ကာ ၊

ထုံးစံ အတိုင်း ၊ ဘယ်တိုင်းပြည်ကို သွားသွား ၊ ဗီဇာ ကိစ္စ က စပြီး ဒုက္ခ ပေးတော်မူတာပေါ့လေ ။

 

သို့ပေမယ့် ၊ ဟဲ ဟဲ ၊ အရင်ကတည်းက စုံစမ်းပြီးသားပါ ။

အဘ က ၊ ဩဇီ ရဲ့ Permanent Resident ဖြစ်နေလေတော့ကာ ၊

အဘ နယူးဇီလန် ကိုဝင်ရင် ၊ ဗီဇာ မလိုပါဘူးတဲ့ဗျာ ။ တော်ပါသေးရဲ့ ။

 

ဟီ ဟိ ၊ ဩဇီ PR ဖြစ်ရတာ ဒီတစ်ခုတော့ နဲနဲလေး တော်သွားတယ် ။

ဟိုတစ်ခါ ကလည်း ၊ စင်္ကာပူ သွားမလို့ ဟာ ၊ စင်္ကာပူ သံရုံး ကို ဖုန်းဆက်ပြီး ၊

” ငါက အခု လက်ရှိ ဩဇီ PR ၊ စင်္ကာပူ ဗီဇာ လိုချင်လို့ ” လို့ ပြောလိုက်တာ ။

စင်္ကာပူ သံရုံး က  ဩဇီ PR ဆို ၊ သူများတွေလို ထောက်ခံစာ ခေါ်စာ ဘာမှ မလိုဘူးတဲ့ ၊

ဓါတ်ပုံ ယူလာ ၊ လျှောက်လွှာ ဖြည့် ၊ ဩဇီ PR sticker ပြလိုက်ယုံ နှင့်ဘဲ ၊ ကိစ္စက ပြီးသွားတယ် ။

 

သို့သော် ၊ သို့သော် ပေါ့လေ ။ ယခု အခါမှာ ၊

ဩဇီ အစိုးရ စံနစ်တစ်ခုလုံးကို Totally Computerized Network ချိတ်ထားလေတော့ကာ ၊

အဘ ရဲ့ ရွှေ ပတ်စပို့တော်ကြီးပေါ်မှာ ဘာ Visa Sticker မှ ကပ်ပေးတော် မ မူတော့ပါဘူးတဲ့ ။

 

သူတို့ အပြောအရတော့ ၊ အဘ ဩဇီ ကို ဝင်တဲ့အခါ ၊ ဘာ Passport မှမပြဘဲ ၊

အဘ ရဲ့ Driven License / Photo Card ကိုပြပြီး ဝင်ရင်တောင် ရတယ် ဆိုဘဲ ။

ဒါကြောင့် ၊ အဘ ရဲ့ ပတ်စပို့ပေါ်မှာ ၊ ဘာ Visa Sticker မှ မကပ်တော့တာတဲ့ ။

( သဘာဝ ပါတ်ဝန်းကျင် အတွက် ၊ စက္ကူ ကိုများ ချွေတာနေလေရော့လားကွယ် )

 

အဟင့် ၊ သို့သော် ၊ သို့သော် ပေါ့လေ ။

အခုဟာက ၊ အဘ က ဩဇီ ကို ဝင်ရမှာ ဟုတ်ဘူးလေကွယ် ။ နယူးဇီလန် ကို ဝင်ရမှာလေ ။

အဘ က နယူးဇီလန် Immigration ကို ၊ ဩဇီ PR ဖြစ်ကြောင်းကို ကျမ်းကျိန်ပြရမှာလားကွယ် ။

 

ဒါနှင့်ဘဲ ၊ ဩဇီ Immigration ကို လှမ်း စုံစမ်းလိုက်တော့ ၊

နီးစပ်ရာ Immigration Office မှာ ဩဇီ PR Sticker သွားကပ် လို့ရပါတယ်တဲ့ ။

ဒါပေမယ့် အလကား ရဘူးတဲ့ ၊ တစ်ခါကပ် ဒေါ်လှ ၇ဝ တဲ့ ၊ အဟင့် ၊ အဟင့် ။

ပိုက်ဆံများ ပါးရှားပါတယ် ဆိုမှ ၊ ကြံဖန်ပြီး ဒေါ်လှ ၇ဝ တောင် ထွက်ဦးမယ် ။

ရက်စက်ချက် ။ အီးးးးး ဟီးးးးး ဟီးးးးး ( မှတ်ချက် ။  ။ ငိုနေဒါ ) ။

 

ဟယ် ၊ တတ်နိုင်ဘူးလေ ။

သိပ်မကြာခင်မှာ ၊ အဘ ရဲ့ အမေရိကန် နှင့် ကနေဒါ ပေါ်တာ ခရီးစဉ် ကလည်း ရှိနေသေးသမို့ ၊

အဲဒီ အခါကျရင် ၊ ဒီ ဩဇီ PR Sticker က ထပ်ပြီး အသုံးဝင်နေဦးမှာပါဘဲလေ ဆိုပြီး ၊

နှမျှော တသ သုံးကြိမ် ရွတ်ဆိုပြီး ၊ ဒေါ်လှ ၇ဝ အကုန်ခံပြီး Sticker သွားကပ်လိုက်ရတော့တယ် ။

( စိတ်ထဲကတော့ ဂဒီး ဂဒီး ခရီးသွားချင်လွန်းလှတဲ့ မိန်းမ ကိုဘဲ အပြစ်တင်နေမိတယ် ၊ ဒင်းကြောင့် )

 

အင်း ။ ခရီးစဉ် အကြောင်း ပြောကြရအောင် ။

အဘ တို့ ဒီတစ်ခါ စီးမှာက ၊ Celebrity Cruise Line ပါကွယ် ။

အသေးစိတ် ကိုတော့ ဒီမှာ ကြည့်ကြပါကွယ် ။

( http://www.celebritycruises.com/home.do )

 

အကြမ်းဖျင်းအားဖြင့် ၊ Celebrity Cruise Line ဟာ ၊

” Royal Caribbean International ” Cruise Line က ပိုင်ဆိုင် ပြေးဆွဲတာ ဖြစ်ကာ ၊

သူ့ ရဲ့ headquarters ကတော့ Miami, Florida, USA မှာ ရုံးထိုင်ပါတယ် ။

P & O Cruise ၊ Star Cruise တို့ထက် ပို အဆင့်မြင့် / ကောင်းတယ်လို့ ဝိုင်းအကြံပေးကြပါတယ် ။

( http://en.wikipedia.org/wiki/Celebrity_Cruises )

( http://en.wikipedia.org/wiki/Royal_Caribbean_International )

 

ကြုံလို့ ပြောရမယ် ဆိုရင် ( For your Information ) ၊

အခု လက်ရှိ ကမာ္ဘ ပေါ်မှာ အကြီးဆုံး Cruise Ship က M.S. ” Allure of the Seas ” ဖြစ်ပြီး ၊

” Royal Caribbean International ” Cruise Line ကဘဲ ပိုင်ဆိုင် ပြေးဆွဲတာ ဖြစ်ပါတယ် ။

( http://en.wikipedia.org/wiki/Allure_of_the_Seas )

 

အဘ တို့ စီးခဲ့တဲ့ M.S.  Celebrity Solstice  ဆိုတဲ့ သင်္ဘောကြီးပါ ။

 

 

အဘ တို့ စီးခဲ့တဲ့ M.S.  Celebrity Solstice  ဆိုတဲ့ သင်္ဘောကြီးပါ ။
အဘ တို့ စီးခဲ့တဲ့ M.S. Celebrity Solstice ဆိုတဲ့ သင်္ဘောကြီးပါ ။

 

အဘ တို့ စီးမယ့် သင်္ဘော ကတော့ ” Celebrity Solstice ” ဆိုတဲ့ သင်္ဘောကြီး နှင့်ပါ ။

Celebrity Cruise Line ရဲ့ လက်ရှိ အကြီးဆုံး Cruise Ship အမျိုးအစား ပါ ။

သင်္ဘော က အထပ်ပေါင်း ၁၉ ထပ် ရှိပြီး ၊ 1033 ပေ / 315 မီတာ ရှည်ပါတယ် ။

သင်္ဘော တန်ဘိုး က ဒေါ်လှ သန်း ၇၅ဝ တန်ပြီး ၊

ခရီးသည် ၂၈၅ဝ ဆန့်ပြီး ၊ သင်္ဘောသား / ဝန်ထမ်း ၁၅၀ဝ ပါတယ်လို့ ဆိုပါတယ် ။

( အကြမ်းဖျင်း ဟိုတယ် လုပ်ငန်းမှာသုံးတဲ့ ဧည့်သယ် : ဝန်ထမ်း Ratio 2:1 နှင့် ညီပါတယ် )

၂၀၁၁ ခုနှစ်အတွက် Frommer ရဲ့ Best Cruise Ship ဆု ရခဲ့တယ်လို့ ဆိုပါတယ် ။

အဲဒီ သင်္ဘော ရဲ့ အချက်အလက်တွေကတော့ အောက် ပုံပါ အတိုင်းပါဘဲကွယ် ။

( http://en.wikipedia.org/wiki/Celebrity_Solstice )

 

Celebrity Solstice သင်္ဘော ရဲ့ အချက်အလက်တွေ

 

 

Celebrity Solstice သင်္ဘော ရဲ့ အချက်အလက်တွေ
Celebrity Solstice သင်္ဘော ရဲ့ အချက်အလက်တွေ

 

ဒီတစ်ခါ သွားမှာက ၊ New Zealand Cruise နယူးဇီလန် ကျွန်းပါတ် ခရီးစဉ် ပါကွယ် ။

အဘ တို့ သွားမယ့် ခရီးစဉ် Explore Itinerary ကတော့ အောက် ပုံပါ အတိုင်းပါဘဲကွယ် ။

 

အဘ တို့ သွားမယ့် ခရီးစဉ် Explore Itinerary

 

 

အဘ တို့ သွားမယ့် ခရီးစဉ် Explore Itinerary
အဘ တို့ သွားမယ့် ခရီးစဉ် Explore Itinerary

 

ဒီဇင်ဘာလ ၁ဝ ရက်နေ့ နယူးဇီလန် နိုင်ငံ Auckland ဆိပ်ကမ်းကနေ စထွက်ပြီး ၊

နယူးဇီလန် ကျွန်း နိုင်ငံ က ထင်ရှားတဲ့ နေရာတွေကို လှည်လည် ကြည့်ရှု ပြီး ၊

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဩစတေလျှ နိုင်ငံ Sydney ဆိပ်ကမ်း ကို ပြန်ရောက်ပါ့မယ်ကွယ် ။

 

နယူးဇီလန် ကျွန်းပါတ် ခရီးစဉ် ပုံပါ

 

 

နယူးဇီလန် ကျွန်းပါတ် ခရီးစဉ် ပုံပါ
နယူးဇီလန် ကျွန်းပါတ် ခရီးစဉ် ပုံပါ

 

အဘ တို့ ဒီတစ်ခေါက် မှာတော့ ( ပထမဦးဆုံး Cruise စ စီးတဲ့ အတွေ့အကြုံ ဆိုတော့ ) ၊

ဈေး အပေါဆုံး ဖြစ်တဲ့ Inside State Room ( 1522 A$ ) အတွင်းခန်း ကိုဘဲ ယူလိုက်ပါတယ် ။

 

ဈေး အပေါဆုံး က Inside State Room ။

 

 

ဈေး အပေါဆုံး က Inside State Room ။
ဈေး အပေါဆုံး က Inside State Room ။

 

အခန်း နဲနဲ ကျဉ်းတာ ၊ အပြင်ဖက် Sea View မမြင်ရတာက လွဲရင် ၊ ကျန်တာ OK ပါ ။

အဘ ကိုယ်တိုင်က သင်္ဘောသား ဆိုတော့ Sea View ကို ရိုးနေပြီလေ ။

နောက်ပြီး တကယ် ဓါတ်ပုံ ရိုက်မယ် ဆိုရင် အပေါ်ဆုံးထပ် အပြင် ထွက်ရိုက်ရမှာဘဲဟာ ။

Veranda ပါတဲ့ အခန်းလဲ မထူးပါဘူး ဆိုပြီး ၊ တမင်ကို မယူခဲ့တာ ။

 

လေဝင် လေထွက် ၊ လေပူ လေအေး စံနစ်ကလည်း တော်တော် လေးကောင်းပြီး ၊

သင်္ဘောကလည်း တော်တော် သစ် သေးတော့ ၊ အနံ့အသက်လဲ ကောင်းပါတယ် ။

သုံးထားတဲ့ ပစ္စည်းတွေကလည်း ရန်ကုန်က 4/5 Stars Hotel အဆင့်လောက် ရှိပါတယ် ။

မြန်မာနိုင်ငံသားတွေ အဖို့ကတော့ Inside State Room ကတင် တော်တော်ကို ကောင်းနေပါပြီ ။

 

( မှန်ကန်တဲ့ အကြံပေးရရင်တော့ ၊ Veranda State Room ( 1872 A$ ) ဝရန်တာအခန်း ကို ယူတာ ၊

ပိုတန်တာကို တွေ့ရတယ်ကွယ့် ၊ ဒေါ်လှ 350 ဘဲ ပိုပေးရတာလေ ။

ဒီတစ်ခါက ၊ အဘ တို့က ပထမဦးဆုံး အတွေ့အကြုံ ဆိုတော့ ၊ သိပ် မသိသေးလို့ )

 

Inside State Room ရဲ့ ပုံ ။

 

 

Inside State Room ရဲ့ ပုံ ။
Inside State Room ရဲ့ ပုံ ။

 

အဟင့် ၊ Inside State Room ဈေး ၊ တစ်ဦး = 1522 A$ ဆိုလို့ ၊ ဒါဘဲ မထင်နှင့်ရယ် ။

 

– နောက်ထပ် Gratuity ( Tip 10 % ကို အပြီး ကြိုယူထားတာ ) 150 A$ နှင့် ၊

– Admin ကြေး ဒေါ်လှ 100 လောက် တစ်ခါတည်း ထပ် သွင်းရပါသေးတယ် ကွယ် ။

 

– နောက်ပြီး သီးသန့် Specialty Restaurant တွေမှာ စားရင် ထပ်ပေးရပါဦးမယ်ကွယ် ။

– ဆိပ်ကမ်းမှာ ဆင်းလည်ဘို့ အထူး ဈေးကြီးတဲ့ Shore Excursion တွေကလည်း လာဦးမယ် ။

( Shore Excursion ဘိုး ၊ တစ်မြို့လည်တိုင်း Average ဒေါ်လှ 100 ကျော် ထပ်ကုန် ဦးမှာပါ )

– အဟင့် ၊ သင်္ဘောပေါ်မှာ ၊ Satellite ကနေ အင်တာနက် သုံးရတာ အရမ်းဈေးကြီးတယ် သိလား ။

( တစ်မိနစ်ကို တစ်ဒေါ်လာ တဲ့ ၊ အဘမှာ အင်တာနက်ဖိုးချည်းဘဲကို တော်တော် ကျသွားတယ် )

 

အဘ တို့ အတွက်ကတော့ ၊ အပေါ်က ဟာတွေ အပြင် ၊

– Sydney to Auckland လေယာဉ် လက်မှတ်ခ က တစ်ယောက်ကို ဒေါ်လှ 315 ထပ်ကျပါတယ် ။

– တစ်နှစ်စာ Travel Insurance, unlimited cover ဝယ်တာ တစ်ယောက် ဒေါ်လှ 250 ကျပါတယ် ။

 

ပေါင်းလိုက်ရင် ၁၂ ရက်စာ အပျော်ခရီးစဉ် အတွက် ၊

အဘ တို့ ၊ တစ်ယောက်ကို ဒေါ်လှ 3000 ကျော်ကျော် ကုန်ခဲ့ပါတယ် ။

 

အဲ ၊ ဒါပေမယ့် ၊ လူငယ် တွေ ၊ အစား အသောက် မက်တဲ့သူတွေ ၊

Entertainment အပျော်အပါး ( အတီး အမှုတ် အက အခုန် ) မက်တဲ့သူတွေ အတွက် ဆိုရင်တော့ ၊

ဒီလို Cruise ခရီးစဉ်ဟာ ၊ အရမ်းတန်မယ်လို့ ၊ အဘ ထင်ပါတယ် ( ထင်ပါတယ် ) ။

 

ဘာလို့လဲ ဆိုတော့ ၊ ဒီ Cruise သင်္ဘော ပေါ်မှာ ၊

အချိန်တိုင်း နီးပါး ၊ ကမာ္ဘ အနှံ့က ( အလှည့်ကျ ) အစားအသောက် မျိုးစုံကို ၊

ဘူဖေး စံနစ် နှင့် စားချင်သလောက် စားသောက် အဝစားခွင့် ပေးထားပြီး ။

Entertainment အပျော်အပါး ( အတီး အမှုတ် အက အခုန် ) ပွဲတွေကိုလည်း ၊

၂၄ နာရီ ပါတ်လုံး နီးပါး ဆက်တိုက် ဖျော်ဖြေပေးနေလို့ပါ ။

 

အခု လောလောဆယ်တော့ ၊ စာ လည်း တော်တော် ရှည်သွားပြီ ဆိုတော့ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

သင်္ဘော ပေါ်မှာ ၊ နယူးဇီလန် နိုင်ငံ Auckland ဆိပ်ကမ်း နောက်ခံ နှင့် ။

 

 

သင်္ဘော ပေါ်မှာ ၊ နယူးဇီလန် နိုင်ငံ Auckland ဆိပ်ကမ်း နောက်ခံ နှင့် ။
သင်္ဘော ပေါ်မှာ ၊ နယူးဇီလန် နိုင်ငံ Auckland ဆိပ်ကမ်း နောက်ခံ နှင့် ။

 

အဟီး ဟီး ဟီး ၊ ရွာသူားများ ကို ၊ တစ်ခုတော့ ကြိုတင် တောင်းပန် ပါရစေ ။

အဲဒါ က ၊ အ ဟီး ဟီး ၊ အဘ ရဲ့ အဝတ်အစား ကိစ္စ ပါဘဲကွယ် ။

 

ရွာသူားများထဲက မှတ်မိတဲ့သူများ ရှိရင် ၊ ဒီ Cruise ခရီးစဉ်က အဘ အဝတ်တွေဟာ ၊

ပြီးခဲ့တဲ့ အဘ ရဲ့ ဥရောပ ခရီးစဉ် တစ်လျှောက် ၊ ဂျုံးဂျုံးကျ ဝတ်ခဲ့တာတွေပါဘဲကွယ် ။

( ပြောရမယ်ဆိုရင် ဒီ အင်္ကျ ီ ဟာ Paris မှာ 10 Euro နှင့် ဝယ်ခဲ့တာလေ ။ မှတ်မိကြလား )

 

အဘ မလဲ ပိုက်ပိုက် ပါးရှားသူ ပေမို့ ၊ အင်္ကျ ီ အသစ် မဝယ်ဖြစ်သေးဘူးရယ် ။

( ဥရောပ ခရီးစဉ် အပြင်က အင်္ကျ ီဆိုလို့ ၊ ၂၀၁ဝ ခုနှစ်လောက်က ၊

Singapore Universal Studio က ဝယ်လာတဲ့ Sport Shirt အဟောင်း တစ်ထည်ပဲ ပါတယ် ။

Jacket တောင် ၊ ဥရောပ ခရီးစဉ် က ဟာက ရန်ကုန်မှာ ကျန်ခဲ့လို့ အသစ်ဝယ်လိုက်ရတယ် )

အဲဒီတော့ကာ ၊ အဘ ရဲ့ အဝတ်အစားတွေကိုတော့ ၊ သည်းခံ ကြည့်ရှုပေးပါကွယ် ၊ ဟီ ဟိ ။

20 comments

  • KZ

    December 27, 2013 at 1:04 pm

    ဪရယ်။
    သိပ်ကောင်းးး တယ် သိပ်မိုက်တယ်။

    ဈေးအသက်သာဆုံးက ၁၅၀ဝ ကျော်ရယ်။
    ကြည့်ရသလောက်တော့တန်တာပဲ။ ကိုယ်မှ မပေးရတာ။ ဟိ :mrgreenn:

    ကိုယ်တိုင်မသွားနိုင်တဲ့ဘွမှာ ရုံးက ကွန်ပြူတာရှေ့ထိုင်ပြီး ကြည့်နိုင်တာ ဆိုတော့ နောက်အပိုင်းတွေ မျှော်နေပါ့မယ် အဘရယ်။

    😀

    • Foreign Resident

      December 27, 2013 at 3:08 pm

      KZ says:
      ” ဈေးအသက်သာဆုံးက ၁၅၀ဝ ကျော်ရယ် ”

      အွန် ၊ ဟုတ်သေးဘူးလေ ။ Total တစ်ယောက် ၃၀၀ဝ ကျပါတယ်ဆို ။

      Basic & Compulsory Rule – 1 ။
      Travel Insurance, unlimited medical cover ဘိုး မတတ်နိုင်လျှင် ခရီး မထွက်ပါနှင့် ။

      Basic & Compulsory Rule – 2 ။
      Optional / Shore Excursion ဘိုး မတတ်နိုင်လျှင် ခရီး မထွက်ပါနှင့် ။

      • KZ

        December 27, 2013 at 3:20 pm

        ဟင့်။
        အခန်းခ က ၁၅၀ဝ ကျော်ဟုတ်ဘူးလားး
        Inside State Room ( 1522 A$ ) အတွင်းခန်း က ဈေး အပေါဆုံးဆို။
        အာ့တောင် မလိုက်နိုင်လို့ ငိုချင်နေပါတယ်ဆို။

        ဘာဖိုးမှ မတတ်နိုင်လို့ ဘယ်ခရီးမှ ထွက်ဘူးးး
        ခိခိ

      • Foreign Resident

        December 27, 2013 at 3:31 pm

        ” ပေါင်းလိုက်ရင် ၁၂ ရက်စာ အပျော်ခရီးစဉ် အတွက် ၊ အဘ တို့ ၊
        တစ်ယောက်ကို ( တစ်ယောက်ကို ) ဒေါ်လှ 3000 ကျော်ကျော် ကုန်ခဲ့ပါတယ် “

      • Foreign Resident

        December 27, 2013 at 3:44 pm

        ဈေး အပေါဆုံး ဖြစ်တဲ့ Inside State Room = 1522 A$
        Gratuity ( Tip 10 % ကို အပြီး ကြိုယူထားတာ ) = 150 A$
        Admin ကြေး = 100 A$
        သီးသန့် Specialty Restaurant မှာ တစ်ခါ စား = 45 US$
        Shore Excursion ၅ ခုသွား = 493 US$
        Satellite ကနေ အင်တာနက် သုံး = 82 US$
        Sydney to Auckland လေယာဉ် လက်မှတ်ခ = 315 A$
        Taxi fare from Auckland Airport = 95 NZ$
        တစ်နှစ်စာ Travel Insurance, unlimited cover = 250 A$
        Additional Tip for Room Attendants & Waiters = 45 US$
        Other General Spending = 100 US$

  • မဟာရာဇာ အံစာတုံး

    December 27, 2013 at 2:21 pm

    အဘ ကလည်း
    အဟင့် အဟင့် တွေ သိပ်များတာဗျဲ …
    ဟိုဘဲဥဂျီးကလည်း ထုံးစံ အတိုင်းဗျဲ …
    အဝတ်ကတော့ ဘာဝတ်ဝတ် ကိစန မရှိပါဘူး အဘရယ် ..
    ကျိဒတ်ပါတယ် …
    ဒါမယ့် ကိုယ်တီးလုံးဂျီးနဲ့တော့ တင်နဲ့ပေါ့လို့ …
    :mrgreen:
    စကားမစပ် ..
    သင်္ဘောပေါ်မှာ လူတွေ အားဂျီးဘဲနော့ ..

    • Foreign Resident

      December 27, 2013 at 3:26 pm

      မဟာရာဇာ အံစာတုံး says:
      ” အဘ ကလည်း အဟင့် အဟင့် တွေ သိပ်များတာဗျဲ ”

      ပြောရင်တော့ ခံရတောမှာပါဘဲ အံဇာ ရယ် ။
      ၁ ။အဘ ရဲ့ လွတ်လပ်မှု ပါးရှားလွန်းလှတဲ့ ဘဝ ကို ဝမ်းနည်းလွန်းလို့ ၊
      ” တစ်ပါတ်လောက်ဘဲလား ၊ ရန်ကုန်မှာ လွတ်လွတ်လပ်လပ် နေလိုက်ရပါတယ် ၊ အဟင့် ”

      ၂ ။ အဘ ရဲ့ ပိုက်ပိုက် ပါးရှားလွန်းလှတဲ့ ဘဝ ကို ဝမ်းနည်းလွန်းလို့ ၊
      ” ဒါပေမယ့် အလကား ရဘူးတဲ့ ၊ တစ်ခါကပ် ဒေါ်လှ ၇ဝ တဲ့ ၊ အဟင့် ၊ အဟင့် ”
      ” အဟင့် ၊ သင်္ဘောပေါ်မှာ ၊ Satellite ကနေ အင်တာနက် သုံးရတာ အရမ်းဈေးကြီးတယ် သိလား ”

      ဝမ်းနည်းမှု တွေ အရှိန်လွန်သွားပြီး ငိုရှိုက်သံလေးတွေကို ကိုယ်စားပြုလို့ ၊
      အဘ ရဲ့ စာတွေမှာ ” အဟင့် ၊ အဟင့် ” တွေ ပါသွားရတာ ခွင့်လွှတ်ပါကွယ် ။

      ပြောရင်းနှင့်တောင် ၊ အဘ ဘဝကို စဉ်းစားမိပြီး ဝမ်းနည်းလာပြန်ပြီကွယ် ။
      အဟင့် ၊ အဟင့် ၊ အီးးးးး ဟီးးးးး ဟီးးးးး ( မှတ်ချက် ။ ။ ငိုနေဒါ ) ။

  • Mr. MarGa

    December 27, 2013 at 3:51 pm

    အင်
    အဘပို့စ် ဖတ်ပြီး အဟင့် အဟင့်ပဲ မှတ်မိတော့တယ်
    ငိုပရဇီ အဘရေ
    မော်နီတာကနေပဲ အဲဒီကို သွားနိုင်တဲ့ အခြေအနေမို့
    အဟင့် အဟင့် ဗြဲ 😥
    အဟင့် အဟင့် ဗြဲ 😥
    အဟင့် အဟင့် ဗြဲ 😥

  • ဦးကျောက်ခဲ

    December 27, 2013 at 3:57 pm

    ကျောက်စ် ရုံးခန်းက ဟောင်ကောင် Cruise Terminal နားမှာဆိုတော့…
    တစ်နေ့တနေ့ အဲသည့် အပျော်စီးသင်္ဘောတွေကိုငေးရတာ မရိုးနိုင်ပါဘူး…
    အခု ကြောက်စ် ဖြစ်သွားပြီဆိုတော့ မဒမ်နှင်း ခွင့်ပြုရင် လည်လည်ထွက်မယ်…
    😀

    • kai

      December 27, 2013 at 4:11 pm

      အဲဒါမျိုးဇိမ်ခံပင်လယ်ကူးသွားတာတွေကို.. ပင်စင်စား… ဖိုးဖိုးဖွားဖွားတွေလုပ်ကြတယ်ထင်နေတာ..
      အဘဖောသွားပြလိုက်မှ.. အူကြောင်ကြောင်ဖြစ်နေမိတယ်..

      ဆိုတော့..
      ငယ်တုံးသန်တုံး.. အဲလိုမျိုးတွေမလုပ်နဲ့နော..
      ကြောက်စ်နဲ့…နှင်း… တောင်အာဖရိကဖက်..အမဲလိုက်ထွက်… :mrgreen:

    • Foreign Resident

      December 27, 2013 at 4:16 pm

      ဦးကျောက်ခဲ says:
      ” အခု ကြောက်စ် ဖြစ်သွားပြီဆိုတော့ မဒမ်နှင်း ခွင့်ပြုရင် လည်လည်ထွက်မယ် ”

      ဦး ကြောက်စ် ဖြစ်သွားတာ ဝန်ခံတယ်ပေါ့လေ ။ ဟဲ ဟဲ ။

  • TNA

    December 27, 2013 at 5:07 pm

    အဘရယ် အဘမှငိုနေရင်တော့ ဒီကလူတွေခမျာမယ် ပဒါမြေလူူးဖြစ်တော့မပေါ့။ အားကျလိုက်တာအဘ ရယ်။ ဆက်ရန်မျှော်နေဘာတယ်

    • Foreign Resident

      December 28, 2013 at 5:06 am

      TNA says:
      ” အဘ ရယ် အဘ မှ ငိုနေရင်တော့ ၊
      ဒီကလူတွေ ခမျာမယ် ပဒါမြေလူူးဖြစ်တော့မပေါ့ ။
      အားကျလိုက်တာ အဘ ရယ် ”

      မ နောက်ပါနှင့် မွသဲ ရယ် ။
      မွသဲ ရဲ့ – – – – က အင်္ဂလန် Ticket ကြီး နှင့် ကျနော့် ရဲ့ Senior ကြီး ပါ ။
      အဘ ထက် အများကြီး ပိုပြီး ဝင်ငွေ ကောင်း ခဲ့ / ကောင်းဆဲ ဆရာကြီး ပါ ။
      ဖြစ်ချင်းဖြစ် ၊ မွသဲ ကသာ ကျနော့်ကို မုန့်ဖိုး ပဲဖိုး လေးတောင် ပြန်ပေးသင့်သေး ။
      အ ဟိ ဟိ ။

  • alinsett

    December 27, 2013 at 5:53 pm

    ကျနော်တော့ အဘ ခရီးသွားပိုစ့် ဖတ်ပြီး ဟီဟိ ကို စိတ်ထဲစွဲသွားတယ်

    ဟီဟိ
    နောက်တာပါ။

    အဘရယ် ဘယ့်နှယ်ကြောင့် ပုံမှာ မျက်နှာကို ဖျောက်ထားရတာဒုံး

    ဟီဟိ
    ဒါလည်း နောက်တာပါ။
    :kwi:
    ——
    ဗဟုသုတ အလွန်ရသော ခရီးသွားပိုစ့် မို့ ဖတ်ရတာ ကျေနပ်ဝမ်းသာမိပါတယ် အဘရေ

  • ကျော်စွာခေါင်

    December 28, 2013 at 1:53 am

    ဘဖော..
    ကျနော် ကြည့်နေတာ ခဏခဏဘဲ..
    အဘဖော ခရီးသွားတိုင်း မျက်နှာမှာ အဲလို အပြားကြီးကပ်ထားတာ အသက်ရှုမကြပ်ဘူးလားးးးးးးး ဟင်။

    း)

  • အဘရေသွားရည်ယိုစရာတွေချည့်ပါပဲ…
    ိုလိုနေတာတစ်ခုတော့ရှိတယ် အဘဖောရဲ့မျက်နှာမှာ အဝိုင်းကြီးကာထားတုန်းပဲလား..
    ဖုန်းအပလီလေးတွေနဲ့ပဲဝါးလို့ရနေပါပြီ။
    Photo Wonder ဖုန်းဆော့ဖ်ဝဲက Mosaic နဲ့တစ်ချက်လောက်ပဲတို့လိုက်။မသိသာတော့ဘူး။
    (လျှာရှည်မိတာနှစ်ခါချိပြီ)
    😀

  • ဦးဦးပါလေရာ

    December 29, 2013 at 7:05 pm

    ဒီတစ်ခါတော့ သူကြီးပြောတာ ထောက်ခံတယ်
    ဒီခရီးစဉ်မျိုးက ကိုဖေါတို့လို ငယ်သေးတဲ့သူတွေနဲ့မလိုက်ဘူး..
    ကျုပ်တို့လို သိပ်အပင်ပန်းမခံနိုင်တဲ့ အဖိုးကြီးတွေနဲ့မှလိုက်တာ…။
    ကိုယ်တိုင်မသွားနိုင်တော့လဲ
    ဒီပိုစ့်မျိုးဖတ်ပြီး ဗဟုသုတတိုးတာပေါ့..
    စောင့်ဖတ်နေမယ် ဖြစ်ပါကြောင်း….။

  • sorrow weaver

    December 30, 2013 at 10:51 am

    ဘဖော စောင့်ဖတ်နေပါကြောင်း

  • မျက်နှာငယ်ထှာအေ… ဇန်နဝါရီလထဲ မန်းလေး – ပုဂံကို တစ်ညအိပ် cruise စီးပါမယ်ဆိုမှ ဒီပို့စ်ကို ဖတ်မိတယ်… ခရီးသွားမှတ်တမ်းတင်မယ့်အစီအစဉ်ကို ပြန်စဉ်းစားရတော့မယ်..

    တစ်ခြားဟာတွေကို အဟင့်..ဟင့် လုပ်တာက ထားပါတော့..ဘယ့်နှယ် ဒေါ်လှ ၇ဝ ကို အဟင့် လုပ်ရတာတုန်း အဘရဲ့… ၇ဝ ဆိုတာ အနော်တို့ကို မုန့်ကျွေးရင်တောင် တစ်ဝိုင်းစာမချိပါဘူး အဘရယ်…
    🙂

    • Foreign Resident

      January 3, 2014 at 7:21 am

      လုံမလေးမွန်မွန် says:
      ” ဘယ့်နှယ် ဒေါ်လှ ၇ဝ ကို အဟင့် လုပ်ရတာတုန်း အဘရဲ့…
      ၇ဝ ဆိုတာ အနော်တို့ကို မုန့်ကျွေးရင်တောင် တစ်ဝိုင်းစာမချိပါဘူး အဘရယ်…
      🙂 ”

      အွန် ၊ သာမီး မွန်မွန် တို့ကို ကျွေးဖို့ဆိုရင်တော့ စေတနာ ရှိပါတယ် ကွယ် ။
      ဒါပေမယ့် ဒီ sticker စက္ကူလေး ကပ်ပေးယုံကို သူတို့က ဒေါ်လှ ၇ဝ ယူတာ ၊
      များလွန်းတယ် ထင်လို့ပါ ။

Leave a Reply